နေရာမျိုးစုံ၊ ဂျပန်တို့ အိပ်ကြပုံ....

Friday, December 31, 2010
 
ဂျပန်တွေဟာ အိပ်တဲ့ နေရာမှာတော့ ဓါတ်လှေကား၊ ရထား၊ အစည်းအဝေးစတဲ့ နေရာမကျန်
နေရာမျိုးစုံအိပ်တတ်ကြပါတယ်တဲ့ ...
အင်နီမူရီလို့ ခေါ်တဲ့ သွားယင်းလာယင်းအိပ်ပျော်ခြင်းဟာ ငုတ်တုတ်ငိုက်ယင်းအိပ်ပျော်သွားတယ်
လို့ ဆိုယင်ရမယ်ထင်ပါတယ်...
တစ်ခြားနိုင်ငံကလူတွေကတော့ အဲဒီလိုလုပ်နိုင်ဖို့ လွယ်မယ်မထင်ပါဘူး...

ကြုံလို့ ပြောရယင် ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်အရ ထိုင်းတွေလည်းတော်တော်အအိပ်သန်ပါတယ်...
ထိုင်းနိုင်ငံမှာ ဘုန်းကြီးဝတ်ခဲ့ တဲ့ အင်္ဂလန်နိုင်ငံသား ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးရဲ့ အကြောင်း 
ကိုယ်တိုင်ရေးအထုပ္ပုတ္တိစာအုပ်ထဲမှာ သူထိုင်းဘုန်းကြီးကျောင်းတစ်ခုမှာရှိခဲ့ စဉ် ထိုင်းကိုရင်လေး
တွေဟာ သူတို့ ဆရာတော်ကြီးများရှေ့ မှာ ၀တ်ချရှိခိုးယင်နဲ့ တောင် ထိုင်လျက်အိပ်ပျော်နေတတ်
ကြတယ်လို့ ဆိုပါတယ်...
တိုက်တိုက်ဆိုင်ဆိုင် အဲဒီအင်္ဂလိပ်လူမျိုးဗုဒ္ဓဘာသာဘုန်းကြီးရဲ့ အမည်ကလည်း ပီတာ ပါပဲ...


ကဲ အခုဒီပုံများကတော့ ဂျပန်များရဲ့ အာဂသတ္တိနဲ့ နေရာမရွေးအိပ်ပျော်နေပုံများပါပဲ...
နေ့ စဉ်လောဘတစ်ကြီး၊ ရည်မှန်းချက်ကြီးကြီးနဲ့ သွားလာလုပ်ကိုင်နေကြရတော့ ခေတ္တခဏမလှုပ်
မရှားပဲ ရထားစီးနေစဉ်၊ ကားစီးနေစဉ်၊ စောင့် ဆိုင်းနေစဉ်အလွယ်တစ်ကူအိပ်ပျော်သွားကြပုံရပါ
တယ်....


ဟုတ်မဟုတ်တော့ ဂျပန်က မိတ်ဆွေနဲ့ အွန်လိုင်းမှာတွေ့ မှမေးကြည့် ရဦးမယ်...


Japanese have an amazing talent for falling asleep in elevators, on trains and even during meetings. Inemuri requires following particular rules. You can’t lounge, so you should keep upright while sleeping. And you can’t endanger the social situation.

ဧည့် စာရင်းလည်းမစစ်၊ မှတ်ပုံတင်လည်း မစစ်မို့ အေးရာအေးကြောင်းပင်...


အိပ်ပေမယ့် လည်း အမျိုးသမီးရဲ့ နဂိုဗီဇ သတိတော့ ရှိနေပါတယ်...

ရသမျှအချိန်လေးမှာ ရသလောက်လေး ယူ ရတာ...

ယူရင်း၊ ယူရင်း လျောကျဆင်း...

ရဲရဲကြီးလည်း နေ့ လည်ခင်းထမင်းစားပြီး တစ်ရေးတစ်မော ယူ....

ဘဘကြီးလည်း အပီယူ...

သူတို့ နှစ်ဦးလည်း ကျူရတာမောလို့ ယူ...

စောင့် ရတာကြာလို့ အိပ်ပျော်သွားပုံရတယ်...

မဖွင့် မချင်း ဇွဲကောင်းကောင်းနဲ့ အိပ်ပြီးစောင့် တယ်...
ရွှေပြည်ကြီးကလိုပါပဲ...

ပင်ပမ်းလွန်းလို့ မိန်းမသားဘ၀ ကိုတောင်မေ့ သွားရှာတယ်...

ငုတ်တုတ်မေ့ တယ်ဆိုတာ သူမှ အစစ်...

ကြိမ်ခြင်းတောင်းနဲ့ ဒူးပြဲနဲ့ ...

ဟိုးဆရာဟိုး !!!..  ရိုးရိုးငိုက်တာမှဟုတ်ရဲ့ လား...

နှစ်ဦးသဘောတူ ကြည်ဖြူ...

Happy New Year !!!!

Happy New Year !!!!

 အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ ဖွယ်ရာ နှစ်သစ်မင်္ဂလာပါ ခင်ဗျာ....

 

 

                                                                     ကိုပီတာ....

Want Kate's ring? Get it for three bucks in China



ကိတ်မစ်ဒယ်လ်တန် ၀တ်တဲ့ လက်စွပ်ယူမလား...." ၀ "  တို့ ဆီမှာ၇တယ်လေ ... 
ဝီလျံမင်းသားက ကိတ်မစ်ဒယ်လ်တန် ကိုပေးတဲ့ စေ့ စပ်၊ လက်ထပ်လက်စွပ်...

လာမည့် နှစ် ဧပြီလတွင်ကျင်းပမည့် ဗြိတိန်နိုင်ငံမှ တော်ဝင်မင်းသားလေး ၀ီလီလျံ နှင့် သူ၏ချစ်သူ မိန်းက
လေး ကိတ်မစ်ဒယ်လ်တန် တို့ ရဲ့ လက်ထပ်ပွဲကို ကမ္ဘာနှင့်အ၀ှမ်းဆယ်ကျော်သက်လေးများ အရူအမူးဖြစ်နေ
ချိန်တွင် ထိုမင်းသားလေးမှ မိန်းကလေးသို့ စေ့ စပ်လက်စွပ်အဖြစ်အမှတ်တစ်ရပေးအပ်ခဲ့ သည့် ၎င်း၏မိခင်
ဒိုင်ယာနာမင်းသမီး ၀တ်ဆင်ခဲ့ သည့် ဥဿဖယားနှင့် စိန်များစီခြယ်ထားသည့် လက်စွပ်ကလေးနှင့် ပုံစံတူ
လက်စွပ်အတုများကို တရုတ်နိုင်ငံတွင် အမေရိကန် ဒေါ်လာ ၃ ဒေါ်လာမျှဖြင့်ပေါပေါလောလောရနိုင်ပြီဖြစ်
သဖြင့် တရုတ်လမ်းဘေးဈေးသည်များ အချီကြီးပွပေါက်တိုးကြလိမ့် မည်ဟု မျှော်လင့် နေကြပါတယ်...
မူလတန်ဖိုး ဒေါ်လာ ၄၅၀၀၀ ရှိသည့် တစ်ချိန်က ဒိုင်ယာနာမင်းသမီးပိုင်ဆိုင်ဝတ်ဆင်ခဲ့ ကာမင်းသားလေးဝီ
လျံမှ ချစ်သူကိတ်မစ်ဒယ်လ်တန်အားပေးခဲ့ သည့် အဆိုပါ စိန်လက်စွပ် မျိုးကို တ၇ုတ်နိုင်ငံ၏အကြီးမားဆုံး
အွန်လိုင်းဈေးဆိုင်ဖြစ်သည့် Taobao.com တွင် မူရင်းဈေးဖြင့် ဝယ်ယူရရှိနေချိန်တွင် ယခုကဲ့ သို့ ဈေးပေါ
သည့် အတုအပများပေါ်ထွက်လာတာဖြစ်ပါတယ်...

ဟိုယခင်ကတော့ ဒိုင်ယာနာမင်းသမီးဝတ်ဆင်ခဲ့ ပြီး အခုတော့ ကိတ်မစ်ဒယ်လ်တန် ပေါ့ ...
ဓါတ်ပုံကို nydailynews.com ကရှာတွေ့ ရယူပါတယ်...

ထိုစိန်လက်စွပ်အတုအပေါစားများကို ယွမ် ၁၀၀ ခန့်  ( ၁၅ ဒေါ်လာ ) ဖြင့် အများစုကရောင်းချနေကြသော်
လည်း ဇာကွန်ဓါတုဗေဒကျောက်တစ်မျိုးနှင့် အမျိုးအမည်မသိ သတ္တုတစ်မျိုးတို့ ဖြင့် ပြုလုပ်ဖန်တီးထား
သည့် အဆိုပါ ပုံစံတူ အပေါဆုံးလက်စွပ်များကိုတော့  ၁၉.၉၉ ယွမ် သို့ မဟုတ် ၃ ဒေါ်လာ ခန့် မျှပင် ၀ယ်
ယူရရှိနိုင်ကြောင်း Taobao အင်တာနက်စာမျက်နှာအရ သိရှိရပါတယ်...
မူလလက်စွပ်ကိုတော့ ဒိုင်နာမင်းသမီးကို ၀ီလျံရဲ့ ဖခင် ချားလ်စ် မင်းသားက ၁၉၈၁ ခုနှစ် ၎င်းတို့ စေ့ စပ်ခဲ့ 
စဉ်ပေးအပ်ခဲ့ တာဖြစ်ပါတယ်...

ဒိုင်ယာနာမင်းသမီးနှင့် ချားလ်စ် မင်းသားတို့ ဟာ ၁၉၉၆ ခုနှစ်မှာ ကွာရှင်းပြတ်စဲခဲ့ ကြပြီးနောက်တစ်နှစ်မှာ
တော့ မင်းသမီးဟာ ပဲရစ်မြို့ တွင် ယာဉ်တိုက်မှုဖြစ်ပြီးသေဆုံးခဲ့ ပါတယ်...
တရုတ်နိုင်ငံ၏အသေးစားကုန်ပစ္စည်းများရောင်းချရာအကြီးမားဆုံးဈေးကွက်ဖြစ်သည့် နိုင်ငံအရှေ့ ပိုင်း ယီဝူး
ဒေသရှိ စက်ရုံများဟာ အဆိုပါ ၀ီလျံမင်းသားနှင့် ကိတ်မစ်ဒယ်လ်တန်တို့ ရဲ့ တော်ဝင်လက်ထပ်မင်္ဂလာအ
ခမ်းအနား အမှတ်တရပစ္စည်းများဖြစ်သည့် စေ့ စပ်လက်စွပ်မှသည် သတို့ သား၊ သတိုးသမီးအရုပ်များအထိ
အတုအပများကို အမြောက်အများအလျင်အမြန်ထုတ်လုပ်နေခဲ့ ကြသည်ဟု တရုတ်သတင်းမီဒီယာများက ယခုသီတင်းပါတ်များတွင်ဖော်ပြခဲ့ ကြပါတယ်...

အတုအပ အစ တရုတ်က လို့ တောင်ဆိုရမလိုဖြစ်နေပါပြီ...

Chinese vendors looking to cash in on the frenzy over the April wedding of Britain's Prince William and Kate Middleton are selling copies of her engagement ring for as little as $3.
Knock-offs of the $45,000 sapphire-and-diamond ring that the prince gave to Middleton -and once worn by his mother, Princess Diana -are on offer at various shops on Taobao.com, China's largest online mall.
Most are selling for less than 100 yuan ($15), with the cheapest, al legedly made of zircon and unspecified alloys, available for just 19.9 yuan, or about $3, according to Taobao pages. The original item was given to Diana by William's father, Prince Charles, when they were engaged in February 1981.
Charles and Diana divorced in 1996 and she was killed in a car crash in Paris the following year.
Chinese media said this week that factories in Yiwu, east China, the world's largest wholesale market for small products, were ramping up output of royal wedding souvenirs, from fake rings to cups to dolls. -AFP

Anorexic model who appeared in shock fashion campaign dies at 28

Thursday, December 30, 2010

ကမ္ဘာ့ အပိန်ဆုံးဆိုနိုင်သည့် မော်ဒယ်သေဆုံး....

အီတလီနိုင်ငံတွင် လူအများထိတ်လန့် အံသြစရာကောင်းစေခဲ့ သည့် ပိန်ချူံးချည့် နဲ့ နေသည့် သူမ၏ပုံဖြင့် 
ကြေငြာတစ်ခုတွင်ပါဝင်ရိုက်ကူးသရုပ်ခဲ့ ဆောင်ခဲ့ သည့် ပြင်သစ်ရုပ်ရှင်သရုပ်ဆောင်နှင့် မော်ဒယ် ( ကမ္ဘာ့ 
အပိန်ဆုံးမော်ဒယ်အမျိုးသမီးလို့ ဆိုယင်တောင်ရမှာအသေအချာပါပဲ ) အစ္စဘယ်လ်ကာရို ဟာ အသက်၂၈
နှစ်အရွယ်မှာ သေဆုံးသွားခဲ့ ပြီဖြစ်ပါတယ်...
ကာရိုဟာ နိုဝင်ဘာလ ၁၇ ရက်နေ့ က တိုကျိုမြို့ ကနေ အလုပ်ကိစ္စတစ်ခုအပြီးပြန်လာခဲ့ ပြီးနောက် ပြင်သစ်
နိုင်ငံတွင်သေဆုံးသွားခဲ့ တာဖြစ်တယ်လို့ သူမရဲ့ သရုပ်ဆောင်မှုပိုင်းဆိုင်ရာညွှန်ကြားပြသပေးသည့် ဆရာမ

ဖြစ်သူ ဒန်နီယယ်ဒူဘရွေးပရီဗော့  ကပြောကြားခဲ့ ပါတယ်...
ကာရိုဘာကြောင့် သေဆုံးရတယ်ဆိုတာသူမအနေနဲ့ မသိရပေမယ့် နေမကောင်းဖြစ်နေတာတော့ အတော်
ကြာခဲ့ ပြီဖြစ်တယ် လို့ ဒူဘရွေးပီဘော့  က ဆိုပါတယ်...


Tragic: Isabelle Caro, who appeared in this 2007 Italian ad campaign, has died at the age of 28
၂၀၀၇ ခုနှစ်တုံးက ကာရိုရဲ့ ကြေငြာပုံရိပ်....
Tragic: Isabelle Caro, who appeared in this 2007 Italian ad campaign, has died at the age of 28

ကာရိုဟာ အီတလီဓါတ်ပုံဆရာ အိုလီဗီအေရို တိုစကာနီ ရဲ့ အီတလီဖက်ရှင်ကုမ္ပဏီတစ်ခုအတွက်ရိုက်ကူးခဲ့ 
တဲ့ ကြေငြာတစ်ခုမှာ ပါဝင်ခဲ့ ပါတယ်...

Body battle: The French model, pictured here in 2007, had suffered from anorexia since she was 13
အသက် ၁၃ နှစ်ကတည်းက အိပ်မပျော်၊ စားမ၀င် တဲ့ ရောဂါရခဲ့ လို့ ဒီလိုဖြစ်ခဲ့ ရတယ်....
၂၀၀၇ ခုနှစ်တုံးက ရိုက်ခဲ့ တဲ့ ပုံပါတဲ့ ....
Body battle: The French model, pictured here in 2007, had suffered from anorexia since she was 13

"အစားအသောက်မပျက်၊ မပိန်ချူံးစေနဲ့ " ဟုဆိုသည့် ဆောင်ပုဒ်ဖြင့် ကြေငြာတွင် ကာရို၏ အရိုးပေါ်အရေ
တင်၊ မျက်နှာမှ ပါးရိုးများငေါထွက်နေသည့်အ၀တ်မပါ ၊ ဗလာကိုယ်ခန္ဓာနှင့် ပုံကို သတင်းစာများနှင့် ကြေငြာ
ဆိုင်းဘုတ်ကြီးများပေါ်တွင်တွေ့ ရှိခဲ့ ကြရမှာဖြစ်ပါတယ်...
အရပ် ၅ ပေ၊ ၄ လက်မနဲ့ သူမဟာ တစ်ချိန်က လူအလေးချိန် ၆၈ ပေါင်သာ ရှိခဲ့ တယ်လို့ ဆိုပါတယ်...
သူမရဲ့ ကိုယ်ပိုင်ဘလော့ ဂ်မှာ ငယ်စဉ်ဘ၀ကိုခက်ခဲကြမ်းတမ်းခဲ့ လို့ သူမဟာ အသက် ၁၃ နှစ်အရွယ်ကစ
ပြီး စားမ၀င်အိပ်မပျော်ဖြစ်ခဲ့ ရတယ်လို့ ဆိုခဲ့ ပါတယ်....
ထိုကြေငြာ၊ လှုံ့ ဆော်ခဲ့ စဉ်က သူမက " ကျွန်မဟာအချိန်ကာလကြာမြင့် စွာပဲကျွန်မကိုယ်ကိုဖုံးအုပ်ကာ
ကွယ်၊ ပုန်းအောင်းနေခဲ့ ရပါတယ်...ကျွန်မကိုမြင်တဲ့ သူတွေအော့ နှလုံးနာလောက်မယ်ဆိုတာသိပေမယ့် 
အခုတော့ ဘာကိုမှကြောက်ရွံ့ မနေတော့ ပဲလူတွေမြင်အောင်ပြသပါတော့ မယ်...
ကျွန်မဟာ အသက်ရှင်နေထိုင်ချင်ပါတယ်...ပြီးတော့ သဘာဝတရားကြီးရဲ့ ပြည့် စုံကြွယ်ဝချင်းတွေကိုလည်း
ခံစားချင်တဲ့ အတွက် ပြန်လည်ရှင်သန်နေထိုင်ချင်ပါတယ်....
အခုလို ( ပိန်ချူံးချိနဲ့ ပြီး ) ကျန်းမာရေးချွတ်ယွင်းတာဟာ ဘယ်လောက်အန္တရယ်ကြီးတယ်ဆိုတာ လူငယ်
တွေကို သိစေချင်၊ ပြသချင်ပါတယ်..." ရေးသားခဲ့ ပါတယ်...

အဆိုပါကြေငြာကို အီတလီအ၀တ်အစားကုမ္ပဏီဖြစ်သည့်  Flash& Partners မှ နိုလီတာအမည်ရှိအမျိုးသ
မီးငယ်တစ်ဦးအတွက် ဖက်ရှင်ဒီဇိုင်းတံဆိပ်ကြေငြာအတွက်အကုန်အကျခံပြုလုပ်ခဲ့ ဖြစ် ဓါတ်ပုံကိုတော့ အီ
တလီဓါတ်ပုံဆရာ အိုလီဗီအေးရို တိုစကာနီ ကရိုက်ကူးခဲ့ တာဖြစ်ပါတယ်...
ထိုစဉ်ကထုတ်ပြန်ခဲ့ တဲ့ Flash & Partners ကုမ္ပဏီရဲ့ ကြေငြာချက်ထဲမှာ တိုစကာနီရဲ့ ရည်ရွယ်ချက်က ယခု
ကဲ့သို့ အ၀တ်မပါဗလာကိုယ်ခန္ဓာဖြင့် ပိန်ချူုံးနေသည့် ပုံဖော်ပြရတာကတော့ ကမ္ဘာ့ ဖက်ရှင်လောကရဲ့ မော်
ဒယ်အများစုရဲ့ ခံယူချက်ဖြစ်တဲ့ အပိန်လွန် စိတ္တဇ အစွဲအလမ်းဟာ ဘယ်လောက် ဆိုးဝါးတဲ့ ရောဂါဖြစ်စေနိုင်
သလဲဆိုတာကို သိရှိစေချင်လို့ ဖြစ်တယ် လို့ ဖော်ပြခဲ့ ပါတယ်...

ကာရိုဟာ ဂျက်စီကာဆင်ပဆွန်ရဲ့ အလှတရားရဲ့ တန်ဖိုး ဆိုတဲ့ ရုပ်သံစီးရီးပြပွဲမှာလည်း သူမရဲ့ ကိုယ်ခန္ဓာနဲ့ 
ပါတ်သက်ပြီး မေးမြန်းဆွေးနွေးခဲ့ တာကို ဖော်ပြပါဝင်ခဲ့ ပါတယ်...
၂၀၀၈ ခုနှစ်မှာတော့ သူမရဲ့" မ၀ချင်တဲ့ ကောင်မလေး " အမည်ရှိကိုယ်တိုင်ရေးအထုပ္ပတ္တိကိုဖြန့် ချီခဲ့ ပါ
တယ်....

ဒီလိုဒီလိုပိန်တယ်ပိန်တယ်၊ ပြားချပ်ချပ် ဆိုတာသူမှ အစစ်ပါပဲ...
ဘယ်နေရာမှာမဆို သဘာဝအတိုင်းသာကောင်းပါတယ်...
သဘာဝထက်လွန်ကဲလာပြီဆိုယင်တော့ ဘေးဒုက္ခနဲ့ တွေ့ မှာ အနှေးနဲ့ အမြန်ပါပဲ...

Isabelle Caro, a French actress and model whose anorexic image appeared in a shock Italian ad campaign, has died at the age of 28.
Her longtime acting instructor, Daniele Dubreuil-Prevot, said that Caro died on November 17 after returning to France from a job in Tokyo.
Dubreuil-Prevot said she did not know the cause of death but that Caro 'had been sick for a long time,' referring to her anorexia.
Caro featured in an ad campaign by Italian photographer Oliviero Toscani in 2007 for an Italian fashion house. Under the headline 'No Anorexia,' images across newspapers and billboards showed Caro naked, vertebrae and facial bones protruding.
At 5ft 4in, she is reported to have weighed just 4st 8lb (68lbs) at the time.
Caro, who had her own blog site, said she had suffered from anorexia since she was 13 as the result of a 'difficult childhood'.
At the time of the campaign, she wrote: 'I've hidden myself and covered myself for too long. Now I want to show myself fearlessly, even though I know my body arouses repugnance.
'I want to recover because I love life and the riches of the universe. I want to show young people how dangerous this illness is.'
The campaign was paid for by Italian clothing company Flash & Partners to publicise a fashion brand for young women called Nolita and the photograph was taken by Italian photographer Oliviero Toscani.
Flash & Partners said in a statement at the time that Toscani's aim was 'to use the naked body to show everyone the reality of this illness, caused in most cases by the stereotypes imposed by the world of fashion.'
Caro appeared on Jessica Simpson's TV show The Price of Beauty where she discussed her body issues.

In 2008 she released an autobiography called The Little Girl Who Didn't Want to Get Fat.

The latest must haves in North Korea: Skinny jeans, blue crabs... and human excrement

Wednesday, December 29, 2010

ဂျင်းဘောင်းဘီ၊ ပင်လယ်ဂဏာန်းနဲ့ လူ့ မစင်...

Hot property: Skinny jeans have become a must have in Pyongyang after a ban on fashionable clothing was lifted

လောလောဆယ်မြောက်ကိုရီးယားမှာ ခေတ်အစားဆုံး၊ မိန်းကလေးများအတွက် မရှိမဖြစ်ဆုံး
ကတော့ အသားကပ်၊ ကိုယ်ကြပ်ဂျင်းဘောင်းဘီပါတဲ့ ....
Hot property: Skinny jeans have become a must have in Pyongyang after a ban on fashionable clothing was lifted

ကိုယ်ကြပ်ဂျင်းဘောင်းဘီများ၊ ပင်လယ်ဂဏာန်းပြာများနဲ့ လူ့ မစင် များဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ လူအ
များဆုံး ၀ယ်ယူသုံးစွဲနေကြရတဲ့ ရောင်းအကောင်းဆုံးကုန်ပစ္စည်းများထဲမှာ အပါအ၀င်ဖြစ်တယ်လို့ ကွန်မြူ
နစ်နိုင်ငံမှ စွန့် ခွာထွက်ပြေးလာသူများရဲ့ အဆိုအရသိရှိရပါတယ်...
ဝက်အူချောင်းများနဲ့ အစ်ကိုကာလသားများ၊ ဘဘ တို့ အကြိုက် ညစ်ညမ်းရုပ်ရှင်များဟာလည်း ရွှေပြည်ကြီး
ရဲ့ ချစ်မိတ်ဆွေနိုင်ငံတော်ကြီးမှာ လက်မအောင်ရောင်းကောင်းနေတယ်လို့ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ 
မှ ဆိုဂန်းတက္ကသိုလ်ရဲ့ နိုင်ငံရေးသိပ္ပံ ပါမောက္ခ ကင်ယောင်ဆူး ကပြောကြားခဲ့ ပါတယ်...
၎င်းဟာ တောင်ကိုးရီးယား အစိုးရရဲ့ သုတေသနပြုမှုတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် မြောက်ကိုရီးယားမှ
ခွဲထွက်လာသူ ၂၀၀၀ ကိုတွေ့ ဆုံမေးမြန်းခဲ့ ရာမှာ မြောက်ကိုရီးယားတွင်လူကြိုက်များနေသည့် အရာများ
ထဲတွင် တီဗီဇတ်လမ်းတွဲများနှင့် ရာမင် ဟုခေါ်သည့် အသင့် စားသုံးနိုင်သည့် ခေါက်ဆွဲခြောက်များလည်း
ပါဝင်သည်ကို သိရှိခဲ့ ရပါတယ်...

အသားကပ်ကိုယ်ကြပ်ဂျင်းဘောင်းဘီများဟာ မြို့ တော်ပြုံယမ်းတွင်အလွန်လူကြိုက်များလျှက်ရှိရာ လူအများ
အနေဖြင့် ထိုသို့ ဝတ်ဆင်ထားသူများကို တရုတ်နိုင်ငံမှ ခေတ်ပေါ်အ၀တ်အစားများဝတ်ဆင်ထားသည့် ခရီး
သွားဧည့် သည်များဟုပင် ထင်မှတ်မှားခဲ့ ကြရပါတယ်....
အစိုးရတာဝန်ရှိသူများက ထိုခေတ်ပေါ်ဘောင်းဘီဖင်ကြပ်များကို ၀တ်ဆင်ခြင်းမှ တားမြစ်ချက်အား ပယ်
ဖျက်ခဲ့ လိုက်ပြီးနောက် ထိုဘောင်းဘီများအလွန်လူကြိုက်များလာခဲ့ ခြင်းဖြစ်ပါတယ်...
မြောက်ကိုရီးယားနိုင်ငံအတွင်းဓါတ်မြေသြဇာများ အလုံအလောက်မရနိုင်ပဲ ရှားပါးပြတ်လတ်ခဲ့ ခြင်းကြောင့် 
အစားထိုးသုံးဆွဲသည့် အနေဖြင့် လူ့ မစင်များရောင်းချသည့် ဆိုင်များလည်း ပေါ်ပေါက်လာခဲ့ တယ်လို့ ယုံ
ဟက်ပ် သတင်းဌာနက ဆိုပါတယ်...




Snapped up: Blue crabs are another item in high demand in North Korea, according to defectors
 ပင်လယ်ဂဏာန်းပြာများလည်း မြောက်ကိုရီးယားမှာရောင်းကောင်းနေတယ်လို့ ဘက်ပြောင်းစွန့် ခွာ
လာသူများက ဆိုပါတယ်...
Snapped up: Blue crabs are another item in high demand in North Korea, according to defectors

" ကိုယ်ကြပ်ဘောင်းဘီတွေ ခေတ်စားလာလို့ ပြုံယမ်းမြို့ တော်က အမျိုးသမီးတွေရဲ့ လူနေမှုပုံစံလည်းပြောင်း
လဲလာနေပြီဖြစ်ပါတယ်....
ထို့ အတူ အိမ်တွေမှာလည်း မိသားစုတိုင်းက လူ့ မစင်တွေကို ဓါတ်မြေသြဇာအဖြစ်အသုံးပြုကြလို့ ဝန်နဲ့ အား
မမျှတာကြောင့် ( လိုအပ်တာနဲ့ စွန့် ထုတ်နိုင်မှု အလုံအလောက်မရနိုင်တာကြောင့် ) လူ့ မစင်များရောင်းချ
တဲ့ ဈေးကွက်တွေပေါ်ပေါက်လာခဲ့ ပါတယ်...
ဒါတွေဟာ မြောက်ကိုရီးယားနိုင်ငံအနေနဲ့ တစ်ကိုယ်တည်းအထီးကျန်နေခြင်းမှ လျော့  ချတဲ့ လက္ခဏာတွေ
ပဲဖြစ်ပါတယ်..."  လို့ ပါမောက္ခ ကင် ကဆိုပါတယ်...

Firm grip: North Korean leader Kim Jong Il and his heir apparent Kim Jong Un, far right. The communist country has strict rules on allowed products
 အမြော်အမြင်ကြီးပြီးရှေ့ ကိုကြိုမြင်တတ်တဲ့ ခေါင်းဆောင်ကြီး ကင်ဂျူံအီးလ် နှင့် အရိုက်အရာ
ဆက်ခံမည့် သားငယ် ကင်ဂျူံ အန် .... ( လွန်ခဲ့ တဲ့ ရက်ကပဲ သူ့ အတွက်လက်ဆောင်ပစ္စည်းတွေ
သယ်လာတဲ့ ရထားမှောက်သွားလို့ စိတ်ဆိုးဒေါသထွက်နေလောက်ပြီ...)
Firm grip: North Korean leader Kim Jong Il and his heir apparent Kim Jong Un, far right. The communist country has strict rules on allowed products


လူနေမှုစနစ်ပုံစံပြောင်းလဲလာနေမှုဟာ မြို့ တော်ပြုံယမ်းနဲ့ တရုတ်နိုင်ငံနှင့် နယ်နမိတ်ချင်းထိစပ်နေသည့် 
နေရာဒေသများတွင် ပိုမိုသိသာထင်ရှားလာနေပါတယ် လို့ လည်းသူကဆိုခဲ့ ပါတယ်...
၎င်းတွေ့ ဆုံမေးမြန်း၊ အင်တာဗျူးခဲ့ သည့် ဘက်ပြောင်းစွန့် ခွာလာသူများဟာ တရုတ်နိုင်ငံတွင် တစ်လမျှသာ
နေထိုင်ခဲ့ ရပြီးနောက် တောင်ကိုရီးယားသို့ ဆက်လက်ထွက်ခွာလာခဲ့ သူများဖြစ်တာမို့ ပါမောက္ခ ကင် အနေ
ဖြင့် လျှို့ ဝှက်သိပ်သည်းသည့် အာဏာရှင်နိုင်ငံမှ လူနေမှုဘ၀ရဲ့ နောက်ဆုံးအခြေအနေများကို သိရှိနိုင်ခဲ့ 
ခြင်းဖြစ်ပါတယ်....

အခုလောလောဆယ်လည်း စွန့် ခွာထွက်ပြေးလာသူများကိုတွေ့ ဆုံမေးမြန်းပြီးရေးထားတဲ့  ၂၀၁၀ ဘီဘီစီ
ဆင်မြူရယ်ဂျွန်ဆင်ဆုရ ( Winner of the BBC Samuel Johnson Prize 2010 ) Nothing To Envy ဆို
တဲ့  Barbara Demick ရေးသားတဲ့ မြောက်ကိုရီးယားနိုင်ငံအကြောင်း စာအုပ်ဖတ်နေယင်း တိုက်တိုက်ဆိုင်
ဆိုင်ပဲ မြောက်ကိုရီးယားနိုင်ငံရဲ့ အကြောင်းသတင်းလေးတွေ့ လို့ တင်ပြလိုက်ပါတယ်...

တစ်ချိန်သောကာလတုံးကလည်း ကျွန်တော်တို့ ရွှေပြည်ကြီးမှာ ပညာယှိဝန်မင်းတစ်ပါးက လူတစ်ယောက်
တစ်နေ့ ကို မစင်ခြောက်ဆယ်သားစွန့် နိုင်ယင် (မိသိန်းဓါတ်ငွေ့ ထုတ်ပြီး ) ထမင်းဟင်းချက်နိုင်မယ့် လောင်
စာရပြီဆိုပြီး ကြုံးဝါးကာ သြ၀ါဒမှာတမ်းခြွေခဲ့ ဘူးပါတယ်...
ဖြစ်မဖြစ်ကတော့ အားလုံးအသိပါပဲ...

Skinny jeans, blue crabs and human excrement were among the most sought after items in North Korea, according to defectors from the communist country.
Kim Young-soo, a political science professor at Seoul's Sogang University, said that pig-intestine rolls and adult films were among items selling 'like hot cakes' in North Korea.
He interviewed 2,000 defectors as part of a research for the South Korean government and also found that popular goods included TV dramas and instant noodles known as 'ramen'.
Skinny jeans were so popular in the capital Pyongyang that people were mistaking residents for Chinese tourists wearing the fashionable clothes.
They also became a sought-after item when a ban on fashionable trousers was lifted by government officials.
Shops began selling human excrement as a way of dealing with acute shortages of fertiliser in the North, according to Yonhap news agency.
Professor Kim said: 'Skinny jeans are now popular and are changing the fashion style of women in Pyongyang.
'Each household used to use human excrement as fertiliser, but because it's hard to keep up with the amount, human manure showed up at markets.
'These are signs that North Korea is easing its isolation.'
Lifestyle changes are more conspicuous in the capital and areas near the border with China, he added.Many of the defectors he interviewed stayed in China for just one month before going to South Korea, allowing Prof Kim a relatively up-to-date glimpse of life in the secretive country.

Labourer becomes dad at 94

Tuesday, December 28, 2010

အသက် ၉၄ နှစ်ရှိသော်လည်း အနိုင်ဂိုးများသွင်းနေဆဲ....

အသက် ၉၄ နှစ်ရှိနေပြီဖြစ်သော်လည်း ရှေ့ တန်းတိုက်စစ်မှူးအဖြစ် ပီပြင်နေဆဲ...

အိန္ဒိယနိုင်ငံမှ အသက် ၉၄ နှစ်ရှိအဖိုးအိုတစ်ဦးဟာ ကမ္ဘာ့ အသက်အကြီးဆုံးကလေးအဖေ ဖြစ်ကောင်းဖြစ်
ဖွယ်ရှိနေပါတယ်...
အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ ဟာယာနာ ပြည်နယ်မှ လယ်အလုပ်သမားတစ်ဦးဖြစ်သည့် ရာမာဂျစ်ရာဂေ့ ဗ် က
သူဟာ သားယောက်ကျာင်္းလေးတစ်ဦးရဲ့ ဂုဏ်ယူဝင့် ကြွားနေသည့် ဖခင်တစ်ဦးဖြစ်ခဲ့ ပြီဟု ပြောကြားခဲ့ ပါ
တယ်...
ဟာယာနာ ပြည်နယ်ရဲ့ ပင်စင်စားများစာရင်းအရ ၎င်းဟာ အသက် ၉၄ နှစ်ရှိပြီလို့ ဖော်ပြပါရှိပါတယ်...
ရာမာဂျစ် ရဲ့ ဇနီးဖြစ်သူ သျှကုန္ဓလ ကတော့ အသက် ၅၀ ကျော်အတွင်းရောက်ရှိနေပြီဖြစ်ပြီး သူမဟာလွန်
ခဲ့ သည့် လ လောက်က သားယောကျာင်္းလေးတစ်ဦးကို ဖွားမြင်ခဲ့ တာဖြစ်တယ်လို့  ခါကိုဒါ ပြည်သူ့ ဆေးရုံ
မှ အဆင့် မြင့် ဆေးပညာအရာရှိတစ်ဦးဖြစ်သည့် ဒေါက်တာ မဟိန္ဒာကူးမား ကပြောကြားခဲ့ ပါတယ်...

ကလေးငယ်ကိုသဘာဝအတိုင်းမွေးဖွားခဲ့ တာဖြစ်ပြီး ကျန်းမာရေးကောင်းမွန်ပါတယ်လို့ လည်းသူကပြောပြ
ခဲ့ ပါတယ်...
၎င်းတို့ ရဲ့ ရင်သွေးငယ်ဟာ ဘုရားပေးတဲ့ ဆုလာဘ်၊လက်ဆောင်တစ်ခုဖြစ်တယ်လို့ မိဘများက ဆိုခဲ့ ကြပြီး
သားငယ်လေးကို ကရမ်ဂျစ် လို့ အမည်ပေးခဲ့ ကြပါတယ်...
ကိုယ်ပိုင်နွားနှစ်ကောင်ရှိသည့် အပြင် ၎င်းတို့ ဇနီးမောင်နှံမှာ သက်ကြီးရွယ်အိုပင်စင်လစာလည်းရကာ နေ့ 
စဉ် ရရှိသည့် အလုပ်သမားခ၊ အခကြေးငွေတို့ ဖြင့် နေထိုင်စားသောက်နေခဲ့ ကြတာဖြစ်ပါတယ်...

၎င်းဟာ ဥတ္တာပရာဒေ့ ရှ်ပြည်နယ်က မွေးရပ်ဇာတိ ဘက်ဂ်ပူရ် ရွာကလေးရှိ နေအိမ်ကနေ လွန်ခဲ့ တဲ့ အနှစ်
၄၀ ကျော်လောက်က မိသားစုနှင့် အကြီးအကျယ်စကားများပြီး ထွက်ခွာလာခဲ့ တာဖြစ်တယ်လို့ ရာဂေ့ ဗ် က
ပြောကြားခဲ့ ပါတယ်...
၎င်းနောက်သူဟာ အိမ်အကူလုပ်သားအဖြစ်နဲ့ လုပ်ကိုင်ခဲ့ ဖြစ်နောက် လယ်လုပ်သားအဖြစ် လွန်ခဲ့ တဲ့ ၂၂ နှစ်လုံးလုံး လုပ်ကိုင်ခဲ့ တာဖြစ်ပါတယ်....
၎င်းရဲ့ အသက်ရည်ရခြင်း၏လျှို့ ဝှက်ချက်ကိုမေးမြန်းခဲ့ ရာမှာ အဘိုးအိုရာမာဂျစ် က သူဟာငယ်စဉ်က နပမ်း
သမားတစ်ဦးဖြစ်ခဲ့ ဖြစ် ထိုစဉ်က နေ့ စဉ် နွားနို့ သုံးကီလို၊ ဗာဒံသီး ( မက်မွန်သီးလို့ လည်း မူကွဲရှိလေရဲ့ ) ကီ
လိုဝက် နှင့် ဆီဦးထောပတ် ကီလိုဝက် တို့ ကို စားသုံးခဲ့ တာဖြစ်ပါတယ် လို့ ဆိုပါတယ်...
ယခင်ကလည်း ၂၀၀၇ ခုနှစ်မှာ ရာဂျက်စတန် ရွာမှ နာနူးရမ်ဂျိုဂီ အမည်ရှိအဘိုးအိုဟာ အသက် ၉၀ အရွယ်
မှာ ၎င်းရဲ့ ၂၂ ယောက်မြောက် ကလေးရဲ့ ဖခင်ဖြစ်ခဲ့ ပါသေးတယ်...

ကဲ....
စိတ်သွားတိုင်းကိုယ်မပါနိုင်ကြသူများ အဘရာမာဂျစ်ရဲ့ အဟာရနည်းစနစ်လေးကို ကျင့် သုံးကြည့် နိုင်ကြ
ပါတယ်...
အရှေ့ အလယ်ပိုင်းဒေသက အာရပ်ကုလားတွေရဲ့ လျှို့ ဝှက်ချက်ကတော့ ကုလားအုတ်နို့ ပါတဲ့ ခင်ဗျာ....
နို့ တွေ၊ ထောပါတ်တွေ၊ ဗာဒံစေ့ တွေနင်းကန်သောက်စားပြီး သွေးတိုး၊ သွေးကြောပိတ်၊ နှလုံးရောဂါရယင်
တော့ မသိဘူးနော်...

A 94-year-old man in India has become the world's oldest father perhaps.
Ramajit Raghav, a farm labourer from northern India state Haryana, said that he had become a proud father of a son.
And the Haryana government's old-age pension records show that he is 94 years old.
Ramajit's wife Shakuntala is in her mid 50s.
Shakuntala gave birth to a baby boy about a month ago, Dr Mahender Kumar, senior medical officer at Kharkhoda Civil Hospital, said.
He said the child that delivered normally is in good health.
The couple termed their child’s birth as a "god's gift" and named him Karamjit.
Besides owning two cows, the couple has old age pension and daily wages as sources of their livelihood.
Raghav said he left his home in Begpur village at Uttar Pradesh some 40 years ago after a violent dispute in the family.
He first became a domestic helper and later worked at the current farm for the last 22 years.
Asked about the secret behind his long life, Ramajit said that he had been a wrestler in his youth and his daily diet comprised of three-kg of milk, half a kg almonds and half a kg of ghee.
Before this, Nanu Ram Jogi of a Rajasthan village had fathered his 22nd child at the age of 90 in 2007.
Source and photo: Times of India

Two-headed baby born in India

အိန္ဒိယနိုင်ငံတွင်ဦးခေါင်းနှစ်လုံးနှင့် ကလေးမွေးဖွား... 

ခေါင်းနှစ်လုံးနှင့် ကလေးငယ်တစ်ဦးကို အိန္ဒိယနိုင်ငံတွင်မွေးဖွားခဲ့ ပြီးနောက် နာရီအနည်းငယ်သာအသက်
ရှင်ခဲ့ ပြီးသေဆုံးသွားခဲ့ ရသည်...


 ကံဆန်းကြယ်သလောက်၊ လောကကြီးကလည်းဆန်းကြယ်လှပါတယ်...

ထိုသားယောကျာင်္းလေးကိုလွန်ခဲ့ သည့် ဗုဒ္ဓဟူးနေ့ ကမွေးဖွားခဲ့ တာဖြစ်ပြီး ကလေးမွေးဖွားရာဆေးရုံတည်
ရှိသည့် နိုင်ငံအရှေ့ တောင်ပိုင်း တီရူပတီအရပ်ရှိ ဆေးရုံသို့ လူအမြောက်အများအပြေးအလွှားသွားရောက်
ကြည့် ရှုခဲ့ ကြပါတယ်...
ကလေးငယ်ငယ်ဟာအမွှာနှစ်ကိုယ်ပေါင်းမှတစ်ကိုယ်ဖြစ်ပုံရပြီး၊ ဒုတိယအမွှာ၏ခန္ဓာကိုယ်အစိတ်အပိုင်းများ
ဆက်လက်မဖွံ့ ဖြိုးသည့်နောက် ( ဦးခေါင်းတစ်လုံးသာအပိုဖြစ်ပေါ်လာပြီး ) ခေါင်းနှစ်လုံးနှင့် ကလေးဖြစ်လာ
ခဲ့ တယ်လို့ ယူဆရပါတယ်...

ဗီဒီယိုကလစ်ထဲမှာတော့ အသက်ရှင်လျှက်ရှိမရှိမသေချာနိုင်တဲ့ ကလေးငယ်ကို အ၀တ်ဖြင့်ရစ်ပါတ်ပြီးတစ်
ခြားသူတစ်ယောက်ဆီလွှဲပြောင်းမပေးခင် အမျိုးသားတစ်ဦးကပွေ့ ချီထားတာတွေ့ ရှိရပါတယ်...

ထူးခြားဆန်းကြယ် ဤကမ္ဘာ၀ယ် လို့ ပဲဆိုရတော့ မှာပါပဲ....


ဗီဒီယိုကလစ်လေးပါ...

 




A two-headed baby boy born in India survived only an hour.
The boy was born on Wednesday and people rushed to see him in the hospital in Tirupati, located in the south eastern part of the country.

The boy may have been part of a set of twins, and the second head may have formed after the second child stopped developing.
The video shows the baby, who may or may not be alive, before he is wrapped up by one man and handed to another.

Man, 75, seeks wife in 20's

Monday, December 27, 2010

နုနုငယ်ငယ် လိုချင်တယ်....

လေးဆယ်ကျော်ယင်မစဉ်းစားဘူး...၂၀ကျော်ဆိုကျွမ်းထိုးပစ်လိုက်မယ်...
တော်တော်လဲခက်တဲ့ လူကြီးပဲ...

အသက် ၇၅ နှစ်ရှိ တရုတ်နိုင်ငံသားအငြိမ်းစား အဘိုးကြီးတစ်ယောက်ဟာ ၎င်းအား အသက်အရွယ်ငယ်ရွယ်
သည့် ဇနီးလောင်းတစ်ယောက်ရှာပေးရန် သတင်းမီဒီယာများကို အကူအညီတောင်းခံခဲ့ ပါတယ်...
အငြိမ်းစားအင်ဂျင်နီယာကြီး ဆန်တယန်မင်း က သတို့ သမီးအနေနှင့် အသက် ၄၅ နှစ်မကျော်စေရဘူး၊ အ
သက် ၂၀ ကျော်အတွင်းဆိုယင်တော့ နောက်ကျွမ်းပစ်တဲ့ အထိသဘောကျမိမှာဖြစ်တယ်လို့ ချူံကင်းညနေ
ပိုင်းသတင်းစာကို ပြောကြားခဲ့ ပါတယ်...( မူရင်းသတင်းထဲတော့ နောက်ကျွမ်းပစ်တာမပါဘူးပေါ့ လေ...
ဒါပေမယ့် သူအဲဒီလိုဖြစ်မှာကတော့ သေချာသလောက်ပါပဲ...)
" တစ်ကယ်လို့ ဖရန်ကလင်ယန်ချင်နင်း တောင်မှ အသက် ၈၂ နှစ်နဲ့  ၂၈ နှစ်အရွယ်မိန်းကလေးကို ဇနီးမ
ယားအဖြစ်ရနိုင်၊ လက်ထပ်နိုင်သေးယင် ကျူပ်ကလည်း သူ့ လိုစွမ်းဆောင်နိုင်ပါတယ်... " လို့ သူကပြော
ကြားခဲ့ ပါတယ်...
ရူပဗေဒဆိုင်ရာ နိုဘယ် ဆုရှင် ယန်ချင်နင်း ဟာ ၀မ်ဖန်း ကို ၂၀၀၅ ခုနှစ်မှာလက်ထပ်ခဲ့ တာဖြစ်ပါတယ်...

၎င်းနှင့် လက်ထပ်မည့် အမျိုးသမီးဟာ ( အသက်ငယ်ယုံတင်မက ) ကျန်းမာသန်စွမ်းရမည်၊ ပညာရည်အ
ဆင့် အတန်းမြင့် မားရမည်၊ ကလေးများရှိခဲ့ လျှင်လည်း သူမနှင့်အတူမနေတဲ့သူတွေဖြစ်ရမည် လို့ လည်း
မစ္စတာဆန်း ကပြောကြားခဲ့ ပါတယ်...
တရုတ်နိုင်ငံ၊ ချူံကင်းမြို့ တွင်နေထိုင်သည့် မစ္စတာဆန်းဟာ ချူံကင်းတက္ကသိုလ်မှ ၁၉၄၉ ခုနှစ်တွင် ဘွဲ့ ရရှိ
ခဲ့ ပြီး သံနှင့် သံမဏိကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ခဲ့ ပြီး ၁၉၈၈ နှစ်တွင်ထိုအလုပ်မှ အငြိမ်းစားယူခဲ့ တာဖြစ်
ပါတယ်...
၎င်းနောက် သူဟာ စက်ပစ္စည်းကုမ္ပဏီတစ်ခုတည်ထောင်ဖွင့် လှစ်ခဲ့ ပြီးနောက် ပြန်လည်ပိတ်သိမ်းခဲ့ ပါသေး
တယ်...
ယခုအခါမှာတော့ သူဟာ ပင်စင်လစာအဖြစ် တစ်လကို ယွမ်ငွေ ၃၀၀၀ ( ဒေါ်လာ ၄၅၀ ကျော် ) ရရှိနေပါ
တယ်...
သူဟာဇနီးဖြစ်သူနှင့် ၁၉၉၈ ခုနှစ်တွင် ကွာရှင်းပြတ်စဲခဲ့ ပြီးကတည်းက လူပျိုပြန်ဖြစ်ကာတစ်ကိုယ်တည်းနေ
ခဲ့ ရတယ်လို့ ဆိုပါတယ်..
သူ့ ရဲ ဇနီးလောင်းဟာ သူနှင့် လက်ထပ်ပြီးယင်လောင်းကစားမလုပ်ရဘူး၊ အရက်ဘီယာ မသောက်စားရ
ဘူး၊ ကပွဲရုံတွေကိုသွားပြီးမက ရဘူး လို့ လည်းသူကဆိုလိုက်ပြီး ဇနီးဖြစ်သူနဲ့ မကွာရှင်းပါဘူးလို့ ဆိုတဲ့ နား
လည်မှုစာချူပ်လည်း ၎င်းအနေနဲ့ လက်မှတ်ထိုးမှာဖြစ်တယ်လို့ မစ္စတာဆန်းက ဆိုခဲ့ ပါတယ်....



ဘ၀ရဲ့ နောက်ဆုံးအချိန်၊ နှစ်တွေမှာ သံသရာကလွတ်ရာလွတ်ကြောင်း ဘာသာတရားအဆုံးအမလိုက်နာ
မယ်....ဒါမှမဟုတ် အများကောင်းကျိုး၊ ပရဟိတလုပ်ငန်းတွေလုပ်မယ် မရှိပဲ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ပဲ
နေလိုက်ချင်သေးတယ်ဆိုပဲ...
လူအမျိုးမျိုးစိတ်အထွေထွေပါပဲ...


A 75-year-old Chinese retiree has sought help from the media to find himself a young wife.
Retired engineer Sun Tianmin told Chongqing Evening News that the candidates must not be older than 45, preferably in the 20s.
"If Franklin Yang Chen-Ning could marry a 28-year-old wife when he was 82, I can do the same," he said.
Yang, a winner of Nobel Prize in physics, married Weng Fan in 2005.
Sun also said that the woman has to be healthy, highly educated and her children must not live with them.

Sun, of Chongqing in China, graduated from Chongqing University in 1949. He worked at an iron and steel company until he retired in 1988.
He then opened a machinery company and closed it down later. He receives a monthly pension fund of over 3,000 yuan (RM1,393) now.
Sun said he had been a bachelor since divorcing his wife in 1998.
"She cannot gamble, drink alcoholic beverages or go dancing after marrying me."
Sun also said that he would sign an "no divorce" understanding document with the wife.
ource: Chongqing Evening News

Past vs Present ( 2 )

ယခင်နှင့် ယခု...အတိတ်နှင့် ပစ္စုပ္ပန်...( ၂ )

နှစ်ဟောင်းကုန်၍နှစ်သစ်သို့ ရောက်ပေတော့ မည်....
အချိန်တွေကား အကုန်မြန်လှပါဘိတောင်း... အချိန်တွေလျင်မြန်စွာကုန်ဆုံးပျောက်ပြယ်ခဲ့ သလို အရာရာလည်းပြောင်းလဲလာခဲ့ ကြသည်...
ယခင်နှင့် ယခု မတူညီတော့ ....
အဟောင်း၊ အဟောင်းတို့ နေရာတွင် အသစ်အသစ်တို့ အစားထိုးဝင်ရောက်လာခဲ့ ကြလေပြီ...
သို့ သော် ခြွင်းချက်အားဖြင့် တစ်ချို့ တစ်ခုတစ်လေသောအရာများကား မပြောင်းလဲနိုင်သေးသော်ငြား
လည်း...တစ်နေ့ တော့ ပြောင်းလဲရမည်သာ....

 

ယခင်သမားရိုးကျ ကစားနည်းများမှသည်....

အိမ်မွေးတိရိစ္ဆာန်များလည်း ....ယခင်ခွေးကလေးမှသည် ယခု ခြင်္သေ့ ကဲ့ သို့ သော
သားရိုင်းတိရိစ္ဆာန်များပင် ပြောင်းလဲမွေးမြူလာခဲ့ ကြပေပြီ....
များပြားတိုးတက်လာသော လူဦးရေနှင့် လုံခြုံရေးအခြေအနေများကြောင့် ထင်ပေါ်ကျော်ကြားသူများလည်း
အမှတ်တစ်ရအော်တိုရေးရာတွင် ဤကဲ့ သို့ နည်းအသစ်များထွင်လာကြရပြီ...
တစ်ဦးနှင့် တစ်ဦး စာရေးအကြောင်းကြားဆက်သွယ်ရာတွင်လည်း နည်းပညာများကို
ပိုမိုအသုံးချလာပေသည်မို့ နူးညံ့ နွေးထွေးမှုများ ပပျောက်လာခဲ့ ရ...
ယောကျာင်္းပီသသောစိတ်ဓါတ်များကား ပိုမိုထင်ရှားသိသာလာခဲ့ ....
အနာဂတ်ကို ပုံဖော်မည့် ကျောင်းသားလူငယ်တို့ ကား....
အချစ်တော်ခွေးများ အညောင်းပြေလမ်းလျှောက်ရာတွင်ပင် အပင်ပန်းမခံကြတော့ ...
ကြက်ဥကဲ့ သို့ သော သဘာဝစားသောက်ကုန်မျိုးကိုပင် ပုံစံမျိုးစုံဖန်တီးကာ
စားသောက်နေကြလေပြီ....
အမျိုးသမီးများကလည်း အားကျမခံ ဖက်ရှင်မျိုးစုံတီထွင်ဝတ်ဆင်အသုံးပြုလာကြသည်မှာ
ရေကူး၊ ရေငုပ်ရတွင်သုံးသည့် ရေယက်ပါမကျန်...

အားကိုးလောက်ဖွယ်ရာ....ယခင်နှင့် ယခု အာဂယောကျာင်္းများပင်....

နိုင်ငံအတွက်အသက်ကိုစွန့် မည့် ကာမိကာဇေ စိတ်ဓါတ်များကား...ဆာကေးအရက်အသွင်သို့ 
ပြောင်းလဲသွားကြလေကုန်သတည်း...

 

Man castrates himself to master kungfu

Sunday, December 26, 2010

သိုင်းပညာတော်ပြီးသိုင်းဆရာကြီးဖြစ်ချင်လျှင်...

အတွင်းအားတွေ စုစည်းထားနိုင်ဖို့ အားကုန်စေမယ့် အရာတွေကို ဖြတ်ထုတ်ပစ်ရမယ်ကွယ့် တပည့်ရဲ့ ...

တရုတ်နိုင်ငံ၊ ကျီလင်းဒေသမှ အသက် ၆၀ အရွယ်ရှိအမျိုးသားကြီးတစ်ဦးဟာ ကွန်ဖူး ပညာမှာ တစ်ဖက်
ကမ်းခပ် တတ်မြောက်ကျွမ်းကျင်လိုတာမို့ လွန်ခဲ့ သည့် တနင်္လာနေ့ က ၎င်းကိုယ်၎င်း မျိုးဆက်သစ်တို့ တိုး
တက်ရစ်ဖို့ စိတ်မကူး မရည်ရွယ်တော့ ပဲ ဝှေးသင်းခဲ့ ( သင်းကွပ်ခဲ့  ) လိုက်ပါတယ်...
၎င်းရဲ့ ရှီးဖော် ( ကွန်ဖူးဆရာ၊ မာစတာ ) က ချိကုန်း လို့ ခေါ်တဲ့ သိုင်းပညာမှာ ဆရာကြီးတစ်ဆူအဆင့် အထိ
ရောက်ချင်ယင် ကိုယ့် ရဲ့ ငယ်ဖွား၊ ရွှေဥများကို ဖြတ်ပစ်၊ စွန့် လွှတ်ရမယ်လို့ အိပ်မက်ပေးကာ ညွှန်ကြားခဲ့ 
တာဖြစ်တယ် လို့ ထိုအမျိုးသားကြီးကပြောကြားခဲ့ ပါတယ်...
ထို့ အပြင် ၎င်းရဲ့ ပိုင်ဆိုင်သမျှပစ္စည်းဥစ္စာများအားလုံးကိုလည်း စွန့် လွှတ်ရမယ့် လို့ ဆရာကြီးက အမိန့် ပေး
ညွှန်ကြားခဲ့ ပါသေးတယ်...
နောက်တစ်နေ့ အိပ်ယာမှနိုးလာတဲ့ အခါမှာတော့ သူဟာ ရှီးဖော် ရဲ့ အမိန့် ကိုလိုက်နာပြီး ကိုယ့် ကိုယ်ကို
ယောကျာင်္းပီပီ စံချိန်မမှီ နိုင်အောင်ပြုလုပ်ခဲ့ လိုက်ပါတော့ တယ်...
ကျန်း လို့ မျိုးရိုးအမည်ရှိသည့် ထိုသူဟာ ထိုသို့ ပြုလုပ်ခဲ့ ရာမှာ နာကျင်လွန်းလို့ ၎င်းရဲ့ အိမ်ထဲမှာ အော်ဟစ်
ခုန်ပေါက်နေခဲ့ ရပါတယ်...
၎င်းနောက်တော့ ခြံဝန်းထဲမှာပဲ လဲကျကာသတိလစ်သွားခဲ့ ရပါတော့ တယ်...
တနင်္လာနေ့ နံနက် ၇ နာရီခွဲလောက်မှာတော့ တရုတ်နိုင်ငံ၊ ကျီလင်းဒေသ၊ နူရှင်းဒင်း မြို့ မှ အိမ်တစ်အိမ်
တွင် လူတစ်ယောက် အ၀တ်အစားဗလာ ကိုယ်ခန္ဓာဖြင့် သွေးအိုင်ထဲတွင်လဲကျနေခဲ့ သည်ဟု ရွာသားတစ်
ဦးက ရဲတပ်ဖွဲ့ ကိုအရေးတစ်ကြီးအကြောင်းကြားခဲ့ ပါတယ်...
ရဲတပ်ဖွဲ့ ဟာ ထိုသူကိုဆေးရုံသို့ ပို့ ဆောင်ခဲ့ ပါတယ်....၎င်းနောက် သူတို့ ဟာ ထိုသူရဲ့  ဖြတ်တောက်ထားခဲ့ 
သည့် ရွှေဥနှစ်လုံးကို အိမ်ထဲတွင်တွေ့ ရှိခဲ့ ရပါတယ်...
ထိုသူသတိပြန်လည်ရလာသည့် အခါတွင်တော့ ၎င်းမှ အိပ်မက်အကြောင်းကို ရဲတပ်ဖွဲ့ အားပြောပြခဲ့ ပါတော့
တယ်...
သူဟာပြန်လည်သက်သာလာခဲ့ ပေမယ့် ခန္ဓာကိုယ်နဲ့ အိုးစားကွဲသွားခဲ့ တဲ့ ကိုယ်ပိုင်ပစ္စည်းနှစ်ခုကိုတော့ ပြန်
လည် တပ်ဆင်၊ ကုသပေးလို့ မရတော့ ပါဘူး...
ထိုအဖြစ်အပျက်ဖြစ်ပွားနေခဲ့ စဉ် ၎င်း၏ဇနီးနှင့် ကလေးတို့ ကတော့ နိုင်ငံရပ်ခြားကိုရောက်နေခဲ့ ပါတယ်...


A 60-year-old man in Jilin, China, man castrated himself last Monday - all for the sake of mastering a type of kungfu.
The man said his sifu (kungfu master) told him in a dream that he must gut of his testicles in order to advance the martial art - a type of Qi Gong.
He was also "ordered" to break all his belongings and properties.
When he work up the next morning, he followed the sifu's instructions and castrated himself.
It was so painful that the man, surnamed Zhang, jumped around the house.
He later collapsed at the courtyard unconscious.
At about 7.30am on Monday, police received a distress call that a villager was found naked in a pool of blood at his house in Niuxinding town in Jilin, China.
Police sent the man to the hospital. They later found his his severed testicles inside the house.
When he regained consciousness, the man told police of his dream.
He is recovering but his genitals could not be reattached.
His wife and child were overseas when the incident happened.
Source: City Evening News

Legless woman 'Mum' to 130

ခြေထောက်များမရှိပေမယ့် မေတ္တာတရားကြီးမားသည့် အမျိုးသမီး...

 

ကိုယ်တိုင်လည်းမိဘမေတ္တာငတ်မွတ်ခဲ့ ရသူမို့ ဘ၀တူကလေးတွေကို စာနာမိသူ မေတ္တာရှင်...

ခြေထောက်နှစ်ဖက်စလုံးမရှိတော့ သဖြင့် ခွေးခြေခုံပုကလေးနှစ်လုံးဖြင့် သွားလာနိုင်အောင်လေ့ ကျင့် သင်
ယူခဲ့ ရသည့် တရုတ်နိုင်ငံမှ အမျိုးသမီးတစ်ဦးဟာ မိဘမဲ့ ကလေးပေါင်း ၁၃၀ ကျော်ကိုပြုစုစောင့် ရှောက်
မွေးမြူခဲ့ ပါတယ်...
အသက် ၅၅ နှစ်အရွယ်ရှိ မစ္စရွှီးရွယ်ဟွာ  ဟာသူမအသက် ၁၂ နှစ်အရွယ်ငယ်စဉ်က မီးရထားလမ်းဘေးမှာ
ကျောက်မီးသွေးကောက်နေစဉ် ရထားတိုက်ခံရလို့ ခြေထောက်များဆုံးရှုံးခဲ့ ရတာဖြစ်ပါတယ်...
၎င်းအပြင် သူမငယ်စဉ်ကလေးဘ၀ကပဲ မိဘနှစ်ပါးစလုံးကိုဆုံးရှုံးခဲ့ ရပြီးနောက် အသက် ၁၇ နှစ်အရွယ်မှ
သာ ဟူနန်ပြည်နယ်မှ ရှန်တန် မိဘမဲ့ ဂေဟာက သူမကိုလက်ခံခဲ့ ပါတယ်...
ထိုဂေဟာမှာပဲသူမဟာ ခွေးခြေခုံကလေးများ အသုံးပြုပြီး လမ်းလျှောက်နိုင်ဖို့ သင်ယူခဲ့ ပြီး တစ်ခြားကလေး
ကို ကူညီပြုစုစောင့် ရှောက်ပေးခဲ့ ပါတယ်...
မစ္စရွှီး ဟာမိဘမဲ့ ကလေးများကို ရေမိုးချိုးသန့် စင်ပေးခြင်း၊ အစားအသောက်များကျွေးမွေးခြင်း၊ အနှီးများ၊
အညစ်အကြေးခံအ၀တ်များလဲလှယ်ဝတ်ဆင်ပေးခြင်း၊ နှင့် ကလေးများအတွက် ဖိနပ်များပင် ပြုလုပ်ပေးခဲ့ 
ပါတယ်...
လွန်ခဲ့ သည့် နှစ်ပေါင်း ၃၇ နှစ်အတွင်း သူမအနေနှင့် ခွေးခြေပုကလေးပေါင်း အလုံး ၄၀ ကုန်အောင်အသုံး
ပြုသွားလာလှုပ်ရှားခဲ့ တဲ့ မစ္စရွှီးဟာ ကလေးပေါင်း ၁၃၀ ကျော်ကိုကျွေးမွေးပြုစုစောင့် ရှောက်ခဲ့ ပြီး ကလေး
များကလည်း သူမကို မေမေကြီးလို့ ခေါ်ကြပါတယ်...

သူမစတင်ပြုစုစောင့် ရှောက်ခဲ့ သည့် ရေမြောင်းထဲတွင်စွန့် ပစ်ခြင်းခံခဲ့ ရကာ နှုတ်ခမ်းကွဲလေးလည်းရှိ
သည့် ရှန်းလီ အမည်ရှိကောင်မလေးကတော့  မစ္စရွှီး ဟာသူမရဲ့ အသက်ကိုကယ်တင်ခဲ့ တာဖြစ်ပါတယ် လို့ 
ပြောကြားခဲ့ ပါတယ်...
" မေမေကြီးသာမရှိခဲ့ ယင် ကျွန်မဟာ အစေကြီးကတည်းကသေဆုံးခဲ့ မှာပါ.... ခွေးခြေပုကလေးတွေနဲ့ သူ
မရဲ့ လမ်းလျှောက်သံဟာ ကျွန်မဘ၀ရဲ့ အသံယာဆုံးအသံတွေပါပဲ...." လို့ သူမကပြောကြားခဲ့ ပါတယ်...
မစ္စရွှီးဟာ ၁၉၈၇ ခုနှစ်မှာ မိဘမဲ့ ဂေဟာက သီးနှံစိုက်ခင်းသမား လိုင်ကျီယွမ် နဲ့ လက်ထပ်ခဲ့ ပါတယ်...
သုံးနှစ်အကြာမှာ သားကလေးဖြစ်သူ လိုင်မင်ကျီ ကိုမွေးဖွားခဲ့ ပြီးသူမဟာ မိဘမဲ့ ကလေးများကိုဆက်လက်
ပြုစုစောင့် ရှောက်နေခဲ့ ပါတယ်...
" တစ်ကယ်တော့ ကျွန်မဟာ ကြီးကျယ်မြင့် မြတ်တဲ့ သူတစ်ယောက်မဟုတ်ပါဘူး....ကျွန်မလုပ်ရမယ့် အရာ
တွေဖြစ်တဲ့ ဒီကလေးတွေကို မိခင်မေတ္တာတွေပေးနေခဲ့ တာပါပဲ..." လို့ မစ္စရွှီးက ပြောကြားခဲ့ ပါတယ်...


A Chinese woman with no legs who taught herself to walk on two stools has brought up more than 130 orphaned children. Xu Yuehua, 55, lost her legs at the age of 12 when she was hit by a train while gathering coal by the railway.

She also lost both parents during childhood and was eventually taken in by the Xiangtan Orphan's House, Hunan Province, when she was 17. It was in the orphanage where she taught herself to walk using stools and started to work, helping out with the other children. Xu helped with washing, feeding, changing nappies, cleaning and even making shoes for the orphans.
Over the past 37 years, Xu has worn out more than 40 stools, and brought up more than 130 orphans, who all call her Big Mum. One of the first children she cared for, Sheng Li, who has a harelip and was dumped in the gutter as a baby, credits Xu with saving her life.
"Without Big Mum, I would have died long ago. Her stool walking was the most beautiful sound to me then," she said. In 1987, Xu married Lai Ziyuan, a vegetable farmer at the orphanage. Three years later, their son, Lai Mingzhi, was born but she continued to care for the orphans. "I am actually not a great person, but do what I have to do - to bring these poor kids a mother's love," said Xu.

Past vs Present ( 1 )

ယခင်နှင့် ယခု...အတိတ်နှင့် ပစ္စုပ္ပန်...( ၁ )

နှစ်ဟောင်းကုန်၍နှစ်သစ်သို့ ရောက်ပေတော့ မည်....
အချိန်တွေကား အကုန်မြန်လှပါဘိတောင်း... အချိန်တွေလျင်မြန်စွာကုန်ဆုံးပျောက်ပြယ်ခဲ့ သလို အရာရာလည်းပြောင်းလဲလာခဲ့ ကြသည်...
ယခင်နှင့် ယခု မတူညီတော့ ....
အဟောင်း၊ အဟောင်းတို့ နေရာတွင် အသစ်အသစ်တို့ အစားထိုးဝင်ရောက်လာခဲ့ ကြလေပြီ...
သို့ သော် ခြွင်းချက်အားဖြင့် တစ်ချို့ တစ်ခုတစ်လေသောအရာများကား မပြောင်းလဲနိုင်သေးသော်ငြား
လည်း...တစ်နေ့ တော့ ပြောင်းလဲရမည်သာ....
ပြောင်းလဲလာတဲ့ ဂေဟစနစ်ကြီးမှာ အရက်ဘီယာယဉ်ကျေးမှုကတော့ ထိပ်ဆုံးကပါပဲ...

အဘတို့ အားကိုးတဲ့ " ၀ " တို့ တန်ခိုးနဲ့ ဆင်တူရိုးမှား ပုံတူ " Clone " များလည်း ပေါများလာပေါ့ ...
တစ်ချိန်က ကမ္ဘာကျော်ခဲ့ တဲ့ အာဂျင်တီးနားရဲ့ ကမ္ဘာကျော်နတ်ဘုရားပေးတဲ့ ရွှေလက်
နဲ့ လက်ပိုင်ရှင်လည်း.... ယခင်နဲ့ ယခု မတူလေပြီ....
ဝတ်စားဆင်ယင်မှု ကအစ မတူကွားပြားခြားနားခဲ့ လေပြီ...

လူ့ ကျင့် ဝတ်များလည်း လျော့ ရဲခဲ့ လေပြီမို့ ....ငယ်စဉ်ကတည်းကပင်
အတတ်ကောင်းများတတ်ခဲ့ ကြလို့ ....ဒါန့် ကျွဲပင် ပုခက်ဆင်သည့်နှယ်...

တိရိစ္ဆာန်ချင်းတူသော်ငြားလည်း ယခင်နှင့် ယခု နေရတာခြင်းကား အကွာခြားကြီးကွာခြားခဲ့ လေပြီ...


အပြောင်းအလဲမရှိပဲရှားရှားပါးပါးတူနေသေးသည်ကား....အားကိုးလောက်သည့် ကိုရွှေရုရှားကားပင်...
လေဒီများအတွက် မိတ်ကပ်ဆိုသည်ကား ဖိုတိုရှော့ ....

ရယ်စရာဟာသပျက်လုံးများကား ခါးအောက်ပိုင်းမပါလျှင် မရယ်ရတော့ သလို...ခေတ်မမှီတော့ သလို...

ခန္ဓာကိုယ်ကြွက်သား ကြီးမားလိုသူများလည်း အလိုဆန္ဒရှိသည့် နေရာအလိုက်...
ကြီးမားစေမည့် ခေတ်ပေါ်ဆေးတွေအပုံအပင်...

အနာဂတ်အတွက် အားထားစရာ လူငယ်ဆိုသည်ကား....အထီးမှန်းအမ မှန်းပင်ခွဲခြားမရနိုင်တော့ ...

အမျိုးသားတွေပင် ဤမျှလောက်ဖြစ်နေလျှင် ...ဂျပန်မများကား...ထိုပုံများမတင်ဝံ့ သဖြင့် 
မတင်တော့ ပြီ...မှန်းဆစိတ်ကူးကြည့် ကြရုံ....ကီမိုနိုဆိုသည်ကား ဖူဂျီတောင်ထိပ်က
အရိပ်မျှပင်မရှိတော့ ပြီ...

 ဟော့ ဒေါ့ ( hot dog ) မုန့် ဆိုသည်ကိုပင် အမည်သညာနှင့် လိုက်အောင်လုပ်ကြပေလိမ့် ဦးမည်...