Melon sells for £38,000 at auction
Tuesday, July 13, 2010
ဒေါ်လာ ၅၇၀၀၀ နဲ့ ပေးဝယ်တဲ့ ဖရဲသီး ( သခွားမွှေးသီး...) 
ချိုပါတယ် သကြားလေးလို ....
ကမ္ဘာ့ အချိုဆုံးဖရဲသီး လို့ ဆိုတာပဲ...
ကမ္ဘာ့ အချိုဆုံးဟု သတ်မှတ်ခြင်းခံရတဲ့ ဖရဲသီးတစ်လုံးကို ပေါင်စတာလင် ၃၈၀၀၀ ( ဒေါ်လာ ၅၇၀၀၀ )
ဖြင့် လေလံပွဲတစ်ခုမှာ ရောင်းချခဲ့ ရတယ်လို့ ဆိုပါတယ်...
တရုတ်နိုင်ငံ၊ ရှန်ကျန်းပြည်နယ်၊ တာပန်မြို့ မှာပြုလုပ်ခဲ့ တဲ့ နှစ်စဉ်ကျင်းပတဲ့ ဖရဲသီးပွဲတော် တစ်ခုမှာ
အဆိုပါဖရဲသီးကို အသက် ၄၇ နှစ်ရှိ တရုတ်စီးပွားရေး လုပ်ငန်းရှင် ယူလင်း က မိုးထိအောင်မြင့် တဲ့ 
ဈေးဖြင့် ပေးပြီးဝယ်သွားခဲ့ ခြင်းဖြစ်ပါတယ်...
မြန်မာပြည်မှာတော့ သခွားမွှေး လို့ ခေါ်ကြတဲ့ အဆိုပါ ဖရဲသီးဟာ ၎င်းရဲ့ အချိုဓါတ်နှုံးက ၁၀၀ ဂရမ်
မှာ သကြား ၂၀.၂ ဂရမ် အတိုင်းအဆ ပါရှိတာမို့  ကမ္ဘာ့ အချိုဆုံး ဖရဲသီးအဖြစ် ကျွမ်းကျင်သူပညာ
ရှင်များက တရားဝင် သတ်မှတ်ပေးခဲ့ တာဖြစ်ပါတယ်...
အကောင်းဆုံး ဖရဲသီးဆုကို ဆွတ်ခူးခဲ့ လို့ ရွေးချယ်ဝယ်ယူခြင်းခံခဲ့ ရတာဖြစ်ပါတယ်...
အခုလို အမြင့် ဆုံးဈေးပေးခဲ့ တာမို့ တစ်လလျှင် ပေါင်စတာလင် ၃၀၀ ( ဒေါ်လာ ၄၅၀ ) သာသာမျှ ၀င်
ငွေရှိနေတဲ့  ဖရဲသီးခြံပိုင်ရှင် လူတန်း အတွက်တော့ အကြီးအကျယ်အောင်မြင်မှု တစ်ခုဖြစ်ခဲ့ ပါတယ်...
" ကျွန်တော်ကတော့ ခြံစိုက်စားတဲ့ လုပ်ငန်းကို စွန့် လွှတ်မှာ မဟုတ်ပါဘူး....ခြံမြေကွက်တွေတောင်
ထပ်ဝယ်ပြီး နောက်နှစ်ဆို ပိုပြီးဖွံ့ ထွားကာ အရည်အသွေးပိုမိုကောင်းမွန်တဲ့  ဖရဲသီးတွေထွက်အောင်
ဆက်လက်စိုက်ပျိုးဖို့ စီစဉ်ထားပါတယ်..." လို့ သူကဆိုခဲ့ ပါတယ်...
အောင်မယ်လေးဗျာ...
ဘယ်လောက်တောင်ကောင်းလို့ ဖရဲသီးတစ်လုံးကို အဲဒီလောက်ပိုက်ဆံပေးပြီးဝယ်တယ်တော့ မသိ
တော့ပါဘူး...
ဟုတ်ကောဟုတ်နိုင်ပါ့ မလားလို့ တောင်ထင်မိတယ်...
နည်းနည်းတော့ လျှော့ ပါဦးလို့ ဆိုချင်ပါတယ်...
A melon rated the sweetest in the world has been sold for a mouth-watering £38,000 at auction. Chinese businessman Yu Lin, 47, bid the astronomical price for the single piece of fruit at an annual melon festival in Turpan, Xinjiang, China.
Experts there gave it an official seal as the world's sweetest. Honeydew melons like this have a sugar content of 20.2g per 100g of fruit.
The award-winning melon was selected for its sweetness, colour and form. And that is a sweet success story for Chinese farmer Lu Tan, who normally earns just over £300 a month.
He said: "I will not be giving up my farm — but I plan to buy more land and next year have an even bigger and better melon to sell."
1 comments:
Anonymous said...
လျှာကိုအရသာခံတာလေ