77-year-old woman kneels naked outside courthouse to protest at unjust land grab

Tuesday, September 13, 2011

တရုတ်ပြည်မှ အသက် ၇၇ နှစ်အရွယ်ဆရာဝန်မကြီး၏အံ့ မခန်းဆန္ဒပြချက်...



သူမ၏နေအိမ်အဖျက်ခံလိုက်ရသည့်အတွက် စိတ်ဆိုးဒေါသထွက်နေခဲ့ သည့် တရုတ်နိုင်ငံမှ အသက် ၇၇
နှစ်အရွယ်ရှိ ဆရာဝန်မကြီး ကျွမ်းကျင်ဟွေး ဟာ တရားမျှတမှုကိုအလွန်အမင်းလိုလားသည့် အတွက် လွန်
ခဲ့ သည့်  သြဂုတ်လ ၁၈ ရက်နေ့ က ရှန်ဟိုင်းမြို့ ရှိ တရားရုံးရှေ့ တစ်ခုတွင် အ၀တ်မပါ ကိုယ်ဗလာဖြင့် ဒူး
ထောက်ကာ တစ်ကိုယ်တော်ဆန္ဒပြခဲ့ ပါတယ်...

NSFW.

YouTube link.



တရုတ်နိုင်ငံတွင်မြို့ ပြစီမံကိန်းများ အကြီးအကျယ်ဖော်ဆောင်လာတာမို့ အိုအိမ်များအတင်းအကြပ်ရွေ့ 
ပြောင်းစေမှုများ မကြာခဏဖြစ်ပွားလေ့ ရှိပါတယ်...
အစိုးရအာဏာပိုင်များ၊ ပုဂ္ဂလိကကုမ္ပဏီကြီးများဟာမပြောင်းရွေ့ မှီ ရက်အနည်းငယ်သာကြိုတင်အကြောင်း
ကာ အိမ်ပိုင်ရှင်များအား မောင်းထုတ်ရွေ့ ပြောင်းစေတတ်တာမို့ ပြည်သူအများ စိတ်ဆိုးဒေါသထွက်ခဲ့ ကြရ
ပါတယ်...
၎င်းတို့ ပေးသည့် နစ်နာကြေးများဟာလည်း လက်ရှိပေါက်ဈေးထက်များစွာလျော့ နည်းနေလေ့ ရှိပါတယ်..



ဒီသတင်းလေးဖတ်မိလို့ လွန်ခဲ့ သည့် ၂၀၀၂ ခုနှစ်လောက်က ကိုပီတာတစ်ယောက် ရှန်ဟိုင်းမြို့ ကိုရောက်
ခဲ့ စဉ် တရုတ်တွေလမ်းတစ်ခုကိုပိတ်ပြီးဆန္ဒပြနေတာနဲ့ ကြုံခဲ့ ဖူးတာလေးအမှတ်ရမိပါတယ်...
ကြားဖူး၊ ဖတ်ဖူးတာက ကွန်မြူနစ်တရုတ်ပြည်မှာ ဆန္ဒပြယင် အစိုးရကရက်ရက်စက်စက်နှိပ်ကွပ်လေ့ ရှိတာ
မို့ ဆန္ဒပြမှုတွေမရှိဘူးလို့ ဆိုတာပါပဲ...
ဒါပေမယ့် မိမိတို့ ရဲ့ အိုးအိမ်တွေဆုံးရှုံးနစ်နာရမှာ အမှန်ဆိုတော့ တရုတ်တွေလည်း ထောင်မကြောက်၊တန်း
မကြောက်၊ သေမှာမကြောက်နိုင်တော့ ပဲဆန္ဒပြတော့ တာပါပဲ...
ထိုစဉ်တုံးကလည်း အဆိုပါဆန္ဒပြသူများဟာ ရှန်းဟိုင်းမြို့ လယ်နှင့် နီးသည့် ၎င်းတို့ ရပ်ကွက်အားနစ်နာ
ကြေးအနည်းငယ်သာပေးပြီး အတင်းအဓမ္မရွေ့ ပြောင်းခိုင်းလို့ ဆန္ဒပြကြတာလို့ ကြားသိခဲ့ ရပါတယ်...

ကွန်မြူနစ်တွေအုပ်ချူပ်လို့ ဘာသာတရားမရှိတဲ့ ( တရုတ်ပြည်သားအများစု၊ အထူးသဖြင့် ၃၀ ကျော်၊၄၀
အရွယ်တွေပါ...) တရုတ်တွေဟာ အစိုးရရော၊ ပြည်သူတွေပါ အရှက်အကြောက်မရှိကြတာကတော့ အ
ထင်အရှားပါပဲ...

ယခုလိုမျိုးပညာတတ်အမျိုးသမီး (ဆရာဝန်မ) တစ်ယောက် အ၀တ်ဗလာနဲ့ လူမြင်ကွင်းမှာဆန္ဒပြဖို့ ဆိုတာ
မြန်မာပြည်မှာတော့ မဖြစ်နိုင်သလောက်ပါပဲ...( တစ်ခါမှလည်းမကြားခဲ့ ဖူးပါဘူး...)

ဗီဒီယိုကလစ်ပါပုံများအမြင်မတော်ယင်တော့ ခွင့် လွှတ်ကြပါခင်ဗျာ...



သတင်းအပြည့် အစုံကတော့ ဒီမှာပါ...
Full story here.

Desperate for justice, 77-year old Zhuang Jinghui, a former doctor, knelt naked in front of a Shanghai courthouse on August 18 to protest the demolition of her home. 

As a result of massive urban renewal programmes, forced evictions are frequent in China. These have infuriated home owners, who are often given only a few days’ notice before being thrown out of their homes. The so-called compensation is also far below the market rate.

1 comments:

paradisefalls said...

ယီးဝေါင် ယီးဝေါင်နဲ့အော်နေသံတော့ကြားတယ်
အနောက်ကနေတဲ့လူအဖို့မသက်မသာပါပဲဗျာ