Punch-drunk priest hits a mourner at funeral he was supposed to be officiating
Monday, April 5, 2010
အသုဘရှုလာသူကို မူးပြီးထိုးကြိတ်ခဲ့ သူ ဘုန်းတော်ကြီး...
သူ့ ကိုယ်စားကျွန်ုပ်ဂိုဏ်းချူပ်ကြီးက တောင်းပန်ပါတယ်...
Full apologies: Archbishop Robert Le Gall (above) has spoken out against Father Bonaventure Ouedraogo
ကက်သလစ်ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးဟာ သူတာဝန်ယူကြီးကြပ်ဟောပြောပေးရမယ့် အသုဘအ
ခမ်းအနားတစ်ခုကို အရက်များအလွန်အကျွံမူးကာရောက်ရှိလာပြီး ပူဆွေးဝမ်းနည်းနေတဲ့ အသုဘပို့ သူ
တစ်သီးကိုပါ ထိုးကြိတ်ရိုက်နှက်ခဲ့ လို့ ဖမ်းဆီးခြင်းခံခဲ့ ရပါတယ်...
ပြင်သစ်နိုင်ငံ၊ Toulouse မြို့ အနီး၊ Muret အရပ်က စိန့် ဂျွန် ဘုရားရှိခိုးကျောင်း မှာပြုလုပ်တဲ့ ခရစ်ယာန်
ဘာသာရေးဆိုင်ရာအသုဘအခမ်းအနားမှာ ကမကထပြု၊ ဦးစီးဆောင်ရွက်ရမှာဖြစ်တဲ့ အသက် ၄၀ ကျော်
အရွယ်ရှိဘုန်းတော်ကြီး Bonaventure ဟာ ဘုရားကျောင်းကိုရောက်လာချိန်မှာတော့ ရေချိန်လွန်ကာအ
ပူဆွေးသောကရောက်နေကြတဲ့ ကွယ်လွန်သူရဲ့ ကျန်ရစ်သူမိသားစုဝင်များဟာ ဘုန်းတော်ကြီးရဲ့ မူးပြီးကွဲ
နေတဲ့ အခြေအနေကိုမြင်လိုက်ရတဲ့ အခါ ပိုမိုစိတ်ထိခိုက်ကာ ငိုကြွေးခဲ့ ကြပြီး အခမ်းအနားကနေထွက်
သွားပေးဖို့ တောင်းပန်ခဲ့ ကြရပါတယ်...
ထိုအခါ သူဟာဒယီးဒယိုင်နဲ့ သူ့ ရဲ့ ကားဆီကိုထွက်ခွာသွားခဲ့ ပါတယ်...လူအများစုကတော့ သူ့ အနေနဲ့ 
အရက်မူးပြီးကားမောင်းခဲ့ လျှင် မတော်တစ်ဆယာဉ်တိုက်မှုဖြစ်မှာကိုစိုးရိမ်ခဲ့ ကြပါတယ်...
" ကျွန်တော်တို့ အထဲက လူတစ်ချို့ ကသူ့ ကားဆီသွားရောက်ကြပြီး သူ့ ကိုကားထဲမ၀င်နိုင်အောင်တား
ဆီးတဲ့ အခါ သူက ကျွန်တော်တို့ ကိုထိုးကြိတ်၊ရိုက်နှက်တော့ တာပါပဲဗျာ...." လို့ လွန်ခဲ့ တဲ့ အင်္ဂါနေ့ ၊နေ့ 
လည်ကပြုလုပ်တဲ့ အသုဘ အခမ်းအနားကိုတက်ရောက်ခဲ့  သူတစ်ဦးကပြောပြခဲ့ ပါတယ်...
" ဘုန်းတော်ကြီးဟာဟာ အသုဘရှုတရားနာအခမ်းအနားတက်ရောက်သူတစ်ဦးကိုချူပ်ကိုင်ကာမျက်နှာ
ကိုအကြိမ်ကြိမ်ထိုးကြိတ်ခဲ့ ပါတယ်...ရဲတပ်ဖွဲ့ ကိုအကြောင်းကြားခဲ့ ရပြီးနောက် သူဟာအဖမ်းခံခဲ့ ရပါ
တော့တယ်...အဲဒီမှာပဲ သူဟာ ကားမောင်းလျှင်မကျော်လွန်သင့် တဲ့ အရက်သောက်သုံးမှုပမာဏထက်
များစွာကျော်လွန်အောင်သောက်သုံးခဲ့ ကြောင်းတွေ့ ရှိခဲ့ ရပါတော့ တယ်...
သူဟာအလွန်အကျွံကိုမူးနေခဲ့ တာပါ..." လို့ သူကဆက်ပြောခဲ့ ပါတယ်...
ယခင်ပြင်သစ်ကိုလိုနီဖြစ်ခဲ့ တဲ့  Burkina Faso ဇာတိဖြစ်တဲ့ ဘုန်းတော်ကြီး Bonaventure ကိုဒေသခံ
ရဲသားများကဖမ်းချူပ်ကာ ရဲစခန်းကိုခေါ်သွားပြီး အမူးပြေစေခဲ့ ရပါတယ်...
ဈာပနပွဲမှ ကွယ်လွန်သူအမျိုးသမီးရဲ့ အစ်ကိုဖြစ်သူ Gerard Tillier က " ဘုန်းတော်ကြီးရဲ့ အထိုးအကြိတ်
ခံခဲ့ ရသူဟာ သူ့ ကိုကားထဲကနေခြေထောက်ကိုကိုင်ပြီး ဆွဲထုတ်ဖို့ ကြိုးစားခဲ့ သူဖြစ်ပါတယ်...ဘုန်းတော်
ကြီးအနေနဲ့ သူ့ ကိုကြည်ညို၊ယုံကြည်ကိုးကွယ်နေသူတွေကို အခုလိုရိုက်နှက်ထိုးကြိတ်လိမ့် မယ်လို့ သင့် 
အနေနဲ့ ယုံနိုင်မှာတောင်မဟုတ်ပါဘူး...တစ်ခါမှမတွေ့ ဖူးတဲ့ တစ်ကယ့် ကိုအတွေ့ အကြုံအသစ်ပါပဲ...
သူဟာအသုဘအခမ်းအနားကိုသောက်စားမူးယစ်ပြီးတော့ ရောက်လာခဲ့ တာပါ...ဒီအကြောင်းကိုဆက်
မပြောတာကပိုပြီးကောင်းပါလိမ့် မယ်..."  လို့ ပြောဆိုခဲ့ ပါတယ်...
အခုလိုကျော်မကောင်းကြားမကောင်းဖြစ်ခဲ့ ရတာတောင်မှ ဘုန်းတော်ကြီး Bonaventure အနေနဲ့ စည်း
ကမ်းကျင့် ဝတ်အရ အေ၇းယူခြင်းခံရဖို့ မရှိနိုင်ပါဘူး လို့ ပြင်သစ်နိုင်ငံမှ ကက်သလစ်သာသနာ အာဏာ
ပိုင်များကဆိုပါတယ်..
ဘုန်းတော်ကြီး Bonaventure အနေနဲ့ ၎င်း၏သာသနာအဆင့် အတန်းနှင့် မလျော်ညီသော အခြေအနေ
ဖြင့် သာ အသုဘအခမ်းအနားသို့ ရောက်ရှိခဲ့ ခြင်းသာဖြစ်တယ်လို့ ခရစ်ယာန်ဂိုဏ်းချူပ်ဘုန်းတော်ကြီး
Robert Le Gall ကမိန့် ကြားခဲ့ ပါတယ်...
" အခုလိုဖြစ်ပျက်ခဲ့ တဲ့ အတွက် ကျွန်ုပ်တို့ အနေနှင့် ကျန်ရစ်သူမိသားစုကို အလုံးစုံတောင်းပန်ပါတယ်...
ဘုန်းတော်ကြီး Bonaventure အနေနှင့် လည်းအဲဒီအဖြစ်အပျက်အတွက်တောင်းပန်ဖို့ ဆန္ဒရှိခဲ့ ပါတယ်...
ဘုန်းတော်ကြီး Bonaventure ဟာ ၂၀၀၆ ခုနှစ်မှာ ကျောင်းထိုင်ဘုန်းတော်ကြီးဖြစ်ခဲ့ ကတည်းက ဘာ
ပြဿနာမှ ဖြစ်ခဲ့ တာမဟုတ်ပါဘူး...ကျွန်ုပ်တို့ အားလုံးဟာလည်း အခုလိုဖြစ်ပျက်ခဲ့ တာကြောင့် အလွန်
ကိုအံ့ အားသင့် ခဲ့ ကြရပါတယ်..."  လို့ ဂိုဏ်းချူပ်ဘုန်းတော်ကြီး Robert Le Gall ကပြောဆိုခဲ့ ပါတယ်..
သြော်...
ပူဆွေးသောကရောက်နေကြရတဲ့ ကျန်ရစ်သူမိသားစုနဲ့ အသုဘအခမ်းအနားတက်ရောက်လာသူတွေကို
ကောင်းရာမွန်ရာ တရားရေအေးတိုက်ကျွေးရမယ့် ဘုန်းတော်ကြီးကိုယ်တိုင်က မူးပြီးကွဲနေခဲ့ ကာ လူတွေ
ကိုတောင် ထိုးကြိတ်နေခဲ့ တာဆိုတော့ ....
ဒါကလည်း ပုဂ္ဂိုလ်တစ်ဦးချင်းစီနဲ့ ပဲဆိုင်ပါတယ်...
အများစုကိုကိုယ်စားပြုတာကတော့ မဟုတ်ပါဘူး...
ဘယ်ဘာသာတိုင်းမဆိုဒီလိုမျိုးစုန်းပြူးကတော့ ရှိတတ်စမြဲပါ...
ဗဟုသုတရယုံသက်သက်ပါ...
မူရင်းအင်္ဂလိပ်လိုသတင်းပါ...
A catholic priest has been arrested after turning up ‘severely drunk’ at a funeral and then beating up one of the mourners.
Father Bonaventure Ouedraogo, who is in his 40s, could barely stand when he arrived to officiate at the religious ceremony at the Church of St John, in Muret, near the south west France city of Toulouse.
When family members of the deceased saw the state he was in they began crying and asked him to leave.
He then began staggering towards his car, which led many of them to fear that he would cause an accident through drunk driving.
‘When a few of us tried to stop him getting behind the driver’s wheel he began attacking us,’ said one of the mourner’s at the service on Tuesday afternoon.
‘He grabbed one mourner and then punched him repeatedly in the face. Police were called and Father Bonaventure was arrested. Then he was found to be well over the drink drive limit. He was severely drunk.’
Father Bonaventure, who is originally from the former French colony of Burkina Faso, was arrested by local gendarmes who took him to a local police station to sober up.
Gerard Tillier, brother of the deceased woman whose funeral it was, said: ‘The man who was punched had been trying to help Father Bonaventure by pulling him to his feet.
‘Can you believe that a priest would hit his parishioners? It’s certainly a new one to me. And he turns up drunk at a funeral. Let’s not even talk about it!’
Despite the scandal, the Catholic authorities in France said Father Bonaventure was unlikely to be disciplined.
Instead Archbishop Robert Le Gall said: ‘Father Bonaventure arrived at the funeral in a state that was not compatible with his ministry.
'For this, we offer our full apologies to the family. Father Bonaventure also wants to apologise for what happened.’
Father Bonaventure became parish priest in Murat in 2006 and ‘we have never had any problems with him in the past,’ added Archbishop Le Gall.
‘We are all astonished by what happened.'
1 comments:
SHWE ZIN U said...
ရပါတယ်ဗျာ ဘာတင်တင် ဖတ်ရမှာပေါ့
ရွှေစင်