Britain’s oldest man can’t recall fifth secret to his five ways to longevity
Thursday, November 11, 2010
အသက်ရှည်ရာအနာမဲ့ ကြောင်းနည်းလမ်းကောင်းများနဲ့ အဘိုး...
ဗြိတိန်နိုင်ငံ၏အသက်အကြီးဆိုးအဘိုးဖြစ်သူက သူ့ ရဲ့ ဘ၀မှာအသက်ရှည်ရခြင်းအကြောင်းလျှို့ ဝှက်ချက်
ငါးခု ရှိတယ်လို့ ဆိုခဲ့ ပြီး ဆက်လက်ပြောပြခဲ့ ရာမှာတော့ လေးခုကိုပဲ မှတ်မိနိုင်ခဲ့ ပြီး တစ်ခုကိုတော့ မေ့ 
သွားခဲ့ ပြီလို့ ဆိုခဲ့ ပါတယ်...
ခရစ်ယာန်ဘုန်းတော်ကြီးလည်းဖြစ်တဲ့ အဖိုး ဒိန်း ဟာသူ့ ရဲ့ ပညာရှိစကားကို အသက် ၁၀၈ နှစ်မြောက်မွေး
နေ့ တွင် အင်္ဂလန်ဘုရင်မကြီးဆီက ကိုးခုမြောက် မွေးနေ့ နှုတ်ခွန်းဆက်သတင်းစကားကြေးနန်းစာရအပြီး
မှာပြောကြားခဲ့ တာဖြစ်ပါတယ်...
သူက " မိတ်ဆွေသူငယ်ချင်းကောင်းများရှိခြင်း ( မိတ်ဆွေကောင်းလို့ ဆိုတယ်နော်...သောက်စားမူးယစ်
တတ်သူလို့ မပါဘူး...)၊ ကိုးကွယ်ယုံကြည်စရာ ဘာသာတရားရှိခြင်း၊ လူတွေအပေါ်အဆိုးကိုသာမမြင်ပဲအ
ကောင်းမြင်တတ်ခြင်း၊ နှစ်ပေါင်း ၃၀ သတ်သတ်လွတ် စားခဲ့ ခြင်းတွေဟာ အသက်ရှည်ခြင်းကို အထောက်
တယ်....
 လူ့ လောကမှာ လူတွေကို အဆိုးမမြင်ပဲ အကောင်းမြင်တတ်ဖို့ အရေးကြီးပါတယ်...
သားတစ်ယောက်ရဲ့ ဖခင်၊ မြေးနှစ်ယောက်တို့ ရဲ့ အဘိုးဖြစ်သူ ဒါဘီရှိုင်းယားနယ်မှ ဘုန်းတော်ကြီး အဘိုး
က " အနည်းငယ်နာတာကျင်တာ၊ ကိုက်တာခဲတာကလွဲယင် အဘိုးရဲ့ ကျန်းမာရေးကတော့ အလွန်ကောင်း
ပါတယ်...အဲဒီအတွက်လည်း ကျေးဇူးတော်တင်ရပါတယ်..." လို့ ဆိုခဲ့ ပါတယ်...
၁၉၀၂ နှစ်မှာမွေးဖွားခဲ့ ပြီး အဘိုးဟာကျောင်းဆရာအဖြစ်၊ ဘာသာရေးဝန်ထမ်းအဖြစ်ရော၊ စစ်တပ်တရား
ဟောဆရာအဖြစ်ပါအမှုထမ်းခဲ့ ပြီး ယခုထက်တိုင်လည်း ဒေးစ်မင်း အသံတော်ဓမ္မတေးအဖွဲ့ ရဲ့ ဥက္ကဌ အဖြစ်
ဆောင်ရွက်နေပါသေးတယ်...
" အဘိုးဟာ အလုပ်နဲ့ လက်ပြတ်တယ်မရှိအောင် အလုပ်များနေခဲ့ ပြီး အဲဒီလိုနေရတာကိုလည်း သဘောကျ
ပါတယ်..." လို့ ထပ်ပြီးပြောပြခဲ့ ပါသေးတယ်...
ကဲ...
မိတ်ဆွေကောင်းရှိခြင်း၊ ကိုးကွယ်ရာဘာသာတရားရှိခြင်း၊ အကောင်းမြင်တတ်ခြင်း ( သဘာဝကို ဟာသ
ကျစွာမြင်တတ်ခြင်း လို့ လည်းဆိုချင်ပါသေးတယ်...) ၊ သတ်သတ်လွတ်စားခြင်း တို့ ဟာ အသက်ရှည်စေ
ပါသတဲ့ ....
နောက်တစ်ခုက ဘာများဖြစ်မလဲ....
Britain's oldest man has hit upon the five secrets to a long life - but he can only remember four of them.
Reverend Reg Dean passed on his wisdom on his 108th birthday, after receiving his ninth telegram from the Queen. He said: "Good friends, a religion, looking for the best in people not the worst and being a vegetarian for 30 years have helped. But I can't remember the other one."
The father of one and grandfather of two, from Derbyshire, said: "My health could not be better and I have few aches and pains, for which I am very grateful."
Born in 1902, he has worked as a teacher, minister, and army chaplain and is still president of the Dalesmen Male Voice Choir. He added: "I've always been very busy and that's how I enjoy it."
2 comments:
Anonymous said...
တရက်မှာအနည်းဆုံးတစ်ခါတော့ရယ်ပါရှင်....
Jonathan Woods said...
ကိုယ်ကျင့်တရား ကောင်းခြင်း ဖြစ်ပါလိမ့်မယ် ကိုပီတာ
တကယ်တော့ မြတ်ဗုဒ္ဓက အသက်ရှည်ရာ အနာမဲ့ကြောင်း အကြောင်းတရား ၅ ပါး ကို ဟောထားတာ ရှိပါတယ်
(၁) မိမိနှင့် သင့်လျော်လျောက်ပတ်သော ဆေးဝါးဓာတ်စာ၊ အစားအသောက်၊ အနေအထိုင်တို့နှင့်သာ ပြုမူနေထိုင် စားသောက်ခြင်း။
(၂) အတိုင်းအရှည်သိပြီး ချင့်ချိန်စားသောက်တတ်ခြင်း။
(၃) ကြေလွယ် ကျက်လွယ်သော အစားအသောက်ကိုသာ စားသောက်ခြင်း။
(၄) ငါးပါးသီလမြဲခြင်း။
(၅) ကလျာဏမိတ္တ အဆွေခင်ပွန်းကောင်းရှိခြင်း။