Coloured chicks are the new black

Wednesday, September 21, 2011

ရောင်စုံကြက်ပေါက်ကလေးများ ခေတ်စားလာနေ...


Coloured chicks: cute or cruel? Image source: STOMP

                                   Coloured chicks: cute or cruel? Image source: STOMP ကြက်ကလေးတွေအရောင်စုံတယ်....




ပြောရယင်တော့ ရောင်စုံကြက်သားပေါက်ကလေးများ တရုတ်နိုင်ငံတွင် ခေတ်စားနေတယ်လို့ ဆိုပါတယ်..
ကြက်ကလေးများအကောင်ပေါက်လာလျှင် အရောင်မျိုးစုံဖြစ်လာစေရန် သားဖောက်မည့် ကြက်ဥများအား
ဆေးရောင်များထိုးသွင်းပေးနေကြတယ်လို့ ဆိုပါတယ်...
အဆိုပါကြက်သားပေါက်ကလေးများအား ချစ်စရာကစားစရာလေးများအဖြစ်၊ အိမ်မွေးအလှအဆင်တန်ဆာ
ကလေးများအဖြစ် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ မလေးရှားနိုင်ငံ၊ မော်ရိုကိုနိုင်ငံ၊ ယီမင်နိုင်ငံနှင့် အမေရိကန်
ပြည်ထောင်စုတို့ တွင်ပါ လမ်းများပေါ်တွင် လမ်းဘေးဈေးသည်များက ရောင်းချနေကြပါတယ်...
ကြက်ဥများအတွင်းထိုးထည့် သည့် ဆိုးဆေးများတွင် (ကြက်ပေါက်ကလေးများအားအဆိပ်အတောက်ဖြစ်
စေနိုင်သည့် ) ဟိုက်ဒြိုဂျင်ပါအောက်ဆိုဒ် နှင့် အမိုးနီးယား ဓါတ်များ ပါဝင်သောကြောင့် တိရိစ္ဆာန်များအား
ညှင်းပန်းနှိပ်စက်၊ ရက်စက်ကြမ်းကြုတ်မှု မြောက်မမြောက် အငြင်းပွားမှုများဖြစ်ပေါ်လာနေပါတယ်...

အစားအသောက်များအားအရောင်ဆိုးခြင်းအား ပြုလုပ်လေ့ ရှိကြကာ လူသားများအတွက် အန္တရယ်မရှိ
သော်လည်း သန္ဓေသားကြက်ပေါက်ကလေးများအတွက် အဆိပ်အတောက်ဖြစ်စေကာ၊ သေဆုံးနိုင်ပါသေး
တယ်...
ကြက်ကလေးများအား အရောင်သွင်းခြင်းမှာ အမြဲတည်တံ့ နေသည်တော့ မဟုတ်ပါပေ...
ကြက်ပေါက်ကလေးများ ကြီးပြင်းလာသည်နှင့် အမျှ အတောင်အမွှေးအသစ်များက အရောင်ဆိုးထားသည့် 
အတောင်များအား အစားထိုးဝင်ရောက်ပေါက်လာသည်မို့ ပိုင်ရှင်များ၏စိတ်ဝင်စားမှု နည်းလာကာ စွန့် ပစ်
ခံရဖွယ်ရှိပါတယ်...

လူနဲ့ လူ့ ပါတ်ဝန်းကျင်အပေါ် ကျင့် ဝတ်သိက္ခာစောင့် စည်းမှုမရှိတဲ့ တရုတ်နိုင်ငံက ကိုယ်ကျိုးရှာအတ္တ
သမားတွေရဲ့ လုပ်ရပ်ပေါင်းသောင်းခြောက်ထောင်ထဲက တစ်ခုပါပဲ...
ရွှေပြည်ကြီးမှာအခုမရောက်သေးပေမယ့် တစ်ချိန်တော့ ရောက်လာပြီး လုပ်စားကြဦးမှာအသေအချာပါပဲ...

In China, coloured chicks are the new black. Literally.
Chicken eggs are being injected with dye in order to produce multi-coloured chicks upon hatching.
They are then sold as toys or accessories by street vendors in China, India, Malaysia, Morocco, Yemen and even the United States.
Questions of animal cruelty have arisen as a result, as dyes often comprise hydrogen peroxide and ammonia.
Food colouring could also have been used and while it is harmless on humans, it could cause intoxication and even death for the chicken embryos.
The colouring is not permanent either. As the hatchlings grow, new feathers will replace the coloured ones, causing them to lose their visual appeal and run the risk of being discarded by their owners.
Source: Asiaone

2 comments:

maylay said...

မဟုတ်တရုတ်လေ။ မဟုတ်တာမှန်သမျှ တရုတ်ကလုပ်တတ်လို့ ဒီစကားဖြစ်နေတာ။ မဟုတ်မဟပ် လုပ်ဇာတ်တွေနဲ့ အမျိုးမျိုးသောနည်းတွေနဲ့ ကမ္ဘာကို ကိုင်လှုပ်နေချင်တာလေ။ ဘာတဲ့ အာရှနဂါးဆိုလားပဲ။

paradisefalls said...

ကျနော်ဆိုရင်ကြက်တွေကိုဘယ်တော့မှအိမ်မွေးတိရိစ္ဆာန်
အဖြစ်ထားမှာမဟုတ်ပါဘူး ကြက်ပေါက်စနလေးတွေရဲ့အသံဟာ
တော်တော်စိတ်အနှောက်အယှက်ဖြစ်ဖို့ကောင်းတယ်