2010 South Africa World Cup, “Made In China

Friday, July 23, 2010
တရုတ်တွေအနိုင်ရသွားတဲ့ ကမ္ဘာ့ ဖလားပြိုင်ပွဲကြီး....

ကမ္ဘာ့ ဖလားဘောလုံးပွဲကြီးပြီးခဲ့ လေပြီ...
အောင်မြင်စွာကျင်းပနိုင်ခဲ့ ၍အိမ်ရှင်နိုင်ငံဖြစ်သောတောင်အာဖရိကနိုင်ငံသည်လည်း အများ၏ချီးမွမ်း
ခြင်းခံရပြီး ဂုဏ်တက်ကာ လာရောက်ကြည့် ရှုအားပေးသူများကိုအမှီပြုပြီး စီးပွားရေးအရလည်း အ
ကျိုးရှိခဲ့ ပေသည်....
စပိန်နိုင်ငံသည်လည်းနောက်ဆုံးဗိုလ်လုပွဲတွင် တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရကာ ပထမဦးဆုံး
ကမ္ဘာဖလားကို ဆွတ်ခူးသွားနိုင်ခဲ့ သည်မို့ ပျော်တစ်ပြုံးပြုံး မော်မဆုံးချေ...

သို့ သော် ထိုနိုင်ငံများထက် ကမ္ဘာ့ ဖလားကိုအမှီပြုပြီး အကျိုးအမြတ်အများဆုံးဖြစ်သွားခဲ့ သူကတော့ 
ကျွန်တော်တို့ ရွှေပြည်ကြီးက ဘဘများ အားကိုးကြသည့် ဆရာကြီး တရုတ်နိုင်ငံပင်ဖြစ်ပေတော့ သည်...
ထိုသို့ အသေအချာပြောနိုင်ရသည့် အကြောင်းအရင်းများကတော့ ....

တောင်အာဖရိက ကမ္ဘာ့ ဖလားတရုတ်ပြည်ကပြုလုပ်ပေးသည်...



သမီးတို့ ကချူပ်...အစ်ကိုတို့ က ကန်....
တရုတ်ပြည်တွင်ပြုလုပ်သည်...

တောင်အာဖရိကတွင်ကျင်းပခဲ့ သည့် ကမ္ဘာ့ ဖလား ဘောလုံးပြိုင်ပွဲတွင်ကန်ခဲ့ ကြသောဘောလုံး၊
ကမ္ဘာဖလားပွဲ၏အထိမ်းအမှတ် အရုပ်၊ ကမ္ဘာဖလားပွဲအတွက် ကွန်ဒွန် ၊ အားလုံးအားလုံး တရုတ်
ပြည်မှပင် ထုတ်လုပ်တင်ပို့ ရောင်းချခဲ့ ရလေသည်...
ဤနည်းများဖြင့် တရုတ်တို့ ကမ္ဘာ့ ဖလားဘောလုံးပွဲကို ဖိုင်နယ်ရောက်သည်အထိ ပါဝင်ခဲ့ ကြသည်
ဟုဆိုလျှင် လွန်မည်မထင်ပေ....



The “Jabulani” South Africa World Cup ball ....


ကန်...ကန်...အားရအောင်ကန်....
သိပ်တန်တဲ့ တရုတ်ပြည်လုပ်ဘောလုံး...

တရုတ်ပြည်တွင် ကျာဘူလားနီ ဟုအမည်ရသည့် တောင်အာဖရိက၊ ကမ္ဘာ့ ဖလားဘောလုံးပွဲတွင်
တရားဝင်အသုံးပြုမည့် ဘောလုံးများကို တရုတ်နိုင်ငံ၊ ကျန်းစီ ပြည်နယ်၊ ကျူကျန်းမြို့ ရှိ Jianxi
Jiujian Si Mao Bo ကုမ္ပဏီမှ ၂၀၀၉ ခုနှစ် မေလကပင် အဓိကထုတ်လုပ်တင်သွင်းခွင့် ရရှိခဲ့ ပါ
သည်...
ထိုကုမ္ပဏီဘောလုံးစက်ရုံမှ တစ်လလျှင် လုပ်ခ ၂၀၀၀ ရင်မင်ဘီ ( တရုတ်ငွေကြေး ) ရကြသော
ဝန်ထမ်းပေါင်း ၇၀၀၀ မှ ဘောလုံးပြိုင်ပွဲများမစခင် ယခုနှစ်မေလ အထိဘောလုံးပေါင်း ၁၂ သန်း
ထုတ်လုပ်ခဲ့ ပါတယ်...


The South Africa World Cup special little horn “Vuvuzela”: Made in China


ဗူဗူဇီလာ.... ဘာညာသာရကာ....
အကုန်လုပ်သည် ....တရုတ်ပြည်....

ကမ္ဘာ့ ဖလားမှာ နာမည်ကျော်ခဲ့ တဲ့ ဗူဗူဇီလာ ခေါ် ဟွန်းတစ်မျိုးကိုလည်း တရုတ်နိုင်ငံ၊ ကျီကျန်း
ပြည်နယ်၊ နင်ဟိုင် အရပ်ဒေသက ပလတ်စတစ်စက်ရုံတွေကနေ အဓိက ပြုလုပ်တင်ပို့ ရောင်းချခဲ့ 
တာဖြစ်ပါတယ်...


ဒင်းနှိပ်စက်လို့ နားပျက်ခဲ့ ရ....

အာဖရိကရှိ ဗူဗူဇီလာ များရဲ့  ၉၀ ရာခိုင်နှုံးဟာ တရုတ်နိုင်ငံ၊ ရီဝူး အသေးစား ထုတ်ကုန်ပစ္စည်း
ဈေးကွက် ဒေသကနေတင်ပို့ ရောင်းချခဲ့ တာဖြစ်ပါတယ်...

မှုတ်ကြမယ်ဟေ့ ကောင်းကောင်း....

ထိုစက်ရုံအလုပ်သမားများဟာလည်း လခ တရုတ်ငွေ ၂၀၀၀ ယွမ်မျှသာရတာဖြစ်ပါတယ်...
သူတို့ အနေနဲ့ ဟွန်းတစ်ခုကို လုပ်ခ အမေရိကန်ငွေ တစ်ပြားမျှလောက်သာရကြတာဖြစ်ပါတယ်...
အရှည် ၆၀ စင်တီမီတာရှိတဲ့ ဗူဗူဇီလာ တစ်ချောင်းရဲ့ ထုတ်လုပ်မှုကုန်ကျစားရိတ်က ၂ ယွမ် ခန့် 
မျှသာရှိပေမယ့် တောင်အာဖရိကနိုင်ငံကိုရောက်ရှိချိန်မှာတော့ လက်လီဈေးနဲ့ တစ်ချောင်း ၅၄ယွမ်
အထိ ရောင်းချနိုင်ခဲ့ ပါတယ်လို့ အဆိုပါ ဟွန်းကလေးတွေထုတ်လုပ်တဲ့ စက်ရုံပိုင်ရှင် ၀ူယီကျွန်း က
ပြောကြားခဲ့ ပါတယ်...

The official condom of the South Africa World Cup: Made in China


သင့် ဘ၀ အတွက် "သင့် အကြိုက် " ကိုရွေးချယ်ပါ...

လွန်ခဲ့ တဲ့ ဖေဖော်ဝါရီ ကတည်းကစပြီး တောင်အာဖရိကနိုင်ငံ၊ ကျန်းမာရေးဌာနဟာ တရုတ်နိုင်ငံ၊
Guangxi Guilin ရော်ဘာစက်ရုံမှ " သင့် အကြိုက် " ကွန်ဒွန်များကို ကမ္ဘာ့ ဖလားပွဲတော်အတွက်
တရားဝင်အသုံးပြုနိုင်ဖို့ အတွက် မှာကြားခဲ့ ပါတယ်...

မိုးကာခြုံမှ လုံမယ်နော်...


မေတ္တာချည်းသက်သက်နဲ့ ပါ...

ကမ္ဘာ့ ဖလားပွဲမစခင်အချိန်လေးအထိကို တရုတ်နိုင်ငံလုပ် ကွန်ဒွန်ပေါင်း သန်း ၁၀၀ ကျော် တောင်
အာဖရိကနိင်ငံကို တင်ပို့ ခဲ့ ပြီးဖြစ်တယ်လို့ ဘေဂျင်းအခြေစိုက် Legal Evening News ကဖော်ပြ
ခဲ့ ပါတယ်...

South Africa World Cup mascot Zakumi: Made in China

ဒါလေးလည်း ပေါက်ဖော်တို့ ဆီကပါပဲ...

တောင်အာဖရိက၊ ကမ္ဘာ့ ဖလားပွဲရဲ့ တရားဝင်အထိမ်းအမှတ်အရုပ် ဇာကူမီ ဟာလည်း တရုတ်
ပြည်မှာပဲ ထုတ်လုပ်တင်ပို့ ခဲ့ တာဖြစ်ပါတယ်...
အဆိုပါအရုပ်ထုတ်လုပ်ဖို့ အတွက် တရုတ်နိုင်ငံ၊ ဂွမ်တုန်ပြည်နယ်၊ ကျန်စုဒေသမှာ စက်ရုံပေါင်း
ရာနဲ့ ချီပြီးရှိနေပါတယ်လို့ သတင်းများအရ ဆိုပါတယ်...တစ်ခြားဒေသများကလည်းထုတ်လုပ်ခဲ့ 
ပါသေးတယ်...


Slovakia's defender Jan Durica (L) buys Zakumi mascots during the Slovakia's team shopping trip in Pretoria on June 17, 2010 during the 2010 World Cup football tournament in South Africa.   AFP PHOTO / JOE KLAMAR
စလိုဗေးနီးယား အသင်းကစားသမား ဒူရီကာ တောင်အာဖရိကနိုင်ငံ၊ ပရီတိုးရီးယားတွင်
ဇကူမီ အရုပ်ကလေးဝယ်ယူစဉ်...
Slovenia team member Durica buying a Zakumi at a store in Pretoria, South Africa


Chinese companies appear in World Cup stadium advertising

ကြေငြာနော်...
မတော်တာကိုကြည့် မနေနဲ့ ဦး...

ကမ္ဘာ့ ဖလားဘောလုံးပွဲမှာ တရုတ်ကုမ္ပဏီတွေလည်း ၎င်းတို့ ရဲ့ ကုမ္ပဏီအမှတ်တံဆိပ်တွေကို
ထည့် သွင်းကြေငြာခဲ့ ပါတယ်...
ယင်းလီ ကုမ္ပဏီရဲ့ အမှတ်တံဆိပ်ကြေငြာဟာ ကမ္ဘာ့ နာမည်ကျော် ကုမ္ပဏီတွေဖြစ်တဲ့ ပက်ပစီ၊
အဒီးဒတ်စ်၊ နဲ့ နိုက် တို့ ရဲ့ ကြေငြာတွေနဲ့ အတူယှဉ်တွဲပြီး ဘောလုံးကွင်းစည်းဘေးမှာ ကြေငြာခဲ့ 
လို့ လူအများရဲ့ စိတ်ပါဝင်စားမှုကိုရခဲ့ ပါတယ်....
နိုင်ငံခြားသားဘောလုံးပရိတ်သတ်များသာမက တရုတ်နိုင်ငံသားဘောလုံးပရိတ်သတ်များပင် အ
ဆိုပါကုမ္ပဏီကိုစိတ်ဝင်စားလွန်းလို့ ဘယ်လိုထုတ်ကုန်ပစ္စည်းများရောင်းချလည်းဆိုတာ စုံစမ်းလာစေ
တဲ့ အထိဖြစ်စေခဲ့ ပါတယ်...
တရုတ်နိုင်ငံ၊ ဟီဘေပြည်နယ်၊ ဘောင်ဒင်း အရပ်က စွမ်းအင်ကုမ္ပဏီဖြစ်တဲ့ ယင်းလီ ဟာကမ္ဘာ့ ဘော
လုံးပရိတ်သတ်အတွက်တော့ ခပ်စိမ်းစိမ်းဖြစ်နေပေမယ့် ပြိုင်ပွဲစပြီးရက်အနည်းငယ်အတွင်းမှာပဲ အင်
တာနက်ရှာဖွေရေး စာမျက်နှာတွေဖြစ်တဲ့ ဂူဂယ်လ်နဲ့ ဘိုင်ဒူး ( တရုတ်အင်တာနက်စာမျက်နှာ ) တွေ
မှာ အများဆုံးရိုက်ထည့် ပြီးရှာကြည့် တဲ့စာလုံးဖြစ်လာခဲ့ ပါတယ်လို့  ကမ္ဘာ့ ဖလားပွဲကို အဓိကပံ့ ပိုး
သူတွေထဲက တစ်ဦးရဲ့ အဆိုအရ သိရပါတယ်...
ဒါကြောင့် မို့ ကြေငြာအားကိုလည်းလျော့ တွက်လို့ မရတော့ ဘူးဆိုတာသဘောပေါက်သင့် ပါတယ်...


The world’s largest small commodities market exports World Cup merchandise

အရုပ်ကလေးတွေလည်း တရုတ်လေးတွေလုပ်တာပဲ...

နောက်တစ်ခုက ကမ္ဘာ့ ဖလားကိုအမှီပြုပြီး ဘောလုံးပွဲအမှတ်တစ်ရ ပစ္စည်းလေးတွေကို တရုတ်
ပြည်ကပဲ ထုတ်လုပ်ပြီးတင်ပို့ ရောင်းချခဲ့ တာ ကမ္ဘာ့ အကြီးဆုံးအမှတ်တစ်ရပစ္စည်းဈေးကွက်ကြီး
တစ်ခုဖြစ်ခဲ့ ရပါသေးတယ်...

ကြုက်တာရွေးချယ်...တရုတ်လုပ်တယ်...

ကမ္ဘာ့ ဖလားဘောလုံးပွဲကြောင့် တရုတ်နိုင်ငံ ကျီကျန်းပြည်နယ်၊ ယီဝူးဒေသ အသေးစားအမှတ်
တစ်ရပစ္စည်းလေးများထုတ်လုပ်တဲ့ ဈေးကွက်အနေနဲ့ လစဉ်ပြည်ပပို့ ကုန်တန်ဖိုးဟာ လွန်ခဲ့ တဲ့ 
ခြောက်လအတွင်း ဒေါ်လာ ၁၀ သန်းကျော်တဲ့ အထိမြင့် တက်သွားပြီး လွန်ခဲ့ တဲ့ ငါးလအတွင်း
တင်ပို့ မှုဟာ မနှစ်ကထိုအချိန်ကာလတွေထက် ၁၁၀ ရာခိုင်နှုံးမြင့် တက်ခဲ့ တယ်လို့ ဆိုပါတယ်....

South Africa World Cup themed scarves: Made in China

ပုဝါတစ်ကမ်း...လက်တစ်ကမ်း မို့ ...

ကမ္ဘာ့ ဖလားပွဲစဉ်တွေအတွင်း တရုတ်နိုင်ငံထုတ်ပစ္စည်းတွေဟာ မရှိမဖြစ်အရောင်းရဆုံးတွေ
ဖြစ်ခဲ့ ပါတယ်...

ဆင်မြန်းပါလေ ချစ်မိတ်ဆွေ...

ပွဲကြည့် ပရိတ်သတ်တွေဆောင်းခဲ့ ကြတဲ့ အရောင်မျိုးစုံတဲ့ ဆံပင်အတုအုပ်ဆောင်းတွေကို ကျီ
ကျင်းပြည်နယ်၊ ယီဝူးမြို့ က တီယန်ချန်း လက်မှုအနုပညာကုမ္ပဏီတစ်ခုကထုတ်လုပ်ခဲ့ တာဖြစ်
ပြီး စာတန်းမျိုးစုံပါတဲ့ လည်ပတ်ပုဝါတွေကိုတော့ ကျီကျင်းပြည်နယ်၊ ဟန်ကျိုးမြိ့ က မိုရှန်ဟွား
ကုမ္ပဏီက အထည်ပေါင်း ၆ သိန်းမျှထုတ်လုပ်တင်ပို့ ရောင်းချခဲ့ ပါတယ်...
တစ်ထည်ကို ၁၀ ယွမ် ကနေ ယွမ် ၂၀ အထိဈေးရခဲ့ လို့ အဆိုပါကုမ္ပဏီအနေနဲ့ ယွမ်ငွေ ၆ သန်း
မှ ၇ သန်းအထိ ၀င်ငွေရှိခဲ့ ပါတယ်...


ဒီဆံပင်တုတွေလည်း သူတို့ လုပ်တာပဲ...
ရွှေပြည်ကြီးကဆံပင်တွေတောင်မပါဘူးလို့ မပြောနိုင်ဘူး...



Chinese company provided 50,000 seats for South Africa World Cup’s 10 stadiums

ထိုင်ခုံတွေလည်း မလွတ်စေရ...

ကျီကျင်းပြည်နယ်က ကုမ္ပဏီတစ်ခုကပဲ ကမ္ဘာ့ ဖလားပွဲ ကစားကွင်းအတွက် ထိုင်ခုံပေါင်း
၅ သောင်းတင်ပို့ ခဲ့ ရပါသေးတယ်...
တောင်အာဖရိကနိုင်ငံ၊ နယ်လဆင်မင်ဒဲလားဘေး မြို့ တော်ဝန် တရုတ်နိုင်ငံ၊ နင်းဘို မြို့ ကိုလာ
ရောက်လည်ပါတ်ခဲ့ စဉ်တုံးက ကိုယ်တိုင်ပဲ အဆိုပါထိုင်ခုံတွေကိုမှာကြားခဲ့ တာဖြစ်ပါတယ်လို့ 
အဆိုပါ ကုမ္ပဏီရဲ့ အတွင်းလူတစ်ဦးရဲ့ အဆိုအရသိရပါတယ်...

Chinese football youths appear on the South African pitch

အာဂျင်တီးနား အသင်းသားများနဲ့ ကမ္ဘာ့ ဇတ်ခုံပေါ်က တရုတ်ကလေးများ...

တရုတ်တို့ ရဲ့ အမြင်ကျယ်မှုက ကုန်ပစ္စည်းတွေတင်မကပါဘူး....
အာဂျင်တီးနားနဲ့ မက္ကစီကိုတို့ ကန်တဲ့ ပွဲစဉ်မှာလည်း တရုတ်ကလေးငယ်တွေဟာ အားကစား
သမားများနဲ့ အတူ ကွင်းထဲမှာ ပွဲမစခင် ပါဝင်သရုပ်ပြခဲ့ ကြပါသေးတယ်...

The air conditioners at South Africa World Cup’s main stadium are central air conditioning units from China’s Gree


လေအေးပေးစက်လည်း တရုတ်လက်ချက်ပဲ....

တရုတ်နိုင်ငံမှ အိမ်တွင်းသုံးပစ္စည်းများနှင့် အိုင်တီနည်းပညာကုမ္ပဏီများဟာလည်း တောင်အာ
ဖရိက အားကစာကွင်းတွေမှာ ထိုးဖောက်တင်ပို့ ခဲ့ ကြပါသေးတယ်...
တောင်အာဖရိကရဲ့ ကမ္ဘာ့ ဖလားဘောလုံးကွင်းရဲ့ အဓိကလေအေးပေးစနစ်သုံးပစ္စည်းများနဲ့ ထိန်း
ချူပ်စနစ်တွေ ကိုတင်သွင်းခွင့် ရခဲ့ လို့ ၎င်းတို့ ကုမ္ပဏီရဲ့ ရောင်းအားဟာ ယွမ် သန်း၂၀၀ အထိ
တိုးတက်ခဲ့ ပါတယ်လို့  ဂရီးလျှပ်စစ်ကုမ္ပဏီရဲ့ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့ ပါတယ်...

ကဲ....

ဒါကြောင့် မို့ အခုပြီးသွားတဲ့ ကမ္ဘာ့ ဖလားဘောလုံးပွဲမှာ အမှန်တစ်ကယ် အများဆုံးအနိုင်ရသွား
တာကတော့ တရုတ်ပြည်မို့  တရုတ်ဖလားပွဲလို့ ဆိုယင် လွန်မယ်မထင်ပါဘူး....

နောက်ဆိုယင် ကလေးတွေပါ တရုတ်ပြည်တွင်ထုတ်လုပ်သည်ဆိုပြီး ကမ္ဘာကိုတင်ပို့ ဦးမလားမသိပါဘူး...

ကျွန်တော်တို့ လည်း တရားအားထုတ်လို့  တရုတ်အားထားကြပါစို့ ...

The World Cup uses balls made in a Jiujiang City [in Jiangxi province] “sweatshop”? The World Cup mascot is from Yiwu City [in Zhejiang province]? 60 million World Cup condoms were Chinese produced? Yes, China uses this way to “participate” in the South Africa World Cup…

It’s Chinese name is “普天同庆” ["Jabulani"], and it is the official ball of the South Africa World Cup. The above everyone is familiar with, but what everyone is not familiar with is: It is made by Chinese workers with 2000 RMB monthly wages — Jiangxi Jiujiang Si Mao Bo Company was authorized in May 2009 as the main production base for the 2010 South Africa World Cup football, and began manufacturing the South Africa World Cup official ball. Up until May this year, this factory’s over 7000 workers have already completed 12 million competition and commercial official balls.

Beginning from February, the South Africa Health Department began ordering “Choice Condoms” from a Guangxi Guilin latex factory to be an official World Cup product.

Just before the kickoff of World Cup 2010, more than 100 million China-made condoms were exported to South Africa, Beijing-based Legal Evening News reported.

World Cup mascot “Zakumi” is also manufactured in China. Reports say that there are tens of factories in Guangdong, Jiangsu, and other places responsible for producing Zakumi.
“The ‘Ying Li’ on the advertising boards, what do they do?” Accustomed to seeing Pepsi, Adidas, and Nike’s advertisements, Ying Li appearance aroused much curiosity, not just from foreign football fans but even Chinese football fans can’t resist “Baidu-ing” it, to find out what it is.
As one of the sponsors for this World Cup, the new energy company Ying Li from Baoding, Hebei province is indeed a “stranger” in the eyes of football fans, but just from the first few days of the World Cup, they have become famous, becoming one of the most searched keywords on Baidu and Google during these few days.
June 23, a customer is examining a football star product within the Zhejiang province Yiwu small commodities market. According to Yiwu customs statistics, as a result of the World Cup, the monthly exports for local sports equipment have exceeded 10 million USD consecutively over the past half year, with the exports during the 5 previous months this year having increase 110% over the same period last year.

In the midst of football fans, what China produces are necessities. The colorful wigs found on the heads of spectators were exported by a Zhejiang province Yiwu city company called Tian Cheng Handicraft, while the scarves printed with various cheerleading slogans were produced by Zhejiang province Hangzhou city Mo Shang Hua Limited, them having exported 600,000 scarves. With each scarf priced at 10-20 yuan, they have already pocketed 6 to 7 million RMB income.

One company in Zhejiang province provided 50,000 seats for the World Cup. According to a company insider, this order was personally ordered by the South African Nelson Mandela Bay mayor while leading a delegation visiting Ningbo.June 27, before the South Africa World Cup Round of 16 Argentina versus Mexico match, several Chinese children appeared on the pitch.

Home appliance and IT companies have also entered the South African stadiums. A Gree Electric official said: “Winning the South Africa World Cup facilities central air conditioning supplier and management order, our sales increased 200 million RMB.”

3 comments:

Anonymous said...

ကိုကြီးကလေ...ရှာရှာဖွေဖွေကိုပြောတတ်တာ...တော်တော်လေးကိုရယ်ရတယ်...
;D

Unknown said...

very nice compilation :D

JulyDream said...

ကျွန်တော်တို့တွေလည်း အတုယူသင့်တာကို အတုယူကြဖို့ လိုမယ်။