Yemeni child bride dies after intercourse
Saturday, April 10, 2010
အသက် ၁၂ နှစ်အရွယ် ယီမင်မိန်းကလေး လက်ထပ်ပြီး သုံးရက်အကြာ၌ သွေးလွန်၍သေဆုံး
မငိုပါနဲ့ ကလေးရယ်...
ဘဘကြီး သမီးကို အိုးပုတ်တွေ၊ ဂျိုးရုပ်တွေ အဲလေ... အိုင်ပေါ့ ဒ် တွေ၊ အိုင်ဖုန်းတွေ၊ အိုင်ပဒ်တွေ
ဝယ်ပေးပါ့ မယ်နော်...
ယီမင်နိုင်ငံမြောက်ပိုင်းဒေသမှ အသက် ၃၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးနှင့်  အရွယ်မရောက်သေး
ခင်အတင်းအကြပ်ထိမ်းမြားလက်ထပ်ပေးခြင်းခံခဲ့ ရသည့် ယီမင်နိုင်ငံမှအသက် ၁၂ နှစ် အရွယ်ရှိ သတို့ 
သမီး၊ မိန်းကလေးငယ်တစ်ဦးဟာ လက်ထပ်မင်္ဂလာအခမ်းအနားအပြီး သုံးရက် (လန်ဒန် သတင်းစာများ
၌ မိန်းကလေး၏အသက် ၁၃ နှစ်၊ လက်ထပ်ပြီးငါးရက် ဟုဆိုသည် ) အကြာတွင်သူမ၏ သားအိမ်အင်္ဂါ
အစိတ်အပိုင်းများ ထိခိုက်ဒါဏ်ရာရကာ သွေးထွက်လွန်ပြီး သေဆုံးသွားခဲ့ သည်ဟု ဒေသခံလူ့ အခွင့် အ
ရေးအဖွဲ့ ကဆိုပါတယ်...
အီလ်ဟမ် မာဒီအယ်အစီ အမည်ရှိမိန်းကလေးဟာ လွန်ခဲ့ တဲ့ သောကြာနေ့ က ယီမင်နိုင်ငံ ဟက်ဂျာပြည်
နယ်ရဲ့ ဆေးရုံမှာ ကွယ်လွန်သွားခဲ့ တာဖြစ်ပါတယ်လို့ ဆေးဖက်ဆိုင်ရာအစီရင်ခံစာဖော်ပြချက်တစ်ခုကို
ကိုးကားပြီး ယီမင်နိုင်ငံရဲ့ ရှာကက်အာရပ် လူ့ အခွင့် အရေးဖိုရမ်အဖွဲ့ အစည်းက ပြောကြားခဲ့ ပါတယ်...
သူမကို မကွယ်လွန်မီ တနင်္လာနေ့ ကပဲ ဒေသဆိုင်ရာထုံးတမ်းစဉ်လာအရ အပြန်အလှန် ( မောင်လှယ်၊ နှ
မလှယ် ) လဲလှယ်ပြီးလက်ထပ်ပေးခဲ့ တဲ့ အစီအစဉ်အရ သူမရဲ့ အစ်ကိုနှင့် သူမခင်ပွန်းရဲ့ ညီမတို့ လည်း
လက်ထပ်တဲ့ ပွဲနှင့် အတူ ထိမ်းမြားလက်ထပ်ပေးခဲ့ တာဖြစ်ပါတယ်...
( အဲဒီလိုအလဲအလှယ် လုပ်လက်ထပ်ယင် သတို့ သမီးကို တင်တောင်းရမယ့် ခန်းဝင်ပစ္စည်းအတွက် ဟို
ဖက်၊သည်ဖက် ချေလိုက်တာမို့ သိပ်မကုန်ကျပါဘူးတဲ့ ....)
" မိန်းကလေး အီလ်ဟမ် ဟာယီမင်နိုင်ငံရဲ့ အရွယ်မရောက်သေးသည့် ကလေးသူငယ်များကိုအလွဲသုံးစား
ပြုနှိပ်စက်ခြင်းများကြောင့် သေဆုံးခဲ့ ရတဲ့ ကလေးများစွာထဲက သူရဲကောင်းတစ်ဦးဖြစ်ပါတယ်..." လို့ အ
စိုးရမဟုတ်တဲ့ လူ့ အခွင့် အရေးအဖွဲ့ အစည်းကပြောကြားခဲ့ ပါတယ်...
သူမရဲ့ သေဆုံးခြင်းဟာ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား အတင်းအကြပ်လက်ထပ်ထိမ်း
မြားပေးခြင်းကြောင့် ငယ်၇ွယ်သူမိန်းကလေးငယ်များအားအသက်သေဆုံးစေတဲ့ အပြုအမူ၊ အစဉ်အလာ
ကိုတားဆီးပိတ်ပင်ခြင်းကို ဆန့် ကျင်တဲ့ အတွက်ဖြစ်လာခဲ့ ရတဲ့ အထင်အရှားသက်သေသာဓကပဲလို့ 
အဆိုပါ အဖွဲ့ အစည်းကပြောဆိုခဲ့ ပါတယ်...
ထိုမိန်းကလေးသေဆုံးခဲ့ ပြီးနောက် သူမခင်ပွန်းဖြစ်သူရဲ့ မိသားစုဟာ သူမအစ်ကိုနှင့် လက်ထပ်ပေးထား
တဲ့ သူတို့ ရဲ့ သမီးကိုပြန်လည်ခေါ်ဆောင်သွားခဲ့ တယ်လို့ ဆိုပါတယ်...
ယီမင်နိုင်ငံတွင် လူမျိုးစုများ၏ အစဉ်အလာဓလေ့ ထုံးတမ်းများအရ မိန်းကလေးများအားငယ်စဉ်ကပင်
အိမ်ထောင်ပြုပေးခြင်းများကို နိုင်ငံတစ်ကာလူ့ အခွင့် အရေးအဖွဲ့ အစည်းများက တရားမ၀င်ကြောင်းဥပ
ဒေပြဌာန်းကြေငြာပေးဖို့ ယီမင်အစိုးရကို ဖိအားပေးတောင်းဆိုခဲ့ ကြပါတယ်...
လွန်ခဲ့ တဲ့ နှစ်စက်တင်ဘာလကလည်း အသက် ၁၂ နှစ်အရွယ်ရှိ မိန်းကလေးတစ်ဦးဟာ သုံးရက်ကြာမီး
ဖွားခြင်း ဝေဒနာကိုအပြင်းအထန်ခံစားခဲ့ ရပြီးနောက်သေဆုံးခဲ့ ပါတယ်လို့ ဒေသခံလူ့ အခွင့် အရေးအဖွဲ့ 
အစည်းက ပြောကြားခဲ့ ပါတယ်...
သက်ရှစ်နှစ်အရွယ်ရှိ မိန်းကလေးတစ်ဦးဟာ သူမတစ်ယောက်တည်းရဲဝံ့ စွာ တရားရုံးကိုသွားရောက်ခဲ့ ပြီး
သူမနှင့်အတင်းအကြပ် လက်ထပ်ပေးခဲ့ တဲ့ အသက် ၃၀ ကျော်အရွယ်ရှိ ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းခွင့် 
ပေးဖို့ တောင်းဆိုလျှောက်ထားခဲ့ လို့  နိုင်ငံတစ်ကာမှ လူအများပိုမိုသတိပြုသိရှိခဲ့ ရပါတယ်...
အဆိုပါမိန်းကလေးဟာ နောက်ဆုံးတော့ ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းခွင့် ရခဲ့ ပြီး၊ ယီမင်နိုင်ငံမှ ဥပဒေပြုအ
ရာရှိများကလည်းထိုဓလေ့ ထုံးတမ်းကိုတားမြစ်ထိန်းချူပ်ဖို့ နည်းလမ်းတွေရှာနေခဲ့ ကြပါတယ်...
သို့ သော် အစွန်းရောက်ဝါဒီများနှင့် လူမျိုးစုခေါင်းဆောင်များက တရားဝင်လက်ထပ်နိုင်မည့် မိန်းကလေး
၏အသက်အရွယ်ကို ၁၈ နှစ်အဖြင့် တိုးမြှင့် မည့် ဥပဒေမူကြမ်းကို ကန့် ကွက်ရန်စည်းရုံးဆော်သြနေခဲ့ ကြ
ပါတယ်...
လွှတ်တော်အတွင်းမှာ အခြေအတင်ဆွေးနေကြတဲ့  အဆိုပါဥပဒေ ( ၁၈ နှစ်ပြည့် မှ လက်ထပ်ရမည့် ဥပ
ဒေ ) ဟာ အစ္စလာမ်တရားတော်လာအချက်အလက်တစ်ချို့ နှင့် လိုက်လျောညီထွေမရှိပါဘူး လို့ သူတို့ 
ကချေပပြောဆိုခဲ့ ကြပါတယ်...
သြော်...
လောက၊ လောက....
အသက်၁၂ နှစ်အရွယ်ကလေးမလေး မီးဖွားပြီးသေဆုံးရတဲ့ သတင်းကိုလည်း အယင်ကသတင်းပို့ စ်တစ်
ခုအနေနဲ့ ဖော်ပြခဲ့ ပြီးပါပြီ...ပြန်လည်းဖတ်ရှုလိုပါက ဒီမှာ နှိပ်ပါ...
အင်္ဂလိပ်လိုသတင်းပါ....
A 12-year-old Yemeni girl who was forced into marriage died five days after her wedding when she suffered a rupture in her sex organs and haemorrhaging, a local rights organization has said.
Ilham Mahdi al Assi died last Friday in a hospital in Yemen's Hajja province, the Shaqaeq Arab Forum for Human Rights said in a statement quoting a medical report.
She was wedded the previous Monday in a traditional arrangement known as a "swap marriage," in which the brother of the bride also married the sister of the groom, it said.
"The child Ilham has died as a martyr due to the abuse of children's lives in Yemen," the non-governmental organization said. Her death was a "flagrant example" of the results of opposing the ban on child marriage in Yemen, which was leading to "killing child females," it said.
After Elham died, the husband's family went to take their daughter from her husband , added the spokesman for Sisters Forum For Human Rights.
  The practice of marrying young girls is widespread in Yemen and drew the attention of international rights groups seeking to pressure the government to outlaw child marriages.
In September, a 12-year-old Yemeni child-bride died after struggling for three days in labour to give birth, a local human rights organisation said.
The issue of Yemen's child brides got widespread attention three years ago when an eight-year-old girl boldly went by herself to a courtroom and demanded a judge dissolve her marriage to a man in his 30s.
She eventually won a divorce, and legislators began looking at ways to curb the practice.
Extremists and tribal leaders have been campaingning against a draft law aiming to put the age of marriage at 18.
They argue that the law, under debate in Parliament , does not conform to some of Islam's teachings.
2 comments:
သုခုမလေဒီ said...
လောကကြီးမှာ ပြဿနာတွေအများသားပဲနော်။
အတော်လည်း စိတ်ပျက်စရာကောင်းပါလား။
သတင်းတစ်ပုဒ်ကိုသိခွင့်ရတဲ့အတွက် ကျေးဇူးပါ။
Ko Toe Gyi ( Multiply Boo Boo Gyi ) said...
ကျတော်ဖတ်သွားပါတယ် အဲဒီအဖြစ်ပျက်မျိုးတွေ အိနွိယ မှာ ဘင်္ဂလားဒေ့စ် မှာလည်း ရှိနေတယ်လို့ သိ၇ပါတယ်