ကျေးဇူးရှင် ဒါတွေကိုရောလေ့ လာခဲ့ ရဲ့ လား....
အိန္ဒိယနိုင်ငံ အမီဒါဘတ်ပြည်နယ် ကလယ်သမားတွေချမ်းသာသွားပြီ...
ပုံကို takepart.com ကနေရယူပါတယ်...
ပုံကို takepart.com ကနေရယူပါတယ်...
အိန္ဒိယနိုင်ငံမှ ကမ္ဘာ့ တန်ဖိုးအနည်းဆုံး၊ ဈေးအပေါဆုံးကားထုတ်လုပ်ရေးကုမ္ပဏီ ဖြစ်တဲ့  တာတာကုမ္ပ
ဏီရဲ့ နာနို မော်ဒယ်ကားစက်ရုံဝန်းအတွက်လျာထားတဲ့ ဆနန်းဒ် အရပ်ဒေသကမြေနေရာများရဲ့ ပိုင်ရှင်
ဖြစ်သူ လယ်သမားတွေဟာ စက်ရုံနှင့် အစိုးရကပေးတဲ့ အဆိုပါမြေနေရာများအတွက် လျော်ကြေးငွေ
များကြောင့် နေ့ ချင်းညချင်း သန်းနဲ့ ချီပြီးချမ်းသာသွားကြပါတယ်...
လယ်သမား ၁၉ ဦးဟာ ၎င်းးတို့ ရဲ့ လယ်မြေများကို မယုံကြည်နိုင်လောက်စရာဈေးနှုံးဖြစ်တဲ့ တစ်မီတာ
ပါတ်လည်လျှင် ရူပီးငွေ ၁၂၀၀ ဖြင့်  ရူပီးငွေ သန်း ၄၅၀ ကို ၎င်းတို့ ရရှိမှာဖြစ်ကြောင်းအိန္ဒိယနိုင်ငံ၊ ဂူဂျာ
ရက် ပြည်နယ်အစိုးရနဲ့ ယခုသီတင်းပါတ်ကပဲ အပြင်းအထန်ညှိနှိုင်းသဘောတူညီခဲ့ ကြပါတယ်...
အဆိုပါသဘောတူညီချက်ကြောင့် လယ်သမားတစ်ဦးလျှင် ရူပီးငွေ ၁၀ သန်းမှ ၇၅ သန်းအထိရရှိကြ
မှာဖြစ်ပါတယ်...
လွန်ခဲ့ တဲ့ နှစ်နှစ်က ရူပီးငွေ ၂ သန်းမျှသာတန်တဲ့ လယ်မြေပိုင်ရှင်ဟာ ယခုညှိနှိုင်းဈေးကြောင့် ရူပီးငွေ
သန်း ၅၀ ရရှိမှာဖြစ်တယ်လို့  နိုင်ငံတော်ပိုင် ဂူဂျာရက်စက်မှုဖွံ့ ဖြိုးတိုးတက်ရေးကော်ပိုရေးရှင်းက ၎င်း
တို့ နှင့် လယ်သမားများ အဆိုပါ စက်မှုဇုံအတွက်လျာထားသည့် မြေနေရာများကိုလက်လွှဲပြောင်းယူခဲ့ 
ခြင်းနှင့် ပါတ်သက်ပြီး ခါလစ်ခ်ျတိုင်းမ် ( ဒူဘိုင်းအခြေစိုက်သတင်းစာ ) ကိုပြောပြခဲ့ ပါတယ်...
တာတာကားကုမ္ပဏီဟာ ကိုလ်ကတ္တားက စင်ဂါအရပ်ကနေ အာမီဒါဘတ်ပြည်နယ် ဆနန်းဒ် အရပ်ကို
၂၀၀၈ ခုနှစ် အောက်တိုဘာလ ကတည်းက စတင်ပြောင်းရွေ့ လာကတည်းက ထိုအရပ်ဒေသရှိလယ်
သမားများဟာ စက်မှုဇုံအတွက်မြေနေရာများကို အသည်းအသန်စုဆောင်းနေတဲ့ ပြည်နယ်အစိုးရရဲ့ 
လက်ရှိဈေးကွက်ပေါက်ဈေးထက်အဆပေါင်းများစွာ ပေးတဲ့ ဈေးနဲ့ ၎င်းတို့ ရဲ့ လယ်မြေနေရာတွေကို
ရောင်းချနေနိုင်ခဲ့ တာဖြစ်ပါတယ်...
အဆိုပါ ဆနန်းဒ်ဒေသရဲ့ မြေဈေးတွေဟာ ၂ နှစ်အတွင်းမှာ ၂၅ ဆအထိခုန်တက်သွားခဲ့ ပါတယ်...
ရေအရင်းမြစ်များခန်းခြောက်ကုန်တာအပြင် တိရိစ္ဆာန်များရဲ့ မကြာခဏဖျက်စီးခြင်းခံရလို့ ထွန်ယက်စိုက်
ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုဖို့ အဆင်မပြေတော့ တာကြောင့် လယ်သမားများဟာ ၎င်းတို့ ရဲ့ 
လယ်ယာမြေများကို ရောင်းချဖို့ ရေကန်အသင့် ကြာအသင့် ဖြစ်နေခဲ့ ရတာပါပဲ လို့ သက်ဆိုင်ရာတာဝန်
ရှိသူတစ်ဦးကပြောကြားခဲ့ ပါတယ်...
စက်မှုဖွံ့ ဖြိုးတိုးတက်ရေးကော်ပိုရေးရှင်းက အဆိုပါဒေသမှာ မြေအကျယ်အ၀န်းပေါင်း ၃၅၀၀၀ ဟက်တာ
နဲ့ စက်မှုဇုံပေါင်း ၃၀ အသစ်ဖန်တီးဖို့ စီစဉ်ထားပါတယ်...
အဆိုပါဒေသကြီးရဲ့ ၃၅၀၀၀ ဟက်တာမှာ ၉၀၀၀ ဟက်တာသာ အစိုးရပိုင်မြေများဖြစ်ပြီး ကျန်တာတွေက
တော့ လယ်သမားတွေဆီကနေ (လျော်ကြေးပေး ) ၀ယ်ယူခဲ့ တာဖြစ်ပါတယ်....
" ကျွန်တော်တို့ ကိုလယ်မြေတွေလွှဲပေးတဲ့ လယ်သမားတေကို သူတို့ နေရာခြံမြေတွေမှာ ၂ နှစ်အထိ နေ
ခွင့် ပြုထားဦးမှာဖြစ်ပြီး ထိုကာလအတောအတွင်းမှာ ၎င်းတို့ အနေနဲ့ မြေနေရာ အသစ်တွေကိုရှာဖွေဝယ်
ယူပြောင်းရွေ့ အခြေချနိုင်မှာဖြစ်ပါတယ်..." လို့ အဆိုပါစက်မှုကော်ပိုရေးရှင်းကြီးရဲ့ တာဝန်ရှိသူကပြော
ကြားခဲ့ ပါတယ်...
တစ်ချို့ သောနိုင်ငံကြီးတွေမှာ တော့ အစိုးရမင်းများလိုချင်ပြီဆိုယင် ဘာမှညှိုနှိုင်းဖို့ တွေ၊ တောင်းဆို
ဖို့ တွေမစဉ်းစားပါနဲ့ ၊ ပြေးဖို့ သာပြင်ထားရတာပါပဲ...
အခုလည်း အဆိုပါတာတာကုမ္ပဏီက ရွှေပြည်ကြီးမှာ ကားစက်ရုံလာဆောက်မယ်ဆိုပါတယ်...
သူတို့ စက်ရုံနေရာအတွက် မြေကွက်ကိုဘယ်ဈေးနဲ့ များပေးမလဲမသိဘူး...
ဟုတ်ကဲ့ ...
မယုံချင်စရာ ပုံပြင်ပမာပါပဲ...
ကြုံလို့ ကိုယ်တွေ့ လေးလည်းပြောပြချင်ပါသေးတယ်....
တစ်ချိန်သောကာလကပေါ့ လေ...
ရန်ကုန်မြို့ စွန်က ရွာလေးတစ်ခုမှာ ( ထိုစဉ်ကတော့ ရွာပေါ့ ) မုဆိုးမ အဘွားအိုကြီးတစ်ယောက်ရဲ့ 
လယ်မြေတွေကိုစက်ရုံကြီးတစ်ခုဆောက်ဖို့ သိမ်းခဲ့ ပါတယ်...
ထိုအဘွားရဲ့ လယ်မြေအပါအ၀င်အခြားသောသူတွေရဲ့ လယ်မြေတွေလည်းပါခဲ့ သပေါ့...
ဒါပေမယ့် အဘွားမှာကမြေတွေအများကြီးဆိုတော့ စက်ရုံရဲ့ ခြံစည်းရိုးပါတ်လည်ကာပြီးတာတောင်ထပ်
ပြီးလယ်တွေနဲ့ ဥယျာဉ်ခြံမြေကြီးတစ်ခုကျန်နေခဲ့ ပါသေးတယ်...
အဆိုပါစက်ရုံကြီးပြီးလို့ နောက် ၃/၄ ကြာတဲ့ အခါမှာတော့ စက်ရုံထပ်တိုးချဲ့ ဖို့ ဆိုပြီး ကျန်ရှိနေသေးတဲ့ 
လယ်တွေနဲ့ ဥယျာဉ်ခြံကြီးကိုပါထပ်သိမ်းပါတော့ တယ်...
အဲဒါတွေအတွက်အစားပြန်ပေးတာကတော့ ...ဘာမှမပြောလောက်တဲ့ အိမ်ကွက်ကလေးနဲ့ လျော်ကြေး
ပါပဲ...
တရားသဘောနဲ့ ကြည့် မယ်ဆိုယင်တော့ မိမိပြုခဲ့ တဲ့ ကုသိုလ်၊အကုသိုလ်ကံတွေကြောင့် ယခုလိုမိမိပိုင်
အိုးအိမ်၊ခြံမြေ၊လယ်ယာတွေအနိုင်အထက်လုယူသိမ်းဆည်းခြင်းခံရတယ်လို့ ဆိုပေမယ့် အဘွားမှာတော့ 
ပုထုဇဉ်ပီပီ မခံစားနိုင်ခဲ့ ပါဘူး...
ခြံဝန်းအတွင်းကနေပြောင်းရွေ့ ပေးဖို့ အမိန့် တွေကို အကြိမ်ကြိမ်မလိုက်နာခဲ့ လို့ နောက်ဆုံး စစ်ကားကြီး
တွေနဲ့ စစ်သားတွေလာပြီးအဘွားတို့ မိသားစုကိုအတင်းအဓမ္မရွေ့ ပြောင်းပေးခဲ့ လိုက်ပါတော့တယ်...
စိတ်ခံစားရလွန်းသူအဘွားကတော့ သူ့ ရဲ့ အိမ်ခြံမြေအဟောင်းလေးကိုနေ့ စဉ်တောင်ဝှေးလေးထောက်
ကာ လာပြီး စက်ရုံမှူးကို အော်ဟစ်ဆဲဆိုနေခဲ့ တဲ့ မြင်ကွင်းကိုအခုထက်ထိမမေ့ သေးပါဘူး...
နောက်ဆုံးပြောင်းရွေ့ ကြရတဲ့ နေ့ ကဆို အဘွားမြေးလေးက ခြံရှေ့ မှာ တစ်ရှုံ့ ရှုံ့ ငိုနေတဲ့ ပုံလေးလည်း
သတိရမိသေးသပေါ့ ...
( သိတယ်မဟုတ်လား ...မိန်းမလှလေးတွေငိုယင် ရင်ထဲမကောင်းဖြစ်တတ်တဲ့ ကိုယ်တို့ သဘာဝလေ....)
အင်္ဂလိပ်လိုသတင်းလေးပါ...
Farmers owning land of cheapest car, Nano, at Sanand, 30 km from here, have turned millionaires overnight.
Nineteen ryots have struck a hard bargain with the Gujarat government which has agreed to pay them this week a whopping Rs 450 million for their land at the incredible rate of Rs 1,200 a square metre.
An official of the state-owned Gujarat Industrial Development Corporation (GIDC), which is acquiring plots from the sons of the soil for its future industrial estates told Khaleej Times that a farmer's 10-acre land which was worth Rs 2 million two years ago could now fetch him Rs 50 million.
Each farmer will receive cheques with amounts ranging from Rs 10 million to Rs 75 million.
Ever since Tata Motors shifted the Nano project from Singur near Kolkata to Sanand near Ahmedabad in October 2008, farmers in the region have been grabbing the offers made by the state government which has desperately started acquiring land from the tillers at rates much higher than prevalent market prices."Land prices in Sanand have shot up nearly 25 times in less than two years.
Farmers are also ready to sell their land as due to water shortage, they cannot depend on agriculture round the year what with animals damaging their crops now and then," said the official.
GIDC plans to set up a huge land bank of 35,000 hectares to set up 30 new GIDC estates. Of the 35,000 hectares state-wide, 9,000 hectares are government land, while the rest of it is being bought from farmers.
"The farmers who sell their land will be allowed to stay in their land for as long as two years. By that time, they will buy new land and settle down", the GIDC official said.
1 comments:
They give a compensation of "12 kyats" per acre. Some laws from colonial times are still in effect - well if they want. :-)
Post a Comment