Therapist sets patients on fire

Friday, April 9, 2010


မီးရှို့ ကာကုသပေးမယ်...



မင်းမွှေးတဲ့ မီး...
ဝေဒနာတွေပြေပါစေတော့ လေ....
တရုတ်နိုင်ငံမှ ဆေးကုသမှုပညာရှင်တစ်ဦးဟာ  လူနာများကို ဆီစိမ်ထားတဲ့ စောင်များနှင့် လွမ်းခြုံရစ်ပတ်
ကာ ထိုစောင်များကိုမီးရှို့ ပြီး ရောဂါများကိုကုသတဲ့ နေသည့် အတွက် တရုတ်နိုင်ငံဆေးကုသမှုအသိုင်း
အ၀န်းတွင်ကုထုံးအသစ်တစ်ခုပေါ်ပေါက်ခဲ့ ပါတယ်...
တရုတ်နိုင်ငံမြို့ တော် ဘေဂျင်းမြို့ တွင် ဆေးခန်းဖွင့် ကာကုသပေးနေသည့်  သမားတော် ဟန်လီ က
" အပြင်ပန်းကြည့် မယ်ဆိုယင်တော့ အခုလို ( မီးရှို့ ပြီး ) ကုသတာဟာအလွန်အန္တရယ်ကြီးတယ်လို့ 
ထင်စရာပါပဲ...ဒါပေမယ့် သေသေချာချာဂရုစိုက်ပြီး ဆောင်ရွက်မယ်ဆိုယင်တော့ လူကိုအန္တရယ်မဖြစ်
စေပါဘူး...အခုအချိန်အထိကျွန်တော်တို့ လူနာတစ်ယောက်မျှ မီးမတော်တစ်ဆဖြစ်ပြီး မလောင်ကျွမ်းခံ
ခဲ့ ရသေးပါဘူး..." လို့ ပြောခဲ့ ပါတယ်...

အခုလိုခန္ဓာကိုယ်အရေပြားအပေါ်နားလေးတင်ကပ်ကြာမီးရှို့ ပြီး အပူတိုက်ကုသတဲ့ ကုထုံးကလည်းလူကို
လုံးဝ အကြောအချင်တွေပြေလျောကာ သက်တောင့် သက်သာဖြစ်စေပါတယ်ကို ကုသခံခဲ့ တဲ့ လူနာများ
ကပြောဆိုကြပါတယ်...
အလုပ်သမား တစ်ဦးဖြစ်တဲ့ အသက် ၅၃ နှစ်ရှိ လီချန်လင်းကတော့  " မီးရှို့ လိုက်တဲ့ အတွက် အပူစွမ်း
အင်တစ်မျိုးဖြစ်ပေါ်လာကာသင့် ရဲ့ ခန္ဓာကိုယ်ထဲကိုတိုက်ရိုက်စိမ့် ဝင်သွားပြီး၊ သင့် ကို လုံးလုံးလျားလျား
သက်သာပျောက်ကင်းစေတာဖြစ်ပါတယ်...ဒါကြောင့် ကျွန်တော်ဟာတစ်ပါတ်ကို သုံးကြိမ်မီးရှို့ ကာအကု
အသခံလေ့ ရှိပြီး လုပ်ငန်းခွင်ကို ပေါ့ ပါးလန်းဆန်းစွာနဲ့ ပြန်လည်ဝင်ရောက်နိုင်တာပါ..."  လို့ ပြောပြခဲ့ 
ပါတယ်...

သမားတော်ဟန် ဟာ မီးရှို့ ထားလို့ ရဲနေတဲ့ အပ်တွေနဲ့ လည်း ခန္ဓာကိုယ်ရဲ့ တင်းကြပ်လေးလံနေတဲ့ အ
ချိုးအဆစ်တွေကို ထိုးဆွပေးတဲ့ အပ်စိုက်ကုထုံးအပြင်၊ ကုသမှုခံယူသူတွေရဲ့ အရေပြားပေါ်မှာ အပူပေး
ထားတဲ့ စုပ်ခွက်တွေကပ်ပြီး ကုသတဲ့ နည်းနဲ့ လည်းကုသပေးနေပါသေးတယ်...

အမှန်တော့ အဲဒီလို စုပ်ခွက်နဲ့ ၊ ကျောကုန်းမှာမီးရှို့ ပြီးကုသတဲ့ တရုတ်အဘိုးအိုတစ်ဦးအကြောင်းကို
ယခင်ကလည်း ဓါတ်ပုံဆောင်းပါး ပို့ စ်တစ်ခုအနေနဲ့ တင်ခဲ့ ပါသေးတယ်...အဲဒီပို့ စ်မှာမှ ဓါတ်ပုံတွေပို
စုံပါတယ်...
အဲဒီပို့ စ် ကတော့ ဒီမှာ ပါ...

ဒီလိုထူးထူးဆန်းဆန်းနည်းတွေနဲ့ ကုသတဲ့ အကြောင်းလေးတွေကိုလည်းအယင်က ပို့ စ်တစ်ခုအနေနဲ့ 
တင်ပြခဲ့ ဖူးပါတယ်...
မဖတ်ရသေးသူများနဲ့ ပြန်လည်းဖတ်ရှုလိုသူများ ဒီမှာနှိပ်ပါ...

အင်္ဂလိပ်လိုသတင်းလေးပါ...
A health worker has sparked a new trend in therapy - by wrapping patients in oil soaked blankets and setting fire to them.
Han Li - who runs a clinic in China's capital Beijing - explained: "It looks pretty dangerous but it's harmless when done properly and we've never had a patient burnt yet."
Patients say the heat therapy produces total relaxation despite having flames just centimetres from their bare skin.
Office worker Li Chanling, 53, said: "It produces a type of heat that goes right inside you and leaves you completely relaxed.

"I have the treatment three times a week and return to work relaxed and rested."
Han also offers a heat treatment acupuncture with flaming needles stimulating the nerve pressure points, and cupping where heated cups are sealed to the patient's skin.

0 comments: