Turkish morgue ready for the resurrection of the dead

Saturday, September 24, 2011

သေပြီးနောက်တစ်ဖန်ပြန်နိုးထလာသူများအတွက်အထူးစီမံထားသည့် ရေခဲတိုက်


သေဆုံးသွားခဲ့ ပြီဟုယူဆကာ အတည်ပြုပြီး ရေခဲတိုက်သို့ ပို့ ဆောင်ထားခဲ့ ပြီးနောက် အမှန်တစ်ကယ်အား
ဖြင့် အသက်မသေပဲ မေ့ မြောနေခဲ့ ရာမှ သတိပြန်လည်လာသူများအားကယ်တင်နိုင်မည့် အသက်ကယ်အ
ချက်ပေးစနစ်ပါဝင်သည့် ရေခဲတိုက်( လူသေအလောင်းများခေတ္တထားရှိရာအအေးခန်း )တစ်မျိုးအား တူရ
ကီနိုင်ငံအလယ်ပိုင်းရှိဒေသဆိုင်ရာအုပ်ချူပ်မှုအဖွဲ့ ရုံးစိုက်ရာမြို့ တွင်တည်ဆောက်ခဲ့ ပါတယ်..
ရေခဲတိုက်အတွင်းရှိ အအေးခန်းများအနေဖြင့် အတွင်းပိုင်းတွင် လှုပ်ရှားမှုတစ်စုံတစ်ရာရှိပါက တုံ့ ပြန်နိုင်
အောင်ဖန်တီးတည်ဆောက်ထားသည်ဟု တူရကီနိုင်ငံမှအနာတိုလီယာ သတင်းဌာနက ဖော်ပြခဲ့ ပါတယ်..
အနူးညံ့ ၊ အသိမ်မွေ့ ဆုံးလှုပ်ရှားမှုကလေးတစ်ခုကြောင့် ပင်လျှင် အရေးပေါ်သတိပေးချက်အား သက်ဝင်
လှုပှ်ရားကကြေငြာပေးစေမှာဖြစ်ပါတယ်လို့ သုဿန်တာဝန်ရှိသူကဆိုပါတယ်....


 အတွင်းကနေလူမကြားသူမကြားအော်ဟစ်ရုန်းကန်ပြီးအသက်မသေနိုင်တော့ ပါဘူး...
တံခါးခလုတ်ကလေးဖွင့် ပြီးကိုယ့် ဘာသာကိုယ်ထွက်လာနိုင်ပါလိမ့် မယ်...

"ဆရာဝန်များက သေဆုံးခဲ့ ပြီလို့ သတ်မှတ် ထားတဲ့ လူနာတစ်ယောက် သတိလစ်မေ့ မြောနေခဲ့ ရာမှ ပြန်
လည်သတိရလာခဲ့ လျှင်ဆိုတဲ့ အချက်အလက်ပေါ်ကိုအခြေခံပြီး ဖြစ်နိုင်သမျှအခြေအနေအားလုံးကို ကျွန်
တော်တို့ ထည့် သွင်းတွက်ချက်ထားပါတယ်..." လို့ အဆိုပါတာဝန်ရှိသူကဆိုပါတယ်...
အအေးခန်းတံခါးများကို အတွင်းမှဖွင့် နိုင်မည့် လက်ကိုင်များပါတပ်ဆင်ထားပါတယ် လို့ တာဝန်ရှိပုဂ္ဂိုလ်
အကစ်ဖ်ကာယာဒါကမူ့ စ် ကဆက်လက်ပြောကြားခဲ ပါတယ်...
မလတ်ယာ ပြည်နယ်တွင်တည်ရှိသည့် အဆိုပါရေခဲတိုက်တွင် လူသေအလောင်း ၃၆ ခုထည့် သွင်းသိမ်း
ဆည်းနိုင်ပါတယ်...

အခုအစီအစဉ်မျိုးကတော့ တစ်ကယ့် ကိုအအေးခန်း၊ ရေခဲတိုက်တိုင်းမှာလုပ်သင့် တဲ့ အစီအစဉ်ပါပဲ...
သေငယ်ဇောနဲ့ မြောနေခဲ့ ပြီး သတိလစ်နေခဲ့ သူခမျာ ဆရာဝန်၊မိသားစုများကသေပြီလို့ ထင်ပြီးရေခဲတိုက်
ဆီပို့ ခဲ့ ပြီးနောက် ပြန်လည်သတိရလာချိန်မှာ အားအင်ကုန်ခန်းနေတာကြောင့်ထထိုင်ကာမလျှောက်လှမ်း
နိုင်၊ အသံထွက်ပြီးအော်ဟစ်ကာအကူအညီမတောင်းနိုင်လို့ ဖြစ်စေ ( အော်ဟစ်အကူအညီတောင်းပါသော်
လည်း လူနေအိမ်ခန်းဆေးရုံ၊ ရုံးခန်းများနှင့် ဝေးကွာသောကြောင့် ခေါ်မကြားအော်မကြားလည်းဖြစ်တတ်ပါ
သေးတယ်...)၊ ရေခဲတိုက်၊ အအေးခန်းတံခါးအတွင်းဖက်ကဖွင့် လို့ မရတာကြောင့် ဖြစ်စေ စိုးရိမ်ထိတ်လန့် 
ကြောက်ရွံ့ စိတ်ဖြင့် နောက်တစ်ခါထပ်သေကြရတာကတော့ တွေးကြည့် ရုံမျှပင်ရင်နာစရာကောင်းလွန်းလှ
ပါတယ်...
မြန်မာပြည်မှာလည်းဒီလိုမြောနေခဲ့ ရာက သုဿန်ရောက်မှသတိရတာမျိုးတွေ၊ ရင်ခွဲရုံထဲမှာသတိပြန်ရခဲ့ 
တာမျိုးတွေရှိခဲ့ ဖူး၊ ရှိနေဆဲပဲဖြစ်မှာပါ...
သက်ဆိုင်ရာတာဝန်ရှိသူများဖတ်ရှုမိပြီး ယခုလိုအစီအမံများပါဝင်သည့် အအေးခန်းများ ဆောက်လုပ်နိုင်ပါ
စေသတည်း....

A local council in central Turkey has built a morgue with a warning system, in case apparently dead bodies come back to life.
The Turkish Anatolia news agency reported the mortuary's refrigerators are sensitive to movement inside. A cemetery official said the slightest motion would set off an alarm.
"If the patient, proclaimed dead by doctors, awakens from a state of unconsciousness, then we consider each and every possibility," he said.

The official, Akif Kayadurmus, added that the refrigerator doors were kitted out with internal door handles. The mortuary in the municipality of Malatya province, has a capacity for 36 bodies.

5 comments:

mstint said...

ကောင်းလိုက်တဲ့ နည်းစံနစ်လေးပါပဲ။ မျောနေတာကိုသပြီအထင်နဲ့ရေခဲတိုက်ထဲမှာ ပိတ်လှောင်ခံရပြီးကာမှ အမှန်တကယ်သေသွားတဲ့ ဖြစ်ရပ်မျိုး ၃ကြိမ်လောက်ကြားဘူးတယ်။
ကမ္ဘာနဲ့အဝှမ်းအလားတူ အအေးခန်းတွေဆောက်လုပ်နိုင်ပါစေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မိုးယံ said...

ဟုတ်ပတော်...

maylay said...

မြန်မာပြည်မှာလည်း အဲလိုရှိရင်ဖြင့် သိပ်ကောင်းမှာပဲ။ သေချိန်မတန်ဘဲ နောက်တခါမှ တကယ်သေရတာတွေ ကြားဖူးတော့စိတ်မကောင်းဘူး။ မြန်မာ မြန်မာ ဘယ်တော့များမှ အင်းးးးးးးးးးးးးးးးးးးးးးး


ကိုပီတာရေ ကျန်းမာပျော်ရွှင်ပါစေ။

maylay said...

မေ့လို့ မေ်းလ်မဝင်ဘဲ မန့်မိတာ။ ခု ပြန်မန့်ရတယ် ဟဲဟဲ။ မြန်မာမှာ အဲလိုလေး ရှိရင်လည်း ကောင်းမှာပဲ။နော်။ ကိုပီတာ ကျန်းမာပျော်ရွှင်ပါစေ

paradisefalls said...

ဟုတ်တယ်ကိုပီတာရေးးး
ဒီလိုဇာတ်လမ်းမျိုးခဏခဏကြားဖူးတယ်
ကောင်းလိုက်တဲ့အစီအမံလေးဗျာ