The latest must haves in North Korea: Skinny jeans, blue crabs... and human excrement

Wednesday, December 29, 2010

ဂျင်းဘောင်းဘီ၊ ပင်လယ်ဂဏာန်းနဲ့ လူ့ မစင်...

Hot property: Skinny jeans have become a must have in Pyongyang after a ban on fashionable clothing was lifted

လောလောဆယ်မြောက်ကိုရီးယားမှာ ခေတ်အစားဆုံး၊ မိန်းကလေးများအတွက် မရှိမဖြစ်ဆုံး
ကတော့ အသားကပ်၊ ကိုယ်ကြပ်ဂျင်းဘောင်းဘီပါတဲ့ ....
Hot property: Skinny jeans have become a must have in Pyongyang after a ban on fashionable clothing was lifted

ကိုယ်ကြပ်ဂျင်းဘောင်းဘီများ၊ ပင်လယ်ဂဏာန်းပြာများနဲ့ လူ့ မစင် များဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ လူအ
များဆုံး ၀ယ်ယူသုံးစွဲနေကြရတဲ့ ရောင်းအကောင်းဆုံးကုန်ပစ္စည်းများထဲမှာ အပါအ၀င်ဖြစ်တယ်လို့ ကွန်မြူ
နစ်နိုင်ငံမှ စွန့် ခွာထွက်ပြေးလာသူများရဲ့ အဆိုအရသိရှိရပါတယ်...
ဝက်အူချောင်းများနဲ့ အစ်ကိုကာလသားများ၊ ဘဘ တို့ အကြိုက် ညစ်ညမ်းရုပ်ရှင်များဟာလည်း ရွှေပြည်ကြီး
ရဲ့ ချစ်မိတ်ဆွေနိုင်ငံတော်ကြီးမှာ လက်မအောင်ရောင်းကောင်းနေတယ်လို့ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ 
မှ ဆိုဂန်းတက္ကသိုလ်ရဲ့ နိုင်ငံရေးသိပ္ပံ ပါမောက္ခ ကင်ယောင်ဆူး ကပြောကြားခဲ့ ပါတယ်...
၎င်းဟာ တောင်ကိုးရီးယား အစိုးရရဲ့ သုတေသနပြုမှုတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် မြောက်ကိုရီးယားမှ
ခွဲထွက်လာသူ ၂၀၀၀ ကိုတွေ့ ဆုံမေးမြန်းခဲ့ ရာမှာ မြောက်ကိုရီးယားတွင်လူကြိုက်များနေသည့် အရာများ
ထဲတွင် တီဗီဇတ်လမ်းတွဲများနှင့် ရာမင် ဟုခေါ်သည့် အသင့် စားသုံးနိုင်သည့် ခေါက်ဆွဲခြောက်များလည်း
ပါဝင်သည်ကို သိရှိခဲ့ ရပါတယ်...

အသားကပ်ကိုယ်ကြပ်ဂျင်းဘောင်းဘီများဟာ မြို့ တော်ပြုံယမ်းတွင်အလွန်လူကြိုက်များလျှက်ရှိရာ လူအများ
အနေဖြင့် ထိုသို့ ဝတ်ဆင်ထားသူများကို တရုတ်နိုင်ငံမှ ခေတ်ပေါ်အ၀တ်အစားများဝတ်ဆင်ထားသည့် ခရီး
သွားဧည့် သည်များဟုပင် ထင်မှတ်မှားခဲ့ ကြရပါတယ်....
အစိုးရတာဝန်ရှိသူများက ထိုခေတ်ပေါ်ဘောင်းဘီဖင်ကြပ်များကို ၀တ်ဆင်ခြင်းမှ တားမြစ်ချက်အား ပယ်
ဖျက်ခဲ့ လိုက်ပြီးနောက် ထိုဘောင်းဘီများအလွန်လူကြိုက်များလာခဲ့ ခြင်းဖြစ်ပါတယ်...
မြောက်ကိုရီးယားနိုင်ငံအတွင်းဓါတ်မြေသြဇာများ အလုံအလောက်မရနိုင်ပဲ ရှားပါးပြတ်လတ်ခဲ့ ခြင်းကြောင့် 
အစားထိုးသုံးဆွဲသည့် အနေဖြင့် လူ့ မစင်များရောင်းချသည့် ဆိုင်များလည်း ပေါ်ပေါက်လာခဲ့ တယ်လို့ ယုံ
ဟက်ပ် သတင်းဌာနက ဆိုပါတယ်...




Snapped up: Blue crabs are another item in high demand in North Korea, according to defectors
 ပင်လယ်ဂဏာန်းပြာများလည်း မြောက်ကိုရီးယားမှာရောင်းကောင်းနေတယ်လို့ ဘက်ပြောင်းစွန့် ခွာ
လာသူများက ဆိုပါတယ်...
Snapped up: Blue crabs are another item in high demand in North Korea, according to defectors

" ကိုယ်ကြပ်ဘောင်းဘီတွေ ခေတ်စားလာလို့ ပြုံယမ်းမြို့ တော်က အမျိုးသမီးတွေရဲ့ လူနေမှုပုံစံလည်းပြောင်း
လဲလာနေပြီဖြစ်ပါတယ်....
ထို့ အတူ အိမ်တွေမှာလည်း မိသားစုတိုင်းက လူ့ မစင်တွေကို ဓါတ်မြေသြဇာအဖြစ်အသုံးပြုကြလို့ ဝန်နဲ့ အား
မမျှတာကြောင့် ( လိုအပ်တာနဲ့ စွန့် ထုတ်နိုင်မှု အလုံအလောက်မရနိုင်တာကြောင့် ) လူ့ မစင်များရောင်းချ
တဲ့ ဈေးကွက်တွေပေါ်ပေါက်လာခဲ့ ပါတယ်...
ဒါတွေဟာ မြောက်ကိုရီးယားနိုင်ငံအနေနဲ့ တစ်ကိုယ်တည်းအထီးကျန်နေခြင်းမှ လျော့  ချတဲ့ လက္ခဏာတွေ
ပဲဖြစ်ပါတယ်..."  လို့ ပါမောက္ခ ကင် ကဆိုပါတယ်...

Firm grip: North Korean leader Kim Jong Il and his heir apparent Kim Jong Un, far right. The communist country has strict rules on allowed products
 အမြော်အမြင်ကြီးပြီးရှေ့ ကိုကြိုမြင်တတ်တဲ့ ခေါင်းဆောင်ကြီး ကင်ဂျူံအီးလ် နှင့် အရိုက်အရာ
ဆက်ခံမည့် သားငယ် ကင်ဂျူံ အန် .... ( လွန်ခဲ့ တဲ့ ရက်ကပဲ သူ့ အတွက်လက်ဆောင်ပစ္စည်းတွေ
သယ်လာတဲ့ ရထားမှောက်သွားလို့ စိတ်ဆိုးဒေါသထွက်နေလောက်ပြီ...)
Firm grip: North Korean leader Kim Jong Il and his heir apparent Kim Jong Un, far right. The communist country has strict rules on allowed products


လူနေမှုစနစ်ပုံစံပြောင်းလဲလာနေမှုဟာ မြို့ တော်ပြုံယမ်းနဲ့ တရုတ်နိုင်ငံနှင့် နယ်နမိတ်ချင်းထိစပ်နေသည့် 
နေရာဒေသများတွင် ပိုမိုသိသာထင်ရှားလာနေပါတယ် လို့ လည်းသူကဆိုခဲ့ ပါတယ်...
၎င်းတွေ့ ဆုံမေးမြန်း၊ အင်တာဗျူးခဲ့ သည့် ဘက်ပြောင်းစွန့် ခွာလာသူများဟာ တရုတ်နိုင်ငံတွင် တစ်လမျှသာ
နေထိုင်ခဲ့ ရပြီးနောက် တောင်ကိုရီးယားသို့ ဆက်လက်ထွက်ခွာလာခဲ့ သူများဖြစ်တာမို့ ပါမောက္ခ ကင် အနေ
ဖြင့် လျှို့ ဝှက်သိပ်သည်းသည့် အာဏာရှင်နိုင်ငံမှ လူနေမှုဘ၀ရဲ့ နောက်ဆုံးအခြေအနေများကို သိရှိနိုင်ခဲ့ 
ခြင်းဖြစ်ပါတယ်....

အခုလောလောဆယ်လည်း စွန့် ခွာထွက်ပြေးလာသူများကိုတွေ့ ဆုံမေးမြန်းပြီးရေးထားတဲ့  ၂၀၁၀ ဘီဘီစီ
ဆင်မြူရယ်ဂျွန်ဆင်ဆုရ ( Winner of the BBC Samuel Johnson Prize 2010 ) Nothing To Envy ဆို
တဲ့  Barbara Demick ရေးသားတဲ့ မြောက်ကိုရီးယားနိုင်ငံအကြောင်း စာအုပ်ဖတ်နေယင်း တိုက်တိုက်ဆိုင်
ဆိုင်ပဲ မြောက်ကိုရီးယားနိုင်ငံရဲ့ အကြောင်းသတင်းလေးတွေ့ လို့ တင်ပြလိုက်ပါတယ်...

တစ်ချိန်သောကာလတုံးကလည်း ကျွန်တော်တို့ ရွှေပြည်ကြီးမှာ ပညာယှိဝန်မင်းတစ်ပါးက လူတစ်ယောက်
တစ်နေ့ ကို မစင်ခြောက်ဆယ်သားစွန့် နိုင်ယင် (မိသိန်းဓါတ်ငွေ့ ထုတ်ပြီး ) ထမင်းဟင်းချက်နိုင်မယ့် လောင်
စာရပြီဆိုပြီး ကြုံးဝါးကာ သြ၀ါဒမှာတမ်းခြွေခဲ့ ဘူးပါတယ်...
ဖြစ်မဖြစ်ကတော့ အားလုံးအသိပါပဲ...

Skinny jeans, blue crabs and human excrement were among the most sought after items in North Korea, according to defectors from the communist country.
Kim Young-soo, a political science professor at Seoul's Sogang University, said that pig-intestine rolls and adult films were among items selling 'like hot cakes' in North Korea.
He interviewed 2,000 defectors as part of a research for the South Korean government and also found that popular goods included TV dramas and instant noodles known as 'ramen'.
Skinny jeans were so popular in the capital Pyongyang that people were mistaking residents for Chinese tourists wearing the fashionable clothes.
They also became a sought-after item when a ban on fashionable trousers was lifted by government officials.
Shops began selling human excrement as a way of dealing with acute shortages of fertiliser in the North, according to Yonhap news agency.
Professor Kim said: 'Skinny jeans are now popular and are changing the fashion style of women in Pyongyang.
'Each household used to use human excrement as fertiliser, but because it's hard to keep up with the amount, human manure showed up at markets.
'These are signs that North Korea is easing its isolation.'
Lifestyle changes are more conspicuous in the capital and areas near the border with China, he added.Many of the defectors he interviewed stayed in China for just one month before going to South Korea, allowing Prof Kim a relatively up-to-date glimpse of life in the secretive country.

1 comments:

အဖြူရောင်နတ်သမီး said...

အဲဒီလောက်တော့ မထုတ်နိုင်ဘူးထင်တယ်...
လက်လျှော့လိုက်ပါသည်....ဆိုင်ကရောင်းတဲ့ ဂက်စ်အိုးကိုပဲ ဝယ်သုံးပါတော့မည်...
း)
မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ ကိုပီတာရေ...