COURT ROUND-UP Final acquittal for man in girlfriend's murder case

Monday, April 19, 2010
ကဲ...အခုတော့ သူမကို ဘယ်သူတွေသတ်ခဲ့ တာလဲ....


၎င်း၏ရည်းစားမိန်းကလေးကိုသတ်မှုဖြင့် တစ်နှစ်နီးပါး အချူပ်အနှောင်ခံခဲ့ ရသည့် စားပွဲထိုး ( သတင်း
တွင်မှားပြီးဖေါ်ပြထားခြင်းဖြစ်သည်...အမှန်မှာ ထမင်းချက်တစ်ဦးဖြစ်သည်...) တစ်ဦးကို ဒူဘိုင်းတရားရုံး
က နောက်ဆုံးတွင် အပြစ်မရှိကြောင်းဆုံးဖြတ်ပြီးလွှတ်ပေးခဲ့ ပါသည်...
အိန္ဒိယနိုင်ငံသား ဆန်တိုရှကာအဘိုတီ ( Santo Shaker Abourti ) ကို ၎င်း၏ရည်းစား မြန်မာအမျိုးသမီး
တစ်ဦးအားသတ်ဖြတ်မှုတွင် အပြစ်မရှိကြောင်း( ပြစ်မှုမထင်ရှားကြောင်း ) တရားရုံးတော်က ကြေငြာခဲ့ 
ပါသည်...
သူ့ ကိုလွန်ခဲ့ သောနှစ်က (ဗယ်လင်တိုင်းဒေး ) ချစ်သူများနေ့ အထိမ်းအမှတ်အဖြစ် သူ၏ရည်းစားဖြစ်သူ
မိန်းကလေးနှင့် အတူကျင်းပခဲ့ ပြီးထိုမိန်းကလေးကို သတ်ဖြတ်ခဲ့ မှုဖြစ်တရားစွဲဆိုခဲ့ ခြင်းဖြစ်ပါသည်...

တရားသူကြီးမိုဟာမက်နာဘီလ်ရီယဒ် ဦးဆောင်တဲ့ အဖွဲ့ ဝင် ၇ ဦးပါဝင်တဲ့ တရားသူကြီးအဖွဲ့ က အောက်
တရားရုံးက တရားခံဖြစ်သူမှာ ပြစ်မှုမထင်ရှားသည့် အတွက်အမှုမှကင်းလွတ်ကြောင်း အမိန့် ကြေငြာချက်
ကို ဆက်လက်အတည်ပြုခဲ့ ကာ အစိုးရဥပဒေအကျိုးဆောင်များရဲ့ ငြင်းဆိုလျှောက်လဲချက်ကိုပယ်ချခဲ့ ပါ
တယ်...
လွန်ခဲ့ တဲ့ နှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ကတရားခံ Abourti ဟာ သေဆုံးသူမိန်းကလေးကို မြေပြင်ပေါ်
လဲကျအောင်တွန်းထိုးခဲ့ လို့ သူမရဲ့ ဦးခေါင်းမှာဒါဏ်ရာရရှိခဲ့ တယ်လို့ ယုံကြည်ရပါတယ်...
ပြီးတော့ ၎င်းဟာသူမကို လည်ပင်းညစ်ခဲ့ပြီး သူမရဲ့ အိတ်အတွင်းမှ ဒါဟမ်း( ယူအေအီးနိုင်ငံသုံးငွေ ) ၃၀၀
ကိုနှိုက်ယူခဲ့ ကာအလောင်းကို ယူအေအီးနိုင်ငံ ရှာဂျားပြည်နယ်အနီး ( ဒူဘိုင်းနှင့် နယ်နိမိတ်ချင်းကပ်
လျက်ရှိပါသည်...) အယ်နာဒါးရပ်ကွက်က ရေဆိုးမြောင်းကျင်းအတွင်းပစ်ချထားခဲ့ တာဖြစ်ပါတယ်...
လူသတ်မှုကျူးလွန်တယ်လို့ စွပ်စွဲဆုံးဖြတ်ခံခဲ့ ရတဲ့ တရားခံ Abourti မတက်ရောက်တဲ့ ကြားနာမှုမှာ သူ့ 
ကိုအမှုမှလွှတ်ပေးခဲ့ တာဖြစ်ပါတယ်....
တရားခံအနေနဲ့ အယူခံတရားရုံးကနေ လွန်ခဲ့ တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ က ၎င်း၏ရည်းစားအမျိုးသ
မီးကို ကြိုတင်ကြံစည်သတ်ဖြတ်မှုဖြင့် ထောင်ဒါဏ် ၁၅ နှစ်ကျခံစေရန်အမိန့် ချမှတ်ခဲ့ မှုကို သက်သေအ
ထောက်အထားမခိုင်လုံဟု ဆိုကာအပြစ်မှ လွတ်ငြိမ်းခွင့် ပေးခဲ့ ခြင်းဖြစ်ပါတယ်...
တရားသူကြီးများပါဝင်တဲ့ ခုံရုံးအဖွဲ့ က မူလတရားရုံး ( ဒေသတရားရုံး ) ကနေ့ လွန်ခဲ့ တဲ့ နှစ်ဒီဇင်ဘာလ
ကချမှတ်ခဲ့ တဲ့ ( ပြစ်မှုကျူးလွန်ကြောင်း ) အမိန့် ကို ပလပ်ခဲ့ တာဖြစ်ပါတယ်...
မူလတရားရုံးက တရားခံကိုပြစ်ဒါဏ်များကျခံအပြီးမှာ ယူအေအီးနိုင်ငံကနေနှင်ထုတ်ဖို့ ကိုလည်းအမိန့် ချ
မှတ်ခဲ့ ပါသေးတယ်...
၎င်းရဲ့ ပထမပိုင်း ရဲတပ်ဖွဲ့ ထံအစစ်ဆေးခံချက်များဟာ အတင်းအကျပ်ကြောက်ရွံ့ တုန်လှုပ်စေပြီး၊ဖိအား
များစွာပေးခဲ့ ကြလို့ ဝန်ခံခဲ့ ရတာဖြစ်တယ်လို့ တရားခံကပြောဆိုခဲ့ ပါတယ်...
၎င်းအပြင် ရဲစခန်းမှာ ၎င်းရဲ့ ထွက်ဆိုချက်များဟာလည်း ( လိမ်လည်ပြန်ဆိုခြင်းမပြုပါဘူးလို့  )ကျမ်းကျိန်
ထားတဲ့ ဘာသာပြန်ဆိုသူ မပါပဲပြုလုပ်ခဲ့ တာဖြစ်တယ်လို့ ခုံရုံးအဖွဲ့ ကဆိုခဲ့ ပါတယ်...
၎င်း၏ရဲတပ်ဖွဲ့ သို့ အစစ်ခံချက်အရ သူဟာ သေဆုံးသူကိုအိတ်တစ်လုံး လက်ဆောင်ပေးခဲ့ တယ်လို့ ဆိုခဲ့ 
ပေမယ့် သက်သေခံပစ္စည်းနဲ့ စာရွက်စာတမ်းတွေထဲမှာတော့ အဆိုပါအိတ်နှင့် အိတ်အကြောင်းမပါရှိခဲ့ ပါ
ဘူး...
သူမအနေနှင့် ၎င်းကို ယူအေအီးနိုင်ငံသုံးငွေ ဒါဟန်း ၂၀၀ ပေးဆပ်ရန်ရှိတာကြောင့် ( ထိုငွေကိစ္စကြောင့် 
အချင်းများပြီး ) အဆိုပါ အိန္ဒိယနိုင်ငံသားက သူမကိုသတ်ဖြတ်ခဲ့ တယ်လို့ ယုံကြည်ကြတာဖြစ်ပါတယ်...
ထိုအချက်ဟာလည်း ၎င်းဟာသူမကို လက်ဆောင်ဝယ်ပေးခဲ့ တဲ့ အပြင် ချစ်သူများနေ့ မှာပါ အပြင်ကိုခေါ်
ကာချိန်းဆိုတွေ့ ဆုံခဲ့ တယ်ဆိုတဲ့ အချက်နဲ့ ဆန့် ကျင်နေပါတယ်...
မျက်မြင်သက်သေများရဲ့ ထွက်ဆိုချက်တွေဟာလည်း တရားခံကိုအပြစ်ရှိကြောင်းဆုံးဖြတ်နိုင်လောက်
အောင် မပြည့် စုံ၊ မလုံလောက်ပါဘူးလို့ တရားသူကြီးအဖွဲ့ ကဆုံးဖြတ်ခဲ့ ပါတယ်....

ဒီသတင်းဖတ်ပြီးတော့ ရင်ထဲမှာမကောင်းတာတော့ အမှန်ပါ....
လူသတ်မှုစတင်ဖြစ်ကတည်းက ဒီအိန္ဒိယသား မသတ်တာဖြစ်နိုင်လောက်တယ်လို့ ထင်ထားခဲ့ ပါတယ်...
သူမအလောင်းကိုတွေ့ ရှိခဲ့ တာက လမ်းဆုံ၊လမ်းခွ ရေမြောင်းဖုံးတွင်းထဲမှာဖြစ်ပါတယ်...
လမ်းလေးခွအလည်မှာ လူတစ်ယောက်ကို ထိုးကြိတ်ကာလည်ပင်းညစ်သတ်ပြီး အ၀တ်အစားများအားလုံး
ချွတ်ကာအဖုံးနဲ့ ရှိနေတဲ့ တွင်းဝကျဉ်းကျဉ်းလေးထဲကို လူတစ်ဦးတည်းက နေပိပိရိရိထိုးထည့် စွန့် ပစ်ထား
ဖို့ ဆိုတာ မလွယ်တဲ့ ကိစ္စပါ...
ပြီးတော့ ထိုနေရာနားမှာပင် ထိုစဉ်က ဆောက်လက်စ တိုက်တစ်ခုရဲ့ ဆောက်လုပ်ရေးလုပ်သားများနေတဲ့
တဲရှိနေပါသေးတယ်...
သူမနေတဲ့ အဆောင်နဲ့ လည်း မျက်စောင်းထိုးလောက်သာရှိပါတယ်...
ပြီးတော့ လည်ပင်းညစ်ကာအသတ်ခံရတယ်ဆိုတော့ သူမရဲ့ ခန္ဓာကိုယ်မှာ လူသတ်သမားရဲ့ လက်ဗွေ၊
ဒီအန်အေ စစ်နိုင်လောက်တဲ့ သက်သေတော့  ရှိခဲ့ မှာအမှန်ပါပဲ...
လူအုပ်စု၊ သို့ မဟုတ် ကားတစ်စင်းပေါ်ပါလောက်တဲ့ လူသုံးလေးဦး အနည်းဆုံးလောက်ကသာ သူမအ
လောင်းကို အခုလိုစွန့် ပစ်နိုင်လိမ့် မယ်လို့ ထင်ပါတယ်...
ဒူဘိုင်းအစိုးရအနေနဲ့ အမှုစဖြစ်ဖြစ်ချင်း သတင်းတွေမှာပါတဲ့ အတွက် သူ့ ဂုဏ်သိက္ခာအတွက် အနီးစပ်
ဆုံးသံသယရှိသူ အဆိုပါမိန်းကလေးရဲ့ ရည်းစား အိန္ဒိယသားကို တရားခံအဖြစ် ဖမ်းဆီးစစ်ဆေးကာအမိန့် 
ချ၊ ထောင်ဒါဏ်အပြစ်ပေးခဲ့ တာဖြစ်နိုင်ပါတယ်...
နောက်ပိုင်းထိုအမျိုးသားအတွက် ဒူဘိုင်းရှိအိန္ဒိယလူမျိုးအသိုင်းအ၀န်းရော၊ သံရုံးဆိုင်ရာတွေကပါ အမှု
မှာဝိုင်းဝန်းကူညီကြလို့ အခုလို အမှုမှလွတ်ခဲ့ တာဖြစ်နိုင်ပါတယ်...

အခုတော့ အမှုမှန်ပေါ်ပေါက်ဖို့ နောက်ကွယ်ကနေတွန်းအားပေးမယ့် မြန်မာအဖွဲ့ အစည်း၊ သံရုံး စတာတွေ
မရှိလို့ အညတြတစ်ယောက်လိုပဲ ကြွေလွင့် ခဲ့ ရပြီဖြစ်ပါတယ်...
နိုင်ငံကူးလက်မှတ်အတုများနှင့် ဝင်ရောက်ပြီး ပိပိရိရိလုပ်ကြံသတ်ဖြတ်ခဲ့ တဲ့ လူသတ်မှုတွေကိုတောင်ပေါ်
အောင်စုံစမ်းထောက်လှမ်းနိုင်တဲ့ ဒူဘိုင်းရဲတပ်ဖွဲ့ ဟာ အခုကျွန်တော်တို့ မြန်မာအမျိုးသမီးတစ်ဦး ရက်ရက်
စက်စက်အသတ်ခံရတာကိုလည်း သေသေချာချာသာစုံစမ်းယင် အမှုမှန်ပေါ်ပေါက်မှာ အမှန်ပဲလို့ ယုံပါ
တယ်...
ဒီအဖြစ်အပျက်ကိုကြည့် ယင် ဒူဘိုင်းမှာ မြန်မာအရေအတွက်တော်တော်များများရှိနေပြီဖြစ်တာမို့ အား
ကိုးလောက်တဲ့ အဖွဲ့ အစည်းတစ်ခု တင့် တင့် တယ်တယ်ရှိသင့် နေပြီလို့ ယူဆမိပါတယ်...


မူရင်းအင်္ဂလိပ်လိုသတင်းပါ...
After having spent nearly a year in provisional detention over the murder of his girlfriend, a waiter secured a final acquittal from the Court of Cassation.
The waiter, an Indian, Santo Shaker Abourti, was pronounced not guilty by the court on the charge of killing his girlfriend, a Burmese national.
He was charged with killing his girlfriend after celebrating Valentine's Day with her last year.
The seven-member jury panel presided over by Judge Mohammed Nabil Riyad upheld the acquittal verdict by a lower court and dismissed the contestation filed by the Public Prosecution. It was believed that the victim injured her head after Abourti pushed her onto the ground on February 16 last year. He then allegedly throttled her and dumped the body into a sewer hole in Sharjah’s Al Nahda after taking Dh300 from her pocket.
It is learnt that Abourti was acquitted in absentia. The latter had regained his freedom since February 23 when the Court of Appeals cleared him after he had been sentenced to 15 years in prison for the premeditated killing of his girlfriend for want of sufficient evidence.
The court panel quashed the sentence handed out by the Court of First Instance on December 8 last year. The preliminary court had also ordered his deportation at the end of the jail term.
“The defendant insisted that his confession to the police officers was taken by intimidation and pressure. Besides, his statements in the police station were taken in the absence of as worn translator,” the panel said.
“According to his statement to police, the defendant offered the victim a bag as a gift while the case papers and evidence did not include that bag. It was believed the waiter killed the victim because she owed him Dh200, which contradicts the fact that he gave her a gift and dated her on Valentine’s Day.” Eyewitnesses’ statements were also inadequate to convict the defendant, the panel ruled.

ထိုလူသတ်မှုဖြစ်ပွားခဲ့ စဉ်က ကျွန်တော်တင်ခဲ့ တဲ့ သတင်းဆောင်းပါးပါ....


ကြွေလွင်.သွားသောတိမ်တိုက်များ

စီးပွားရေးကြပ်တည်း၍အိမ်ရှိအရွယ်ရောက်သူအားလုံးအလုပ်ထွက်လုပ်မှထမင်းနပ်မှန်အောင်စား
နိုင်သောခေတ်ကြီးတွင်မိမိဘ၀တိုးတက်ကောင်းမွန်ရေးအတွက်လစာအခွင်.အရေးပိုမိုကောင်းမွန်
သောနိုင်ငံရပ်ခြားသို.ပါလူငယ်လူရွယ်များထွက်လာ၍အလုပ်လုပ်ကြရသည်။ထိုသို.ထွက်ခွာလာကာ
ရေကြည်ရာမျက်နုရာစီးပွားရှာဖွေကြသူများတွင်မြန်မာအမျိုးသမီးငယ်များလည်းပါလာကြရသည်။

အထူးသဖြင်.နိုင်ငံရပ်ခြားတွင်မိဝေးဖဝေးဖြင်.စွန်.စားကာလာရောက်အလုပ်လုပ်နေကြသည်.မိန်းက
လေးတို.အဖို.လုပ်ငန်းခွင်အခက်အခဲများအပြင်ပတ်ဝန်းကျင်အသစ်နှင်.ထိတွေ.ဆက်ဆံရသည်မို.မိ
မိ၏ပုဂ္ဂလိကအဆင်ပြေကျန်းမာရေး၊ဘေးအန္တရယ်များမှကင်းဝေးလုံခြုံရေး၊ကိုယ်ကျင်.သိက္ခာမထိခိုက်
ရေးတို.အပြင် ပြည်ပရောက်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးသည်မိမိနိုင်ငံကိုကိုယ်စားပြုသည်မို.မိမိ
တို.၏အပြုအမူများကမိမိတစ်ဦးချင်း၊မိမိ၏မိသားစုတင်မက မိမိနိုင်ငံ၏ဂုဏ်သိက္ခာကိုပါမြှင်.တင်စေနိုင်
ထိခိုက်စေနိုင်သည်မို.အထူးသတိပြုသင်.ပေသည်။

အထူးသဖြင်.မြန်မာအမျိုးသမီးများအနေဖြင်.မွတ်ဆလင်အမျိုးသားများသိန်းနှင်.ချီ၍အလုပ်လာရောက်
လုပ်ကိုင်နေသည်.အရှေ.အလယ်ပိုင်းဒေသနိုင်ငံဖြစ်သောယူအေအီးနိုင်ငံဒူဘိုင်းတွင်ပို၍သတိထားရန်လို
အပ်ကြောင်းအောက်ဖော်ပြပါဖြစ်ရပ်များကသက်သေပြနေပါတော.သည်....

အဆုံး၏နိဂုံး

မျိုးမျိုး( အမည်အရင်းမဟုတ်ပါ ။ ) သည်ယူအေအီးနိုင်ငံ၏အကြီးဆုံးလေကြောင်းလိုင်းဖြစ်သောဒူဘိုင်း
အခြေစိုက် Emirates Airline ၏ customer service ဌာနတွင်အလုပ်ခန်.အပ်ခြင်းခံရသည်။
သူမတာဝန်ကျသည်ကအရှေ.အလယ်ပိုင်းဒေသ၏နာမည်ကျော်ဒူဘိုင်းလေဆိပ်...သူမတာဝန်က
business class ဖြင်.ဆိုက်ရောက်၊လိုက်ပါမည်.ခရီးသည်များနားနေရာခန်းမ lounge တွင်ဧည်.ခံကြို
ဆိုရသည်။မျိုးမျိုးအနေဖြင်.ယခင်ကလည်းမလေးရှားနိုင်ငံတွင်အလုပ်လုပ်ခဲ.သည်မို.ယခုအကြီမ်ပြည်ပ
သို.လာရောက်အလုပ်လုပ်ရာတွင်သိပ်မစိမ်းတော. ....

သူမအနေဖြင်.ကိုယ်.ကိုယ်ကိုယုံကြည်မှုပိုရှိလာခဲ.သည်။ အသက်ခြောက်နှစ်အရွယ်သမီးလေးတစ်
ယောက်ရှိသည်.အိမ်ထောင်သည်တစ်ယောက်မို.လည်းလူမျိုးခြားယောင်္ကျားလေးတွေနှင်.ပြောဆို
ဆက်ဆံရာတွင်အတွေ.အကြုံမရှိသေးသည်အပျိုရိုင်းကလေးလိုရှိုးတိုးရှန်းတန်းဖြစ်မနေတော.ပေ..
ခပ်တည်တည်ဖြင်.ပင်သူတို.ကိုပြောဆိုဆက်ဆံနိုင်ခဲ.သည်သာ...

ထိုထိုကာလသားများ၏ဖုန်းဖြင်.ဆက်ပြီးကြူတတ်သည်ကိုမလေးရှာတွင်နေကတည်းကကြားသိဖူး
သဖြင်.ယခုဒူဘိုင်းတွင်မိုဘိုင်းလ်ဖုံးပင်ဝယ်မကိုင်ခဲ.ပေ...

သို.သော်သူမ မသိနိုင်ခဲ.သည်ကဒီ ဒူဘိုင်းသို.ရောက်လာသူများကယခင်သူမ၊မလေးရှားတွင်တွေ.
ခဲ.ဘူးသည်.လူများလိုမဟုတ်။ယခုရှိနေကြသည်.အများစုကအစ္စလာမ်ဘာသာရေးစည်းကမ်းများ၊
လူမျိုးရေးဓလေ.ထုံးတမ်းများအရအမျိုးသမီးများကိုဖိနှိပ်ချုပ်ချယ်မှုများသောပါကစ္စတန်၊အိန္ဒိယ၊သီိ
ရိလင်္ကာ၊ဘင်္ဂလားဒေ.ရှ် စသောနိုင်ငံများမှမွတ်ဆလင်၊ဟိန္ဒူကုလားအမျိုးသားများပင်...
ထိုသူများကမိန်းမဆို၍ကလေးနှင်.ခွေးသာခြေလက်အင်္ဂါအစုံအလင်မြင်ခဲ.ဖူးသူများမို. (သူတို.နိုင်
ငံကအမျိုးသမီးတွေကအပြင်ထွက်လျှင်ခေါင်းမြီးခြုံကြရသည်၊အိမ်တွင်းပုံးကြရသည်လေ..)
မိသားစု၊ဇနီးမယားများနှင်.အကြာကြီးခွဲနေကြရသည်.အပြင်လွတ်လပ်စွာဝတ်ဆင်ခြယ်သ၍အလှ
ကြီးလှ၊အပြကြီးပြနေကြသည်.အာရှသူမနူးမနပ်လေးများကိုတွေ.မြင်ကြရသည်.အခါထိုသူတို.၏စိတ်
ဆင်ရိုင်းကားချွန်းအုပ်၍မရသည်.နှယ်ဖြစ်တော.သည်။ထိုအခါနည်းမျိုးစုံသုံးကာရသည်.နည်းဖြင်.ဒွေ
နှစ်ဖော်သံဝါသဖို.အရေးကြိုးပမ်းကြတော.သည်။

မျိုးမျိုးသည်လည်းကလေးတစ်ယောက်မိခင်ဖြစ်စေကာမူသူမခင်ပွန်းကလည်းမလေးရှားတွင်အလုပ်
လုပ်နေသည်.အပြင်မိမိကိုယ်တိုင်လည်းဝတ်တတ်စားတတ်သည်မို.ချောမောလှပဆွဲဆောင်မှုရှိသူ
တစ်ဦးမို.လုပ်ငန်းခွင်တွင်သူမကို ”ပျိုလေးတို.အိမ်ဦးဆပ်သွားဖူးကိုအုံသည်.ကျေး ” ပမာပိုးပန်းသူ
တွေကတော.ရှိကြသည်သာ...

ထိုအထဲတွင်မူဆလင်၊ဟိန္ဒူကုလားလုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများလည်းပါဝင်ကြလေသည်။ သို.ကလို
ကလူ၏သို.မြူ၏သို.တစ်သွယ်၊လက်မောင်းလက်ဖျံကိုဓါးဖြင်.သူမနာမည်ခြစ်ကာချစ်သက်သေပြ
သည်.ချစ်လူမိုက်တို.၏နည်းလမ်းဖြင်.တစ်မျိုးတိုး၍တိုး၍ကြိုးစားကြသည်မို.ကလေးတစ်ယောက်မိခင်
အိမ်ထောင်ရှင်သူမ၏နှလုံးသားလည်းနှဲ.၍လှုပ်သည်.သစ်ငုတ်ပမာယိုင်နဲ.လာခဲ.ရတော.သည်...

မျိုးမျိုး၏ဘ၀အကြောင်းကိုသိထားသည်.မိတ်ဆွေမြန်မာမိန်းကလေးများကသူမအိမ်ထောင်နှင်.သမီး
လေးကိုတော.ငဲ.ပါဦးဟုသတိပေးခဲ.သော်ငြားလည်းကယုကယင်၊အပင်.အမြှောက်၊အကြမ်းအရမ်း ထို
ဇတ်လမ်းဝယ်သူမနစ်မြောခဲ.မိလေသည်...

သို.နှင်.မစွန်းရင်းကလည်းရှိ၊ကန်စွန်းခင်းကလည်းငြိခဲ.ကြသည်မို.သူမနှလုံးသားကိုအပျိုရိုင်းကလေး
နှယ်ရင်ခုန်အောင်စွမ်းဆောင်နိုင်သည်.ထိုလုပ်ဖော်ကိုင်ဖက်ဝန်ထမ်းအိန္ဒိယသားနှင်.ချစ်၍ခေါ်ရာလိုက်
ခဲ.ပါသည်ဆိုသလိုအပြင်သို.လိုက်၍တစ်ကြိမ်လည်ပတ်ခဲ.ဖူးပြီ.....

မည်သူမျှမသိအောင်မိုဘိုင်းဖုံးပင်မကိုင်ခဲ.ပဲအလုပ်ထဲတွင်သာထိုသူနှင်.ဆက်သွယ်ချိန်းဆိုခဲ.သည်
တောင်မှအဆောင်နေခင်မင်ရင်းနှီးသည်.ညီမငယ်တစ်ဦးကထိုနေ.ကသူမအပြင်သို.တစ်ယောက်
တည်းထွက်သွားသည်ကိုသိသွားပြီးပြန်လာသည်အထိအဆောင်တိုက်အောင်.မှစောင်.နေခဲ.သည်မို.
မတတ်သာသည်.အဆုံးထိုညီမတစ်ဥိးကိုတော.ပြောပြခဲ.ရသည်။သို.သော်ထိုကုလားသူမကိုဘယ်ခေါ်
သွားသည်ကိုတော.ရေရေရာရာမပြောပြခဲ....တက္ကစီသမားကပဲလမ်းတွေကိုကွေ.ပတ်ပြီးအကြာကြီး
မောင်းနေသလိုလို၊သူမတို.နေသည်.အဆောင်နှင်.များစွာမဝေးကွာလှသည်.သာယာလှပသော
အယ်လ်မန်ဇာကမ်းခြေပန်းခြံသို.ပဲရောက်သွားသလိုလိုသာပြောခဲ.သည်....

သို.သော်သူမ၏နောက်တစ်ခေါက်ရင်ခုန်လှိုက်မောဖွယ်ချစ်စွန်.စားခန်း၏အဆုံးသတ်ကားမလှပခဲ.ချေ။
ရင်နင်.ဖွယ်အဖြစ်ဆိုးနှင်.ကြုံတွေ.ခဲ.ရလေသည်။သူမကိုစောင်.ကြည်.နေသည်.ခင်မင်ရင်းနှီးသော
ထိုညီမငယ်နေမကောင်း၍အိပ်နေသောတစ်ညနေတွင်သူမရည်းစားထိုကုလားခေါ်ရာသို.သွားခဲ.သည်။
ထိုနေ.ညမှစ၍သူမအဆောင်သို.ပြန်မရောက်လာနိုင်ခဲ.ပေ...  တစ်ရက်၊နှစ်ရက်၊သုံးရက်... သူမအခန်း
ဖော်သူငယ်ချင်းများကသူမ ပြန်လာနိုးစောင်.နေခဲ.ကြသည်။ဆက်သွယ်စရာမိုဘိုင်းဖုံးလည်းမရှိခဲ.သည်
မို.သူမဘယ်သို.သွားခဲ.သည်ဆိုတာမရေမရာရှိခဲ.သည်...

သို.နှင်.သူမပြန်မလာသည်.ရက်တွေကြာလာတော.အလုပ်ဌာနမှတစ်ဆင်.ရဲစခန်းသို.အကြောင်းကြား
ရတော.သည်။ထိုမှစ၍သူမနှင်.ပတ်သက်ခဲ.သောထိုကုလားကိုရဲစခန်းတွင်ခေါ်ဆောင်စစ်ဆေးခဲ.သည်။
သို.သော်သူကထိုနေ.ညကကသူမနှင်.အပြင်သို.သွားရောက်လည်ပတ်ပြီးသူမနေထိုင်ရာအဆောင်လမ်း
ထိပ်ကုန်စုံဆိုင်နားအထိပို.ပေးခဲ.သည်ဟုဆိုခဲ.သည်။

သူမအဆောင်အထိတော.လိုက်ပို.ပေးရန်သူမကငြင်းဆိုခဲ.၍ထိုလမ်းထိပ်မှပင်သူနေထိုင်ရာနေရာသို.
ပြန်သွားခဲ.သည်ဟုထွက်ဆိုခဲ.သည်။သူမနေထိုင်ရာအဆောင်မှအခန်းဖော်များ၊ရင်းနှီးသူများကိုရဲစခန်း
ကခေါ်ယူစစ်ဆေးခဲ.သော်လည်းသူမကိုယ်တိုင်ကခပ်အေးအေးနေခဲ.သည်မို.မည်သူမှသေချာရေရာ
သည်.အဖြေမပေးနိုင်ခဲ.ပေ...

နောက်ဆုံးခြောက်ရက်မြောက်နေ.တွင်တော.သူမနေထိုင်သည်.အဆောင်တိုက်နှင်.အနီးအနားရှိ
ဆောက်လက်စတိုက်ခန်းမြေကွက်လပ်ဘေးရှိရေထုတ်မြောင်းကွန်ကရစ်အုတ်ကန်အတွင်းမှသူမ၏
အ၀တ်အစားမဲ.ခန္ဓာကိုယ်ရုပ်အလောင်းကိုဆောက်လုပ်ရေးအလုပ်သမားတစ်ဦးကတွေ.ရှိပြီးရဲကို
အကြောင်းကြား၍လာရောက်ဖော်ယူတွေ.ရှိခဲ.ရတော.သည်...

နုံနက်အလုပ်သွားသည်.အချိန်ဖြစ်သည်.အပြင်ရဲများကလည်းမည်သူ.ကိုမှအနားသို.ပေးမလာသည်.
အတွက်သူမအလောင်းကိုမြင်တွေ.လိုက်ရသည်.မြန်မာမရှိခဲ.ပေ...မြန်မာများအတွက်အားငယ်စရာ
ကားဒူဘိုင်းတွင်မြန်မာသံရုံးလည်းမရှိ၊မြန်မာများစုစည်းထားသောအသင်းအဖွဲ.လည်းမည်မည်ရရမရှိ
၍မည်သို.မျှအကူအညီတောင်း၇န်မရခဲ.ပေ....

ဒူဘိုင်းရဲများကတော.အလောင်းတွေ.ရှိပြီမို.စစ်ဆေးမေးမြန်းမှုများပိုမိုပြုလုပ်လျှက်ရှိသည်။
စုံစမ်းစစ်ဆေးမှုများမပြီးပြတ်သေးသည်.အတွက်သူမသေဆုံးခဲ.ရသည်.အကြောင်းအရင်းပင်တိကျစွာ
မသိရသေးပေ..ညအချိန်မတော်မှောင်မိုက်ချိန်တစ်ယောက်တည်းပြန်လာသည်.သူမကိုလူပြတ်သည်.
ထိုလမ်းထောင်.တွင်ကုလားများကအဓမ္မပြုကျင်.ပြီးအသတ်ခံခဲ.ရသည်ဟုသာကောက်ချက်ချထားရ
တော.သည်။

ဒူဘိုင်းရှိမြန်မာအသိုင်းအ၀ိုင်းတွင်ပထမဦးဆုံးဖြစ်သည်.ထိုအကြောင်းကိုကြားသိရသည်.မြန်မာအပေါင်း
ကားကိုယ်.လူမျိုးအမျိုးသမီးငယ်တစ်ဦးအားထိုကဲ.သို.အဖြစ်ဆိုးကျရောက်ခဲ.ရသည်.အတွက်သူမအ
တွက်ရောကျန်ရစ်ခဲ.သည်.သမီးငယ်နှင်.ခင်ပွန်းမိသားစုအတွက်ပါစိတ်မကောင်းခြင်းကြီးစွာဖြစ်ကြ
ရသည်။

   အစားမတော်တစ်လုပ်၊အသွားမတော်တစ်လှမ်းပါပေတကား.....

မှတ်ချက်

       အခင်းဖြစ်ပွားရာနေရာသည်ကိုပီတာတို.နေထိုင်ရာအဆောင်၏အနောက်ဘက်လမ်းတွင်ဖြစ်၍
တော်တော်နီးပါသည်။သို.သော်ထိုနေ.ကတစ်နေ.လုံးအလုပ်ထဲသို.ရောက်နေပြီးညဉ်.နက်မှပြန်ရောက်
၍အခြေအနေကိုသွားမကြည်.နိုင်ခဲ.ပါ။ဖုံးဖြင်.သာနီးစပ်ရာဆက်သွယ်စုံစမ်း၍သိရလောက်ရေးသား
တင်ပြထားခြင်းဖြစ်ပါသည်။



 ယနေ.ထုတ်ဒူဘိုင်းသတင်းစာပါသတင်းပါ....


Missingwoman’s body found in sewer



                                         သူမ၏ရုပ်အလောင်းကိုဆယ်ယူစဉ်


Dubai: A construction worker discovered the body of a dead Myanmarese woman in a manhole in Al Nahda, Dubai, on Sunday morning.

The labourer, who was one of many at the scene, discovered the body at around 10am.

The Dubai Police were contacted and the Criminal Investigation Department (CID) cordoned off the area. An ambulance later arrived to collect the body.

Eyewitnesses at the scene said the workers who found the body were horrified. Some said the woman was "completely naked".

"I first saw her legs pointing outwards and her head trapped inside. It is horrific & I just can't believe what I saw," one of the workers said.

According to Colonel Khalil Al Mansouri, Director of the CID, the Burmese waitress had been reported missing five days earlier by her roommates and employer, Emirates airline.



"One of her male Indian colleagues, whom she had a relationship with, has been in police custody since the day she was reported missing as it is believed he was the last person to be seen with her. We are still investigating the cause of death," he told Gulf News.

A roommate said the deceased, 30, was "a beautiful, young, petite woman who was kind, loving and friendly - especially to her Myanmarese roommates".

She said they had come to Dubai together in September 2008.

"She told us she befriended a colleague around 15 to 20 days ago and that he proposed to her. I don't know if they were in a relationship. I think she saw him only as a friend," the roommate said.

The woman said she last saw her friend on February 15, while on duty.

3 comments:

Unknown said...

တကယ်စိတ်မကောင်းပါဘူးဗျာ...အမှု့မှန်ကလည်း မပေါ်ဘူး...ဒီလိုကိစ္စဖြစ်သွားလို့ အမှု့မှန် ပေါ်ရင် ခံသာပါသေးတယ်...ကိုပီတာက ဒူဘိုင်းမှာဆိုတော့.....ဒူဘိုင်းမှာ ကမကထ ပြုလုပ်မယ့်အဖွဲ့စည်းတစ်ခု လိုနေတယ်လို့ ကျနော်ထင်မိပါတယ်....
အစိုးရကမလုပ်ပေးနိင်ရင်တောင် ဒူဘိုင်းကို ရောက်နေတဲ့လူတွေကပဲလုပ်ထားသင့်ပါတယ်.....
ဒီလိုလုပ်လိုက်ခြင်းအားဖြင့် နောက်ပိုင်းရောက်လာမယ့် လူတွေအတွက်လည်း အဆင်ပြေစေနိုင်ပါတယ်...
ကျနော်က ကိုပီတာ့ ဆိုဒ်ကို အမြဲလာရောက်အားပေးနေတဲ့ စာဖတ်ပရိတ်သတ်တစ်ယောက်ပါ...ဒီသတင်းလေးကို ဖတ်ရတော့ စိတ်ထဲမခံချိမခံသာ ဖြစ်ရပါတယ်.....ဒီလိုမျိုးတွေလည်း ဖြစ်တတ်ပါတယ်....ဒူဘိုင်းဆိုတာကလည်း မြန်မာတွေအတွက် နယ်မြေသစ်တစ်ခုပါ၊ တစ်နည်းအားဖြင့်ပြောရရင် လမ်းသစ်တစ်ခုပါပဲ...လမ်းသစ်တစ်ခုကို စဖောက်မယ် စဖောက်မယ့်လူတွေကသာလျှင် ပင်ပန်းကြစမြဲပါပဲ။
အမြဲအားပေးလျှက်ပါ................

Unknown said...

သူမကိုသတ်တာ နအဖ စစ်အစိုးရဘဲ သူမကို အဲဒီကိုတွန်းပို့ ခဲ့တဲ့ အသုံးမကျတဲ့ နအဖရဲ့ တိုင်းပြည်အုပ်ချုပ်မှုအောက်က စီမံခန့်ခွဲမှုကို နိုင်နင်းအောင်မလုပ်နိုင်လို့ ဖြစ်တာဘဲ

SHWE ZIN U said...

အင်း မစိုးစိုး ပြောတာမှန်ပါတယ် စိတ်မကောင်းဘူး ကိုပီတာ ပထမသတင်းတုန်းက မဖတ်လိုက်ရဘူး

ရွှေစင်