Thursday, July 8, 2010
ဆော်ဒီနိုင်ငံမက္ကာမြို့ မှ ကမ္ဘာ့ ဒုတိယအမြင့် ဆုံးအဆောက်အဦးမျှော်စင်...






ဆော်ဒီအာရေဗျနိုင်ငံရဲ့ ဘာသာရေးအထွတ်အမြတ်မြို့ တော် မက္ကာမှာ ကမ္ဘာ့ ဒုတိယအမြင့် ဆုံး
မျှော်စင်အဆောက်အဦး တည်ဆောက်နေတာ ပြီးစီးတော့ မှာမို့ မကြာခင်မှာ ဖွင့် လှစ်တော့ မည့်
အကြောင်းသတင်းလေးပါ...
စုစုပေါင်းကုန်ကျစားရိတ် အမေရိကန် ဒေါ်လာ ၂ ဘီလီယံ ရှိမယ့် အဆိုပါ နာရီမျှော်စင်ဟာ လက်ရှိ
ကမ္ဘာပေါ်မှာ အမြင့် ဆုံးဖြစ်တဲ့ ဒူဘိုင်းက Burj Khalifa အဆောက်အဦးပြီးယင် အမြင့် ဆုံးဖြစ်မှာပါ...

အထပ်ပေါင်း ၇၆ ထပ်၊ ဓါတ်လှေကားပေါင်း ၇၆ စင်းနဲ့ အခန်းပေါင်း ၁၀၀၅ ခန်းပါမယ့် အဆင့် မြင့် 
ဟိုတယ်ကြီးပါ , ပါဝင်မည့် အဆိုပါအဆောက်အဦးကြီးကို တာဝန်ယူတည်ဆောက်တာကတော့ ဒီ
နေ့ ကမ္ဘာကျော် အကြမ်းဖက်သမားကြီး အိုစမာဘင်လာဒင်ရဲ့ မိဘဆွေမျိုးများပိုင်တဲ့ ဘင်လာဒင်ကုမ္ပ
ဏီဖြစ်ပါတယ်....( အဲဒီကုမ္ပဏီနဲ့ သူနဲ့ ကတော့ ဘာမှမဆိုင်ပါဘူးလို့ ဆိုပါတယ်...)

ရေနံသူဌေး ဆော်ဒီနိုင်ငံမှာပဲ ဒူဘိုင်းက Burj Khalifa ထက် ပိုမြင့် တဲ့ အဆောက်အဦးတစ်ခုဆောက်ဖို့ 
လည်းစီစဉ်နေတယ်လို့ ဆိုပါတယ်...









1 comments:

JulyDream said...

လေယာဉ်နဲ့ ဝင်တိုက်ခံရမှာ မကြောက်ရဘူး ထင်တယ်။ =)