Faithful dog waits for owner near Shanghai fire without eating

Monday, November 22, 2010

ရှန်ဟိုင်းမှ သစ္စာရှိသောခွေးကလေး....

ကျင်းကျင်း လို့ အမည်ရှိတဲ့ ရွှေရောင်အမွှေးနဲ့ ခွေးကလေးတစ်ကောင်ဟာ နိုင်ဝင်ဘာလ ၁၅ ရက်နေ့ က
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့ ၊ ကျောင်ကျိုး လမ်းမမှာ ဖြစ်ပွားခဲ့ တဲ့ လူ ၅၃ ယောက်သေဆုံးခဲ့ တဲ့ မီးလောင်မှု
ကြီးနောက်မှာ ( သူ့ ရဲ့ သစ္စာရှိမှုကြောင့် ) လူတွေရဲ့ စိတ်နှလုံးကို ညို့ ယူဖမ်းစားနိုင်ခဲ့ ပါတယ်...
ခွေးကလေးဟာ ထိုတိုက်ကြီးမီးလောင်ခံရပြီးနောက် ထိုနေရာအနီးမှာပဲ စိုးရိမ်ပူပန်လျှက်ရှိတဲ့ ပုံစံနဲ့ လူး
လားခေါက်ပြန်လျှောက်လျှက်ရှိနေခဲ့ ပါတယ်...

မလာမချင်းစောင့် ကြည့် နေမည်...
နာရီပေါင်း အနည်းငယ်ကြာပြီးနောက် ပင်ပန်းလွန်းတာကြောင့် လမ်းထောင့် နားမှာ ထိုင်နေခဲ့ ရတာတောင်
မှ ( သခင်အတွက် စိတ်ပူပန်လွန်းလို့ ၊ ရာသီဥတုအေးလွန်းလို့ ) တုန်တုန်ယင်ယင်ဖြစ်နေခဲ့ ပါတယ်...
အနီးအနားမှာရှိတဲ့ နေထိုင်သူများကတော့ ခွေးကလေးရဲ့ ပိုင်ရှင်ဟာ မီးလောင်နေတဲ့ တိုက်အဆောက်အ
ဦးထဲမှာပိတ်မိနေတာဖြစ်နိုင်တယ်လို့ ခန့် မှန်းပြောဆိုခဲ့ ကြပြီး မီးသတ်သမားတွေက ခွေးကလေးကို စောင်
တစ်ထည်နဲ့ ဖုံးအုပ်ထားပေးခဲ့ ပြီး ထမင်း၊ ဟင်း၊ ပေါင်မုန်နဲ့ ရေ အနည်းငယ်ကျွေးခဲ့ ကြပါတယ်...

ဒါပေမယ့် ခွေးကလေးဟာ အစာလည်းမစား၊ ရေလည်းမသောက်ပဲ မျက်ရည်တွေ သာစီးကျလျှက်ရှိနေခဲ့ 
ပါတယ်...
အနားမှာနေထိုင်သူတစ်ဦးက ခွေးကလေးကို ခေတ္တစောင့် ရှောက်ထားချင်လို့ သွားရောက်ကိုင်တွယ်ခေါ်
ယူခဲ့ ပေမယ့် ခွေးကလေးဟာ ချက်ချင်းပဲ ထိုသူကို မန်ဖီစိုက်ကြည့် ကာဟောင်ခဲ့ ပါတယ်....
ခဏနားပြီးနောက်တော့ ခွေးကလေးဟာ ထပြီးမီးလောင်နေတဲ့ အဆောက်အဦးဆီကို ထပ်သွားခဲ့ ပါတယ်။
၎င်းနောက် ခွေးကလေးအနည်းငယ် ငြိမ်သွားပြီးနောက်ပိုင်းမှ မီးသတ်တပ်ဖွဲ့ ဝင်တစ်ဦးက ခေတ္တထိန်းသိမ်း
စောင့် ရှောက်ခဲ့ ပါတယ်...

ရှန်ဟိုင်း ကျင်းအန် မီးသတ်တပ်ဖွဲ့ မှ မီးသတ်သမားကတော့ ခွေးကလေးရဲ့ အမည်ဟာ ကျင်းကျင်း ဖြစ်ပြီး
၎င်းရဲ့ သခင်ဖြစ်သူကို မီးလောင်တဲ့ အဆောက်အဦးနားမှာ စောင့် ကြည့် နေခဲ့ ပြီး သခင်ဖြစ်သူကိုမျှော်ယင်း
ပင်ပန်းလွန်းလို့ လဲကျမတတ်ဖြစ်သွားခဲ့ ရပါတယ်...
ခွေးကလေး ကျင်းကျင်း ဟာ စိတ်ထိခိုက်ပြီး မီးသတ်သမားတစ်ဦးက စောင့်ရှောက်ကျွေးမွေးတာတောင်
ဘာမှ မစားမသောက်နိုင်ပဲဖြစ်နေခဲ့ ရပါတယ်...

 နောက်ဆုံး သခင်နဲ့ ပြန်ဆုံတွေ့ တော့ မှပဲ အစာစားတော့တယ်...

နိုဝင်ဘာလ ၁၇ ရက်နေ့ ၊ နေ့ လည်ပိုင်းမှာတော့ ကျင်းကျင်းရဲ့ ပိုင်ရှင်ဖြစ်သူ မီးသတ်ဌာနကိုသွားရောက်ခဲ့
တဲ့အခါမှာတော့ ကျင်းကျင်းဟာ ချက်ချင်းပဲ ပိုင်ရှင်ဖြစ်သူထံကို ပြေးလာခဲ့ ပါတော့တယ်...
" အဲဒီလူဟာခွေးရဲ့ ပိုင်ရှင်ပဲဖြစ်မှာပါပဲ..." လို့ ခွေးကလေးကို ခေါ်ယူထိန်းသိမ်းစောင့် ရှောက်ခဲ့ တဲ့ မီးသတ်
တပ်ဖွဲ့ ဝင်က ဆိုပါတယ်...
ခွေးကလေးကျင်းကျင်းဟာ သူ့ သခင်နဲ့ ပြန်မဆုံတွေ့ မချင်း နာရီပေါင်း ၄၀ ကြာ ဘာမျှမစားမသောက်ပဲနေ
ခဲ့ တာဖြစ်ပါတယ်....

ဒါကြောင့် လည်းတစ်ချို့ လူတွေပြောကြတာ...ခွေးကလူထက်ပိုပြီးသစ္စာရှိတယ်လို့ ...

A Golden Retriever puppy named Jingjing has deeply moved citizens in the aftermath of the huge fire that broke out on Jiaozhou Road in Shanghai killing 53 people on Nov. 15. The puppy laid and wept on the ground beside the fire site without eating and drinking waiting for its owner to return.
The puppy kept walking back and forth near the fire site in the wake of the fire disaster and looked very worried. Several hours later, it was so tired that it laid still at a crossing and was trembling. Nearby residents estimated that the dog's owner was likely trapped in the huge fire, and firefighters covered the dog with a blanket and provided it with some rice, vegetables, bread and water.

However, the dog neither ate nor drank, and had tears running down its face. A resident wanted to temporarily adopt the dog and touched it, but the dog immediately growled and glared at the resident. After resting, the dog stood up and walked around the burning building again. After the dog became a little more relaxed, a firefighter at the site temporarily adopted the dog.
The firefighter from then Shanghai Jing'an Fire Fighting Squadron said the dog's name is Jingjing and had waited for its owner near the fire site before becoming so tired that it nearly passed out on the ground while watching the burning building.
Jingjing was very dismayed and ate nothing after it was temporally adopted by the firefighter. At noon on Nov. 17, Jingjing's owner went to the fire fighting squadron base, and Jingjing immediately ran toward its owner. The firefighter who adopted the dog said, "This man must be the dog's owner." Jingjing did not eat anything for 40 hours until it was reunited with its owner.

1 comments:

ကိုဇော် said...

ခွေးတွေ သစ္စာရှိတာကတော့ အမှန်ပဲ။
ကျနော်လည်း တစ်ခု ရေးဖို့ ရှိတယ်။
အိမ်က ခွေးလေး နှစ်ကောင် အကြောင်း။