The man with the longest tongue in the US

Saturday, July 31, 2010
အမေရိကန်က ကိုလျှာရှည်...

ကြောက်စရာ့ သူ့ လျှာအစွမ်း...

အမေရိကန်နိုင်ငံမှ အသက် ၂၀ အရွယ်ရှိ နစ်အဖန်နာစီးယက် ( အမယ်လေး နာမည်ကလည်း ကြောက်
စရာပါပဲ...) ဟာ အမေရိကန်နိုင်ငံမှာတော့ လျှာအရှည်ဆုံးလူသားပါပဲတဲ့ ...

မုန့် ကျိုးလိမ်ပမာ...အသည်းယားစရာ....

သူရဲ့ ရှည်လျားလှတဲ့ လျှာဟာ တွန့် လိမ်ကောက်ကွေးနိုင်ရုံသာမက သူ့ ရဲ့ တံတောင်ဆစ်ကိုတောင်လျှာနဲ့ 
လျှက်နိုင်သလို ဘလက်ဘယ်ရီ မိုဘိုင်းမှာလည်း လျှာနဲ့ ခလုပ်နှိပ်ပြီး မက်ဆေ့ ခ်ျ ပို့ လို့ ရပါသေးတယ်တဲ့ ....
နစ်ရဲ့ လျှာကိုအပြင်ထုတ်ပြီး နှုတ်ခမ်းအ၀ကနေတိုင်းကြည့် ယင် ၃ လက်မခွဲရှိလေသတဲ့ ဗျာ...

ဒီကမ္ဘာမှာကျွန်တော်အရှည်ဆုံး...

သူ့ ရဲ့ လျှာက ၃.၅ လက်မ ရှည်တာမို့ ယူကေက ကမ္ဘာ့ အရှည်ဆုံးလျှာပိုင်ရှင် စတီဖင်တေလာရဲ့ ၃.၈၆
လက်မရှည်တဲ့ လျှာကိုမှီဖို့ သိပ်မလိုတော့ ပါဘူး...

ခွေခေါက်ကာမွှေနှောက်မယ့် လျှာ...


ဗီဒီယိုကလစ်လေးထဲမှာတော့ ကောင်မလေးတွေက သူ့ ရဲ့ လျှာကိုတွေ့ လိုက်တာနဲ့ အလန့် တကြားနဲ့ 
အော်ဟစ်ကြပေမယ့် သဘောကျကြတယ်လို့ ဆိုပါတယ်...

မျက်တောင်ကိုတောင်ထိနိုင်တဲ့ အထိရှည်နိုင်လွန်းလှပါပေတယ်...

ထူးထူးခြားခြားရှည်လျားလှတဲ့ သူ့ လျှာဟာသူ့ ရဲ့ မျက်တောင်ကိုတောင်ထိနိုင်လောက်အောင်ရှည်လွန်း
လှပါတယ်...
မြွေဘ၀ကနေများလာခဲ့ လေသလားပဲ...

နှာခေါင်းပေါက်လောက်ကတော့ အေးဆေးပါပဲ...

တစ်ခြားလူသိမခံနိုင်လောက်တဲ့ အစွမ်းတွေလည်းရှိနိုင်ပါဦးမယ်...

ဗီဒီယိုကလစ်လေးပါ...





Nick Afanasiev, 20, has the longest tongue in the United States, and can twist it around, lick his elbow and use it to text message. Nick’s tongue measures 3.5 inches from the middle of his closed top lip to the tip.

2 comments:

သဒ္ဓါလှိုင်း said...

ကိုပီတာ..
တော်တော်ထူးဆန်းတဲ့လူသားပဲနော်..။
သူ့ရဲ့လျှာကိုကြည့်ပြီးအသည်းယားလိုက်တာ..။

ခင်မင်စွာ
သဒ္ဓါလှိုင်း

ကိုဇော် said...

အဟီး.. .
လျှာရှည်တယ် ဆိုတာ ဒီလိုလူထင်တယ်။
ကိုပါတီရော............