Unmarried air stewardess faces jail in Dubai for having baby

Tuesday, April 20, 2010


 ခိုးစားတဲ့ အသီးများပိုချိုသည်ဆိုသော်လည်း....

 

မွေးစက ၂ ပေါင်သာရှိတဲ့ ကလေးငယ်...


ချစ်သူရည်းစားဖြစ်သူနှင့် လက်မထပ်ပဲအတူနေခဲ့ သဖြင့်ကိုယ်ဝန်ရှိကာ ကလေးမီးဖွားခဲ့ သည့် ဒူဘိုင်းရဲ့ 
နာမည်ကျော် အဲမရိတ်အဲယားလိုင်း ( Emirates Airline ) က လေယာဉ်မယ်တစ်ဦးဟာ ဒူဘိုင်းကိုပြန်မ
လာနိုင်မှာကိုစိုးရိမ်နေခဲ့ ရပါတယ်...
အသက် ၃၀ အရွယ်ရှိ လစ်ဇ်ကာရီ ဟာ အလုပ်တာဝန်ဖြင့် သူမတာဝန်ထမ်းဆောင်နေတဲ့ လေယာဉ်ဟာ

တောင်အာဖရိကကိုရောက်ရှိပြီး၂၄ မျှသာရပ်နားခိုက် မမျှော်လင့် ပဲမီးဖွားခဲ့ ရစဉ်က သူမမှာကိုယ်ဝန်ရှိမှန်း
တောင်မသိခဲ့ ရပါဘူးတဲ့ ...
အခုတော့ ဒူဘိုင်းရဲ့ အစ္စလာမ်ဥပပေများအရ လက်မထပ်ပဲကလေးမွေးခဲ့ မိလို့ သူမအနေနဲ့ ရှစ်နှစ်ကြာနေ
ထိုင်လုပ်ကိုင်ခဲ့ တဲ့ နေရာကိုပြန်သွားခဲ့ ယင် အကျဉ်းထောင်ထဲကို အပို့ ခံရမှာဖြစ်ပါတယ်...
တရားဝင်လက်မထပ်ပဲ ( တရားဝင်လို့ ဆိုတယ်နော်...ကိုယ့် ဘာသာကိုယ်လံကြုတ်လုပ်ထားတဲ့ / လုပ်
မယ့် လက်ထပ်စာချူပ်၊ အခမ်းအနားမျိုးမရပါဘူး...) ချစ်သူရည်းစားဖြစ်သူနဲ့ အတူနေ၊ လွန်ကျူးခဲ့ မိယင်
အနည်းဆုံးထောင်ဒါဏ် သုံးလနှင့် ဒူဘိုင်းကနေ နှင်ထုတ်ပြန်ပို့ ခြင်းခံရမှာပါ...

" အခုတော့ ကျွန်မ လစာမဲ့ ခွင့် နဲ့ ဖြစ်နေပါတယ်...ဒါပေမယ့် ကျွန်မအနေနဲ့ ဒူဘိုင်းကိုလည်းပြန်သွားလို့ 
မရဘူးဖြစ်နေပါတယ်...ကလေးမီးဖွားထားလို့ တော့ မဟုတ်ပါဘူး...ဒူဘိုင်းရဲ့  ဥပဒေအရ ( ခိုးစားတာလူ
မိသွားခဲ့ ယင် ) ကျွန်မက တရားဝင်လက်ထပ်ထားတာမဟုတ်လေတော့ အခုလိုကလေးပါမွေးခဲ့ ပြီမို့ အ
ဖမ်းခံရနိုင်ပါတယ်...အဲဒီလောက်ကြီးတော့ မစွန့် စားရဲပါဘူး..." လို့  လစ်ဇ် ကပြောခဲ့ ပါတယ်...

အိုင်ယာလန်မှ ဖြစ်သောလစ်ဇ်က သူမအနေဖြင့် လုပ်ငန်းသဘာဝအရ အမျိုးသမီးတို့ သဘာဝ လစဉ်ပွင့် 
သောပန်းကလည်း ပုံမမှန်ဖြစ်တတ်လို့ သူမဗိုက်အောင့် တဲ့ အခါ အစာအိမ်နာဖြစ်တယ်လို့ ထင်ခဲ့ မိလို့ အ
စာအိမ်ဆေးတွေသာ သောက်သုံးခဲ့ ပါတယ်လို့ ဆိုပါတယ်...
သူမရဲ့ ဆီးနဲ့ သွေး ကိုစစ်ဆေးခဲ့ တဲ့ ဒူဘိုင်းက ဆရာဝန်များကလည်းဆေးဆက်သက်ဖို့ ကိုပဲညွှန်ကြားခဲ့ 
ကြပါတယ်....( ကိုယ်ဝန်ရှိတယ်လို့ မပြောခဲ့ ကြပါဘူး...)
လွန်ခဲ့ တဲ့ ဇန်န၀ါရီလက သူမရဲ့ လေယာဉ်ခရီးစဉ်တစ်ထောက်နားတဲ့ တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန်န
ဘတ်မြို့ ရောက်တော့ မှသာ အဖြစ်မှန်ကို သိရှိကာကလေးမွေးဖွားခဲ့ ခြင်းဖြစ်ပါတယ်...

" ဗိုက်တွေအောင့် စဉ်တုံးကများဆိုယင် အလွန်ကိုမခံမရပ်နိုင်အောင်ဖြစ်ခဲ့ ရပြီး၊ မိနစ်ပိုင်းအတွင်းမှာပဲ
ကလေးက ( ၀မ်းထဲကနေ ) အပြင်ကိုရောက်နေခဲ့ တာဖြစ်ပါတယ်... တစ်ကယ့် ကိုထိတ်လန့် တုန်လှုပ်
ခဲ့ ရတာပါပဲ..." လို့ Emirates Airline မှာ အလုပ်လုပ်တဲ့ လစ်ဇ် ကပြောပြပါတယ်...
မွေးကာစက ၂ပေါင်သာ အလေးချိန်ရှိတဲ့ ကလေးငယ် အလက်ဇန်းဒြား ကတော့ ဆေးရုံရဲ့ အသည်းအ
သန်ကြပ်မတ်ကုသတဲ့ အခန်းမှာ ၂ လကြာနေခဲ့ ရပါတယ်...
သူမတို့ သားအမိနှစ်ဦးဟာ ယခုအထိတောင်အာဖရိကမှာပဲရှိနေဆဲဖြစ်ပြီး၊ သူမနဲ့ ချစ်သူရည်းစားဖြစ်တာ
နှစ်နှစ်ကြာခဲ့ ပြီဖြစ်တဲ့ ကလေးရဲ့ အဖေဖြစ်တဲ့  သြစတေးလျနိုင်ငံသား ကတော့ ဒူဘိုင်းမှာပဲ ရှိနေကာ သူမ
တို့ ကိုလာရောက်မတွေ့ ဆုံနိုင်သေးဘူးလို့ ဆိုပါတယ်...

အလားတူအဖြစ်မျိုးနဲ့ ခပ်ဆင်ဆင်ပဲ ရွှေပြည်ကြီးက လှသည်၊ လည်သည်၊ သို့ သော် လွယ်သည် လို့ ဆို
နိုင်တဲ့ မမတစ်ယောက်လည်း အသွေးအသားကိုတင်ကာ အလှူပေးရတာကို ကလေးကစားသလိုထင်ကာ
သူပေးမ၀ခဲ့ လို့ နောက်ဆုံး မထွေးနိုင်မအံနိုင်ဖြစ်ခဲ့ ကာ ရေချိုးခန်းထဲမှာတင်ကလေးမွေးခဲ့ ရပြီး ( နောက်
တော့ဆေးရုံသို့ ပို့ ခဲ့ ရကာ အဖြစ်မှန်ပေါ်ပေါက်သွားပြီး ရဲအဖမ်းခံခဲ့ ရကာ )ဒူဘိုင်းရဲ့ နာမည်ကျော်ကြယ်
ငါးပွင့် အဆင့်ရှိ အကျဉ်းထောင်ကိုရောက်ရှိသွားခဲ့ ရတဲ့ သတင်းဟာ ဒူဘိုင်းကရွှေမြန်မာအသိုင်းအ၀န်း
တင်မက၊ တစ်ခြားသောနိုင်ငံသားတွေအထိပါ ရိုက်ခတ်သွားခဲ့ ရပါတယ်...

အဆိုပါ ကျေးဇူးရှင်မမ နှင့် တစ်ဟိုတယ်ထဲ အလုပ်လုပ်နေခဲ့ ကြတဲ့ ကိုရွှေများကတော့ ဘယ်သူနဲ့ ရ
မှန်းတောင်သေသေချာချာမသိတဲ့ ( သူမက မိုးစပါး၊နွေစပါး၊ သီးထပ်၊သီးညှပ် နဲ့ လယ်ကိုအနားမထား
စိုက်ပျိုးခဲ့ သည်လေ.....)ကိုယ်ဝန်မီးဖွားစားရိတ်အတွက် သူမ အလုပ်လုပ်တဲ့ ဟိုတယ်က အကုန်မစိုက်
ပေးလို့ အားလုံးစုပေါင်းပြီးထည့် ဝင်ကာ ကုသိုလ်ယူလိုက်ကြရသေးတယ်လို့ လည်းကြားမိရကြောင်း
ပါဗျာ...

ထိုမမ ပိုက်ဘောမိပြီးမှ ၀င်ပြီးအားပေးတဲ့ ကိုရွှေလှည်းကျိုးထမ်းလည်းရှိသေးတယ်လို့ ဆိုပါသေးတယ်...
နောက်ဆက်တွဲအနေနဲ့ ကတော့ နိုင်ငံနဲ့ လူမျိုးလည်းမျက်နှာပျက်ရ၊ ကာယကံရှင်ကိုယ်တိုင်လည်းဘဝ
ပျက်၊ အလုပ်လက်မဲ့ ဖြစ်ရ ( သူမ ကတော့ အဲဒီလိုတောင်ယူဆပါ့ မလားမသိ၊ တစ်ရွာမကောင်း အခြား
ရွာပြောင်းလေမယ်လို့ စိတ်ကူးမိလေသလားမသိ ) နဲ့ အလုံးစုံပျက်စီးခြင်းဆိုက်ခဲ့ တာပါပဲ....

သတိတရားနဲ့ အသိပွားနိုင်ပါစေသော်....

အင်္ဂလိပ်လိုသတင်းလေးပါ...
An air stewardess fears she can't return to Dubai where she lives because she has had a baby out of wedlock. Ex-pat Liz Curry, 30, didn't even know she was pregnant when Alexandra was born during a 24-hour stopover in South Africa.
Dubai's strict Muslim laws mean Liz could now be sent to prison if she goes back to the country where she has lived for eight years. The penalty for having sex outside marriage is at least three months in prison followed by deportation.
Liz said: "I'm on unpaid leave at the moment but I can't go back to work in Dubai - not just because I'm a new mother but also because of the law. I'm unmarried so if I'd had the baby in Dubai I would have been arrested and I can't take that risk."
Liz, from Ireland, said female cabin crew often have unusual menstrual cycles - she thought her stomach pains were ulcers so began taking tablets. Doctors in Dubai ran urine and blood tests and told her to stay on the medication. She only found out the truth in her Johannesburg hotel room in January.

Liz, who works for Emirates, said: "The cramps were horrendous and within a few minutes there was a baby. I was in complete shock."
Alexandra, who was just over 2lb, spent two months in an intensive care unit. The pair are still in South Africa but the baby's Australian dad, who lives in Dubai and who has been with Liz for two years, has not been able to see them.

0 comments: