Naga Viper - the world's hottest chilli

Thursday, December 9, 2010

စားကြဦးမလား...ကမ္ဘာ့ အစပ်ဆုံးငရုတ် နဂါးမြွေပွေးငရုတ်...

The Naga Viper is officially the hottest chilli in the world
The Naga Viper is officially the hottest chilli in the world
ကမ္ဘာ့ အစပ်ဆုံးငရုတ်အဖြစ် တရားဝင်မှတ်တမ်းတင်လိုက်တာကတော့  နဂါးမြွေပွေး ငရုတ်ပါတဲ့ ...

ကမ္ဘာ့ အစပ်ဆုံးငရုပ်သီးဖြစ်တဲ့ နာဂမြွေပွေး ( Naga Viper ) ငရုပ်သီးမျိုးဟာ စပ်လွန်း၊ ပူလွန်းလို့ စစ်ပွဲ
အတွင်း ( တိုက်ခိုက်နေစဉ်အတွင်း ) ရန်သူစစ်သားများကို ထိခိုက်နစ်နာစေပြီး စွမ်းဆောင်ရည်ပျက်ပြား
စေဖို့  ငရုပ်သီးမှုန့် ဗုံးများအဖြစ်အသုံးပြုဖို့ ကျွမ်းကျင်သူ ပညာရှင်များက ကြံဆနေကြပါတယ်...
ဂျရယ်လ်ဒ် ဖောင်လာ အမည်ရှိ အမျိုးသားကြီးတစ်ဦးက အစပ်ဆုံးငရုပ်သီးမျိုးစိတ်သုံးခုကို မျိုးစပ်ပြီး ယခု
ကဲ့ သို့ ကမ္ဘာ့ အစပ်ဆုံးငရုပ်သီးမျိုးစိတ်ကို အင်္ဂလန်နိုင်ငံမှ နယ်မြို့ လေးတစ်ခုဖြစ်သည့် ကမ်ဘရီးယား တွင်
စမ်းသပ်စိုက်ပျိုးနိုင်ခဲ့ ခြင်းဖြစ်ပါတယ်...
အဆိုပါ ငရုတ်သီးဟာ ကမ္ဘာ့ အစပ်ဆုံးစံချိန်အဖြစ် အစပ်နှုံးယူနစ် စကိုဗီးလ် ၁၃၅၉၀၀၀ အထိရှိဖြင့်  ၎င်း
အယင် အစပ်ဆုံးငရုပ်မျိုးဖြစ်သည့် ဘတ်ဂျိုလိုကီယာခေါ် ငရုတ်တစ္ဆေ ထက် အစပ်ယူနစ်ပေါင်း ၃၀၀၀၀၀
ပိုမိုပြင်းထန်ကာ အနိုင်ယူစံချိန်တင်ခဲ့ ခြင်းဖြစ်ပါတယ်....
အစပ်နှုံးစကိုဗီးလ် ကို ငရုတ်သီးတွင်ပါဝင်သည့် ဓါတုဓါတ်ပေါင်းတစ်မျိုးဖြစ်သည့် တက်ပ်ဆိုင်စင် အပူဓါတ်
ပမာဏဖြင့်စမ်းသပ်တိုင်းတာခြင်းဖြစ်ပါတယ်...
ငရုတ်သီးတစ်တောင့် မည်မျှစပ်သည်ကိုထင်ရှားစွာသိသာနိုင်တာကတော့ သာမန် ဂျာလာပေညို ငရုတ်
တစ်တောင့် ဟာ စကိုဗီးလ် ၂၅၉၉ မှ ၅၀၀၀ ယူနစ်အတွင်းသာရှိတယ်လို့ ဆိုပါတယ်...

Gerald Fowler says the Naga Viper is 'hot enough to strip paint
Gerald Fowler says the Naga Viper is 'hot enough to strip paint
စားမိယင်တော့မီးတုတ်ကိုင်ပြီးဆင်းသွားသလိုဖြစ်စေမှာအမှန်...နံရံကဆေးတောင် ကွာကျသွားလောက်အောင်
ပူပါတယ်လို့ မျိုးစပ်သူကတော့ ဆိုလေရဲ့ ...

" ကျွန်တော့် ငရုတ်သီးကို စားရတာ ပူပြင်းစပ်ရှလွန်းလှပါတယ်...ဆေးသားတွေတောင်ကွာကျနိုင်တဲ့ အထိ
ပူလောင်လှပါတယ်..." လို့ ဖောင်လာ က ဒေလီမေးလ် သတင်းစာကိုပြောပြခဲ့ ပါတယ်...
ထိုငရုတ်သီးဖြင့်ချက်သည့် ဟင်းကို စမ်းသပ်စားကြည့် မည့် သူများကို ၎င်းတို့ အနေဖြင့် စိတ်ရောကိုယ်ပါ
ကျန်းမာရေးကောင်းမွန်ကြောင်းတာဝန်ယူသည့် သဘောတူညီချက် ( ထိုငရုတ်သီးအစပ်စားပြီး တစ်စုံတစ်
ရာဖြစ်ပါက တရားမစွဲကြောင်းကတိပြုသည့် စာချူပ် ) ကိုလက်မှတ်ရေးထိုးစေခဲ့ပါတယ်...
သို့ သော်လည်း ထိုငရုတ်သီးအစပ်ကို စားသုံးခြင်းဟာ ခန္ဓာကိုယ်အတွက် အကျိုးဖြစ်ထွန်းစေမှာဖြစ်တယ်
လို့ လည်းသူကဆိုပါတယ်..
( ကျွန်တော့် ငရုတ်သီးကို စားလိုက်ယင်တော့ ) လျှာကိုထူပူကာထုံသွားပြီး လည်ချောင်းတစ်လျှောက် ပူပြီး
ဆင်းသွားတာပါပဲ... စပ်နေတာကို တစ်နာရီလောက်အထိခံစားနေရပြီး ဘယ်သူ့ ကိုမှ စကားလည်းမပြော
ချင်၊ ဘာမှလည်းမလုပ်ချင်အောင်ဖြစ်နေပါလိမ့် မယ်...ဒါပေမယ့် မယ့် ( အစပ်ကြိုက်သူများအတွက်တော့ )
တစ်ကယ့် ကိုကောင်းတဲ့ ခံစားမှုတွေဖြစ်စေမှာပါ..." လို့ လည်း သူကပြောကြားခဲ့ ပါတယ်...
စစ်ဘက်ဆိုင်ရာသုတေသီများကတော့ ထိုအစပ်ဆုံး ငရုတ်ကို စစ်လက်နက်အဖြစ် အသုံးပြုနိုင်ဖွယ်ရာရှိမှု
အပေါ် စမ်းသပ်စစ်ဆေးနေကြပြီဖြစ်တယ်လို့ ဒေလီမေးလ် သတင်းစာကဖော်ပြခဲ့ ပါတယ်...
ဝါးဝစ်ခ်တက္ကသိုလ်မှ ပညာရှင်များက ထိုငရုတ်သီးရဲ့ စပ်မှုကို စမ်းသပ်ခဲ့ ကြပြီး ဂင်းနက်စ် ကမ္ဘာ့ ထူးဆန်း
မှတ်တမ်း အဖွဲ့ ကလည်း၎င်းတို့ ၏ ၂၀၁၂ တည်းဖြတ်ထုတ်ဝေမည့် မှတ်တမ်းအစီအစဉ်တွင် ထိုငရုတ်သီး
အကြောင်းကို ကမ္ဘာ့ အစပ်ဆုံးငရုတ်အဖြစ် ထည့် သွင်းနိုင်ဖို့ ဖောင်လာ ကိုဆက်သွယ်ခဲ့ ပါတယ်...
" အိန္ဒိယ သို့ မဟုတ် ကာရစ်ဘီယံဒေသတွေမှာ ငရုတ်သီးကိုစိုက်ကြတာက အပူဒါဏ်နဲ့ ရေရှားမှု ပြဿနာ
ကိုသူတို့ ကကျင့် သားရနေအောင်လုပ်ခဲ့ သလိုဖြစ်ပါတယ်...ဗြိတိန်မှာစိုက်ပျိုးတော့ ငရုတ်ပင်တွေဟာ ပို
မိုဆိုးရွားပြင်းထန်တဲ့ ရာသီဥတုအခြေအနေကို အံတုရတာမို့ ပိုပြီးစပ်တဲ့ ငရုတ်မျိုးထွက်လာတာဖြစ်ပါလိမ့် 
မယ်..." လို့ မစ္စတာဖောင်လာ ကပြောဆိုခဲ့ ပါတယ်...
ကဲ ...
အစပ်ကြိုက်တဲ့သူတွေအတွက် အဲဒီငရုတ်သီးနဲ့ လုပ်တဲ့ ရခိုင်ငါးပိထောင်းတို့ ၊ ထားဝယ်ငါးပိထောင်းတို့ လုပ်
ရောင်းယင် လက်မလည်အောင်ရောင်းရလိမ့် မယ်ထင်တယ်...
ဒါမှမဟုတ်ဒီသတင်းဖတ်ပြီး စစ်လက်နက်ထုတ်လုပ်ရေးပစ္စည်းစက်ရုံတွေမှာ ငရုတ်သီးမှုန့် ပဲကြိတ်နေကြ
ပြီလားမသိဘူး...


The world's hottest chilli, the Naga Viper, is so hot that experts are thinking about using it in "spice bombs" to incapacitate enemy soldiers in battle.
Gerald Fowler, the man who created the chilli species by crossing three of the hottest varieties of chilli pods known to humans, runs the Chilli Pepper Company in Cumbria, a small county in England.
The pepper has a world-setting tongue-scorching Scoville rating of 1,359,000 units, beating its predecessor, the Bhut Jolokia, or "ghost chili", by 300,000 points.
The Scoville scale rates heat by tracking the presence of capsaicin, a chemical compound.
To get a better idea of how hot this pepper is, most varieties of jalapeño peppers measure in the 2,500 to 5,000 range.
"It's painful to eat," Fowler told the Daily Mail. "It's hot enough to strip paint."
Fowler makes customers sign a waiver declaring that they're of sound mind and body before trying a Naga Viper-based curry. But, he insists that eating the fiery chili does the body good.

"It numbs your tongue, then burns all the way down," he said.

"It can last an hour, and you just don't want to talk to anyone or do anything. But it's a marvelous endorphin rush. It makes you feel great."
The Daily Mail also reported that defense researchers were already investigating the pepper's potential uses as a weapon.

The experts are thinking about using it in "spice bombs" to incapacitate enemy soldiers in battle.
Experts at Warwick University tested the chilli and the Guinness Book of World Records approached Fowler to include it their 2012 edition as the world's hottest.
"When they grow chilli in India or the Caribbean they're used to the heat and the drought."
"When they're grown in Britain,  I think they fight back against the harsher climate and produce even more heat," said Fowler.
Source: Agencies

2 comments:

Anonymous said...

အောင်မလေးကိုကြီးရယ် အစပ်ဆိုတဲ့ကောင်ကအ၀င်ပဲဒုက္ခပေးတာမဟုတ်ဘူး..အထွက်လည်းတော်တော်ဆိုးပ့..အောင်မလေးတစ်နာရီတောင်အ၀င်ဆိုးတယ်ဆိုရင် အထွက်ဆိုရင်တော့အိပ်သာထဲကိုရေခဲအိတ်ယူသွာမှနဲ့ တူတယ်

မိုးယံ said...

စားလိုက်ချင်စမ်းပါဘိ ကွယ်....

တစ်နာရီလောက် စပ်နေမှာဆိုတော့ တွက်ချေကိုက်တယ်..