How about sex for lunch?

Sunday, September 25, 2011

စားကြဦးမလား...နေ့ လည်စာအဆာပြေ...

 
ယူကရိန်းကသတ်သတ်လွတ်ဟင်းချိုလာပို့ တာပါရှင်...

မလေးရှားနိုင်ငံမှ ပြည့် တန်ဆာလုပ်ငန်းလုပ်ကိုင်သည့် အဖွဲ့ အစည်းတစ်ခုဟာအလုပ်အလွန်များနေသည့် 
လုပ်ငန်းရှင်၊ အရာရှိများ၊ ဇနီးမယားများကအချိန်ပြည့် စောင့် ကြည့် အကဲခတ်ခြင်းခံနေကြရသည့် အိမ်
ထောင်ရှင်အမျိုးသားမျးအတွက် အချိန်ကုန်သက်သာကာ၊ သံသယကင်းစွာဖြင့် အဆာပြေမွေ့ လျော်ပျော်
ပါးနိုင်ရန် နေ့ လည်စာစားချိန်တွင် အမျိုးသမီးငယ်များအား ရုံးခန်း၊ လုပ်ငန်းခွင်များသို့ အရောက်ပို့ ဆောင်
ပေးလျှက်ရှိပါတယ်...
အဆိုပါအဖွဲ့ အနေဖြင့် ပုံမှန်အားပေးသုံးစွဲနေသူဖောက်သည်များထံ နေ့ လည်စာစားချိန်များတွင်(သာမာန်
သူများဆိုလျှင် သတိမပြုနိုင်မည့် ) လျှို့ ဝှက်သင်္ကေတဖြင့် ရည်ညွှန်းထားသည့် အစားအသောက်အမည်
များဖြင့် ( အလိုရှိသည့် အမျိုးသမီးများအားမှာယူ / ခေါ်ယူနိုင်ရန် ) ဖုံးမက်ဆေ့ ခ်ျ ( သတင်း ) များပေးပို့ 
လေ့ ရှိပါတယ်...

ဈေးနှုံးများကတော့ ထိုကဲ့ သို့ ပြည့် တန်ဆာအဖြစ်လုပ်ကိုင်သည့် အိမ်ထောင်ရှိသူအမျိုးသမီးများက တစ်ခါ
မွေ့ လျော်ပျော်ပါးလျှင် မလေးရှားရင်းဂစ်ငွေ ၂၀၀ ဖြစ်ပြီး အမျိုးစုံသည့် နိုင်ငံတကာမှအမျိုးသမီးများက
တော့ ရင်းဂစ်ငွေ ၁၇၀ သာကုန်ကျမှာဖြစ်ပါတယ်...
အားပေးစားသုံးသူများခံတွင်းတွေ့ စေဖို့ တစ်ခါတစ်ရံစူးစူးရှရှလေးအရသာရှိမည့် ထိုင်းတုံယမ်း ကလေးများ
ရတတ်သလို လျှာရင်းမြက်စေမည့် တရုတ်ခေါက်ဆွဲလေးများလည်းအဆင်သင့် ရှိနေသကဲ့ သို့ ခံတွင်းလိုက်
စေမည့် အင်ဒိုနီးရှားပုဇွန်ထုတ်ကွေး ကလေးများလည်းရတတ်နိုင်ပါသေးတယ်...
ရွှေပြည်ကြီးမှ စွဲမက်ဖွယ်အမျိုးသမီးရွှေမလေးများကိုတော့ မြန်မာ့ ကြက်စပ်ပဲငပိ ဟုအမည်ပေးထားပြီး၊ ယူ
ကရိန်းမှ စိမ်းလန်းစိုပြည်သူလေးများကိုတော့ ယူကရိတ်သတ်သတ်လွတ်ဟင်းချိုလို့ ခေါ်ဆိုထားပါတယ်...

မှာယူအားပေးသူများအနေဖြင့် အစားသောက်များအား၄၅မိနစ်အတွင်း စိတ်ကြိုက်သုံးစွဲနိုင်မှာဖြစ်ပါတယ်..
ပေးပို့ သည့် ကြေငြာမက်ဆေ့ ခ်ျ(သတင်းစကား) များအရမှာကြားမှုကိုလက်ခံရရှိပြီးသည်နှင့် တစ်ပြိုင်နက်
အမျိုးသမီးများအားချက်ချင်းပို့ ဆောင်ပေးမှာဖြစ်တယ်လို့ သိရပါတယ်...
အမျိုးသမီးအများစုကတော့ အသက် ၂၅ နှစ်အောက်ဖြစ်ပါတယ်...

ကဲ ....
ကောင်းကြသေးရဲ့ လားဗျာ...
မလေးရှားမှာရနိုင်တဲ့ မြန်မာ့ ကြက်စပ်ပဲငပိပါတဲ့ ...

ခါးတွင်းပျက်နေတယ်လို့ ဆိုတဲ့ ဘကြီးတစ်ယောက်ကိုသတိရမိပါရဲ့ ...

A syndicate is offering prostitutes during lunch hours to busy individuals or those who are closely monitored by their spouses.
The syndicate would send SMSes to their regular customers with secret codes disguised as food items.
And the price for "home-cooked food" (housewife) is RM200 and "international cuisine" (foreign women) costs RM170.
Sometimes, the syndicates also offers 'Thai tom yam soup', 'Cantonese fried noodles' and 'Indonesian spicy prawn' to their customers.
Myanmar women are termed 'Myanmar chili bean paste meat' and Ukrainians are called 'Ukraine vegetable soup'.
The SMSes state that the customers have only 45 minutes to "taste the food".
According to the SMSes, the women would be delivered to their customers once they receive the orders.
Most of the women were said to be below 25 years old.
Source: Guang Ming Daily
Published Sept 25, 2011

3 comments:

မိုးယံ said...

ဘကြီးခံတွင်းပျက်တယ်ပြောထားတာ ကြာပါပြီ ငါ့တူရယ်....ငါ့တူက တယ်လဲ အမှတ်ကောင်းသကိုး...ခွစ်ခွစ်

(ကန်တော့ ကန်တော့်နော် ကိုပီတာ)

maylay said...

မြန်မာ့ကြက်စပ်ပဲငပိတဲ့လား။ နာမည်များလိုက်တာကွယ်။ ဒီမှာတော့ ရွှေကလေးတွေတဲ့။ ရွှေအဆင်းဆိုရင်ဖြင့် လိုတာရစေ့ရမယ်လို့များ ထည့်ပြောတာတဲ့။ ကဲနော်။ ကြားရ နားဝမချမ်းသာဘဲ မျက်စိထဲ ခရောစ့်ဖြစ်ပေမယ့် သူတို့ သမုဒ္ဒရာကို သူတို့ဖြည့်နေဖို့က ဒီနည်းနဲ့ဆိုတော့လည်း။။။။။။။။။။။။။။။။။။။။။။။

စကားမစပ် အစ်ကိုကျော်ရော ဘာများရောချင်သေးလဲ ဟဟား စိတ်မရှိပါနဲ့ ရင်းနှီးသမှုနဲ့ နောက်တာပါရှင့် ကျန်းမာပျော်ရွှင်ပါစေ

ခင်တဲ့ မေလေး

paradisefalls said...

ဒီလိုမှန်းသိရင်မလေးကနေပြန်မလာသေးပါဘူးဗျာ
ြ့ကြက်စပ်ပဲငပိ ကိုတော့ မြည်းစမ်းချင်ပါရဲ့ :P