Man castrates himself to master kungfu

Sunday, December 26, 2010

သိုင်းပညာတော်ပြီးသိုင်းဆရာကြီးဖြစ်ချင်လျှင်...

အတွင်းအားတွေ စုစည်းထားနိုင်ဖို့ အားကုန်စေမယ့် အရာတွေကို ဖြတ်ထုတ်ပစ်ရမယ်ကွယ့် တပည့်ရဲ့ ...

တရုတ်နိုင်ငံ၊ ကျီလင်းဒေသမှ အသက် ၆၀ အရွယ်ရှိအမျိုးသားကြီးတစ်ဦးဟာ ကွန်ဖူး ပညာမှာ တစ်ဖက်
ကမ်းခပ် တတ်မြောက်ကျွမ်းကျင်လိုတာမို့ လွန်ခဲ့ သည့် တနင်္လာနေ့ က ၎င်းကိုယ်၎င်း မျိုးဆက်သစ်တို့ တိုး
တက်ရစ်ဖို့ စိတ်မကူး မရည်ရွယ်တော့ ပဲ ဝှေးသင်းခဲ့ ( သင်းကွပ်ခဲ့  ) လိုက်ပါတယ်...
၎င်းရဲ့ ရှီးဖော် ( ကွန်ဖူးဆရာ၊ မာစတာ ) က ချိကုန်း လို့ ခေါ်တဲ့ သိုင်းပညာမှာ ဆရာကြီးတစ်ဆူအဆင့် အထိ
ရောက်ချင်ယင် ကိုယ့် ရဲ့ ငယ်ဖွား၊ ရွှေဥများကို ဖြတ်ပစ်၊ စွန့် လွှတ်ရမယ်လို့ အိပ်မက်ပေးကာ ညွှန်ကြားခဲ့ 
တာဖြစ်တယ် လို့ ထိုအမျိုးသားကြီးကပြောကြားခဲ့ ပါတယ်...
ထို့ အပြင် ၎င်းရဲ့ ပိုင်ဆိုင်သမျှပစ္စည်းဥစ္စာများအားလုံးကိုလည်း စွန့် လွှတ်ရမယ့် လို့ ဆရာကြီးက အမိန့် ပေး
ညွှန်ကြားခဲ့ ပါသေးတယ်...
နောက်တစ်နေ့ အိပ်ယာမှနိုးလာတဲ့ အခါမှာတော့ သူဟာ ရှီးဖော် ရဲ့ အမိန့် ကိုလိုက်နာပြီး ကိုယ့် ကိုယ်ကို
ယောကျာင်္းပီပီ စံချိန်မမှီ နိုင်အောင်ပြုလုပ်ခဲ့ လိုက်ပါတော့ တယ်...
ကျန်း လို့ မျိုးရိုးအမည်ရှိသည့် ထိုသူဟာ ထိုသို့ ပြုလုပ်ခဲ့ ရာမှာ နာကျင်လွန်းလို့ ၎င်းရဲ့ အိမ်ထဲမှာ အော်ဟစ်
ခုန်ပေါက်နေခဲ့ ရပါတယ်...
၎င်းနောက်တော့ ခြံဝန်းထဲမှာပဲ လဲကျကာသတိလစ်သွားခဲ့ ရပါတော့ တယ်...
တနင်္လာနေ့ နံနက် ၇ နာရီခွဲလောက်မှာတော့ တရုတ်နိုင်ငံ၊ ကျီလင်းဒေသ၊ နူရှင်းဒင်း မြို့ မှ အိမ်တစ်အိမ်
တွင် လူတစ်ယောက် အ၀တ်အစားဗလာ ကိုယ်ခန္ဓာဖြင့် သွေးအိုင်ထဲတွင်လဲကျနေခဲ့ သည်ဟု ရွာသားတစ်
ဦးက ရဲတပ်ဖွဲ့ ကိုအရေးတစ်ကြီးအကြောင်းကြားခဲ့ ပါတယ်...
ရဲတပ်ဖွဲ့ ဟာ ထိုသူကိုဆေးရုံသို့ ပို့ ဆောင်ခဲ့ ပါတယ်....၎င်းနောက် သူတို့ ဟာ ထိုသူရဲ့  ဖြတ်တောက်ထားခဲ့ 
သည့် ရွှေဥနှစ်လုံးကို အိမ်ထဲတွင်တွေ့ ရှိခဲ့ ရပါတယ်...
ထိုသူသတိပြန်လည်ရလာသည့် အခါတွင်တော့ ၎င်းမှ အိပ်မက်အကြောင်းကို ရဲတပ်ဖွဲ့ အားပြောပြခဲ့ ပါတော့
တယ်...
သူဟာပြန်လည်သက်သာလာခဲ့ ပေမယ့် ခန္ဓာကိုယ်နဲ့ အိုးစားကွဲသွားခဲ့ တဲ့ ကိုယ်ပိုင်ပစ္စည်းနှစ်ခုကိုတော့ ပြန်
လည် တပ်ဆင်၊ ကုသပေးလို့ မရတော့ ပါဘူး...
ထိုအဖြစ်အပျက်ဖြစ်ပွားနေခဲ့ စဉ် ၎င်း၏ဇနီးနှင့် ကလေးတို့ ကတော့ နိုင်ငံရပ်ခြားကိုရောက်နေခဲ့ ပါတယ်...


A 60-year-old man in Jilin, China, man castrated himself last Monday - all for the sake of mastering a type of kungfu.
The man said his sifu (kungfu master) told him in a dream that he must gut of his testicles in order to advance the martial art - a type of Qi Gong.
He was also "ordered" to break all his belongings and properties.
When he work up the next morning, he followed the sifu's instructions and castrated himself.
It was so painful that the man, surnamed Zhang, jumped around the house.
He later collapsed at the courtyard unconscious.
At about 7.30am on Monday, police received a distress call that a villager was found naked in a pool of blood at his house in Niuxinding town in Jilin, China.
Police sent the man to the hospital. They later found his his severed testicles inside the house.
When he regained consciousness, the man told police of his dream.
He is recovering but his genitals could not be reattached.
His wife and child were overseas when the incident happened.
Source: City Evening News

8 comments:

Beauty Studio USA Branded Store said...

တော်သေးတာပေါ့ အနိစ္စသဘောနဲ့ ကိစ္စမချောသွားတာ။ သူ့ဆီမှာ ကလေးတွေ ရှိသေးတာပဲ။

ရွှေရတုမှတ်တမ်း said...

တော်ပြီ...သိုင်းမကျင့်ရဲတော့ဘူး.

မိုးယံ said...

အဲ.. သိုင်းလောကစိန်ခေါ်သံထဲက တုန်းဖုန်းပုပိုက် လိုပေါ့ကွယ်..


အဲ မိသားစု ပြန်လာရင်တော့ ဒွတ်ခပဲ.. ဂွီ

နိုင်းနိုင်းစနေ said...

IP Man (ဘရုစလီ ဆရာ) ကား ကြည့်ကောင်းတယ်

တရုတ်ကြီး said...

မကောင်းတဲ့နတ်က အိပ်မက်ပေးတာလဲ ဖြစ်နိုင်တယ်ဗျ။ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က မြန်မာပြည်က ကိုရင်နှစ်ပါး နတ်က အိပ်မက်ပေးလို့ အိပ်မက်ထဲမှာ ရွှေအိုးတွေ့မယ်ဆိုပြီး တူးခိုင်းတဲ့နေရာက မြေကြီးကို တူးတာ ရွှေအိုးမရှိဘဲ ကမ္ဘာစစ်လက်ကျန် မကွဲသေးတဲ့ စိန်ပြောင်းဗုံး ပေါက်ပြီး ပျံလွန်ဖူးတယ်။
အခုလဲ သင်းကွပ်၊ ပိုင်ဆိုင်မှုတွေ အားလုံးစွန့်ပစ်လိုက်ဆိုတာ မကောင်းတဲ့နတ်က ဒုက္ခရောက်အောင် တမင် အိပ်မက်ပေးတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်။

Anonymous said...

ဟုတ်တယ်ကိုကြီး ကုန်းကုန်းတို့ အတွင်းအားကပိုပြင်းတယ်လို့ သိုင်းကားတွေမှာကြည့်ရတာပဲ ဒါကိုအားကျပြီအိပ်မက်မက်သွားတာနေမှာ...ကိုကြီးလည်း ဟိုတစ်လောက အလုပ်ကောင်းကောင်းရချင်လို့ ကြံစည်သေးတယ်ဆိုတော့ ခုဆိုအလုပ်လည်းရသိုင်းလည်းကျွှမ်း ဘယ်လောက်ကောင်းလဲ ...ကဲဖြတ်တော့ကိုကြီးရာ

leomark said...

နှစ်တစ်ထောင် ကြာဥ စားလိုက်ရင် ပျောက်သွားမှာပါ ဂျာ ။ အဲ့ဒီလူကို သနားလိုက်တာ သွပ်သွပ်သွပ် :)

An Asian Tour Operator said...

အားကုန်မဲ့ အရာ တွေဖြတ်ထုတ်ပစ်စရာ မလိုပါဘူး။ အားကုန် ရင် ပျားအုံ ကို တုတ်နဲ့ထိုး ပါ။ ;P