Dog bowl sells at auction for $27,450

Tuesday, November 30, 2010

ဒေါ်လာ ၂၇၄၅၀ ရတဲ့ ခွေးစာခွက်...


စားခွက်တောင် ဒေါ်လာသောင်းချီတန်တယ်ဆိုတော့ နယ်နယ်ရရခွေးမဟုတ်ပေဘူး...


ခွေးစာခွက်များ ဒီဇိုင်းမျိုးစုံလေလံတင်ရောင်းချသည့် ပွဲတစ်ခုတွင် အမေရိကန်နိုင်ငံ၊ လော့ စ်အိန်ဂျလိမြို့ 
မှ အနုပညာရှင် အက်ဒ်ရပ်စ်ကာ စိတ်ကူးပုံဖော်ဖန်တီးပြုလုပ်ခဲ့ တဲ့ ခွေးစာခွက်တစ်ခုဟာ ဒေါ်လာ ၂၇၄၅၀
( ဟုတ်မှ ဟုတ်ပါ့ မလားလို့ တောင်ထင်မိတယ်...) ဖြင့် ဈေးအမြင့် ဆုံးရရှိခဲ့ တယ် လို့ ကာလီဖိုးနီးယားပြည်
နယ်မှ လေလံပွဲအဖွဲ့ တစ်ခုကပြောကြားခဲ့ ပါတယ်....
လွန်ခဲ့ သည့် အင်္ဂါနေ့ ကလော့ စ်အိန်ဂျလိစ် နှင့် ဆန်ဖရန်စစ်စကိုမြို့ များတွင်ပြုလုပ်ခဲ့ သည့် အရောင်းပြပွဲ
တစ်ခုမှာ ရပ်စကာ ရဲ့  " Untitled ( Frido ) 2010 "  ခွေးစာခွက် ကဈေးအမြင့် ဆုံးရရှိခဲ့ တာဖြစ်သည်ဟု
ဘွန်ဟန်း လေလံအဖွဲ့ ကပြောကြားခဲ့ ပါတယ်...
ဒေးဗစ်ဟော့ ကနေး ရဲ့ ခွေးစာခွက်က ဒေါ်လာ ၆၇၁၀၊ အနုပညာရှင် ကင်နီရှာ့ ဖ် ရဲ့ ဖန်တီးမှု က ဒေါ်လာ
၄၅၇၅၊ ရော့ စ်ဘလက်ကနာ ပြုလုပ်ဖန်တီးသည့် ခွက်က ဒေါ်လာ ၂၀၇၄ နှင့်  ချပ်အာနိုဒီ ရဲ့ ဆန်းသစ်မှုက
ဒေါ်လာ ၁၂၂၀ အသီးသီးရောင်းချနိုင်ခဲ့ပါတယ်....
အဆိုပါခွေးစာခွက်များကို ၀င်ငွေနည်းပါးပြီး အသက်အရွယ်ကြီးရင့် နေကြပြီဖြစ်သည့် တိရိစ္ဆာန်ချစ်သူ၊ ခွေး
ပိုင်ရှင်များအတွက် ရည်ရွယ်ပြီး အကျိုးအမြတ်များပြည်လည်ခွဲဝေ ထောက်ပံ့ မည့်  PAWS/LA အဖွဲ့ အ
တွက် ရည်စူးပြီး လေလံတင်ရောင်းချခဲ့ ခြင်းဖြစ်ပါတယ်...

ကမ္ဘာမှာ ဆင်းရဲ၊ ချမ်းသာ ကွာဟချက်ကြီးမားမှုကတော့ ခွေးစာခွက်ဖိုးလောက်တောင် ၀င်ငွေမရှိတဲ့ သူတွေ
သန်းပေါင်းရာနဲ့ ထောင်နဲ့ ချီပြီးရှိနေချိန်မှာ ချမ်းသာသူတွေကျတော့ လည်း ခွေးစာခွက်ကလေးတစ်ခုအ
တွက်တောင်ဒေါ်လာ ထောင်သောင်းပေးဝယ်နေနိုင်ကြတာပါပဲ...
အခုပေးဝယ်တဲ့ ဈေးနှုံးနဲ့ ငွေတွေကတော့ ကူညီထောက်ပံ့ ရေးရန်ပုံငွေအတွက်ဆိုတော့ အလှူလို့ သဘော
ထားနိုင်တာမို့ တော်ပါသေးတယ်....

A California auction house said a sale featuring designer dog bowls was topped by a $27,450 doggie dish created by Los Angeles artist Ed Ruscha.

Bonhams auction house said the sale, on Tuesday, in Los Angeles and San Francisco, featured Ruscha's "Untitled (Fido) 2010" as the top bid-getter.

David Hockney's bowl sold for $6,710, a bowl by artist Kenny Scharf sold for $4,575, a dish made by Ross Bleckner sold for $2,074 and a Chuck Arnoldi work sold for $1,220.

The dog bowls were sold to benefit PAWS/LA, a non-profit aimed at benefiting low-income and elderly pet owners.

You can see the other dog bowls here.

1 comments:

Anonymous said...

ကိုကြီးညီမလေး ခွက်ကိုသေချာကြည့်တယ်ဘာနဲ့ များလုပ်ထားတာလဲ ဘာထူးခြားလဲဆိုပြီး..သာမန်ပါပဲ..အဲဒါကြီးဝယ်ပြီးလှူတယ်လို့ တော့သဘောမထားဘူး..တိုက်ရိုက်ပဲလှူတော့မယ်ဟိဟိ