Friday, September 23, 2011


ဧရာဝတီမြစ်ဆုံဆည်ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲမိန့်ခွန်းမှ ဆွေးနွေးချက်များအပေါ်ထင်မြင်ယူဆ
ချက်များ...


မြစ်ဆုံစီမံကိန်းနှင့် ပါတ်သက်ပြီး ပြည်သူအများစုရဲ့ ဆန့် ကျင်ကန့် ကွက်သံတွေကျယ်လောင်လာတဲ့ အပေါ်
အစိုးရအနေနဲ့ ချွေးသိပ်သည့် ပုံစံဖြင့် ပြုလုပ်ခဲ့ သည့် ( နောက်ထပ်လည်း အခုလိုရည်ရွယ်ချက်နှင့် ပျား
ရည်နှင့် ဝမ်းချသည့် လုပ်ရပ်များဆက်လက်လုပ်ဆောင်ပါဦးမည်...)အလုပ်ရုံဆွေးနွေးမှုမှမိန့် ခွန်းအပေါ်
ဖေ့ စ်ဘွတ်အသုံးပြုသူတစ်ဦး ( ကြည်ဝါထွန်း ) ရဲ့ ထင်မြင်ယူဆထောက်ပြချက်တွေကလည်းစဉ်းစားစရာ
ကောင်းလှတာမို့ ဖတ်ရှုလေ့ လာနိုင်ရင်ပြန်လည်တင်ပြပါတယ်...

၁-စီမံကိန်းနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၏ လိုအပ်ချက် အဆုံးအဖြတ်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဧရာဝတီမြစ်ဝှမ်း တစ်လျှောက်တွင်လည်း မြစ်ဝကျွန်းပေါ်ဒေသအထိ ဆက်လက်လေ့လာသွားရန် စီစဉ်ထားပြီး ဖြစ်ပါတယ်။ ယခုလည်း သပိတ်ကျဉ်း
အထိ လေ့လာနေဆဲဖြစ်ပါတယ်

စီမံကိန်းကို သဘောမတူညီခင်ကတည်းက ကြိုတင်မလေ့လာခဲ့တဲ့ အရေးကြီးတဲ့ အချက်တွေကို အခုမှ လေ့လာမယ်ဆိုတဲ့ ဝန်ခံမှုပေးရင် လေ့လာနေတဲ့ အချိန်မှာ စီမံကိန်းတည်ဆောက်မှုကို လေ့လာမှုပြီး
စီးလို့ ဆက်လက် တည်ဆောက်သင့်၊ မသင့် အဖြေထွက်တဲ့အချိန်အထိ ရပ်ဆိုင်းထားသင့် ပါတယ်။

၂ -CPI ကုမ္ပဏီ၏ တင်ပြချက်အရ မြစ်ဆုံစီမံကိန်းသည် ဘေးအန္တရာယ်အဖြစ် နှစ်ပေါင်း ၁၀၀၀ တွင် အဆိုးရွားဆုံးဖြစ်ပေါ်နိုင်သော ရေကြီးမှု(Flood) အခြေခံ၍ ဒဏ်ခံနိုင်သည့် ရေအားအဆောက်အဦများ၊ ငလျင်ဒဏ် ရစ်ခ်ျတာစကေး ၈ အထိ ခံနိုင်ရည်ရှိသော ရေအားအဆောက်အဦများကို စနစ်တကျ တိုင်းတာတွက်ချက်၍ ဒီဇိုင်းထုတ်ပြီး တည်ဆောက်မည်ဆိုသော ကုမ္ပဏီ၏ တင်ပြချက်၊ အာမခံချက်ကို မှတ်တမ်းတင်ထားပြီး စီမံကိန်းလုပ်ဆောင်နေစဉ်အတွင်းတွင်လည်း အရည်အသွေး ထိန်းသိမ်းရေးနှင့် ပတ်သက်၍ မပြတ်စစ်ဆေးသွားမည်ဖြစ်ပါတယ်။

စီမံကိန်းနဲ့ ပတ်သတ်တဲ့ အာမခံမှုဆိုတာ ရင်းနှီးမြုပ်နှံသူ( စီမံကိန်းတည်ဆောက်သူ) နဲ့ စီမံကိန်း လုပ်ဆောင်ရန်အပ်နှင်းတဲ့ ပိုင်ရှင် က လုပ်ရတာမဟုတ်ဘူး...ဒီလို တနိုင်ငံနဲ့ တနိုင်ငံကြားမှာ ဖြစ်ပေါ်နေတဲ့ ရင်းနှီးမြုပ်နှံမှုမှာပိုသတိထားရတယ်။ စနစ်တကျတိုင်းတာရတယ်။ ကမ္ဘာတဝန်းလုံးက အသိအမှတ်ပြုတဲ့  (Reputable Insurance Broker)  က တာဝန်ယူမှု (Insurance Coverage )နဲ့ အာမခံပေးရတာ။ ဒီလိုအာမခံဘို့အတွက် စနစ်တကျတိုင်းတာမှုတွေကို ပိုင်ရှင်နိုင်ငံ နဲ့ နိုင်ငံတကာမှ အတတ်ပညာရှင် ၊ ဥပဒေပညာရှင်များမှ စနစ်တကျ အချိန်ယူတိုင်းတာ သတ်မှတ်ပီး PRI ( Political Risk Insurance ) ပြုလုပ်ပေးတဲ့ နိုင်ငံကို ပေးပို့ရတာ။ တခါတရံ နိုင်ငံသားတွေရဲ့ တန်ဖိုးတားမှုဟာ PRI တိုင်းတာလို့မရတဲ့ အထိတောင် ကျယ်ပြန့်မှုရှိလို့  PRIလုပ်ပေးလို့မရတာတွေလဲ ရှိတယ်။ ဘယ်ပစ္စည်းများကို သုံးမည်မို့လို့ ဘယ်လိုအာမခံပါသည်လို့ တဖတ်သတ်အာမခံတယ်ဆိုရင် သူ့နိုင်ငံအတွင်းမှာတည်ဆောက်ခဲ့ တဲ့ယန်စီမြစ်
တောင် ဘာ့ကြောင့်ပျက်ဆီးသွားခဲ့သလဲ။

၃ - ဧရာဝတီစီမံကိန်းများသည် ကြီးမားသောစီမံကိန်းများ ဖြစ်သည့်အတွက် နည်းပညာအရ ခိုင်မာမှု၊ သေချာမှုရှိ၊ မရှိကို သက်ဆိုင်ရာ ၀န်ကြီးဌာန မပါဘဲ နိုင်ငံတော်အစိုးရက ဖွဲ့စည်းပေးသော အင်ဂျင်နီယာ
ပညာရှင်များဖြင့် အချိန်ယူစစ်ဆေးသင့်ပါသည် ဆိုသော ဆွေးနွေးချက်ကိုလည်း အလေးထား ဆောင်ရွက်
သွားမည် ဖြစ်ပါတယ်

နည်းပညာပိုင်းဆိုင်ရာ ခိုင်မာမှုရှိ ။ မရှိဆိုတာကို အချိန်ယူစစ်ဆေးဘို့ အလေးထားဆောင်ရွက်ရင် စီမံ
ကိန်းကို ရပ်ဆိုင်းထားဘို့အတွက် တောင်းဆိုမှုကိုလဲ အလေးထားသင့်တယ်။ နှစ်ပေါင်းများစွာ စနစ်တကျ သင်ကြားမှုမရှိခဲ့တဲ့ ပညာရေးစနစ်နဲ့ လုပ်ပိုင်ခွင့်မရှိခဲ့တဲ့ နိုင်ငံရေးအခြေအနေတခုမှာ နိုင်ငံတော်အစိုးရက ဖွဲ့စည်းထားသော ပြည်တွင်းက ကိုယ့်အမျိုးသားပညာရှင်တွေဆီက တိတိကျကျ ရနိုင်တဲ့ တိုင်းတာတွက်
ချက်မှုတခုပဲ ရှိမယ်။ အဲ့ဒါက ကိုယ့်တိုင်းပြည်ကို နစ်နာဆုံးရှုံးမှု မရှိစေလိုသော အမျိုးသားရေးစိတ်ဓာတ်။ (ဒီအချက်ကတောင် အာဏာရှင်အသိုင်းအဝိုင်းရဲ့ ဖိအားပေးမှုတွေနဲ့ တိတိကျကျ ထွက်ရှိလာမှာမဟုတ်
ဘူး.)

၎ - ဧရာဝတီရေအားလျှပ်စစ် စီမံကိန်းများသည် နိုင်ငံတော်လျှပ်စစ် ဓာတ်အားတိုးတက်ရရှိရေးနှင့် စက်မှု
ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်သင့်သော စီမံကိန်းများဖြစ်သော်လည်း မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်၍ သ
ဘာဝပတ်ဝန်းကျင် သက်ရောက်မှုနှင့် ဘေးအန္တရာယ်ရှိမှုသည် အပြောများလာသော ကိစ္စဖြစ်နေ၍ မြစ်ဆုံ
စီမံကိန်းကိုပတ်ဝန်းကျင် ထိခိုက်မှုရှိလျင်လည်း ထိခိုက်မှုအနည်းဆုံး ဖြစ်အောင် အန္တရာယ်ရှိမှုနှင့်ပတ်သက်
၍ လုံးဝအန္တရာယ်မရှိပါဟု အာမခံနိုင်သော အဆင့်ဖြစ်သွားအောင် ဥပမာ တာတမံတည် ဆောက်မှုပုံစံကို ပြောင်းလဲတည်ဆောက်ခြင်း၊ တမံအမြင့်ကို နှိမ့်ချ၍ ရေသိုလှောင်မှု လျော့ချလျက် တည်ဆောက်ခြင်း၊ တမံ
နေရာကို ပြောင်းရွှေ့ပြီး အထက်ဘက်၌ နေရာရွေး၍ တည်ဆောက်ခြင်း စသည်တို့ဖြင့် နည်းလမ်းပြောင်း
လဲ စဉ်းစားသင့်ကြောင်းနှင့် ဒီဇိုင်းကိစ္စ ပြန်လည်ဆန်းစစ်လေ့လာခြင်း၊ ပတ်ဝန်းကျင်ကိစ္စ ဆန်းစစ်လေ့လာ
ခြင်းပြုလုပ်နေချိန်တွင် စီမံကိန်းများကို ရပ်ဆိုင်းထားခြင်းမပြုဘဲ မြစ်၏အထက်ဘက် မူလလျာထားသော စီ
မံကိန်းဖြစ်သည့် ချီဖွေစီမံကိန်းကို ဦးစွာလုပ်ဆောင်လျှင် ရ၊ မရ စဉ်းစားအကောင်အထည်ဖော်သင့်ကြောင်း အကြံပြုချက်သည် လျှော်ကန်သင့်မြတ်သော အကြံပြုချက်ဖြစ်ပါသည်။

အရာရာတိုင်းမှာ Risks and Rewards  ဆိုတာ ရှိတယ်။ လုံးဝ အန္တရာယ်မရှိပါဆိုတဲ့ အဆင့်ကို ဘယ်လို
အာမခံထားသလဲ။ တရုတ်က အာမခံပေးတာပဲလား ( အလွန်ရီစရာကောင်းတယ်)။ စီမံကိန်းများကိုရပ်
ဆိုင်းထားခြင်းမရှိပဲ ဘယ်လို လေ့လာမှုရလာဒ်မျိုးနဲ့ အကောင်အထည်ဆက်လက် ဖော်ဆောင်နေတာလဲ။ မသေဆေးဖော်တာစွမ်း ။ မစွမ်း သိချင်လို့ အရင်သတ်ပြစ်လိုက်တဲ့ အခြေအနေမျိုးဖြစ်နေတယ်.။

၅ - နိုင်ငံတော်အစိုးရသည် နိုင်ငံတော်နှင့် ပြည်သူအတွက် ရေရှည်အကျိုးရှိမည့် လျှပ်စစ်စီမံကိန်းများကို မူဝါဒနှင့် အဆုံးအဖြတ်များချမှတ်၍ ဥပဒေနှင့်အညီ ဆောင်ရွက်လျှက်ရှိပါတယ်။ ထို့အတူ ၀န်ကြီးဌာနက
လည်း နိုင်ငံတော်အစိုးရ၏ တာဝန်ပေးအပ်မှုအရ ၄င်းစီမံကိန်းဆိုင်ရာလုပ်ငန်းများကို နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အတိုင်း ဥပဒေများနှင်အညီ အကောင်အထည် ဖော်ဆောင်ရွက်ရပါ
တယ်။ ယခုလည်း ၀န်ကြီးဌာန မှ ၄င်းအတိုင်းပင် နာခံဆောင်ရွက် လျှက်ရှိပါတယ်။ယခုအခါ ပြည်သူကရွေး
ချယ်ထားသော ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော လွှတ်တော်အသီးသီး ပေါ်ပေါက်လာပြီ
ဖြစ်သဖြင့် လွှတ်တော်၏ သဘောထား အဆုံးအဖြတ်၊ အစိုးရအဖွဲ့၏ မူဝါဒ အဆုံးအဖြတ်အတိုင်း ဥပဒေနှင့်
အညီ ၀န်ကြီးဌာနအနေဖြင့် လျှပ်စစ်စီမံကိန်းများကို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မိမိတို့ဝန်ကြီးဌာနသည် လွှတ်တော်နှင့် နိုင်ငံတော်အစိုးရ၏ တာဝန်ပေးမှုဖြင့် ပြည်သူအကျိုးရှိစေမည့် လျှပ်
စစ်စီမံကိန်းများကို အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း..

ကိုယ့်ဂုဏ်ကိုယ်ဖော်နေခြင်းထက် စီမံကိန်း နဲ့ တိုက်ရိုက်ပတ်သတ်တဲ့ Contract Agreement  မှ အားနည်းချက်၊ အားသာချက်များကို သက်ဆိုင်ရာ ဘာသာရပ်အသီးသီးမှကျွမ်းကျင်သူမြန်မာအမျိုးသား
များမှ ထောက်ပြနိုင်ရန် ၊ ပွင့်လင်းမြင်သာမှုရှိရန်လိုအပ်သည်။" ယုံကြည်ပါ " ဆိုသည့် စကားတစ်ခွန်းဖြင့်
ယုံကြည်မှု တည်ဆောက်၍ မရနိုင်ပါ။

Ref:
အချူပ်အားဖြင့် ဆိုသော် အဆိုပါစီမံကိန်းကြောင့် ပျက်စီးဆုံးရှုံးမည့် သဘာဝပါတ်ဝန်းကျင်၊ ယဉ်ကျေးမှုအ
မွေအနှစ်များ၊ အပြင် စီမံကိန်းပြီးစီးပါက ထွက်ရှိလာမည့် လျှပ်စစ်ဓါတ်အားကို တရုတ်က ၉၀ ရာခိုင်နှုံး၊ မြန်
မာက  ၁၀ ရာခိုင်နှုံးသာရမည့် အပြင် ထိုရေကာတာကြီးအား နှစ် ၃၀ ကြာတရုတ်တို့ ကအပြည့် အ၀ ထိန်း
ချူပ်စီမံမှာမို့ ထိုနှစ်ကာလလွန်မြောက်ပြီး မြန်မာပြည်အား လွှဲအပ်ရမည့် အချိန်တွင် သုံးစားလို့ မရလောက်
အောင်ပင် ယိုယွင်းသွားနိုင်သည်မို့ အဘဆရာများလည်ချောင်းသွေးထွက်မတတ် အမြဲရွတ်ဆိုနေကြသည့် 
(ထုတ်ဝေသမျှ စာအုပ်၊ စာတမ်း၊ စာစောင်၊ ဂျာနယ်များတွင်မပျက်မကွက်ထည့် သွင်းရိုက်နှိပ်ခဲ့ ကြရသော)
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များထဲမှ အပါအ၀င်ဖြစ်သည့် ....

အမျိုးဂုဏ် ၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အမျိုးသားရေး လက္ခဏာများ မပျောက်
ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး ဟူသည့် လူမှုရေး ဦးတည်ချက်....

နိုင်ငံတော် စီးပွားရေးတရပ်လုံးကို ဖန်တီးနိုင်မှုစွမ်းအားသည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူတို့ ၏ လက်ဝယ်တွင်ရှိရေး ဟူသည့် စီးပွားရေး ဦးတည်ချက်....

ဟူသည့် အချက်အလက်များနှင့် ဖြောင့် ဖြောင့် ကြီးဆန့် ကျင်နေပါသဖြင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ
အတွက် အကျိုးထက်အပြစ်ကပို၍များသော၊ရိုးရာယဉ်ကျေးမှုအမွေအနှစ်၊ပတ်ဝန်းကျင်တောတောင်ရေ
မြေသဘာဝလက္ခဏာများပျက်စီးဆုံးရှုံးမှုကြီးများမည့်မြစ်ဆုံစီမံကိန်းအပါအ၀င်မည်သည့် စီမံကိန်းကိုမဆို
ကန့် ကွက်ပါသည်....


Kyi Wah Htun  ဖေ့ စ်ဘွတ်မှ ကူးယူကာဖြည့် စွက်ဖော်ပြပါသည်...

13 comments:

လင်းဦး(စိတ်ပညာ) said...

မိခင်ဧရာဝတီရဲ့ အသက်သွေးကို အတူလက်တွဲ တတ်နိုင်တဲ့ဖက်ကနေ ရပ်တည်ကာကွယ်ကြပါစို့ ကိုပီတာရေ

SHWE ZIN U said...

............ ဟူသည့် အချက်အလက်များနှင့် ဖြောင့် ဖြောင့် ကြီးဆန့် ကျင်နေပါသဖြင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ အတွက် ........

အကျိုးထက်အပြစ်ကပို၍များသော၊ရိုးရာယဉ်ကျေးမှုအမွေအနှစ်၊ပတ်ဝန်းကျင်တောတောင်ရေ
မြေသဘာဝလက္ခဏာများပျက်စီးဆုံးရှုံးမှုကြီးများမည့်မြစ်ဆုံစီမံကိန်းအပါအ၀င်မည်သည့် စီမံကိန်းကိုမဆို ကန့် ကွက်ပါသည်....

ကိုပီတာ နှင့် အတူတူ တည့်တည့်ကြီး ဆန့်ကျင် ပါသည်

ကျေးဇူးကိုပီတာ
ခင်မင်စွာဖြင့်
ရွှေစင်ဦး

nssa said...

Absolutely right. This dam construction is completely opposite with what they are always saying. What they are saying and what they are doing are totally opposite. Shame on you, stupid government. LONG LAST IRRAWADDY!!!

Thanks Uncle Peter,
Phyo Phyo

mstint said...

'မြစ်ဧရာ' ထာဝရအေးချမ်းစွာစဉ်ဆက်မပြတ် စီးဆင်းနိုင်ခွင့်ရှိပါစေလို့ ဆုတောင်းမိပါတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ကိုအောင် said...

မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ထပ်တူထပ်မျှ ကန့်ကွက်ပါတယ်၊ ဧရာဝတီမြစ်ကြီး အဓွန့်ရှည်ပါစေ ...

မေသိမ့်သိမ့် ကျော် said...

မြစ်ဧရာ ကြည်လင်စွာစီးဆင်းပါစေ။


ခင်တဲ့
မေသိမ့်

Angel Shaper said...

ဒါတို့မြစ်... ဒါတို့မြစ်... တို့အားလုံးရဲ့ ဧရာဝတီမြစ်....
ဒို့နှလုံးသား အသက်ထပ်တူညီ ချစ်လို့ ကာကွယ်ကြမည်။
ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါသည်။

စိတ်၏ဖြေရာ said...

တရုတ်ရော၊အာဏာပိုင်တွေကိုရောအယုံအကြည်မရှိပါ။
မြစ်ဆုံရေကာတာတည်ဆောက်တာကိုကန့်ကွက်ပါတယ်။

Anonymous said...

ဧရာဝတီမြစ်ဆုံရေကာတာ စီမံကိန်းကို လုံးဝလုံးဝ ကန့်ကွက်ပါတယ်...
ဧရာဝတီ ထာဝစဉ်စီးဆင်းနိုင်ပါစေလေ


ချမ်းမြေ့ပါစေ
ချယ်ရီမြေ

Anonymous said...

ဧရာဝတီမြစ်ဆုံရေကာတာ စီမံကိန်းကို လုံးဝလုံးဝကန့်ကွက်ပါတယ်...
ဧရာဝတီ ထာဝစဉ်စီးဆင်းနိုင်ပါစေဟု

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

mr.high flyer said...

ကိုပီတာနှင်အတူတူ...
မြန်ပြည်သားများနှင့်အတူတူ...
မိခင်ကြီး.ဧရာ နှင့်အတူတူ
ပြတ်သားစွာဆန့်ကျင်ပါသည်

maylay said...

ကျမတို့ ဒီလိုပဲ ကန့်ကွက်တယ်လို့ ပြောနေရုံနဲ့တော့ သူတို့က မှုမှာ မဟုတ်ဘူးနော်။ ဘာထပ်လုပ်သင့်သလဲ။ တခုခုလုပ်သင့်ပြီ။ နီးစပ်ရာ နည်းများရှိရင်ဖြင့် လမ်းညွှန်ကြပါဦးလား။ ရေတစက်လေးသော် ဖြစ်ရရင်လည်း ဖြစ်ပါရစေ။ ကျမဖြင့် ကန့်ကွက်တယ်လို့ ပြောနေကြတဲ့သူတွေများလာတာကိုသာ တွေ့ရပြီး သူတို့ ပြောင်းလဲမှာ မဟုတ်လောက်ဘူးဆိုတာကိုလည်း သိနေရတော့ သိပ်ပြီး ခံစားရသလို ဖြစ်နေတယ်။ ဘယ်လိုနည်းလမ်းများရှိနိုင်မလဲရှင်။ ဆန္ဒပြ၊ စကားပြော ဆွေးနွေး အဲလိုတွေရောလုပ်ဖို့လိုမလား....

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါ ကိုပီတာ
ဂျစ်တူးလည်းအပြည့်အဝ ကန့် ကွက်ပါတယ်ခင်ဗျာ-
သူတို့ကတော့လက်မရှော့ဘူးဆက်လုပ်မယ်တဲ့ -
ဂျစ်တူးတို့ ဘာလုပ်သင့်သလဲဗျ-