Cleaner returns RM160,000 left by guest

Saturday, July 17, 2010
ဒေါ်လာ ၅သောင်းကျော် ကောက်ရငွေကိုပြန်ပေးပေမယ့် ....

ငွေ...ငွေ ...လူတိုင်းရဲ့ သည်းခြေကြိုက်လေ...
ဒါပေမယ့် ရိုးသားမှုနဲ့ တော့ မလဲနိုင်ပါပေ....

အီဆာခန်းအနေနဲ့ တစ်လလျှင် ၀င်ငွေလေး ၂၁၀၀၀ ရူပီး ( ၇၅၀ ရင်းဂစ်/ဒေါ်လာ ၂၀၀ ) ခန့် မျှသာရ
ပေမယ့်  သူဟာအင်မတန်စိတ်ထားမြင့် မြတ်၊ ရိုးသားတဲ့ ရွှေရောင်နှလုံးသားပိုင်ရှင်လေးပါပဲ...
ပါကစ္စတန်နိုင်ငံမှ ဟိုတယ်သန့် ရှင်းရေးအလုပ်သမားလေးဟာ သူအလုပ်လုပ်ရာ ပါကစ္စတန်နိုင်ငံ၊ ဂျီလ်
ဂျစ်မြို့ ရှိ ဆီရီနာ ဟိုတယ်တွင် ဂျပန်လူမျိုးဧည့် သည်တစ်ဦးတည်းခိုထွက်ခွာသွားသည့် အခန်းကို သန့် 
ရှင်းရေးလုပ်စဉ် ဒေါ်လာ ၁၀၀ တန်ငွေစက္ကူများစုစုပေါင်း တန်ဖိုး အမေရိကန်ဒေါ်လာ၅၀၀၀၀ ကျော်ကို
(မလေးရှားရင်းဂစ် ၁သိန်းခြောက်သောင်းကျော် ) တွေ့ ရှိခဲ့ ပါတယ်...

ရိုးသားတဲ့ ခန်း ဟာ ပိုင်ရှင်အစစ်အမှန်ကိုထိုငွေများပြန်လည်အပ်နှံခဲ့ ပေမယ့် ၎င်းအနေနဲ့ သူ့ ရဲ့ ရိုးသား
မှုအတွက်ချီးမြှင့် ငွေတော့ တစ်ပြားမှ ပြန်လည်မ၇၇ှာပါဘူး...

ဒါပေမယ့် သူ့ ရဲ့ အလုပ်ရှင်ကတော့ သူ့ ကို ဂုဏ်ပြုလက်မှတ်ဆုတစ်ခုချီးမြှင့် ခဲ့ ပြီး ပန်ဂျပ်ပြည်နယ် အုပ်
ချုပ်ရေးမှူး ဆလမ်တဆီယား ကချီးကျူးဂုဏ်ပြုမယ့် အခမ်းအနားတစ်ခုကိုတော့ တက်ရောက်ဖို့ ဖိတ်ကြား
ခြင်းခံခဲ့ ရပါတယ်...

" ကျွန်တော်အလုပ်လုပ်တဲ့ ဟိုတယ်နဲ့ မိသားစုတွေက ရိုးသားဖို့ ကိုပဲသင်ကြားပေးခဲ့ တာပါ...ခေတ်ကာ
လက လူတိုင်းနီးပါးအခက်အခဲတွေ့ နေကြရပေမယ့် ဒါကိုအကြောင်းပြပြီး ကျွန်တော်တို့ ဟာ ကိုယ်မပိုင်
တဲ့ တစ်ခြားသူတွေဆီက ပစ္စည်းဥစ္စာ၊ ငွေကြေးတွေကို ခိုးယူ၊ လိမ်ယူနေဖို့ မသင့် ပါဘူး..." လို့ သူက
ပြောကြားခဲ့ ပါတယ်...

" ပါကစ္စတန်နိုင်ငံမှာ အများကထင်နေသလို အကြမ်းဖက်သမားတွေချည်းမဟုတ်ပဲ လူကောင်းသူကောင်း
တွေလည်း များစွာရှိနေပါသေးတယ် ဆိုတာ ကမ္ဘာအ၀ှမ်းကလူတွေကို သိစေချင်ပါတယ်..." လို့ သူက ဆို
ခဲ့ ပါတယ်...

အံ့ သြဖို့ ကောင်းတာက ကျွန်တော်တို့ ဟိုတယ်ဝန်ထမ်းလောကမှာ အပိုဘောက်ဆူးငွေပေးလေ့ ရှိတယ်
လို့ နာမည်ကြီးတဲ့ ဂျပန်လူမျိုးက အခုလို သူမေ့ ကျန်ခဲ့ တဲ့ ငွေဒေါ်လာ ၅သောင်းကျော်ကို အတိအကျပြန်
လည်ပေးအပ်ခဲ့ တာကို တစ်ပြားမှ မုန့် ဘိုးမပေးတာကိုပါပဲ...
ကိုယ်ဆုံးရှုံးရတော့ မယ့် အခြေအနေကနေ ပြန်ရတာပဲ....
သူ့ အနေနဲ့ အနည်းငယ်တော့ အသိအမှတ်ပြုချီးမြှင့် သင့် တာပါပဲ...


He earns a measly pay of 21,000 rupees (RM750) per month, but Essa Khan is a man with a heart of gold.The hotel cleaner in Pakistan found more than US$50,000 (RM160,600) - all in US$100 bills - while cleaning up a room previously occupied by a Japanese guest at the Serena Hotel in Gilgit.The honest Khan traced back the rightful owner of the money and handed it to him - without getting any reward.But he received an award from his boss and an invitation to visit Punjab governor Salman Taseer for a special ceremony.
Says Khan: "My duty with the hotel and my family upbringing teaches me nothing else."

"Times are hard for everyone, but that doesn't mean we should start stealing and taking things which do not belong to us."
"I want people around the world to know that there are many good people in Pakistan - everybody is not a terrorist here."

Source: Agencies

1 comments:

JulyDream said...

သူ့ ဘဝတစ်ခုလုံး အပြောင်းအလဲ ဖြစ်သွားနိုင်တဲ့ ငွေပမာဏကို ပိုင်ရှင်ဆီ ပြန်ပေးတယ် ဆိုတဲ့ ရိုးသားမှုကတော့ တကယ်ချီးကျူးစရာပါပဲ။