World's hottest chilli - from Grantham

Tuesday, April 6, 2010

 


 စားရဲယင်စားကြည့် ...မီးဒုတ်ကိုင်ပြီးဆင်းသွားသလိုပဲ...


Bhut
 Jolokia /PA
စပ်ချက်ကတော့ လန်ထွက်သွားစေရမယ်တဲ့ ....
လျှာပြောပါတယ်...



ဗြိတိန်နိုင်ငံ၊ လင်ကွန်ရှိုင်ယာနယ်တွင် စမ်းသပ်မျိုးပွားစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းခဲ့ သော ငရုတ်သီးမျိုး
သည်ကမ္ဘာပေါ်တွင် အစပ်ဆုံးငရုတ်သီးဘွဲ့ ထူးကိုဆွတ်ခူးသွားခဲ့ ပါတယ်...
ငရုတ်သီးအစပ် စားလေ့ မရှိသူတစ်ဦးအနေဖြင့် အဆိုပါငရုတ်သီးကိုစားမိပါက ပါးစပ်များပူလောင်ပြင်း
ပြစွာ အပူအစပ်ဒါဏ်ခံစားရပြီး အနာဖြစ်ကာ ဆေးရုံသို့ ပင်တက်ရောက်ကုသမှု ခံယူရမည်ဖြစ်သည်...
ယခုစမ်းသပ်စိုက်ပျိုးအောင်မြင်ခဲ့ သည့် ငရုတ်သီးမျိုးက အလွန်စပ်လွန်းသဖြင့်  အိန္ဒိယနိုင်ငံမှအဓိက
ရုဏ်းနှိမ်နင်းရေးတပ်များတွင်ပင် လက်ပစ်ဗုံးထုတ်လုပ်ရာတွင် အသုံးပြုရသည့် ဘတ်ဂျိုလိုကီယာ ငရုတ်
သီးမျိုးကိုပင် ဒုတိယအစပ်ဆုံးနေရာသို့ ရောက်စေခဲ့ ပါတယ်...
ထိုအစပ်ဆုံးငရုတ်မျိုးကို စိုက်ပျိုးသူ လင်ကွန်ရှိုင်းယားနယ်၊ ဂရမ်သမ် အရပ်မှ မီးတောက်အစားအစာများ
ခြံရှင် အသက် ၃၇ နှစ်ရှိ ၀ူဒီဝုဒ် က " ဒီငရုတ်သီးကိုစားရတာဟာ ရဲရဲတောက်လောင်ကျွမ်းနေတဲ့ မီးခဲကို
စားမြိုရသလိုပါပဲ...ကျွန်တော်တို့ နိုင်ငံရဲ့ ရာသီဥတုနဲ့ ဒီလောက်စပ်တဲ့ ငရုတ်မျိုးကိုအောင်မြင်အောင်စိုက်
ပျိုးနိုင်ခဲ့ တာကတော့ မယုံနိုင်လောက်အောင်ပဲဖြစ်ရပါတယ်..." လို့ ပြောကြားခဲ့ ပါတယ်...

သူနှင့် သူ၏လုပ်ဖော်ကိုင်ဖက် မက်ဆင်ပဆန် တို့ ဟာ သူတို့ ရဲ့ ဖန်လုံအိမ်စမ်းသပ်ခြံမှာ လက်ရှိငရုတ်မျိုး
တွေကို မျိုးပွားပေါင်းစပ်ပြီး ယခုလို Infinity ( အတိုင်းအဆမရှိ စပ်ပေ၏ ) လို့ အမည်ရှိတဲ့ ငရုတ်မျိုးကို
မျိုးစပ်နိုင်ခဲ့ တာဖြစ်ပါတယ်...
၎င်းတို့ အနေနှင့် ထိုငရုတ်သီးမျိုးစေ့ များကို ယခုနှစ်မှာပဲ ဈေးကွက်သို့ တင်ပို့ ရောင်းချနိုင်လိမ့် မယ်လို့ 
မျှော်လင့်  ထားကြပါတယ်...
Warwick University ရဲ့ စမ်းသပ်ချက်များအရ Infinity ရဲ့ ပူလောင်ပြင်းပြတဲ့ စပ်နှုံးက ငရုတ်သီးတွေရဲ့ 
ပူလောင်မှုကိုတိုင်းတာတဲ့  scoville scale အရ ၁၀၆၇၂၆၈ အထိရှိပါတယ်...
ယခင်က စံချိန်တင်ထားခဲ့ တဲ့ အိန္ဒိယငရုတ်သီး ဘတ်ဂျိုလိုကီယာ က ၁၀၄၁၄၂၇ ရှိပါတယ်...
သာမာန်  Jalapeno ငရုတ်မျိုးက ၂၅၀၀ မှ ၅၀၀၀ အထိသာ အစပ်ယူနစ်ရှိပါတယ်...
လက်ပစ်ဗုံးလုပ်တဲ့ ငရုတ်မှုန့် ကတော့ အစပ်နှုံး ၂၀၀၀၀၀၀ အထိ ရှိပါတယ်...

ရွှေပြည်ကြီးက အစပ်ကြိုက်တဲ့ သာစွလေ ရခိုင်ပြည်သားတွေကို သတိရမိပါတယ်...

မူရင်းသတင်းပါ...
A chilli grown in Lincolnshire has won the title of the hottest grown anywhere in the world.
A novice who eats it can require hospital treatment for mouth blisters and burns, reports The Sun.
The new variety is named Infinity for its 'never-ending' burn, which cannot be quelled by even the best antidote, milk.
It put the notorious Bhut Jolokia, which is so hot it's used in mob-control grenades in India, into second place.
Grower Woody Woods, 37, of Fire Foods in Grantham, said: "It is like eating red-hot coal. To grow such a burning hot chilli in our climate is unbelievable."
He and pal Matt Simpson, 38, bred the Infinity in a greenhouse by crossing existing varieties. They hope to market the seeds this year.
Tests by Warwick University rate Infinity at 1,067,286 on the Scoville Scale which is used to measure the heat of peppers.
The former record-holder, the Indian Bhut Jolokia, is 1,041,427. A jalapeno measures just 2,500 to 5,000. Weapons-grade pepper spray is 2,000,000.

3 comments:

သမီးပျို said...

ရွှေပြည်တော်ကြီးကို ပြန်မယ့်အရေး စိတ်အေးရပြီးပေါ့
ဘတ်စ်စီးရင် ထောက်လှမ်းရေးနဲ့တွေ့မှာစိတ်ပူနေတာ ခုတော့... ငြုပ်သီး တစ်တောင့်ဆောင်သွားရင် ရပြီပဲ
တွယ်ချိတ်လောက်တော့ အေးဆေးလုပ်နေသူတွေ အတွက် အထူးလက်ဆောင် တစ်တောင့်သယ်သွားတော့ မယ်...တစ်ချက်လောက်တို့လိုက်မယ် အီစလန်ဝေ သွားမယ်...မြင်ယောင်သေး..ဟေးဟေး

ဆောင်းနှင်းရွက် said...

ဟင့်အင့်
ရောဂါ ရခံပြီးတော့ စားဘူးးးးး ..>>

သိင်္ဂါကျော် said...

အဲလောက်စပ်တဲ့ ငရုတ်သီးများတော့ ဘာလို့ စားကြမှာလဲ.. ရိုးရိုးငရုတ်သီးလောက်နဲ့ပဲ တော်ပါပြီ.. :D