Tuesday, July 27, 2010

သိဒ္ဓိရှင် ဆိုင်းဘာဘာရဲ့ လှည့် ကွက်ကိုဖော်ထုတ်နိုင်ခဲ့ ပြီ...

ဆိုင်းဘာဘာ...
ကျွန်တော်တို့ ငယ်စဉ်ကပင်ထိုနာမည်ကိုရင်းနှီးနေခဲ့ ရသည်...
ဘာတွေဘယ်လိုစွမ်းသည်တော့ မသိ ထိုဂုရုကြီးကိုကိုးကွယ်ယုံကြည်ရုံမျှဖြင့် ရောဂါတွေပျောက်၊ ချမ်းသာ
ရောက်သည်ဟုဆိုကာ သူ့ ဓါတ်ပုံ၊ သူ့ ဂါထာတွေ တွင်တွင်ရွတ်ကြသည်မှာ တအုံးအုံး...
ကျွန်တော်ကတော့ ထိုစဉ်တုံးက ငယ်သေးသည်ကတစ်ကြောင်း၊ အခမဲ့ ကြေငြာသူတွေနှင့် တိုက်ရိုက်မတွေ့ 
သည်မို့ ထိုဂုရုကြီးကိုမကိုးကွယ်ဖြစ်လိုက်ပါ...

ယနေ့ အင်တာနက်စာမျက်နှာပေါ်တွင်ပင် ကိုယ်ပိုင်ဝက်ဘ်ဆိုဒ်တစ်ခုဖြင့် နည်မည်ကျော်ကြားထင်ရှားနေ
သည့် ဗေဒင်အကျော်အမော်ဆရာမ တစ်ဦးပင်လျှင် သူမ၏ဆရာကြီးနှင့် အတူ အိန္ဒိယနိုင်ငံသို့ သွားရောက်
ခဲ့ စဉ် အဆိုပါ ဆိုင်းဘာဘာကြီးကို ကိုယ်တိုင်တွေ့ ခွင့် ရခဲ့ ပြီး ဘာဘာကြီး၏ကောင်းချီးပေးမှုခံခဲ့ ရသည်ဟု
ရေးသားထားခဲ့ ပေသေးသည်...

သို့ သော် ....
အသက်နှစ်ဆယ်လေး၊ နှစ်ဆယ့် ငါးအရွယ်လောက်တွင်တစ်ခါ ထိုဂုရုကြီးကိုအခမဲ့  ကြေငြာပေးသူတစ်ဦးနှင့် 
တွေ့ ခဲ့ ရပါတော့ သည်....
ထိုသူကား မိမိဘ၀၏ လေးစားအားကျရသူများထဲတွင်တစ်ဦးအပါအ၀င်ဖြစ်ခဲ့ သည့် အင်္ဂလိပ်စာဆရာတစ်ဦး...
မိမိယနေ့ ဤကဲ့သို့ အင်္ဂလိပ်စာလေးမတောက်တစ်ခေါက် ဖတ်တတ်နေသည်က ဆရာ့ ကျေးဇူးများပင်...

ထိုစဉ်က မိမိအင်္ဂလိပ်စာကို အသဲအမဲလေ့ လာသင်ယူနေချိန်...
ပထမတော့ ထိုစဉ်ကာလထုတ်အင်္ဂလိပ်စာစာစောင်များတွင် ကြေငြာနေသည့် ဆိပ်ကမ်းသာလမ်းတွင်သင်
တန်းဖွင့် ထားသည့် အင်္ဂလိပ်စာ ဆရာကြီးတစ်ဦးထံတွင် သင်တန်းတက်ဖြစ်သည်...
ထိုဆရာကြီးကား စကားပြောတော့ ကောင်းလှသည်... ၎င်းအင်္ဂလိပ်စာနှင့် ပါတ်သက်လျှင်မည်သို့ တော်
ကြောင်း၊ တတ်ကြောင်း ၊ ၎င်းကို ဆရာတက်တိုးကပင်ချီးကျူးစကားဆိုကြောင်းစသည်ဖြင့် ရွှမ်းရွမ်းဝေအောင်
ပြောလေသည်...
အင်္ဂလိပ်စာသင်ရာတွင်မူ စာစောင်တစ်ခုတွင် ၎င်းရေးသားဖော်ပြနေသည့် ဆောင်းပါးများကို ဖတ်ပြရုံသာ...
စကားပြောလည်းဖြစ်ဖြစ်မြောက်မြောက်သင်သည်မဟုတ်၍ တစ်လနှင့် ထိုသင်တန်းမှ ထွက်လာခဲ့ လေ
တော့ သည်....

၎င်းနောက် မိမိ၏အင်္ဂလိပ်စာကျေးဇူးရှင်ဆရာနှင့် တွေ့ ရခြင်းဖြစ်သည်....
ဆရာ့ ကို မိမိဖတ်သောအင်္ဂလိပ်လေ့ လာသင်ယူရေးဆိုင်ရာမဂ္ဂဇင်းများတွင် ဆရာရေးသောဆောင်းပါးများ
ဖတ်ပြီးရင်းနှီးနေသော်လည်း ဆရာ၏သင်တန်းရှိမှန်းလည်းမသိပေ...
ဆရာကား သူ၏သင်တန်းကိုမည်သည့် စာစောင်တွင်မျှမကြေငြာ.....တစ်နေ့ မိမိအင်္ဂစာလေ့ လာရေးဆိုင်
ရာစာစောင်တစ်ခုဝယ်နေစဉ် ( ထိုစာစောင်တွင်တော့ ဆရာ့ ဆောင်းပါးများပါတတ်ပါသည်...) ထိုစာစောင်
ကိုပင်ဝယ်နေသည့် ရွယ်တူကျောင်းသားတစ်ဦးကပြောပြ၍ဆရာ့ သင်တန်းကိုသိရှိကာ သွားရောက်သင်
ယူနိုင်ခဲ့ ခြင်းဖြစ်သည်....

ဆရာကားဟိတ်ဟန်မရှိ၊ ပကတိရိုးသားစွာပင် သူတတ်သမျှသင်ကြားပေးပါသည်...သင်တန်းကြေးလည်းထို
စဉ်က ( မြို့ လည်တွင် သင်သည်ဖြစ်သော်လည်း ) ရန်ကုန်တစ်မြို့ လုံးတွင် အနည်းဆုံးပင် ဖြစ်ပေလိမ့် မည်...

မိမိဆရာ့ ကိုကြည်ညိုမိသည်က တစ်ခြားသင်တန်းတွေလို သုံးလပြတ်၊ လေးလပြတ် စတာတွေမလုပ်ကိုယ့် 
အင်္ဂလိပ်စာအရည်အသွေးကို ကိုယ့် ဘာသာကိုယ်ဆုံးဖြတ်စေကာ ရေရှည်သင်ယူလေ့ လာနိုင်ရန်လမ်းပြ
သင်ကြားပေးခြင်းပင်ဖြစ်သည်....
သင်ကြားပြသနေစဉ် ခက်ခဲသောအင်္ဂလိပ်စာလုံးများ၏အဓိပ္ပါယ်ကို မသိပါကဟန်ဆောင်ရောမချပဲ အနီးရှိ
အဘိဓါတ်ကိုဖွင့် ကာအဓိပ္ပါယ်အမှန်ကိုပြောပြတတ်ခြင်းပင်...
ထို့ ကြောင့် ပင်လျှင် မိမိကိုယ်တိုင်အဘိဓါန်သုံးသည့် အကျင့် ကိုရခဲ့ ပါသည်...ကိုယ်မသိသည့် စာလုံးကိုရော
မချတတ်သည့် အကျင့် ကောင်းကိုရခဲ့ ပါသည်...
တစ်နေ့ တော့ဆရာ့ သင်တန်းတွင် ကြေငြာစာရွက်လေးများဝေပါသည်...ထိုသိဒ္ဓိရှင် ဆိုင်းဘာဘာအကြောင်း
ဟိမ၀္တာချီးမွမ်းခန်းဖွင့် ထားသည်များနှင့် ဂါထာလေးတစ်ပုဒ်ဟုထင်ပါသည်...ထိုစာသားများပါသည့် စာရွက်
လေး....
ထိုနေ့ သင်ခန်းစာတွင် ဆရာက သူ့ ဘ၀တွင်ထိုဆိုင်းဘာဘာကိုတိုင်တည်ရုံဖြင့် မည်သို့ အဆင်ပြေခဲ့ ရသည်
များကိုအနည်းငယ်ပြောပြခဲ့ ပါသေးသည်...
မိမိကံကောင်းသည်က ထိုစဉ်အချိန်တွင်တော့ ထေရ၀ါဒလမ်းကြောင်းအမှန်သို့ ရောက်ရှိနေခဲ့ ပြီးဖြစ်နေခြင်း
ပင်...( ဘိုးတော်၊မယ်တော်၊ နတ် စသည်တို့ မကိုးကွယ်၊ မယုံကြည်တော့ ...)
သို့ နှင့် ဆရာ့ စာရွက်လေးသည်လည်း သင်တန်းစာအုပ်ကြားတွင်မေ့ မေ့ ပျောက်ပျောက်...
သို့ သော် ....
ကမ္ဘာ့ အတိုးတက်ဆုံး၊ အချမ်းသာဆုံး ဒီမိုကရေစီနိုင်ငံကြီးမှပင် အဆင့် မြင့် အလုပ်အကိုင်များလုပ်ကိုင်ပြီး
အမိမြန်မာပြည်သို့ ပြန်လာခဲ့ သော၊ မြန်မာပြည်၏နိုင်ငံကျော်စာရေးဆရာများနှင့် ခေတ်ပြိုင်၊ ငယ်ပေါင်းကြီး
ဖော်ဖြစ်သော၊ ကိုယ်တိုင်လည်းစာပေရေးသားထုတ်ဝေသောဆရာ့ ၏အရှိန်သြဇာကြောင့် ဆရာညွှန်းဆိုခဲ့ 
သည့် ဆိုင်းဘာဘာကို ယုံကြည်ကိုးကွယ်သူပေါင်းမည်ရွေ့ မည်မျှရှိခဲ့ သည်ကိုတော့ မသိနိုင်ခဲ့ ပါ...
အရေအတွက်နည်းမည်တော့ မဟုတ်မှာသေချာပါသည်....

နောက်ဆုံးပေါ်နည်းပညာဆန်းများ၊ ဇိမ်ခံပစ္စည်းများကိုစွန့် လွှတ်ကာ အမိမြန်မာပြည်သို့ မျိုးချစ်စိတ်အပြည့် 
ဖြင့် ပြန်လာခဲ့ သောဆရာကား ကိုးကွယ်ရာတွင်တော့ မျိုးမချစ်နိုင်တော့ ပဲ အိန္ဒိယနိုင်ငံမှ ဆိုင်းဘာဘာကို
ယုံကြည်ကိုးကွယ်မိခဲ့ ရှာလေသည်...
( ဗုဒ္ဓဘုရားသည်လည်း အိန္ဒိယနိုင်ငံသားပင်ဖြစ်ပါသည်...သို့ သော် ဘုရားစင်စစ်ဧကန်ဖြစ်၍ ကိုယ်တိုင်လည်း
ဆင်းရဲအပေါင်းမှငြိမ်းကာ ၊ လိုက်နာကျင့် ကြံအားထုတ်သူများလည်းငြိမ်းစေခဲ့ ပြီ...ငြိမ်းစေနိုင်ဆဲမို့ ကိုးကွယ်
အားထားထိုက်ပါသည်....)

မိမိသည်ပင် ဘာသာရေးတွင် အခြေခံကောင်းခဲ့ ၍သာ ဆရာ့ အယူမှားသို့ မလိုက်ခဲ့ မိခြင်းဖြစ်သည်...
သို့ သော် ဆရာ့ ကိုကားအလေးအစားမပျက်၊ အကြည်ညိုမပျက်ခဲ့ ပါ...ဆရာနှင့် လည်း လူချင်းမခင်ပါ...
သာမာန်သင်တန်းသားတစ်ဦးအနေနှင့် သာ ဆရာ့ သင်တန်းမှ ထွက်ခွာခဲ့ ပါသည်...

ယခုနှစ်ပေါင်းများစွာကြာမှ ထိုဆိုင်းဘာဘာ၏ လှည့် ကွက်များကိုဖော်ထုတ်ပြသခဲ့ သည့် ယူကျုဗီဒီယို
ကလစ်လေးကြည့် မိသဖြင့် ကျေးဇူးရှင်ဆရာအား သတိရမိပါသည်...
ဆရာ့ အားလည်းဤဗီဒီယိုကလစ်လေးကိုကြည့် စေချင်မိပါသည်...သင်တန်းဖွင့် ပြီးစာမသင်တော့ သည့် ဆ
ရာလည်းအသက်ထင်ရှားရှိနေလိမ့် ဦးမည်ဟု ယုံကြည်မိပါသည်...
ဆရာနှင့် အတူ မြန်မာပြည်တစ်လွှားမှ ဘုမသိဘမသိ ဆိုင်းဘာဘာယုံကြည်ကိုးကွယ်နေသူအပေါင်း အောက်ပါဗီဒီယိုကလစ်လေးကြည့် ၍ အမြင်မှန်ရပါစေသော်....

ဗီဒီယိုကလစ်ထဲတွင်တော့  ဆိုင်းဘာဘာဟု ဆိုထားခဲ့ ပါသည်....
ဓါတ်ပုံတွေထဲတွင်တွေ့ ဖူးသည့် ဆိုင်းဘာဘာဖြစ်မည်ဟုလည်းထင်မိပါသည်...

ကဲ...
ဗီဒီယိုကလစ်လေးကိုကြည့် ကြရအောင်...





ဒီဗီဒီယိုကလစ်လေးကတော့ အဆိုပါကဲ့ သို့ အတုအယောင်ဘိုးတော်တွေအကြောင်းကိုဖော်ထုတ်
ဖွင့် ချထားတဲ့ ဗီဒီယိုကလေးပါ...
လူတိုင်းကြည့် သင့် တဲ့ ပညာပေးအစီအစဉ်လေးပါ...


1 comments:

Unknown said...

ကိုပီတာရေ ဆိုင်းဘာဘာ လှည့်ကွက်တွေဖော်ထုတ်တာကို တင်ပြပေးတာတော့ကောင်းပါတယ် ဒါပေ့မယ် သူလှည့်စားပြီး သူ့ကိုကြည်ညိုသူတွေလှူသမျှကို ကျောင်းတွေဆေးရုံတွေ တက္ကသိုလ်တွေ research center တွေဆောက်တာတော့ မနည့်းဘူးဗျ ဘာသာရေးဗန်းပြပြီးလိမ်သူခြင်းမှာတော့ သူကတော့အခြားသူတွေထက်သာသလို ကောင်းကျိုးလဲဆောင်တာ အများကြီးဘဲ