Monday, September 12, 2011

နာယူမှတ်သား ၀န်မင်းစကား...

ရွှေပြည်ကြီးမှ ၂၁ ရာစုရဲ့ မဟာပညာကျော်ဝန်မင်းတစ်ယောက်ရဲ့ နှုတ်ထွက်စကားများကားအံ့ သြကုန်နိုင်
ဖွယ်ပါပေ...

"ကျွန်တော်တို့ နိုင်ငံမှာ အခုမဂ္ဂါဝပ် ၁၅၀၀ ပေးတာတောင် ကုန်အောင် မသုံးနိုင်ဘူး။ အဲဒီတော့ ဘယ်သူက သုံးမှာလဲ။ သုံးစရာမရှိရင် market ရဲ့သဘောအရ ရောင်းစားရမှာပေါ့။ သုံးစရာမရှိရင် ရောင်းစားရမယ်။"

(အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း)


ကျွန်တော်တို့ ဒါလေးကို သိအောင်ဆိုပြီးတော့ ပြီးခဲ့တဲ့လ ၉ ရက်နေ့က ဆောင်းပါးလေးတစ်ပုဒ်ရေးပြီး
တော့ သတင်းစာမှာ ထည့်ခိုင်းလိုက်တယ်။ ဒီဆောင်းပါးကို ကျွန်တော်ပဲ တည်းဖြတ်ပြီး ကျွန်တော်ပဲရေးပြီး ကျွန်တော်ပဲ ထည့်ခိုင်းလိုက်တာ။ ဒါပေမယ့် ဆောင်းပါးပြီးတဲ့နောက် သိပ်ရက်မကြာဘူးသတင်းစာရှင်းလင်း
ပွဲ လုပ်ပါတယ်။ သတင်းစာရှင်းလင်းပွဲမလုပ်ခင်မှာ ဂျာနယ်တစ်စောင်က ဘာရေးလဲဆိုတော့ ဒီဆောင်းပါး
ရေးတဲ့ကောင် ဘယ်လောက်တတ်လို့လဲ၊ ဒီကောင်က ဘာအဆင့်ရှိလဲဆိုတော့၊ ကျွန်တော်မပြောတော့
ဘူး။

(အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း)

ကျွန်တော်တို့ရဲ့ ရေအားလျှပ်စစ်ဆိုတာက ဂက်စ်တာဘိုင်လို ဂက်စ်ထည့်ရတာ၊ ဒီဇယ်တာဘိုင်လို ဒီဇယ်ထည့်ရတာ မဟုတ်ဘူး။ ရေထည့်မောင်းရတာ။  

(အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း)

  
ညွှန်ချုပ် မင်းရေးတယ်ပြောလိုက်၊ ငါရေးတယ်မပြောနဲ့။ ငါ့ထက်ပိုပြီးတော့ သိနိုင်တဲ့လူ မရှိတော့ဘူး။မြန်မာ
နိုင်ငံမှာတော့ ရေအားလျှပ်စစ်နဲ့ပတ်သက်ပြီးတော့ လက်ရှိအချိန်မှာ ကျွန်တော့်ထက် ပိုပြီးတော့ အတွေ့အ
ကြုံရှိတဲ့လူ မရှိတော့ဘူး။ ဒါကြောင့်မို့ မင်းပဲရေးတယ်ပြောလိုက်၊ ငါရေးတယ်ဆိုလို့ရှိရင် မကောင်းဘူးဖြစ်
သွားမယ်။ အမှန်ကတော့ ကျွန်တော်ပဲ ရေးလိုက်တာ။ ဆိုတော့ ခင်ဗျားတို့မေးတဲ့မေးခွန်းတွေ၊ ကျွန်တော် အသာလေးဖြေနိုင်ပါတယ်။

( ၂၀၀၅ ခုနှစ်ကမှ ထိုလျှပ်စစ်စွမ်းအားဝန်ကြီးဌာန၀န်ကြီးအဖြစ်စတင်တာဝန်ထမ်းဆောင်ခဲ့ သည့် )
(အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း)

ကဲ...ကဲ....
မဟာပညှာယှိဝံမင်းရဲ့ မှတ်သားဖွယ်ရာစကားများဖတ်ပြီး အမှန်တကယ်လက်ရှိအခြေအနေကိုဖော်ညွှန်း
ထားတဲ့ အလဲဗင်းမီဒီယာဥက္ကဌ ( CEO ) ( အမှူဆောင်အရာရှိချူပ် ) ဒေါက်တာသန်းထွဋ်အောင်ရဲ့ စကား
များကိုလည်းဖတ်ရှုကြည့် ပါဦး...
ဘယ်ဟာကပိုပြီးအနှစ်သာရရှိသလည်းဆိုတာတော့ အသင်စာရှုသူသာဆုံးဖြတ်ပါလေ...



ဧရာဝတီမြစ်ဆိုတဲ့ မြန်မာနိုင်ငံရဲ့ သမိုင်းဝင်မြစ်ကို လက်ညှိုးထိုးရောင်းစားခံနေရတဲ့ ကျွန်တော်တို့နိုင်ငံအခြေအနေ၊ ကြွေးတင်ကျွန်ဖြစ်ဆိုတဲ့ စကားဟာ ကျွန်တော်တို့နိုင်ငံအတွက်တော့ နှစ် ၂၀ အတွင်း မရိုးတဲ့ စကားပုံပါ။ ၁၉၉၅ ၀န်းကျင်က အတိုးမဲ့ချေးငွေဆိုပြီး ၀ယ်ခဲ့တဲ့ တရုတ်သကြားစက်တွေ အခုဘာဖြစ်နေပြီလဲ။ ဒေါ်လာ သန်း ၂၀၀ ပေးရတဲ့ ဒီစက်ရုံတွေလိုပဲ တရုတ်ရဲ့အတိုးမဲ့ချေးငွေအားလုံးဟာ တန်ဖိုးတစ်ဝက်သာရှိတဲ့ သူတို့ရဲ့ စက်ရုံအစုတ်တွေကို ဒီမှာလာဆင်ပြီး ရောင်းတာပါ။ ဘယ်နိုင်ငံက ကုမ္ပဏီတွေမှာမှ မရှိတဲ့ ပွဲခကို တရားဝင်ပေးပြီး သက်ဆိုင်ရာအစိုးရ ကိုလာဘ်ထိုးတာ၊ တရုတ်ကုမ္ပဏီတွေဟာ တရုတ်အစိုးရရဲ့ တရားဝင်ခွင့်ပြုချက်ရနေသလားဆိုတာ စဉ်းစားစရာပါပဲ။ ပွဲခ(သို့) တရားဝင်လာဘ် ငွေဟာ project တွေ ချေးငွေတွေရဲ့ ၂၀% နီးပါးအထိ ရှိနေတော့ ဒီတိုင်းပြည်မှမမွဲရင် ဘယ်တိုင်းပြည်မွဲပြီး ကျွန်ဖြစ်မှာလဲ။ မြန်မာနိုင်ငံရဲ့ သယံဇာတ ၆၀%ကို တရားဝင်(သို့) တရားမ၀င်နည်းနဲ့ တူးဖော်သုံးစွဲခွင့် ရနေတာက တရုတ်နိုင်ငံပါ။ မြန်မာနိုင်ငံအတွင်းက လေဆိပ်မှန်သမျှ၊ ဆိပ်ကမ်းအတော်များများကို လုပ်ငန်းလုပ်ကိုင်ခွင့်ရတဲ့ ကုမ္ပဏီက တရုတ်အစိုးရနဲ့ရင်းနှီးတဲ့ကုမ္ပဏီ။ မြန်မာနိုင်ငံရဲ့အ၀င်အထွက်သတင်းတွေကို တရုတ်အစိုးရ ရတာမထူးဆန်းသလို၊ မြန်မာနိုင်ငံအတွင်းမှာ အပ်ကျတာကအစ တရုတ်တွေသိနေပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ ပြဿနာပေါ်လာတိုင်း တရုတ်အစိုးရ ရောက်ရောက်လာတာ။ အစကတော့ နိုင်ငံတကာအသိုင်းအ၀ိုင်းကြောင့်လို့ ထင်ရပေမယ့် မြန်မာနိုင်ငံအတွင်း အစိုးရနဲ့ အတိုက်အခံ ပြေလည်နိုင်ပြီဆိုရင် သူတို့ မြှောက်ပေးတတ်တဲ့ သတင်းတွေကြောင့် နှစ်ပေါင်း ၂၀ အတွင်းမှာ တရုတ်အစိုးရဟာ မြန်မာနိုင်ငံရေးကို ထင်သလိုချယ်လှယ်နေသလားလို့တောင် စဉ်းစားစရာရှိပါတယ်။ အရှင်းဆုံးပြောရရင် တရုတ်အစိုးရဟာ မြန်မာနိုင်ငံကို satellite state တစ်ခုအဖြစ် မဟာဗျူဟာမြောက် ထားရှိပြီး မဟာဗျူဟာ မြောက်မဟာမိတ်လို့ သမ္မတဦးသိန်းစိန်ခရီးမှာ သုံးနှုံးခဲ့တာ ကျွန်တော်တို့အတွက် အရမ်းစိုးရိမ်စရာပါပဲ။ အဲဒီခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်နဲ့တွေ့တဲ့ သမ္မတဟူကျင်တောင်ရဲ့ မျက်နှာပေး၊ ဆက်ဆံပုံက ကျွန်တော့်ရင်ကို နာကျင်စေပါတယ်။ ကျွန်တော်တို့ဟာ သူတို့ရဲ့ . . . . .

ကျွန်တော့်သွေးတွေ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကလို ဆူပွက်လာခဲ့တယ်။ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက် လုပ်ဆောင်သင့်တဲ့ အရာတွေအားလုံးကို လုပ်ဆောင်ပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းအတွင်းကို ၀င်ရောက်ဖို့ အစိုးရရော၊ အတိုက်အခံကိုပါ ကျွန်တော်တိုက်တွန်းလိုက်တယ်။ ဒီနှစ်အတွင်း ကျွန်တော်တို့နိုင်ငံမှာ အပြောင်းအလဲမဖြစ်ခဲ့ရင်၊ တံခါးတွေဖွင့်မထားခဲ့ရင်၊ ကျွန်တော်တို့ မညီညွတ်ခဲ့ရင် ကျွန်တော်တို့ ကျွန်ဖြစ်တော့မယ်။ ကျွန်တော်တို့နိုင်ငံကို ကာကွယ်ဖို့၊ ကျွန်တော်တို့သမိုင်းကို ကာကွယ်ဖို့ ဧရာဝတီမြစ်ကြီးကို ကာကွယ်ဖို့ ကျွန်တော်တို့ ညီညွတ်မှရတော့မယ်။ 



3 comments:

သဒ္ဓါလှိုင်း said...

ကျမတို့သမိုင်းကို ကာကွယ်ဖို့ အစွမ်းကုန် ညီညွတ်ကြရမယ်။ လေးစားပါတယ် အကိုကိုပီတာ.။
ခင်မင်လေးစားလျက်
သဒ္ဓါလှိုင်း

မိုးယံ said...

ရင်မောတယ်... ကြင်စောရယ်...

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါ ကိုပီတာ
ကျနော်တို့ တတွေညီညွတ်ပြီးဘာတွေလုပ်သင့်သလဲ-
ဘယ်လို့ စကြမလဲ-