Man Steals For Dying Girlfriend, Marries Her While In Prison

Wednesday, November 24, 2010

ရောဂါကျွမ်းနေသည့်ချစ်သူမိန်းကလေးအတွက်

ခိုးယူပြီးကူညီခဲ့ သည့် သူ အကျဉ်းထောင်ထဲတွင်

လက်ထပ်ပွဲကျင်းပ...


Meizi and her husband praying during the wedding
 ဘ၀အသစ်တစ်ဖန်ပြန်လည်မွေးဖွားခြင်းဆိုတာများရှိခဲ့ မယ်ဆိုယင် နောင်ဘ၀မှာ ဆုံဆည်းပါရစေ
လို့ များဆုတောင်းနေလေကြရော့ သလား....

သူမအသက်ကား ၃၇ နှစ်၊ ကင်ဆာရောဂါ၏နောက်ဆုံးအဆင့် သို့ ရောက်ရှိနေခဲ့ ရလေပြီ...
သူကားအသက် ၄၂ နှစ်၊ ချစ်သူအတွက် ဆေးကုဖို့ ငွေမရှိ၊ ထိုအတွက် တစ်ပါးသူပစ္စည်းဥစ္စာငွေကြေးများ
ခိုးယူခဲ့ သဖြင့် ထောင်ဒါဏ်လေးနှစ်အပြစ်ပေးခံခဲ့ ရလေပြီ...

 အချစ်ဆုံးသူရဲ့ ဆန္ဒ နောက်ဆုံးမှာပြည့် ဝခဲ့ ရပြီ....

အမျိုးသမီးတစ်ဦးအနေနှင့် သူမ၏နောက်ဆုံးဆန္ဒကား တစ်သက်မှာတစ်ခါ မင်္ဂလာဝတ်စုံဝတ်ပြီး ချစ်ရသူ
နှင့် မင်္ဂလာပွဲ ဆင်နွှဲချင်လှပါသည်....
ချစ်သူအတွက် အားကိုးဖွယ်ယောကျာင်္းတစ်ယောက်အနေနှင့် သူကား သူမဆန္ဒပြည့် ဝစေဖို့ ချစ်သူနှင့် ရွှေ
လက်တွဲကာ မင်္ဂလာခန်းမအလယ် လမ်းလျှောက်နိုင်ဖို့ အရာရာစွန့် လွှတ်ပေးဆပ်ခဲ့ လေသည်...

Meizi had to be carried to an ambulance midway through the ceremony
နှစ်ဦးသားဘယ်တော့မှပြန်မဆုံနိုင်သော အန္တိမခရီးရှည်တစ်ခုအတွက် ခြေလှမ်းများ...

သို့ နှင့်  ၂၀၁၀ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့ တွင်တော့ တရုတ်နိုင်ငံ၊ ဟီနန်ပြည်နယ်၊ ကျောင်နင် အကျဉ်း
ထောင်တွင် ကင်ဆာရောဂါသည်အမျိုးသမီး မေကျီ တစ်ယောက် သူမအတွက်ထောင်ကျခံပြီး အနစ်နာခံခဲ့ 

သည့်  သူမချစ်သည့်သူနှင့် မင်္ဂလာပွဲကျင်းပနိုင်ခဲ့ ၍ပြုံးပျော်ခဲ့ ရလေသည်...

အသည်းနင့် နင့် ချစ်ရသည်ဆိုပေမယ့် လည်း...ခွဲရမည်က တစ်ဘ၀တာ...

သို့ သော် မူလက နာရီဝက်ကြာပြုလုပ်ရန်စီစဉ်ခဲ့ သည့် မင်္ဂပွဲတွင် သူမရဲ့ ရောဂါအခြေအနေဆိုးဝါးလာသ
ဖြင့် သူမအနေနဲ့ ဒယီးဒယိုင်ဖြင့် လမ်းလျှောက်ခဲ့ ရပြီး ၁၀ မိနစ်ခန့် အကြာမှာတော့ ဆက်မနေနိုင်လောက်
အောင်ဖြစ်လာခဲ့ ရသဖြင့် အခမ်းအနားအဆုံးသတ်ခဲ့ ရပါတယ်....
သို့ သော်လည်း ဒဏ္ဍာရီဆန်လှတဲ့ ပုံပြင်သဖွယ် ကြေကွဲဖွယ် မင်္ဂလာအခမ်းအနားကတော့ တက်ရောက်
အားပေးသူ ရာနဲ့ ချီတဲ့ ပရိတ်သတ်တွေကို မျက်ရည် ကျစေခဲ့ တာကတော့ အသေအချာပါပဲ....

 ချစ်သူသိစေ...စိတ်ချမ်းသာစေဖို့ ....

ဒုက္ခရောက်နေ၊ အခက်အခဲတွေ့ နေတဲ့ ချစ်သူအတွက် ဘ၀ပြဿနာကူညီဖြေရှင်းမယ်ဆိုတဲ့ စေတနာ
ရည်ရွယ်ချက် ကောင်းပေမယ့် လုပ်နည်းလုပ်ဟန်မမှန်ကန်တဲ့ အတွက် နှစ်ဦးစလုံး တစ်ယောက်ကထောင်
ထဲမှာထောင်ကျခံ၊ တစ်ယောက်က ဆေးရုံမှာအသက်ဆုံးရှုံးခဲ့ရတဲ့ ကြေကွဲစရာ အဖြစ်ဆိုးပါပဲ...

 
ယနေ့ မှစ နှစ်တစ်ရာတိုင် ....ဆိုသော်လည်း...

 ကံကြမ္မာစေစားချက်က ရက်စက်ခဲ့ ပြီမို့ ....
ထားရစ်ခဲ့ ပြီ....

ချစ်တတ်သူတွေအတွက် နည်းမှန်၊လမ်းမှန်နဲ့ ဘ၀အခက်ခဲတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ပါစေသတည်း...


She, 37-years-old, late stages of cancer. He, 42-years-old, in order to get money for her treatments, stole and was sent to jail, his sentence 4 years.
As a woman, her wish is to wear a wedding dress just once in her life. As a man, for this woman, he has given everything, and in order to realise her wish he took her hand and walked her down the aisle. On the 12th November 2010 in Henan Province Jiaonan Prison Meizi had a beaming smile on her face, but was staggering as she walked, and the wedding ceremony originally planned to be half an hour only lasted for 10 or so minutes before being hastily ended because she just couldn’t carry on. Nonetheless, this fairy tale-like wedding moved the few hundred guests present to tears.

2 comments:

Anonymous said...

မျက်ရည်တောင်စောင့်စောင့်ကျမိပါတယ်

Unknown said...

ချစ်သူအတွက် ကိုယ့်ဘဝကိုယ် ပေးဆပ်စတေးရဲတဲ့
သူ့စိတ်ဓာတ်ကို တကယ်ချီးကျူးပါတယ်။
သူ့ချစ်သူ သူ့အပေါ် ချစ်ရကျိုးနပ်ပါတယ်ရ်...