Model starts 'beautiful' political party
Wednesday, July 14, 2010
သတိ !!! ရုပ်ရည်ချောမောပြေပြစ်သူများသာပါတီဝင်အဖြစ်လျှောက်ထားနိုင်သည်...
Bikini PA 
အမျိုးချစ်တဲ့ တိုးရစ်ဂိုက်ဆိုယင်...ဒီလိုဒီဇိုင်းနဲ့ မှတဲ့ နော်...
သူမနိုင်ငံ၏ နာမည်ကျော်ကြားမှုပုံရိပ်ကို ဖွံ့ ဖြိုးတိုးတက်စေချင်နေသည့် ရိုမေးနီးယားမော်ဒယ်သရုပ်
ဆောင်တစ်ဦးက ရုပ်ရည်ချောမောလှပသူများသာ ပါဝင်နိုင်မည့် နိုင်ငံရေးပါတီတစ်ခု တည်ထောင်ခဲ့ 
လိုက်ပါတယ်...
ပါတီတည်ထောင်သူ မော်ဒယ်မလေး ဆန်ဇီယာနာဘူရွေနား က အ၀လွန်သူတွေကို တစ်ကီလိုပိုဝတိုင်း
အခွန်တော် ၁၀ ယူရိုငွေကောက်ခံချင်ပြီး ရွှေဝါရောင်ဆံပင်လေးနဲ့ မိန်းမလှလေးတွေကို ဦးနှောက်မရှိဘူး
လို့ ပြောဆိုနောက်ပြောင်သူတွေကိုတော့ အပြစ်ပေးရမယ်လို့ ဆိုကြောင်း မက်ထရိုသတင်းဌာနက သ
တင်းပေးပို့ ခဲ့ ပါတယ်...
" မည်သူမဆို အထက်ပါပြစ်မှုမျိုးပြုလုပ်ပါက ထောင်ချသင့် ပါတယ်..." လို့ အသက် ၂၃ နှစ်ရှိသူလေး
ကဆိုပါတယ်...
သူမပါတီရဲ့ တစ်ခြား ရည်မှန်းချက်တွေထဲမှာ အိမ်ထောင်ဖက်အပေါ် သစ္စာမဲ့ ယင် ယူရူငွေ ၁၀၀ ဒါဏ်
တဲ့ မော်ဒယ်များကိုသာ ကမ္ဘာလှည့် ခရီးသွားလမ်းညွှန်တွေအဖြစ် ဆောင်ရွက်ခွင့် ပြုမယ့် ဥပဒေကိုပြ
ဌာန်းသတ်မှတ်ရေးတို့ လည်းပါဝင်ပါတယ်...
ယခုလိုပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ခြင်းအားဖြင့် သူမရဲ့ ရိုမေးနီးယားနိုင်ငံကြီးဟာ ခရီးသွားတွေရဲ့ အ
ဓိက ဦးတည်ရာနေရာကြီးဖြစ်လာဖို့ ပိုမိုနာမည်ကျော်ကြားလာမှာ ဖြစ်တယ်လို့ မော်ဒယ်မလေးက အ
ကြံပြုခဲ့ လေရဲ့ ဗျာ...
တော်သေးတာပေါ့  သူမပါတီက အမတ်လေးတွေကိုလည်း ဘီကီနီနဲ့ လွှတ်တော်တက်ခွင့် မတောင်း
သေးလို့ ...
နို့ မို့ တစ်လွှတ်တော်လုံး သောင်းသောင်းဖျဖျ ကြိုဆိုနေကြဦးမယ်...
အင်း ဘယာစီယာလေး၊ ပင်တီလေးနဲ့ ခရီးသွားလမ်းညွှန်မလေးတွေနဲ့ ဆိုယင် တိုးရစ်တွေ တစ်အုံးအုံး
ဖြစ်နေမှာကတော့ အသေအချာပါပဲ...
A Romanian model who wants to improve the country's image has started a new political party for beautiful people.
Sanziana Buruiana wants to heavily tax obese citizens at a rate of 10 Euros per kilo overweight, and punish anybody making 'dumb blonde' jokes, reports the Metro.
The 23-year old said: "Anyone like that needs to be put in prison."
Other plans include a fine of 100 Euros for infidelity, and a law insisting that only models in bikinis are allowed to work as tourist guides.
Buruiana suggests that this would boost Romania's popularity as a travel destination.
1 comments:
ရွှေရတုမှတ်တမ်း said...
ပါတီမိတ်ဆွေ လျှောက်လို့ ရမလားခင်ဗျာ..