Past vs Present ( 1 )

Sunday, December 26, 2010

ယခင်နှင့် ယခု...အတိတ်နှင့် ပစ္စုပ္ပန်...( ၁ )

နှစ်ဟောင်းကုန်၍နှစ်သစ်သို့ ရောက်ပေတော့ မည်....
အချိန်တွေကား အကုန်မြန်လှပါဘိတောင်း... အချိန်တွေလျင်မြန်စွာကုန်ဆုံးပျောက်ပြယ်ခဲ့ သလို အရာရာလည်းပြောင်းလဲလာခဲ့ ကြသည်...
ယခင်နှင့် ယခု မတူညီတော့ ....
အဟောင်း၊ အဟောင်းတို့ နေရာတွင် အသစ်အသစ်တို့ အစားထိုးဝင်ရောက်လာခဲ့ ကြလေပြီ...
သို့ သော် ခြွင်းချက်အားဖြင့် တစ်ချို့ တစ်ခုတစ်လေသောအရာများကား မပြောင်းလဲနိုင်သေးသော်ငြား
လည်း...တစ်နေ့ တော့ ပြောင်းလဲရမည်သာ....
ပြောင်းလဲလာတဲ့ ဂေဟစနစ်ကြီးမှာ အရက်ဘီယာယဉ်ကျေးမှုကတော့ ထိပ်ဆုံးကပါပဲ...

အဘတို့ အားကိုးတဲ့ " ၀ " တို့ တန်ခိုးနဲ့ ဆင်တူရိုးမှား ပုံတူ " Clone " များလည်း ပေါများလာပေါ့ ...
တစ်ချိန်က ကမ္ဘာကျော်ခဲ့ တဲ့ အာဂျင်တီးနားရဲ့ ကမ္ဘာကျော်နတ်ဘုရားပေးတဲ့ ရွှေလက်
နဲ့ လက်ပိုင်ရှင်လည်း.... ယခင်နဲ့ ယခု မတူလေပြီ....
ဝတ်စားဆင်ယင်မှု ကအစ မတူကွားပြားခြားနားခဲ့ လေပြီ...

လူ့ ကျင့် ဝတ်များလည်း လျော့ ရဲခဲ့ လေပြီမို့ ....ငယ်စဉ်ကတည်းကပင်
အတတ်ကောင်းများတတ်ခဲ့ ကြလို့ ....ဒါန့် ကျွဲပင် ပုခက်ဆင်သည့်နှယ်...

တိရိစ္ဆာန်ချင်းတူသော်ငြားလည်း ယခင်နှင့် ယခု နေရတာခြင်းကား အကွာခြားကြီးကွာခြားခဲ့ လေပြီ...


အပြောင်းအလဲမရှိပဲရှားရှားပါးပါးတူနေသေးသည်ကား....အားကိုးလောက်သည့် ကိုရွှေရုရှားကားပင်...
လေဒီများအတွက် မိတ်ကပ်ဆိုသည်ကား ဖိုတိုရှော့ ....

ရယ်စရာဟာသပျက်လုံးများကား ခါးအောက်ပိုင်းမပါလျှင် မရယ်ရတော့ သလို...ခေတ်မမှီတော့ သလို...

ခန္ဓာကိုယ်ကြွက်သား ကြီးမားလိုသူများလည်း အလိုဆန္ဒရှိသည့် နေရာအလိုက်...
ကြီးမားစေမည့် ခေတ်ပေါ်ဆေးတွေအပုံအပင်...

အနာဂတ်အတွက် အားထားစရာ လူငယ်ဆိုသည်ကား....အထီးမှန်းအမ မှန်းပင်ခွဲခြားမရနိုင်တော့ ...

အမျိုးသားတွေပင် ဤမျှလောက်ဖြစ်နေလျှင် ...ဂျပန်မများကား...ထိုပုံများမတင်ဝံ့ သဖြင့် 
မတင်တော့ ပြီ...မှန်းဆစိတ်ကူးကြည့် ကြရုံ....ကီမိုနိုဆိုသည်ကား ဖူဂျီတောင်ထိပ်က
အရိပ်မျှပင်မရှိတော့ ပြီ...

 ဟော့ ဒေါ့ ( hot dog ) မုန့် ဆိုသည်ကိုပင် အမည်သညာနှင့် လိုက်အောင်လုပ်ကြပေလိမ့် ဦးမည်...

 

2 comments:

Unknown said...

အားလုံးကို ကြည့်ရှုပြီးနောက် သဘောကျပြုံးမိပြီး ပြန်သွားပါကြောင်း ...း)

Unknown said...

အားလုံးကို ကြည့်ရှုပြီးနောက် သဘောကျကာ တွေးလျှက် ပြုံးမိပြီး ပြန်သွားပါသည် ...း)