Woman finds $88billion in her bank account, but can't even buy the weekend groceries

Thursday, April 8, 2010

ဘဏ်စာရင်းထဲမှာတော့ ဘီလီယံနာ...


Stephanie Hickman's bank account was accidentally credited with 
$88billiion on Saturday morning
နေ့ ချင်းညချင်း စာရင်းထဲမှာတော့ ဘီလီယံနာ...
တာဝန်သိသိ၊ သစ္စာရှိရှိ သတင်းပို့ ခဲ့ သော်လည်း....
Stephanie Hickman's bank account was accidentally credited with $88billiion on Saturday morning


သင့် ရဲ့ ဘဏ်အကောင့် ထဲမှာ စုငွေ ၈၈ ဘီလီယံဒေါ်လာရှိနေတယ်ဆိုလျှင် သင့် အနေနဲ့ တစ်ပါတ်
စာအတွက် မီဖိုချောင်သုံးပစ္စည်းလေးတွေဝယ်ဖို့ အတွက်တော့ဘာအခက်အခဲမှာရှိနေမယ်မဟုတ်ဘူး
လို့ သင်ထင်မှာမလွဲပါဘူး...

ဒါပေမယ့် စတက်ဖနီဟစ်ခ်မင်း ရဲ့ ဘဏ်အကောင့် ထဲကိုလည်းမတော်တဆမှားယွင်းပြီး ငွေတွေအစု
လိုက်အပုံလိုက်ကို လွန်ခဲ့ တဲ့ စနေနေ့ နံနက်ပိုင်းကထည့် သွင်းပေးခဲ့ မိပါတယ်...

ရိုးသားတဲ့ သူမဟာ ငွေတွေကိုသုံးပြစ်မယ့် အစား SunTrust ဘဏ်ကို သူမရဲ့ စာရင်းထဲကိုမှားယွင်းပြီး
ငွေတွေသွင်းပေးခဲ့ မိကြောင်းကို ဖုံးဆက်အကြောင်းကြားခဲ့ ပါတယ်...ဒါပေမယ့် ထိုဘဏ်အနေနဲ့ လော
လောဆယ်ဘယ်လိုမှ ကူညီဆောင်ရွက်ပေးလို့ မရတဲ့ အကြောင်း ( ထိုမှားယွင်းမှုကို ပြင်ဆင်ဆောင်ရွက်
ပေးဖို့ ) ဗာဂျီနီးယားဒေသက ဇနီးမောင်နှံကိုအကြောင်းကြားခဲ့ ပါတယ်...

ဘဏ်ဝန်ထမ်းများကိုပြောကြားခဲ့သော်လည်း မည်သူတစ်ဦးတစ်ယောက်ကမျှ မည်ကဲ့ သို့ ထိုမျှသော
ငွေပမာဏ သူမ၏ငွေစာရင်းထဲသို့ ရောက်နေရသည်ဆိုခြင်းနှင့် မည်ကဲ့ သို့ ပြန်လည်ထုတ်နှုတ်ရမည်
ကို မပြောကြားနိုင်၊ မကူညီနိုင်ခဲ့ ကြပေ...

ကျွန်မယောကျာင်္းက ဘဏ်ဝန်ထမ်း ၃ ယောက်တိတိကိုပြောကြားခဲ့ ပေမယ့် သူတို့ အားလုံးက ၎င်းတို့ 
အနေနဲ့ ဘဏ်စာရင်းကို ပြုပြင်ပြောင်းလဲလို့ မရကြောင်း၊ ဒါကြောင့် ဒီကိစ္စ၊ပြဿနာကို ဘယ်လိုမှရှင်းမ
ပေးနိုင်ကြောင်းပြောကြပါတယ်လို့  မစ္စက်ဟစ်ခ်မင်းကဆိုပါတယ်...


The Hickmans decided to call SunTrustBank to report the error, but
 the bank told the Virginia couple it couldn't help them
မယုံမရှိနှင့်  ၈၈ ဘီလီယံကျော်ကျော်ကြီးများတောင် ဘဏ်အကောင့် ထဲမှာရှိနေတယ်...
The Hickmans decided to call SunTrustBank to report the error, but the bank told the Virginia couple it couldn't help them


အခုတော့ ဘာမှလုပ်လို့ မရတော့ ပါဘူး...အွန်လိုင်းကနေငွေပေးချေလို့ မရ၊ ဖုံးနဲ့ လည်းငွေပေးချေလို့ 
မရတော့ ပါဘူးလို့ သူမက အန်ဘီစီသတင်းဌာနကိုပြောကြားခဲ့ ပါတယ်...

"အခုကျွန်မပြောချင်တာက အဲဒီ ၈၈ ဘီလီယံဒေါ်လာဟာ ကျွန်မရဲ့ ပိုက်ဆံမဟုတ်ပါဘူး၊ ဒါပေမယ့် ဘဏ်
အကောင့် ထဲမှာရှိတဲ့  ၁၅၀ ဒေါ်လာကတော့ ကျွန်မရဲ့ ငွေပါ...အခုအဲဒီပိုက်ဆံကိုတောင်မှ ဘယ်လိုမှသုံး
လို့ မရဖြစ်နေပါတယ်..."  လို့ သူမကပြောကြားခဲ့ ပါတယ်...
မစ္စဟစ်ခ်မင်းရဲ့ ဘဏ်စာရင်းကိုလာမည့် တနင်္လာနေ့ အထိရပ်ဆိုင်းထားမှာဖြစ်တဲ့ အတွက် သူမတို့ ဇနီး
မောင်နှံအနေနဲ့ ယခုသီတင်းပါတ်အတွက် သူတို့ ကိုယ်ပိုင်ငွေကိုတောင်မှ အသုံးပြုနိုင်မှာမဟုတ်ပါဘူး...
သူမတို့ ဇနီးမောင်နှံအမြန်ဆုံးပြန်လည်အသုံးပြုနိုင်ဖို့  အခုတော့ SunTrust ဘဏ်ဟာ ထိုမှားယွင်းမှု
ပြဿနာကိုဖြေရှင်းပေးဖို့ ကြိုးစားနေပါတယ်...

အခုလောလောဆယ်တော့ မစ္စဟစ်ခ်မင်းတစ်ယောက် သူမအိမ်ရဲ့ ဆိုဖာထိုင်ခုံနောက်မှာ ကျနေနိုင်ခဲ့ 
တဲ့ ငွေအကြွေစလေးတွေကိုပဲ ရှာကြံပြီး သုံးစွဲနေရဦးမှာပါ....

သြော် ...
ရိုးရိုးသားသားအကြောင်းကြားပေးတဲ့ သူအတွက်တော့ လက်ငင်းသုံးဖို့ ငွေကလေးအနည်းငယ်ကိုတောင်
မှကြိုမထုတ်ပေးနိုင်ဘူးတဲ့ လား...

မူရင်းသတင်းပါ...
With $88billion in the bank, you'd have thought buying the weekend's groceries wouldn't have been a problem.
But when Stephanie Hickman's bank account was accidentally credited with the huge sum on Saturday morning, that's exactly what happened.
Instead of spending the money, the Hickmans decided to call SunTrustBank to report the error, but the bank told the Virginia couple it couldn't help them.
Despite talking to several bank employees, no one could tell Mrs Hickman how the problem occurred or how to reverse the transaction.
'My husband talked to three different people and they all told us they can't access the account and they can't fix the problem,' Mrs Hickman said.
'Everything's frozen, online banking, mobile banking,' she told NBC. 
'I'm not saying that the $88 billion is my money, but the $150 at least that we had in the account was my money and now I can't even access that.'
Mrs Hickman's account was frozen until Monday, leaving the couple unable to access their own money over the weekend.
SunTrust is now trying to resolve the problem so that the couple can use the account again.
In the meantime, Mrs Hickman will have to rely on the loose change that may have fallen down the back of her sofa.

0 comments: