Spanish woman claims ownership of the sun

Sunday, November 28, 2010

နေ ကိုပိုင်ဆိုင်တယ်လို့ ကြေငြာခဲ့ သည့် စပိန်နိုင်ငံမှ အမျိုးသမီး...


စပိန်နိုင်ငံမှ အမျိုးသမီးတစ်ဦးက သူမ၏ရှေ့ နေများကတစ်ဆင့် နေထိုင်ရာ ဗီဂိုဂါလီဆီယာ မြို့ တွင်တင်
သွင်းလျှောက်ထားခဲ့ ပြီးနောက် သူမဟာ နေလုံးကြီးကို ပိုင်ဆိုင်သည့် ပိုင်ရှင်ဖြစ်သွားခဲ့ ပြီလို့ ဆိုလိုက်ပါ
တယ်...
အသက် ၄၁ နှစ်ရှိ အန်ဂျယ်လာဒူရမ်း က " ဂြိုလ်ကမ္ဘာတွေကို ပိုင်ဆိုင်ခွင့် မရှိဘူးလို့ နိုင်ငံတစ်ကာ တရား
ရုံးဥပဒေများက တားမြစ်ထားခဲ့ ပါတယ်...ဒါပေမယ့် ကြယ်တာရာတွေနဲ့ ပါတ်သက်လို့ ကတော့ ဘာမှမပြော
ထားခဲ့ ပါဘူး...နေဆိုတာကလည်း ကြယ်တစ်စင်းပဲလေ..." လို့ ပြောကြားခဲ့ ပါတယ်...

တော်တော်လည်းကြောင်တောင်တောင်နိုင်တဲ့ အမျိုးသမီးပါပဲ...

" ကျွန်မလေ့ လာစုံစမ်းသိရှိရသလောက်ကတော့ လူတွေဟာ ဒီစင်္ကြာဝဠာအတွင်းက တစ်ခြားကြယ်တွေကို
ပိုင်ဆိုင်ကြောင်း ၀ယ်ယူခဲ့ ကြပေမယ့် နေ ကိုတော့ ဘယ်သူမှမ၀ယ်ကြသေးပါဘူး...ဒါကြောင့် နေ ကိုဘယ်
သူမှမပိုင်သေးလို့ ကျွန်မက ယူဖို့ ဆုံးဖြတ်ခဲ့ တာပါ...ကျွန်မက နေ ကိုပိုင်ဆိုင်ကြောင်းတောင်းဆိုလျှောက်
ထားလိုက်တော့ ကျွန်မရဲ့ ရှေ့ နေက ရယ်မောခဲ့ ပေမယ့် ထိုကိစ္စမျိုးနဲ့ ပါတ်သက်ပြီး တာဝန်ရှိတဲ့ စာရင်းသွင်း
မှတ်ပုံတင်တဲ့ အရာရှိတွေနဲ့ စုံစမ်းလိုက်ခဲ့ တဲ့ အခါမှာတော့ ဒါဟာဖြစ်နိုင်တယ် ဆိုတာသိရှိခဲ့ ရပါတယ်...
အခုတော့ ကျွန်မဟာ စင်္ကြာဝဠာရဲ့ အလယ်ဗဟို၊ ကမ္ဘာမြေကနေမိုင်ပေါင်း ၁၄၉၆၀၀၀၀၀ ဝေးကွာတဲ့ နေရာ
မှာရှိတဲ့ အာကာသဆိုင်ရာ အခေါ်အဝေါ်အရ G2 လို့ ဖော်ပြထားတဲ့ နေ ကိုပိုင်ဆိုင်သူဖြစ်တယ်ဆိုတဲ့  အ
ထောက်အထား စာရွက်စာတမ်းရှိနေပါပြီ...." လို့ အဆိုပါအမျိုးသမီးကပြောဆိုခဲ့ ပါတယ်...

 ဒီလိုမျိုးတော့လုပ်ပြီး ပိုင်ဆိုင်နိုင်ပေလိမ့် မယ်...
" ကျွန်မက အခုဆိုနိုင်ငံတစ်ကာက အသိအမှတ်ပြုခံရဖို့ တောင်ကြိုးစားနေပါတယ်...အဲဒါအောင်မြင်ခဲ့ ယင်
တော့ နေစွမ်းအင်အသုံးပြုတဲ့ သူတွေဆီကနေ အခွန်ကောက်ခံဖို့ စီစဉ်ထားပါတယ်...
ရရှိတဲ့ အထဲကနေ ၅၀ ရာခိုင်နှုံးကို နေ ( သူရိယ ) တိုင်းပြည်ဘဏ္ဍာငွေအဖြစ် အသုံးပြုပြီး ၂၀  ရာခိုင်နှုံးကို
တော့ နေစွမ်းအင်သုံး ဆိုင်ရာအငြိမ်းစားဝန်ထမ်းများအတွက် အသုံးပြုမှာဖြစ်ပြီါ် ၂၀ ရာခိုင်နှုံးကိုတော့ သု
တေသနဆိုင်ရာမှာသုံးပြီး ၁၀ ရာခိုင်နှုံးကတော့ ဒီကမ္ဘာမြေပေါ်မှာ အငတ်ဘေးပြဿနာ ပပျောက်စေဖို့ အ
သုံးချမှာဖြစ်ပါတယ်..." လို့ သူမက ဆက်ပြီးပြောခဲ့ ပါတယ်...

အဲဒီလိုသာဆို နေလောင်လို့ အသားအရေတွေ ခြောက်ကုန်တာ၊ အသားမည်းကုန်တာ၊ အေ၇ပြားကင်ဆာ
ဖြစ်တဲ့ သူတွေလည်း သူမကိုတရားစွဲလို့ ရမှာပေါ့ နော်...
ရဖို့ တစ်ခုတည်း ကြည့် မယ်ဆိုယင်တော့ အမှားကြီးမှားသွားပါလိမ့် မယ်....
ထူးဆန်းထွေလာ ဤကမ္ဘာပါပဲ...


A Spanish woman says she now owns the sun after she filed papers with lawyers at her home at Vigo Galicia in Spain. Angela Duran, 41, said: "International law forbids anyone to claim a planet, but nobody ever said anything about stars and the sun is a star."I checked and found that despite all the people buying stars no-one had purchesed the Sun in our solar system and, as it was free, I decided to take it. My lawyer laughed when I filed my claim but he checked with the officials that register such things and discovered it was possible."I now have a certificate that says I am the owner of the sun, described as a star of spectral type G2, located in the centre of the solar system, located at an average distance from earth of about 149,600,000 miles ...'."
"I am trying to have it recognised internationally. Then I plan to make a tax for solar power users." She added: "I will use 50 per cent for a sun state budget, 20 per cent for solar pensioners, another 20 per cent for research and health and 10 per cent to end hunger on earth."

5 comments:

အင်္ဂါဟူး said...

အဲဒီ မိန်းမနဲ့ ကျွန်တော်နဲ့ ပေါင်းမိရင် တစ်ကမ္ဘာလုံးက အရူးတွေက ကျွန်တော်တို့ကို အလေးပြုကြရလိမ့်မယ်......ဂွီ

mr.no666 said...

ပေါတယ်နော် ၁ ကျပ်ဖိုး ၂ ယောက်လား

JulyDream said...

အင်း... ဒီလိုဆိုရင် နေကို ဓါတ်ပုံရိုက်ရင်တော့ အခွန်ဆောင် ရမလား မသိဘူးဗျာ။ ဟဟ...

sosegado said...

ကြံကြံဖန်ဖန် လုပ်စားချင်ကြတယ်
အလံစိုက်နိုင်တဲ့သူပိုင်ကြတယ် ဆိုတော့ အလံသွားစိုက်ဘို့တော့လိုတယ်၊
လ ကောတနည်းနည်းနဲ့ပိုင်ယူကြလိမ့်မယ်ထင်တယ်၊

kiki said...

ရှူးးးးး တိုး တိုးးးး
တော်ကြာနေ ရွှေပြည်တော်က ဘဘဂျီး ကြားသွားမှ ဖြင့် ပိုင်ဆိုင်မှု လာ လု နေ အုံး မယ် ...

အားလုံး သူပဲ ပိုင် ချင်နေတာ လေ... ဦး ပိုင် ဆိုတာ ဂလို ပဲ...