M'sian bomohs capture 9 spirits

Sunday, November 7, 2010
သရဲ ၉ ကောင်ဖမ်းမိတဲ့ မလေးရှားကနတ်ဆရာများ...























သရဲကိုးကောင်ကို ဖမ်းထည့် ထားသည်ဟုဆိုသော ပုလင်းများကို ဓါတ်ပုံရိုက်နေကြစဉ်...
[photo: Onlookers taking pictures of the containers where the nine djinns are believed to have been trapped.]


မြင်ကွင်းကတော့ ၁၉၈၂ ခုနှစ်က ထိတ်လန့် သဲဖိုဇတ်ကား ပိုလ်တာဂျေ့ စ် ထဲကအတိုင်းပါပဲ...
အမျိုးသမီးလေးတစ်ဦးထံမှာ ပူးဝင်နေတဲ့ သရဲကိုးကောင်ကို သူမရဲ့ နေအိမ်မှာ မလေးရှားနတ်ဆရာနှစ်ဦး
က ဖမ်းဆီးခဲ့ တာဖြစ်ပါတယ်...
အဆိုပါမိန်းကလေးဟာ မကြာခဏ သူမနေအိမ်ကနေပျောက်ဆုံးသွားလေ့ ရှိပြီး ဘိလပ်မြေဖျော်စက်၊
သင်္ချိုင်းကုန်း စသည့် နေရာတွေမှာ ပြန်တွေ့ ရလေ့ ရှိလို့ တစ်ရွာလုံးကတော့ သူမအကြောင်းပြောနေ
ကြတာဖြစ်ပါတယ်....
အသက် ၂၂ နှစ်အရွယ်ရှိ စီတီဘယ်လ်ကစ်မိုဟာမက်နိုး ရဲ့ မိဘနှစ်ပါးဟာ ၎င်းတို့ သမီးလေးထူးဆန်းစွာ
ပျောက်ဆုံးနေတတ်တဲ့ လျှို့ ဝှက်ဆန်းကြယ်မှုနောက်ကွယ်က တရားခံ နတ်မိစ္ဆာ သရဲတွေကို နတ်ဆရာ
တွေက အနိုင်ရခဲ့ လို့ ၎င်းတို့ မိသားစုဘ၀လေး ပုံမှန်ပြန်ဖြစ်တော့မည်ဟုဆိုကာ ယုံကြည်ဝမ်းသာနေကြ
ပါတယ်....
ထိုတရားခံ နတ်မှင်စာတွေကို နတ်ဆရာများက ဖမ်းပြီး အထူးစီရင်ထားတဲ့ ပုလင်းထဲထည့် သွင်းထားသည့်
သတင်းကြားရသည့် ရာပေါင်းများစွာသော ရွာသားတွေဟာ ထိုအိမ်ကို ရောက်ရှိလာခဲ့ ကြပါတယ်...
စိတ်ဝင်တစ်စားရှိနေခဲ့ ကြတဲ့ ရွာသားတွေဟာ သူ့ ထက်ငါအလုအယက်တိုးဝှေ့ ပြီး ထိုသရဲဖမ်းထားသည့် 
ပုလင်းများကို ဓါတ်ပုံများ၊ ဗီဒီယိုများ ရိုက်ယူခဲ့ ကြပါတယ်...

အမည်ဖေါ်ပြရန်ငြင်းဆိုခဲ့ သည့် အောက်လမ်းနတ်ဆရာ ၂ ဦးဟာ စီတီဘာလ်ဂစ် လေးရဲ့ ဖြစ်အင်ကို သ
တင်းစာတွေမှာ ဖတ်မိသိရှိခဲ့ ကြပြီးနောက် လွန်ခဲ့ သည့် သောကြာနေ့ ကစေတနာမေတ္တာဖြင့်အခမဲ့ လာ
ရောက် ကုသပေးခဲ့ ခြင်းဖြစ်ပါတယ်...
ထိုနေ့ ည ၇ နာရီ ၃၀ မှာ နတ်ဆရာတစ်ဦးက မိသားစုနေအိမ်အတွင်း ရွတ်ဖတ်နေစဉ် နောက်တစ်ဦးက
တော့ အိမ်ရှေ့ တံခါးအပြင်ဖက်ကနေ ကျမ်းစာတွေကို ရွတ်ဖတ်နေခဲ့ ပါတယ်...
၁၅ မိနစ်လောက်အကြာမှာတော့ အပြင်မှာရှိနေတဲ့ နတ်ဆရာဟာ အိမ်ထဲကနေ ပုံရိပ်သဏ္ဍာန်တစ်ခု ထိုး
ဖောက်ထွက်ပြေးသွားတာကို ရိပ်ကနဲတွေ့ လိုက်ရပါတယ်...
သူက နောက်ကနေလိုက်ဖမ်းခဲ့ တာ ဖမ်းမိသွားခဲ့ ပါတယ်...အဲဒီနောက်တော့ ထွက်ပြေးဖို့ ကြိုးစားခဲ့ ကြ
တဲ့ တစ္ဆေမှင်စာ ရှစ်ကောင်ကို တစ်ကောင်ပြီးတစ်ကောင်ဆက်တိုက် ဖမ်းဆီးရမိခဲ့ ကြပါတယ်...
တစ္ဆေမှင်စာတွေအနေနဲ့ နောက်ထပ် ဒုက္ခမပေးနိုင်အောင် အလုံပိတ်ထားတဲ့ ပုလင်းတွေကို ပင်လယ်ထဲ
ကိုလွှင့် ပစ်လိုက်မှာဖြစ်တယ်လို့ နတ်ဆရာက ပြောကြားခဲ့ ပါတယ်...




ပူးဝင်နေသည့် မကောင်းဆိုးဝါးကို နှင်ထုတ်ပေးနေသည့် မလေးရှားနတ်ဆရာ
( မိခင်ဖြစ်သူကို ဘေးအနားမှာ ပေးလို့ ဒီလိုဆ၇ာများကတော့အမှန်အကန်ပါ...အကြံအဖန်ဆိုယင်သူတို့ 
နားမှာ ဘယ်သူမှပေးမနေတတ်ပါဘူး...)


သူမရဲ့ သမီးဖြစ်အင်ကို သတင်းစာမှာမကြာသေးမီက ဖော်ပြခဲ့ ပြီးနောက် နတ်ဆရာစုစုပေါင်း ၁၇ ဦးက
ကူညီကာ သူရဲများကိုနှင်ထုတ်ပေးမယ်လို့ ကမ်းလှမ်းပြောဆိုခဲ့ တယ်လို့ စီတီဘာလ်ဂစ် လေးရဲ့ မိခင်ဖြစ်
သူအသက် ၄၇ နှစ်ရှိ နိုရီဇန် ကပြောပြခဲ့ပါတယ်....
လွန်ခဲ့ တဲ့ နှစ်လလောက်ကစပြီး သမီးဖြစ်သူ စီတီဘာလ်ဂစ် တစ်ယောက်ထူးဆန်းစွာပျောက်ဆုံးနေတတ်
ခဲ့ ပြီးနောက် လာရောက်ကုသပေးခဲ့  သည့် နတ်ဆရာပေါင်း ၁၀၀ ခန့် အတွက် သူမတို့ မိသားစုဟာ ရင်း
ဂစ်ငွေသောင်းနဲ့ ချီပြီး ရှာဖွေကာ အကုန်အကျခံခဲ့ ရတယ်လို့ သူမကဆိုပါတယ်....
" သို့ သော်လည်း သမီးလေးရဲ့ အဖြစ်ဆိုးကို ( ဘယ်သူမှမကယ်တင်နိုင်တဲ့ ) သတင်းမီဒီယာတွေက ဖော်
ပြခဲ့ ပြီးနောက်မှာတော့ နတ်ဆရာတွေဟာ အခမဲ့ ကယ်တင်ကုသပေးဖို့ ကမ်းလှမ်းလာခဲ့ ကြပါတော့ 
တယ်....
နောက်ဆုံး အောင်မြင်မှုကြောင့် အခုတော့ မိသားစုအားလုံးဟာ စိတ်ချမ်းသာရပါပြီ..." လို့ လည်း သူမ
ကဆိုခဲ့ ပါတယ်... 

အခုတော့ သူမကိုဒုက္ခပေးတဲ့ တရားခံတစ္ဆေမှင်စာများကို ဖမ်းမိခဲ့ ပြီမို့ သူမဟာ လွန်ခဲ့ တဲ့ နှစ်ရက်ကစပြီး
ပျောက်ဆုံးသွားခြင်းမရှိတော့ ပဲ ပုံမှန်ဘ၀ကိုသာ ဆက်လက်နေထိုင်လိုပါတော့တယ်လို့ စီတီဘာလ်ဂစ် က
ပြောကြားခဲ့ ပါတယ်...
" ကျွန်မတို့ မိသားစုအားလုံးကို ကူညီခဲ့ ကြတာတွေအားလုံးအတွက် ဘယ်လာက်ကျေးဇူးတင်ရတယ်ဆို
တာ စကားလုံးနဲ့ တောင်ပြောပြလို့ မရနိုင်ပါဘူး....
အခုဆိုယင် ရုတ်တရက် ကိုယ့် ကိုယ်ကို မေ၇ာက်ဘူးတဲ့ စိုးရိမ်ထိတ်လန့် ဖွယ်နေရာတွေကိုရောက်နေတာ
ရုတ်တရက်တွေ့ ရဖို့ မစိုးရိမ်ရတော့ တဲ့ အတွက် စိတ်သက်သာရာရခဲ့ ပါပြီ..." လို့ သူမကဆိုခဲ့ ပါတယ်...

မလေးရှားမှာတော့ အကဲမစမ်းနဲ့ နော်...သရဲဖမ်းမယ့် ဆရာတွေရှိတယ်...
သူတို့ နည်းသူတို့ ဟန်နဲ့ တော့ စွမ်းကြတာပါပဲ...


မူရင်းအင်္ဂလိပ်လိုသတင်းပါ....
JERTIH, MALAYSIA - It looked like a scene from the 1982 horror movie Poltergeist when two bomoh allegedly captured nine djinns at the home of a woman yesterday.
The girl became the talk of her village when she allegedly vanished on several occasions, only to be found in odd places like inside a cement mixer and a cemetery.
The parents of Siti Balqis Mohd Nor, 22, were relieved with the success of the two bomoh and hoped their life would return to normal as the djinns were said to be behind the woman's mysterious disappearances.
           
Hundreds of residents flocked to thehome  of Siti Balqis when they heard that the "culprits" had been captured and imprisoned in special containers. Curious onlookers jostled to take photos and video footage of the containers and the djinns said to be inside.


The two bomoh, who refused to be identified, offered their services for free on Friday after reading about Siti Balqis' plight in newspapers.
At 7.30pm, one of them started praying inside the family home while the other recited verses outside the front door.
About 15 minutes later, the bomoh outside the house saw a figure dashing away.
He gave chase and captured it. Subsequently, eight more djinns were captured one by one as they tried to flee.
The bomoh said the sealed containers would be thrown into the sea so that the djinns would not bother anyone again.
Siti Balqis' mother, Norizan Said, 47, said 17 bomoh had offered their services since her daughter's story appeared in the newspapers recently.
She said the family had forked out thousands of ringgit to pay for the services of about 100 bomoh since Siti Balqis started vanishing at odd hours two months ago.
"However, after my daughter's plight was highlighted in the media, many bomoh came to offer their services for free.
"The whole family is relieved by the latest development," she said.
Siti Balqis said she stopped vanishing two days ago and just wanted to carry on with life now that the "culprits" responsible for spiriting her away had been captured.

"I cannot say how grateful I am for all the help that has been given to us.
"I am relieved to be able to live without the fear of suddenly finding myself alone in strange places," she said.

0 comments: