Polish farmer kept wife as carthorse

Tuesday, July 20, 2010


တိရိစ္ဆာန်တစ်ကောင်လိုခိုင်းစေနှိပ်စက်ခြင်းခံရတဲ့ မိန်းမ...


အရိုးကွဲအောင်ရိုက်လို့ အသည်းကွဲအောင်ချစ်ခဲ့ လေသလား....

ပိုလန်နိုင်ငံတွင် နှစ်ပေါင်း ၁၅ နှစ်ကြာ ခင်ပွန်းဖြစ်သူရဲ့ ထိုးကြိတ်ရိုက်နှက် ကန်ကျောက်ခြင်းကို ခံခဲ့ ရ
တဲ့ အပြင် လယ်ထဲမှာပင် ထွန်သွားကို ( နွားတစ်ကောင်ကဲ့ သို့ ) ဆွဲခိုင်းခြင်းခံခဲ့ ရတဲ့  အိမ်ထောင်ရှင်
အမျိုးသမီးတစ်ဦးဟာ နောက်ဆုံးမှာတော့ ငရဲခန်းက ထွက်ပြေးလွတ်မြောက်ခဲ့ ရပါတော့ တယ်...

သူမအသက် ၁၉ နှစ်ကစပြီး ယခု ၃၄ နှစ် အထိတိုင်အောင် Irena Buzniak  တစ်ယောက် ပိုလန်နိုင်
ငံ တောင်ပိုင်းက လီမာနိုဝါ မြို့ မှာ ခင်ပွန်းဖြစ်သူနဲ့ ၎င်းရဲ့ မိသားစုဝင်တွေအားလုံးရဲ့  မြည်းတိရိစ္ဆာန်တစ်
ကောင်ပမာ စေခိုင်းဆက်ဆံခြင်းကို ခံခဲ့ ရရှာတာဖြစ်ပါတယ်...

လွန်ခဲ့ တဲ့ လ အနည်းငယ်ကမှပဲ Irena ဟာ ဒီလိုမျိုးဘ၀နဲ့ နေခဲ့  တာဖြင့် တော်လောက်ပါပြီ လို့ ဆုံး
ဖြတ်ချက်ချခဲ့ ပြီး သူမကိုနှိပ်စက်နေသူတွေထံကနေ ထွက်ပြေးပြီးအာဏာပိုင်များထံမှာ အကူအညီ
တောင်းခံဖို့ အားအင်သစ်တွေဖြစ်လာခဲ့ ရပါတော့ တယ်....
သူမခံစားခဲ့ ရတဲ့ ကိုယ်စိတ်ဆင်းရဲဒုက္ခတွေ ကြီးမား၊ များပြားလွန်းလို့ သူမကို စိတ်ရောဂါ ဆရာဝန်ဖြင့် 
ပင်ပြသဖို့ အတင်းအကြပ်တိုက်တွန်းခဲ့ ရပါတယ်...

သူမရင်ဆိုင်နေခဲ့ ရတဲ့ ပြဿနာတွေကို ထိပ်တိုက်ဖြေရှင်းဖို့ ရဲဝံ့ စွာဆုံးဖြတ်ခဲ့ မှုကြောင့် ယခင်က သူမ
ကို နှိပ်စက်ညှင်းပန်းခဲ့ ကြတဲ့ ခင်ပွန်းဖြစ်သူ အပါအ၀င် ၎င်းရဲ့ မိသားစုတစ်ခုလုံး တရားဥပဒေရှေ့ မှောက်
ကိုရောက်ရတော့ မှာဖြစ်ပါတယ်...

သူမဟာ လယ်ထဲမှာ နွားတစ်ကောင်လို ထွန်သွားကိုရှေ့ ကနေဆွဲခဲ့ ရတဲ့ အပြင် ကားဂိုဒေါင်ထဲမှာသော့
ခတ်ပြီးလှောင်ပိတ်ထားခြင်းကိုပါ ခံခဲ့ ရကာ ထိုးကြိတ်၊ ရိုက်နှက်၊ ကန်ကျောက်တာတွေအပြင် တစ်ခြား
သူတွေကို အကူအညီတောင်းခဲ့ ယင် သတ်ပစ်မည်ဟု ပင်ခြိမ်းခြောက်ခြင်း ခံခဲ့ ရပါတယ်...
အခုတော့ သူမရဲ့ ခင်ပွန်းဖြစ်သူ အသက် ၄၂ နှစ်ရှိ Antoni နဲ့ ၎င်းရဲ့ ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ Jozef
နဲ့ Kazimierz တို့ အပြင် ၎င်းတို့ ရဲ့ မိခင် အသက် ၈၁ နှစ်ရှိ Emilia တို့ ဟာ သူတို့ ရဲ့ ရက်စက်ယုတ်မာ
ရိုင်းစိုင်းတဲ့ လုပ်ရပ်တွေအတွက် ထောင်ဒါဏ် ၁၀ နှစ်စီ ကျနိုင်ရဖွယ်ရှိနေပါတယ်...

သူတို့ ကို ချမှတ်မယ့် ပြစ်ဒါဏ်ဟာ သူတို့ နဲ့ ထိုက်တန်တဲ့ ပြစ်ဒါဏ်မျိုး ဖြစ်လိမ့် မယ် လို့ ကျွန်မ ရိုးသား
စွာ ယုံကြည်ပါတယ် လို့ သူမကဆိုခဲ့ ပါတယ်...
" လွန်ခဲ့ တဲ့  ၁၅ နှစ်လုံးလုံး ကျွန်မရဲ့ ဘ၀ဟာ ထိတ်လန့် ခြောက်ခြားဖွယ်ရာ နှစ်တွေဖြစ်ခဲ့ တာမို့ ကျွန်
မအနေနဲ့ မေ့ ပြစ်လိုက်ချင်ပါတယ်..." လို့ သူမက မျက်ရည်များဝေ့ လျှက်ပြောကြားခဲ့ ပါတယ်...

သြော်...
အခုလိုခေတ်ကြီးမှာတောင် လူကို ဒီလိုကျွန်လိုဆက်ဆံခိုင်းစေတာတွေရှိနေတာပါပဲလား...

A woman has been freed from torment after being subjected to 15 years of beatings and being forced to pull a plough across farm fields. Since the age of 19, Irena Buzniak (now 34), was treated as a donkey by her husband and the rest of his immediate family in the small southern town of Limanowa.

It was only a few months ago that Irena decided enough was enough and she finally found the courage to flee her torture in order to find help from the authorities. Such was the extent of her ordeal, that she has been forced to seek help from doctors in a psychiatric hospital. Due to her brave decision to face her problems head-on, her previous family (including her husband) that kept her in a constant state of torment will now be brought to justice.

As well as being forced to carry the plough through the fields, she was kept locked up in a garage and was beaten and taunted with threats that she should be killed, in order to prevent her from begging for help. Her husband Antoni (42), his two brothers Kazimierz (45) and Jozef (39) and their mother, Emilia (81) now face up to 10 years behind bars for their part in the wicked ordeal.

“I honestly believe the punishment that all of them will hopefully be given will be fully deserved,” says Irena. “The past 15 years of my life have been completely horrific and they are 15 years that I would like to forget,” she said with tears in her eyes.

0 comments: