Vietnamese flock to see termite 'Buddha'

Monday, July 12, 2010


ဗီယက်နမ်က ပေါ်တော်မူခြတောင်ပို့ ဘုရား...

The “Buddha” ant hill.
ဗီယက်နမ်နိုင်ငံက ပေါ်တော်မူ ခြတောင်ပို့ ဘုရား....


Thousands of people flock to the site of the “Buddha”.

လာရောက်ဖူးမျှော်ကြည်ညိုသူများ....


အမွှေးတိုင်များ ပန်းများနဲ့ လည်း ပူဇော်ကြတယ်...
Incense smoke spirals around the area.


ကံကောင်းတယ်လို့ ယုံကြည်လို့ ထိတွေ့ ကိုင်တွယ်ကြသေးတယ်...
A woman tries to touch the ant hill for good luck.





ဗီယက်နမ်နိုင်ငံတွင် သောင်းနှင့် ချီသောလူအုပ်ကြီးဟာ ရာဘာခြံတစ်ခုအတွင်းမှာ ပေါ်ပေါက်လာခဲ့ 
တဲ့ ဗုဒ္ဓရုပ်ပွားဆင်းတုသဏ္ဍာန် ခြတောင်ပို့ တစ်ခုဆီသို့ အစုလိုက်အပြုံလိုက်သွားရောက်လျှက်ရှိနေ
ကြတယ်လို့ ဆိုပါတယ်...

" ရဲတပ်ဖွဲ့ နဲ့ ဒေသဆိုင်ရာအာဏာပိုင်တွေက ဘယ်လိုပဲတားတား လူတွေကတော ၀င်လာမစဲတစ်သဲ
သဲ သာရှိနေလျှက်ပဲဖြစ်ပါတယ်..." လို့ ( အဆိုပါပေါ်တော်မူ ချတောင်ပို့ ဘုရားတည်ရှိတဲ့ )ဘင်ကက် 
ရာဘာကုမ္ပဏီရဲ့ ပြောဆိုခွင့် ရှိသူ ဗိုဗန်စွန်း ကပြောကြားခဲ့ ပါတယ်...
ဗီယက်နမ်နိုင်ငံ၊ ဘင်ဒွန်းပြည်နယ်နှင့် အနီးအပါးဒေသတစ်ဝိုက်က ထောင်နှင့် သောင်းနှင့် ချီတဲ့ လူ
တွေဟာ အဆိုပါ ခြတောင်ပို့ ဘုရားသဏ္ဍာန်ရှိရာ တောတွင်းကိုအပြေးအလွှားလာရောက်နေကြတာ
လွန်ခဲ့ တဲ့ ဗုဒ္ဓဟူးနေ့ ကတည်းကဖြစ်ပါတယ်လို့ သူကဆိုခဲ့ ပါတယ်...
အမြင့် ၄၀ စင်တီမီတာ ( ၁.၃ ပေ ခန့် ) ရှိတဲ့ အဆိုပါခြတောင်ပို့ ဟာ ဗုဒ္ဓမြတ်စွာ ထိုင်နေပုံသဏ္ဍာန်
နှင့် တူပါတယ်...

" လူတွေပြောနေကြတာကတော့ ဒီနေရာဟာ ဗုဒ္ဓဘာသာအတွက်မြင့် မြတ်တဲ့ နေရာဖြစ်လို့ ၎င်းတို့ အ
နေဖြင့် လာရောက်ရှိခိုးဆုတောင်းကြတာဖြစ်ပါတယ်..." လို့ မစ္စတာ စွန်း ကဆိုပါတယ်...
" ဒီလိုပေါ်တော်မူဘုရားပုံ ပေါ်ထွက်လာတာဟာ ကျွန်တော်တို့ အတွက် နတ်ဒေ၀တာတွေဆီကနေ
အလွန်ကောင်းမွန်တဲ့ အတိတ်နမိတ်ဖြစ်ပြီး ဒါကြောင့် လည်း ရပ်ဝေးဒေသက လူအများအပြား ဒီနေရာ
ကိုလာရောက်ပြီး ပေါ်တော်မူဗုဒ္ဓရုပ်ပွားကို ရှိခိုးဦးခိုက်ကြတာဖြစ်ပါတယ်..." ဒေသခံတစ်ဦးကပြောဆို
ခဲ့ ပါတယ်...

ဒေသဆိုင်ရာအာဏာပိုင်တွေကတော့ အဆိုပါ ဘင်ကက် ဒေသဗုဒ္ဓဘာသာဆိုင်ရာ ကိုယ်စားလှယ်တွေ
ကို အဆိုပါပေါ်တော်မူခြတောင်ပို့ ကို တန်ဒင်းဒေသရဲ့  လုံဟွမ် ဘုရားဝင်း ကိုပြောင်းရွှေ့ သွားဖို့ ပြော
ကြားထားပါတယ်...ဒါမှလည်း လာရောက်ဖူးမျှော်ကြည်ညိုသူတွေကို စည်းကမ်းတစ်ကျ ထိန်းသိမ်းနိုင်
မှာဖြစ်ပါတယ်...

လောဘ၊ ဒေါသ၊ မောဟာ ရှိတဲ့ လူတွေအတွက်ကတော့ မိမိတို့ အတွက်ကောင်းကျိုးချမ်းသာတွေရရှိ
ခံစားကြမယ်ဆိုယင်တော့ ဒီလိုမျိုးအထူးအဆန်းတွေပေါ်လာယင် သူ့ ထက်ငါ အလုအယက်သွားကြ
တာကတော့ မဆန်းပါဘူး...
တစ်ကယ့် အနှစ်သာရက နှလုံးသားမှာ ဘုရားတည်ရမှာဆိုတာ ကိုတော့ အများစုက သဘောမပေါက်
ကြပါဘူး...

Thousands of Vietnamese have converged on a rubber farm after the discovery of a termite's nest resembling the image of Buddha. "Police and local authorities asked them to leave but others keep coming," said Vo Van Cuong, spokesman for the Rubber Company of Ben Cat.
He said thousands of people from southern Binh Duong province and neighbouring areas had rushed to the forest site since Wednesday.
The 40cm tall nest resembles Buddha sitting in meditation. "According to rumours, it's the sacred land of Buddhism, and they have come here to pray," Mr Cuong said.
"I think it is a very good omen presented to us from above and that's why many people have travelled a great distance to come here and worship the Buddha," a local resident said.
The local authorities have since asked Ben Cat District’s Buddhism representatives to move this figure to Long Hung Pagoda, Tan Dinh Commune for people to come and worship so that order can be restored in the area where it was discovered.

1 comments:

ကိုဇော် said...

တလွဲဆံပင်ကောင်းနေတာလေဗျာ။