Casino tycoon bids RM1 million for 2 truffles

Saturday, December 4, 2010

မြေအောင်းမှိုတစ်စုံကို ရင်းဂစ်ငွေ တစ်သန်း ပေးဝယ်ယူသည့် ကာစီနိုသူဌေး...

ဟောင်ကောင်၊ မကာအို လောင်းကစားသူဌေးကြီး စတန်လေဟိုး....

မကာအိုကျွန်းမှလောင်းကစားသူဌေးကြီး စတန်လေဟိုး ဟာအလေးချိန် ၁ ကီလိုနီးပါးရှိသည့် မြေအောင်းမှို
တစ်ခုအပါအ၀င် အဖြူရောင်မြေအောင်းမှိုတစ်စုံ ( နှစ်ခု ) ကို အမေရိကန်ဒေါ်လာ ၃ သိန်း၊ ၃ သောင်းဖြင့် 
လေလံပွဲတစ်ခုတွင် ၀ယ်ယူသွားခဲ့ ပါတယ်...

လွန်ခဲ့ သည့်သုံးနှစ်ကလည်း မြေအောင်းမှိုတစ်ခုကို ပေါင်စတာလင် ၂၁၁၀၀၀
Three years ago he also paid £211,000 for a truffle

အဆိုပါမှုမျိုးကဲ့ သို့ ပင် အရွယ်တူ မြေအောင်းမှိုကြီးတစ်ခုကိုလည်း လွန်ခဲ့ သည့် သုံးနှစ်ခန့် က ထိုဈေးနှုံးနီး
ပါး ပင်ဈေးကြီးပေးပြီးဝယ်ယူခဲ့ ပါသေးတယ်...
ငွေရောင်ဖြူးဖွေးကာနူးညံ့ ပျော့ ပြောင်းပြီး အလွန်အနံ့ မွှေးကြိုင်သည့် အဆိုပါမြေအောင်းမှိုကြီးများကို အီ
တလီ ရိုးရာအစားအစာ ပါစတာအနှစ်ချက်ပြုတ်ရာတွင်၎င်း၊ ထမင်းချက်ရာတွင်၎င်း အနံ့ အရသာအတွက်
အထူးပင်တန်ဖိုးထားကာ ထည့် သွင်းအသုံးပြုလေ့ ရှိပါတယ်...
ဘီလီလျံနာ သူဌေးကြီးဟာ လွန်ခဲ့ သည့် စနေနေ့ က ပြုလုပ်ခဲ့ သည့် ရံပုံငွေလေလံပွဲတွင် မကာအိုအခြေ
စိုက် ၎င်း၏ကုမ္ပဏီဖြစ်သည့်  Sociedade de Jogos de Macau ၏ ကိုယ်စားလှယ်များမှ တစ်ဆင့် ယှဉ်ပြိုင်
ဈေးပေးဝယ်ယူခဲ့ တာဖြစ်ပါတယ်...
ဝယ်ယူခဲ့ သည့် မှိုတစ်ခုမှာ ( အီတလီနိုင်ငံ ) တူစကန်နီ အလယ်ပိုင်းဒေသမှ တူးဖော်ရရှိခဲ့ သည့် အလေး
ချိန် ၉၀၀ ဂရမ် ( ၂ ပေါင်နီးပါး ) ရှိမှိုတစ်ခုနှင့် မိုလိုက်စ်ဒေသ ရှိမှရရှိခဲ့ သည့် ၄၀၀ ဂ၇မ် ( ၁၄ အောင်စ
ခန့် ) ရှိ မှိုတစ်ခုတို့ ဖြစ်ပါတယ်...
အဆိုပါလေလံပွဲတွင် အီတလီနိုင်ငံနေရာဒေသအနှံ့ အပြားမှ တူးဖေါ်ရရှိသည့် မြေအောင်းမှို အတွဲပေါင်း
၁၆ တွဲကိုရောင်းချ ခဲ့ ပြီးစုစုပေါင်း ဒေါ်လာ ၃ သိန်း ၆ သောင်း နီးပါး မကာအို၊ ဗြိတိန်နှင့် အီတလီ နိုင်ငံများ
ရှိ အဖွဲ့ အစည်းများအတွက် ရံပုံငွေရရှိခဲ့ ပါတယ်...
အဖြူရောင်မြေအောင်းမှိုများဟာ အီတလီနိုင်ငံမှထွက်ရှိသော မြေအောင်းမှိုအမျိုးအစားများတွင် ဈေးအကြီး
ဆုံး၊ တန်ဖိုးအရှိဆုံးဖြစ်ပြီး၊ နိုင်ငံမြောက်ပိုင်း ပိဒ်မောင့် ဒေသ၊ အယ်လ်ဘာ အရပ်မှ မြေအောင်းမှိုဖြူများက
နာမည်အကျော်ကြားဆုံးဖြစ်ပါတယ်...
၎င်းမှိုများကို စက်တင်ဘာလမှ ဒီဇင်ဘာလ အတွင်း မှိုရာသီများမှာ ၀က်များ၊ သို့ မဟုတ် ခွေးများကို အသုံး
ပြု အနံ့ ခံစေပြီးရှာဖွေ တူးဖော်ကြတာဖြစ်ပါတယ်...
အီတလီနိုင်ငံ၏ ဆောင်းဦးရာသီ မြေအောင်းမှိုပဲတော်ကာလတွင် စားသောက်ဆိုင်များဟာ ပါစတာနှင့် တစ်
ခြားစားသောက်ဖွယ်ရာများတွင် အဆိုပါမှိုများထည့် သွင်းချက်ပြုတ်ပြင်ဆင်ကာ ဈေးနှုံးများ အဆမတန်မြှင့် 
တင်ကာ ရောင်းချကြပါတယ်...

မကာအို ကျွန်းတွင်အမြင့် ဆုံးဈေးနှုံးများဖြင့် လေလံတင်ရောင်းချခဲ့ သည့် မြေအောင်းမှိုများ...

 The truffles which were sold for the astonishing sum at an auction held in Macau

အဆိုပါရန်ပုံငွေပွဲကို ယခင်ပေါ်တူဂီကိုလိုနီနယ်မြေဒေသဖြစ်ခဲ့ သည့် မကာအိုကျွန်းရှိ သူဌေးကြီး စတန်လေ
ဟိုး ရဲ့ Grand Lisbon ဟိုတယ်မှာပြုလုပ်ခဲ့ တာဖြစ်ပြီး လန်ဒန်နှင့် ရောမမြို့ ကြီးများမှ ဈေးပြိုင်ပေးသူများ
က ဂြိုလ်တုဆယ်သွယ်ရေးနည်းပညာများအသုံးပြုကာ ၀င်ရောက်ယှဉ်ပြိုင်ဝယ်ယူခဲ့ ကြတာဖြစ်ပါတယ်...
သူဌေးကြီးစတန်လေဟိုး ဟာလွန်ခဲ့ သည့် ၂၀၀၇ ခုနှစ်ကလည်း တူစကန်နီဒေသမှ တူးဖော်ရရှိခဲ့ သည့် အ
လေးချိန် ၁.၄၉၇ ကီလိုရှိ မြေအောင်းမှိုကြီးကိုလည်း ယခုငွေကြေးပမာဏခန့် ဖြင့် ပင်ပေးကာဝယ်ယူ ခဲ့ ယူ
ခဲ့ ပါသေးတယ်...
မစ္စတာစတန်လေဟိုး ဟာ ဟောင်ကောင်ကျွန်းအနီး တရုတ်ပြည်တောင်ပိုင်းရှိ မကာအိုကျွန်း ( မကာအိုအ
ထူးအုပ်ချူပ်ရေးဒေသ ) ၏ လောင်းကစားလုပ်ငန်း အများစုကို ပိုင်ဆိုင်ထိန်းချူပ်ထားသူ အဖြစ်နာမည်ကြီး
ပါတယ်...

ဘာတွေဘယ်လိုကောင်းလို့ ဒီလောက်တောင်ဈေးကြီးပေးသလဲဆိုတာတော့ မသိတော့ ပါဘူးဗျာ...
လွန်ခဲ့ သည့် လများအတွင်းကလည်း အဆိုပါသူဌေးကြီး စတန်လေဟိုး ဟာ ၎င်း၏ကိုယ်ပိုင်လေယာဉ်ဖြင့် 
မလေးရှားသို့ လွှတ်ပြီး ဒူးရင်းသီးအကောင်းစားများဝယ်ယူစေခဲ့ တယ်လို့ လည်း သတင်းများမှာဖတ်ခဲ့ လိုက်
ရပါသေးတယ်...

Macau casino mogul Stanley Ho bid US$330,000 (RM1 million) for a pair of white truffles, including one weighing nearly a kilogram, matching the record price he paid at the same event three years ago for one of the giant tubers.

Slivers of the delicacy, with its strong aroma, are prized to flavor pasta sauces and rice dishes.
The billionaire made the winning bid on Saturday at a charity auction through representatives of his company, Sociedade de Jogos de Macau.

The pair included a huge truffle dug up in the central Tuscany region weighing 900 grams
(about 2lb) as well as one found in Molise weighing in at 400 grams.(about 14oz).
Sixteen lots of white truffles from different areas in Italy went on the block, raising a total of £239,000 for various charities in Macau, Britain and Italy.
White truffles are the most expensive and highly prized of Italy's truffles, and among the most famous are those from Alba in the northern Piedmont region, where pigs or dogs are used to sniff them out during the September-December hunting season.
During the autumn truffle season in Italy, restaurants offer pasta and other dishes containing the edible fungus at sky-high prices.
The auction was staged at Ho's Grand Lisboa hotel in the former Portuguese colony of Macau, with bidders participating simultaneously in Rome and London through satellite link.

In 2007, he paid the same amount for a white truffle unearthed in Tuscany weighing 1.497kg.(about 3.3lb).

Ho is best known for his casino monopoly in Macau, a gambling enclave in southern China near Hong Kong.

1 comments:

Anonymous said...

အဲ့ဒီဘော့စ်ကိုပြောလိုက်ပါအုံး ပိုက်ပိုက်တွေပိုရင်ဖြူတို့ ဆီပို့ ပေးပါအုံးလို့ 