Headmaster poses nude for art class

Monday, July 26, 2010


မဟုတ်တရုတ်...ထိုကျောင်းအုပ်...


ကြေငြာလှချည်လား ဆရာကြီးရယ်....
Model turned headmaster....

တရုတ်နိုင်ငံ၊ အနုပညာသင်ကျင်းတစ်ခုမှ ပန်းချီအနုပညာသင်တန်းတစ်ခုတွင် မော်ဒယ်အဖြစ်သရုပ်
ဆောင်ပြပေးမည့် သူရောက်မလာနိုင်သဖြင့် ထိုကျောင်း၏ကျောင်းအုပ်ဆရာကြီးက သင်တန်းသားများ
အတွက် အ၀တ်ဗလာဖြင့်မော်ဒယ်သရုပ်ပြပေးခဲ့ သည်ဟုဆိုပါသည်...

ထိုအဖြစ်အပျက်ကြောင့် တရုတ်နိုင်ငံ၊ နန်ကျင်းမြို့ ရှိ၊ ကျူံရှန် ၀ိဇ္ဇာနှင့် သိပ္ပံကျောင်းတွင် ရုတ်ရုတ်သဲသဲ၊
လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ ရပါတယ်...
တနင်္လာနေ့ တစ်ရက်မှာ အသက် ၄၃ နှစ်ရှိပြီဖြစ်တဲ့ ကျောင်းအုပ်ဆရာကြီး ယန်းလင်ချွမ်းဟာ အဆိုပါသင်
တန်းစာသင်းခန်းထဲကိုဝင်ရောက်လာခဲ့ ပြီး ထိုနေ့ အဖို့ သင်တန်းသားများအတွက်သရုပ်ပြထိုင်ပေးမည့် 
မော်ဒယ်အမျိုးသား မလာရောက်နိုင်ကြောင်းပြောကြားခဲ့ ပါတယ်...

ကျောင်းသားကျောင်းသူများက စိတ်ပျက်လက်ပျက်ဖြစ်သွားပြီး ငြီးတွားပြောဆိုနေစဉ်မှာပဲ ဆရားကြီးက
သင်တန်းသားများထဲမှ တစ်ဦးဦးအနေနဲ့ မော်ဒယ်နေရာမှာအစားထိုးပေးနိုင်မလားလို့ မေးမြန်းခဲ့ ပါတယ်...
ကျောင်းသားတွေထဲက မည်သူမျှ မကူညီချင်ခဲ့ ကြပါဘူး...ထိုအခါ ကျောင်းအုပ်ဆရာကြီးယန်း က၎င်းရဲ့ 
အ၀တ်အစားတွေချွတ်ပြီး မိန်းကလေးရှစ်ဦးအပါအ၀င်ကျောင်းသားအယောက် ၂၀ ကိုစေတအပြည့် နဲ့ 
ကိုယ်လုံးတီးမော်ဒယ်ပြခဲ့ ပါတော့ တယ်...

ဆရာကြီးယန်း ဟာနာမည်ကျော်ဂီတနဲ့ ပန်းချီအနုပညာရှင်တစ်ဦးဖြစ်ပါတယ်... သူ့ ရဲ့ ဆီဆေးပန်းချီကား
များဟာ ရှန်ဟိုင်းကုန်စည် ၂၀၁၀ ပြပွဲရဲ့ ကုလသမဂ္ဂပြခန်းမှာပြသထားတဲ့ ဂန္တ၀င် မြောက်လက်ရာတွေ
ထဲမှာ အပါအ၀င်ဖြစ်ပါတယ်...

ကျောင်းအုပ်ဆရာကြီးယန်းရဲ့ အ၀တ်ဗလာမော်ဒယ်ကိုယ်ဟန်ပြပေးနေတဲ့ ပုံနှင့် သတင်းကို ကျောင်းသား တစ်ဦးက အင်တာနက်ပေါ်မှာလွန်ခဲ့ တဲ့ ကြာသပတေးနေ့ က တင်ခဲ့ ပါတယ်...
ထိုသတင်းတင်ပြီး နာရီပိုင်းအတွင်းမှာပဲ လာရောက်ဖတ်ရှုဝေဖန်သူပေါင်း ၅၅၀၀ အထိရှိခဲ့ ပါတယ်... တစ်ချို့ လာရောက်ကြည့် ရှုသူတွေကတော့ ယန်းရဲ့ ခန္ဓာကိုယ်ကို အားကစားသမားတစ်ယောက်လိုပဲ တောင့် တင်းသန်မာပါတယ်ဆိုပြီး ချီးကျူးသွားကြလေရဲ့ ... ဒါကမှ ( ဆရာ့ ရဲ့  ) တစ်ကယ့် အနုပညာပါ
ပဲ လို့ လည်းတစ်ဦးက မှတ်ချက်ပြုသွားပါတယ်...

ကိုယ်တုံးလုံးနဲ့ ကျောင်းအုပ်ဆရာကြီးက ဘေးမှာလာရပ်နေတော့ ကျွန်တော့် ဖြင့် ရှက်လို့ မျက်နှာကိုနီ သွားခဲ့ တာပါပဲလို့ လည်းနောက်ကျောင်းသားတစ်ဦးက ဆိုခဲ့ ပါသေးတယ်...
ဟီနန်သတင်းစာနှင့် တွေ့ ဆုံမေးမြန်းခဲ့ ၇ာမှတော့ ဆရာကြီးက သူ့ အနေနဲ့ ထိုနေ့ က (အနုပညာ ) သင်ခန်း စာကိုဖျက်လိုက်ယင် ကျောင်းသားတွေရဲ့ ငွေနဲ့ အချိန်ဆုံးရှုံးသွားမှာဖြစ်ပါတယ်လို့ ပြောကြားခဲ့ 
ပါတယ်...
" ဘယ်သူမှ မကူညီကြလို့ ကျွန်တော်ကပဲစေတနာနဲ့ ကူညီလိုက်ရတော့ တာပါပဲ...ဒါဟာကျွန်တော့် ဘဝ
အတွက်ပထမဦးဆုံး ကိုယ်လုံးတီးနဲ မော်ဒယ်နေပြခဲ့ တာဖြစ်ပါတယ်..." လို့ သူကပြောကြားခဲ့ ပါတယ်...
အခုလိုလုပ်ရတာဟာဘာမှရှက်စရာမလိုကြောင်း လိုအပ်လာပါက ၎င်းအနေနှင့် နောက်ထပ်ပြုလုပ်ဦး
မှာဖြစ်ကြောင်းလည်း သူကပြောကြားခဲ့ ပါတယ်...

အော်...
အနုပညာမျက်စေ့ နဲ့ ကြည့် ရမယ် ပေါ့ ...
ဆရာကြီး ...လူဆိုး...


A headmaster posed nude for his students when the model failed to turn up at an art class in China. The incident has created a stir at Zhongshan School of Arts and Science in Nanjing. On Monday, headmaster Yang Linchuan, 43, walked into a classroom and told the students that their male nude model could not turn up for the session. And just as the students were talking and expressing of their disappointment, the headmaster asked if anyone in the class could take up the model's place. None of the students volunteered. Yang then took off his clothes and posed for the 20-odd students, including about eight females. Yang is a famous musician and artist. His oil painting is among the masterpieces being displayed at the United Nations pavilion in Shanghai Expo 2010.

A student posted the news and Yang's nude photographs on the Internet on Thursday. Just within four hours, the article attracted more than 5,500 visitors. Some netizens have praised Yang's body, saying that it was as fit as an athlete's. "It's an art," commented one viewer.
"He looks a bit nervous and shy but appears to have adapted to it," said a student. "When he (the nude headmaster) stood next to me, my face turned red," another student wrote.

In an interview with Henan Shangbao, Yang said the students' money and time would have been wasted if he cancelled the class. "I had to do it since no one volunteered," he said, adding it was the first time that he had posed as a nude model. Yang said it was nothing to be ashamed of, adding that he would do it again if necessary. Source: Henan Shangbao

3 comments:

ကိုဇော် said...

:D
ပီပီလည်း လူဇိုး...

leomark said...

ဟို...ပြပေမဲ့ မော်ဒယ်မလာတာများ...ဦးကြီးတာကို လှမ်းခေါ်လိုက်ရတာပဲ ဟာကို...........။း) ဦးကြီးတာဆို ဒီထက် ကြည့်မဲသူတွေ များမယ်ဗျာ။ လောင်းမလားဗျိုးးး
;P

မင်းမောင် said...

တရုပ်ပြည်က ပဲမြစ်ပုံဆွဲကြတာဖြစ်မယ်။