The lonely life of a six-year-old boy

Monday, November 15, 2010

ခြောက်နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ အထီးကျန်ဘ၀...


အရှုံးမပေးဘူးဟေ့  !!!!
Ah Long making a fire to cook dinner

တရုတ်နိုင်ငံမှ အသက် ၆ နှစ်အရွယ်ရှိ အိတ်ခ်ျအိုင်ဗီ ပိုးကူးစက်ခံရသည့် ကလေးငယ်တစ်ဦးဟာ ၎င်းရဲ့ မိဘ
နှစ်ပါးစလုံး အေ့ ဒ်စ် ရောဂါနှင့် သေဆုံးသွားခဲ့ ပြီးကတည်းက တစ်ယောက်တည်းနေထိုင်ခဲ့ ရလျှက်ရှိနေခဲ့ 
ပါတယ်....
အားလုံ ဟုခေါ်သည့် သားငယ်လေးဟာ ၎င်းကိုယ်တိုင်ပင် ချက်ပြုတ်၊ လျှော်ဖွပ်ကာ စာကိုလည်း ကိုယ်ဘာ
သာကိုယ်ပင် ကိုယ်တိုင်လေ့ လာရကာ တစ်ပိုင်တစ်နိုင်အဖြစ် ကြက်အကောင်ရေအနည်းငယ်ပါ မွေးမြူထား
ခဲ့ ပါသေးတယ်...

မီးစိုက်ဖို့ ထင်းလည်း ကိုယ့် ဘာသာကိုယ်ပဲ တောင်ပေါ်ကနေသွားရှာပြီး သယ်ရပါတယ်...
Ah Long carrying firewoods down the mountain path to his home

သူကလေးဟာ တရုတ်နိုင်ငံ၊ ဂွမ်စီပြည်နယ်၊ လျူကျိုးအရပ်ရှိ မာလုတောင်ခြေရွာကလေးရှိ ၎င်းရဲ့ မိဘများ
နေထိုင်ခဲ့ တဲ့ အိမ်မှာပဲ ဆက်လက်နေထိုင်လျှက်ရှိတာဖြစ်ပါတယ်...
အားလုံ မှာအသက် ၈၄ နှစ်အရွယ်ရှိ အဘွားတစ်ယောက်ရှိပြီး၊ ထိုအဘွားကတော့ သူ့ ဆီကိုမကြာခဏလာ
ရောက်လေ့ ရှိကာ ချက်ပြုတ်ပေးလေ့ ရှိပါတယ်...

ပျော်စရာ အဖော်ဆိုလို့ ဘ၀မှာ လောင်ဟေး တစ်ကောင်ပဲ ရှိပါတယ်...
Ah Long playing with Lao Hei in front of their house

အဘွားဟာ အားလုံ အတွက် သူ့ ရဲ့ အိမ်အနီးမှာ ဟင်းသီးဟင်းရွက်အပင်ကလေးတွေလည်း အနည်းငယ်
စိုက်ပေးထားပါတယ်....
အားလုံ ကလေးဟာ အေ့ ဒ်စ် ဆိုတာဘာလဲဆိုတာတောင်မသိရှာသေးပါဘူး...
သူသိတာဆိုလို့  သူ့ ရဲ့ သူငယ်ချင်းတွေက သူ့ အနားကိုမလာချင်ကြတာရယ်၊ ဆရာဝန်တွေက သူ့ ရဲ့ အနာ
လေးတွေကို ကုမပေးချင်ကြတာတွေရယ်၊ သူ့ ရဲ့ တစ်ဦးတည်းသော အားကိုဖွယ်ရာ မိသားစုဝင် ဖြစ်တဲ့ အ
ဘွားဖြစ်သူကလည်း သူနှင့်အတူ နေဖို့ ငြင်းဆန်ခဲ့ တယ်ဆိုတာပါပဲ...

သူ့ ကိုလက်ခံဖို့ အနီးအနားက မူလတန်းကျောင်းကလည်း ငြင်းဆန်ခဲ့ ပါတယ်...
သူ့ ဘ၀မှာ အဖော်ဆိုလို့  လောင်ဟေး လို့ ခေါ်တဲ့ ခွေးတစ်ကောင်ပဲရှိပါတယ်...

တစ်ယောက်တည်းလည်း ....အားမငယ်ပါဘူး...ဘ၀ရှေ့ ရေးအတွက် စာတတ်အောင်လေ့ လာရတယ်....
Ah Long studying in his room alone

ဇတ်လမ်းရှုပ်ခဲ့ တဲ့ မိသားစုနောက်ကြောင်းရာဇ၀င်ကြောင့် လည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးဌာနအနေ
နဲ့  သူကလေးကို စောင့် ရှောက်ဖို့ လက်မခံခဲ့ ပါဘူး...
သူကလေးဟာ လူမှုဖူလုံရေးဌာနမှ လစဉ်ထောက်ပံ့ ကြေး ၇၀ ယွမ် ( ၁၀ ဒေါ်လာကျော်ခန့် ) ရပေမယ့် 
လည်း မလောက်ငှရှာပါဘူး...
အားလုံ ကလေးရဲ့ အကြောင်းကို တရုတ်နိုင်ငံ သတင်းစာများမှာ ဖော်ပြခဲ့ ပြီးနောက် ဇနီးမောင်နှံနှစ်ဦးက
တော့ ၎င်းတို့ အနေနဲ့ သူလေးကို မွေးစားမယ်လို့ ကြေငြာပြောဆိုခဲ့ ပါတယ်...
ဒါပေမယ့် ယခုအထိတော့ အကောင်အထည်မဖော်နိုင်သေးပါဘူး...

ရက်စက်လွန်းလှတဲ့ ကံကြမ္မာရယ်....
အပြစ်မဲ့ တဲ့ ကလေးငယ်ကိုမှပဲ ရက်စက်နိုင်လွန်းပါပေတယ်....

ဘ၀ဆိုတာကတော့ ဒီလိုပါပဲ...
ကံကြမ္မာအမျိုးမျိုးအဖုံဖုံရှိတတ်ကြတာပါပဲ...
ဒါပေမယ့် ခြောက်နှစ်အရွယ်ကလေးတစ်ယောက်တောင် ဘယ်သူ့ အကူအညီမှမပါပဲ အသက်ရှင်နေထိုင်
နိုင်သေးတာ အသက်ပြည့် လို့ လူကြီးဖြစ်ပြီးနိုင်ငံခြားထွက်လာခဲ့ သူတွေရော၊ မိဘတွေနဲ့ ခွဲခွာပြီးအလုပ်
လုပ်နေရသူ လူငယ်တွေပါ တစ်ယောက်တည်းတတ်နိုင်တဲ့ ကိစ္စဆို သူများကိုအကူအညီမတောင်းပဲ လုပ်
ဖို့ နမူနာယူသင့် ပါတယ်...
ကိုယ်က သူများချည်းပဲအားကိုးနေမယ်ဆိုယင် စေတနာရဲ့ နောက်ကွယ်က ဝေဒနာတွေ ပါလာတတ်တယ်
ဆိုတာ သတိပြုရပါ့ မယ်...
အထူးသဖြင့် အားနာတတ်တဲ့ မြန်မာအမျိုးသမီးများပါပဲ...
အဲဒီလို ကိုယ့် ဘာသာကိုယ်ကြိုးစားလုပ်နိုင်ပါရဲ့ နဲ့ သူများအကူအညီယူတတ်လွန်းလို့ ဘ၀နဲ့ ရင်းပြီးအလျော်
ပေးလိုက်ကြရတဲ့ ပြည်ပရောက်မြန်မာမိန်းကလေးများရဲ့ အဖြစ်အပျက်ကတော့ အသင်္ချေလို့ တောင် ဆိုရမ
လိုဖြစ်နေပါတယ်...
( ကိုယ်ရွှေသုံးတောင်ဝတ်များကလည်း မကူညီခင်ကတည်းက ကျူံးသွင်းဖို့ ၊ အလျော်တောင်းဖို့ ကြံစည်နေ
ကြတာကလည်း ခပ်များများပေပဲကိုး...)
သို့ သော်လည်း မိမိညံ့ လို့ မိမိခံရတာကိုပဲ မြန်မာယောကျာင်္းများက ယုတ်မာတယ်၊ လိမ်ညာဖို့ ပဲတတ်တယ်
သစ္စာမရှိဘူး ဆိုပြီး အားလုံးကို တစ်တန်းစားထဲ ထားပြီးအထင်မှားတတ်တဲ့ မြန်မာအမျိုးသမီးများလည်းပြည်
ပ မှာ တော်တော်များနေပါပြီ...
ထိုအတွေးအခေါ်အယူအဆများကတစ်ဆင့် နိုင်ငံခြားသားကိုမှ အထင်ကြီးတတ်တဲ့ စိတ်ဝင်ပြီး ထိုယဉ်ကျေး
မှုမတူ၊ ဘာသာမတူသူများ ( ထိုဆရာများကလည်းအစတော့ ကိုယ့် ဘာသာ၊ ယဉ်ကျေးမှုကို စိတ်ဝင်စားသ
ယောင်တော့ ပြပေမပါ့ ...) ကို ချစ်သူထား လင်ယူမှားတတ်ကြတဲ့ အလေ့ ပေါ်ထွန်းလာနေပါပြီ....

စောင့် လေမျိုးနွယ် ဆိုတဲ့ ဆုံးမစကားဟာ မြန်မာ အမျိုးသား၊ အမျိုးသမီးအားလုံးအလေးထားစဉ်းစားလိုက်
နာသင့် တဲ့ ကိစ္စပါပဲ....
ကိုယ့် ပါတ်ဝန်းကျင်မှာ ( အားကိုးလောက်ဖွယ်ရာ၊ အထင်ကြီးလေးစားစရာဆိုလို့ ) နိုင်ငံခြားသားပဲရှိလို့ 
အဲဒီလူကိုပဲယူလိုက်ရပါတယ် ဆိုတဲ့ စကားကတော့ ယနေ့ ခေတ်အချိန်အခါမျိုးမှာ ပိုလို့ တောင် လက်မခံ
နိုင်စရာပါပဲ...
( ဒီထက်ပိုပြီး အငြင်းပွားဖွယ်ရာဆိုရယင်တော့ အချစ်ဆိုတာ အနည်းဆုံးအားဖြင့် တိမ်းညွတ်ယူလို့ ရတယ်
လို့ ဆိုချင်တာပါပဲ...)


A six-year-old HIV carrier, has been living alone since his parents died of AIDS.
The boy, known as Ah Long, does his own washing, cooking, studying and he also rears some chicken.
He lives in his parents' house at the foothill village of Malu Mountain in Liuzhou in Guangxi Province, China.
Ah Long has an 84-year-old grandmother, who visits him quite frequently and cooks for him.
The granny has also planted some vegetables near the house for Ah Long.
Ah Long does not know what AIDS is.
All he knew was that his friends never want to be near him, doctors did not want to treat his wounds and his only family member – his granny – refused to live with him.
He was also rejected by the nearby primary school.
The only companion the boy has is a dog called Lao Hei.

Due to his complicated family background, the Welfare Department has declined to take care of the boy.
He receives 70 yuan (RM33) monthly subsistence allowance from the civil bureau but it is not enough.

After Ah Long's story was published in Chinese newspapers, a couple announced that they would adopt the boy.

However, it has yet to materialise.



Source: Agencies

Photos: China Daily

5 comments:

Unknown said...

ဆက်စပ်တင်ပြသွားတာမိုက်တယ်ဗျာ.......

Unknown said...

တကယ်ကိုသနားစရာကောင်းတဲ့ကလေးငယ်လေးပါပဲ..
တကယ်ကိုလည်းချီးကျူးစရာပါပဲ..ကိုယ်တွေလည်းကလေးလိုအရူံးမပေးရအောင်လုပ်ဆောင်သင့်တယ်..
ရေးသားသူကိုလည်းအထူးကျေးဇူးတင်ပါတယ်...
သင်ခန်းစာအများကြီးရပါတယ်

SHWE ZIN U said...

ကိုပီတာ လည်း

အတော် အမြင်မတော်တာတွေ တွေ့နေတယ် ထင်တယ်နော်

ကလေး မှာ ဘာအပြစ်ရှိလို့လည်း သနားစရာဗျာ

ခင်တဲ့
ရွှေစင်ဦး

မြတ်နိုး said...

မိမိညံ့ လို့ မိမိခံရတာကိုပဲ

ဆိုတဲ့စကားလုံးကို သုံးစွဲသူဆိုရင် တခုလောက်မေးပါရစေ။
မိမိပစ္စည်းကို အခိုးခံရလျှင်သော်လည်းကောင်း လမ်းခရီးမှာ ဓားမြတိုက်ရင်သော်၎င်း
အသတ်ခံခဲ့ရရင်သော်၎င်း အစရှိသည့် အဆိုပါဖြစ်ရပ်တိုင်းတွင် ခံရသူအား ညံ့သည်ဟုဆိုနိုင်ပါသလား။

မိုးယံ said...

ကလေးလေး သနားပါတယ်။ ၀ဋ်ကြွေးပေးလား ထင်မှတ်မှားရလောက်အောင် သနားပါတယ်။ ဒါကြောင့် ပြောတာ “မိဘမကောင်း သားသမီးခေါင်း” ပါဆို....

ဘယ်မလဲ လူသားခြင်းစာနာ ထောက်ထားမှု။ တိုးတက်ပါတယ်ဆိုတဲ့ တိုင်းပြည်ကြီးက ဒီကလေး တစ်ယောက် ဘ၀ ရပ်တည်မှု အဆင်ပြေအောင် ဘာမှ မလုပ်ပေးနိုင်ကြတော့ဘူလား။ ဦးပီတာ ဆက်စပ်တင်ပြတဲ့ ဆွေးနွေးချက်လေးလဲ သဘောကျတယ်။ အဝေးမှာ နေရတဲ့ သူမို့ မြင်ရတွေ့ရ မသက်သာလှပါ ခင်ညာ။