Saudi restaurant fines diners for leftovers

Friday, September 16, 2011

စားနိုင်သည်ထက်အဆမတန်ပိုမှာကာ မကုန်နိုင်သူများအားဒါဏ်ရိုက်မည်...


မိမိတို့ အမှန်တစ်ကယ်စားသုံးနိုင်သည်ထက် (အများအပြား) ပိုမိုမှာယူသည့် လာရောက်စားသုံးသည့် အား
ပေးသူဧည့်သည်များအား အပိုဒါဏ်ကြေးထပ်မံကောက်ခံသည့် စနစ်တစ်ခုကို ဆော်ဒီနိုင်ငံမှ စားသောက်
ဆိုင်တစ်ခုက စတင်ကျင့် သုံးခဲ့ ပါတယ်...
ဆော်ဒီနိုင်ငံအရှေ့ ပိုင်းဒေသရှိ ဒမ်မန်မြို့ မှစားသောက်ဆိုင်၏ မကုန်နိုင်မခမ်းနိုင်မှာကြားပြီး ထားပစ်ခဲ့ ကာ
အလဟဿ သွန်ပစ်လိုက်ရခြင်းများအား ထိန်းချူပ်သည့် ရည်ရွယ်ချက်ကတော့ အစားအသောက်များအ
ကြောင်းမဲ့ စွန့် ပစ်ရခြင်းနှင့် ကြီးကျယ်ခမ်းနားစွာမှာကြားကာဖြုန်းတီးပစ်ရခြင်းများအား တားဆီးနိုင်ရန်အ
တွက် ချင့် ချိန်မှာယူနိုင်ရန်ရည်ရွယ်ခြင်းဖြစ်သည်ဟု စားသောက်ဆိုင်ပိုင်ရှင် ဖာဟက်အယ်လ်အနက်ဇီ က
ပြောကြားခဲ့ ပါတယ်...

 မကုန်နိုင်မခမ်းနိုင်မှာကြားပြီး သွန်ပစ်ရတာကတော့ နှမြောဖို့ အလွန်ကောင်းပါတယ်...
မိမိတို့ ကငွေကြေးတတ်နိုင်လို့ ဘာမှမဖြစ်သော်လည်း ကမ္ဘာအရပ်ရပ်မှာ စားနပ်ရိက္ခာမဖူလုံလို့ 
အငတ်ဘေးကြုံတွေ့ နေရသူပေါင်း သန်းနဲ့ ချီရှိနေတာကို သတိပြုမိသင့် ပါတယ်...


" ၎င်းတို့ ရဲ့ အဆင့် အတန်းဂုဏ်သိက္ခာမြင့် မား၊ ပလွှား၊ ကြွားဝါလိုတာကြောင့် ဆိုင်အတွင်းရှိတစ်ခြားလာ
ရောက်စားသုံးသူများ အထင်ကြီးစေရန် ပိုမိုမှာယူလေ့ ရှိသည့် ဖောက်သည်စားသုံးသူများ အများအပြားရှိပါ
တယ်..." ဟု ၎င်း(ဆိုင်ပိုင်ရှင်) ကပြောကြားခဲ့ ပါတယ်...
ယခုကဲ့ သို့ ဒါဏ်ရိုက်ခြင်းအစီအစဉ်ဟာ အတ္တကြီးကြီး၊ လောဘကြီးကြီးဖြင့် မိမိတို့ စားသုံးနိုင်တာထက်ပိုပြီး
မှာကြားကာ ကျန်ရစ်ခဲ့ သည့် အစားအသောက်ပမာဏအပေါ်လိုက်၍ သတ်မှတ်ခြင်းဖြစ်ပါတယ်.....
ယခင်ကမရှိခဲ့ ဖူးသည့် အစီအစဉ်သစ်အားစိတ်ကူးအကောင်အထည်ဖေါ်မှုအား ဆော်ဒီနိုင်ငံသားအများစု
က အားပေးထောက်ခံခဲ့ ကြပါတယ်လို့ လည်း အယ်လ်အနက်ဇီ ကဆိုပါတယ်...

ဆော်ဒီလို ရေနံသူဌေးတွေနေတဲ့ နိုင်ငံကတော့ အခုလိုအစားအသောက်တွေဘုံးပေါလအောစွန့် ပစ်နေ
တာအမှန်ပါပဲ...
လုပ်သင့် လုပ်ထိုက်တဲ့ လုပ်ရပ်ပါပဲ...


A Saudi restaurant has started charging diners if they order more than they can eat.
The move against leftovers by Marmar Restaurant in the city of Dammam in the Eastern Province is aimed at stopping food wastage and reduce extravagance by rationalising orders, said Fahad Al Anezi, the restaurant owner.
"There are many clients who make large orders in order to impress the people around them and boost their social prestige," he said.
The fine is symbolic for diners whose eyes or egos are bigger than their stomachs and is decided according to the quantity of the leftovers. The unprecedented idea has been largesly endorsed by Saudis, Al Anezi said.

2 comments:

paradisefalls said...

ဒီကိစ္စကိုထောက်ခံ၏

Han Kyi said...

မှန်ပါတယ် လိုတာထက်ပိုပြီး ဗုန်းပေါလအော ဖြုန်းတီးနေကြတာတွေကို ရပ်နိုင်ကြရင်ဖြင့် စားနပ်ရိက္ခာပြဿနာကို အထိုက်အလျောက်တော့ ထိန်းသိမ်းပြီးသားဖြစ်မှာပါ...ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်စားတာ ဘယ်သူ့ဂရုစိုက်ရမလဲဆိုတဲ့ ရွှေပြည်ကြီးက မောင်မင်းကြီးသားတွေကို ဒီစနစ်မျိုးနဲ့ နဖူးတွေ့ဒူးတွေ့ တွေ့စေချင်လိုက်တာဗျာ...High five for this restaurant owner!