သမီးငယ်ကိုသတ်ကာ ယစ်ဇ်ပူဇော်ခဲ့ သည့် မိခင်...
အသက် ၄ နှစ်အရွယ်ရှိ မိမိ၏သမီးဖြစ်သူအား ကိုးကွယ်သည့် ဘာသာဆိုင်ရာအတွက် သတ်ဖြတ်ကာယစ်ဇ် ပူဇော်မှုအတွက်အဖမ်းခံခဲ့ ရသည့် မိခင်ဖြစ်သူ၏အိမ်နီးနားချင်းများက ၎င်းတို့ အနေဖြင့် ထိုမိသားစုနေအိမ်
ခန်းမှ ထိတ်လန့် တကြားအော်ဟစ်သံများကြားခဲ့ ရသည်ဟု ပြောကြားခဲ့ ကြပါတယ်...
ဓါးဖြင့် ထိုးသတ်ခံကာ အသည်းနှလုံးနှင့် တစ်ကွခန္ဓာကိုယ်အတွင်းအင်္ဂါ၊ ကလီစာအစိတ်အပိုင်းများ ဖြတ်
ထုတ်ထားကာ အခန်းအတွင်းပျံ့ ကြဲနေကာမိခင်ဖြစ်သူ ရှေနာ၏နံဘေးတွင် လဲကျသေဆုံးနေခဲ့ သည့်သမီး
ငယ်လေး နူဆေဘာ ဘာရူချီ ရဲ့ ရုပ်အလောင်းကို မီးဖိုချောင်ထဲတွင်တွေ့ ရှိခဲ့ ကြရတာဖြစ်ပါတယ်....
လန်ဒန်မြို့ အရှေ့ ပိုင်း ကလက်ပတန်အရပ်ရှိ နေအိမ်မှာ ဗိုက်ခွဲခံထားရတဲ့ သမီးငယ်ရဲ့ အလောင်းသူမနံဘေး
မှာ ရှိနေစဉ် အသက် ၃၅ နှစ်အရွယ်ရှိ မိခင်ဖြစ်သူအမျိုးသမီးဟာ အစ္စလာမ်ဘာသာဝင်များရဲ့ အထွတ်အ
မြတ် ကိုရမ်ကျမ်းစာမှ စာပိုဒ်များကို ရွတ်ဖတ်နေတယ်လို့ ဆိုပါတယ်...
အမျိုးသမီးဟာ မီးဖိုချောင်ထဲမှာထိုင်နေခဲ့ ပြီး ကလေးငယ်ရဲ့ ဝမ်းဗိုက်ကိုခွဲကာ ကိုရမ်ကျမ်းစာမှ
စာပိုဒ်များကို ရွတ်ဆိုနေခဲ့တယ်လို့ ဆိုပါတယ်...
Crime scene: Shayna Bharuchi, 35, was allegedly sitting in a her kitchen chanting verses of the Koran as her daughter Nusayba's disembowelled corpse lay next to her.
ဆိုမာလီနိုင်ကမှဖြစ်သည်ဟု ယုံကြည်ရသည့် အဆိုပါအမျိုးသမီးဟာ သူမရဲ့ အမ်ပီသရီးပလေယာဖြင့်ထည့် 
သွင်းထားသည့် ကိုရမ်ကျမ်းစာများရွတ်ဖတ်ပူဇော်နေသည့်  အသံကို ( အခင်းဖြစ်ပွားချိန်တွင် ) အစွမ်းကုန်
မြှင့် တင်ကာဖွင့် လှစ်နားထောင်နေခဲ့ သည်ဟုလည်းယုံကြည်ရပါတယ်...
အသက် ၁၄ နှစ်နှင့်  ၁၆ နှစ်အရွယ်ရှိ ဆယ်ကျော်သက်အရွယ်သားသမီးနှစ်ဦးလည်းရှိသေးသည့် အဆိုပါ
မိခင်ဖြစ်သူကို စိတ်ကျန်းမာရေးဆေးဥပဒေအရ လုံခြုံစိတ်ချရသည့် နေရာတွင်ထိန်းသိမ်းထားလိုက်ပြီး ရဲ
တပ်ဖွဲ့ အနေဖြင့် လည်း အဆိုပါအခင်းဖြစ်ပွားသည့် အဆောက်အဦး၏ တတိယထပ်အခန်းပတ်လည်နေရာ
ကိုလည်း ယမန်နေ့ ကစပြီး တားဆီးစောင့် ကြပ်လျှက်ရှိပါတယ်...
စိတ်ဓါတ်တုန်လှုပ်ခြောက်ခြားဖွယ်ရာမြင်ကွင်းကို သမီးငယ်၏ဖခင်ဖြစ်သူ ဂျယ်ရိုမီနတ်ဂ်နေး တစ်ယောက်
နေထိုင်ရာအခန်းသို့ ကြာသပေးတေးနေ့ ကပြန်လည်ရောက်ရှိ ခဲ့ စဉ်မှာ အတူနေသူဇနီးဖြစ်သူတစ်ယောက်
မီးဖိုချောင်သုံးဓါးတစ်ချောင်းကို ဆုပ်ကိုင်လျှက်သားဖြင့် တွေ့ ရှိခဲ့ ခြင်းဖြစ်ပါတယ်...
မွတ်ဆလင်ဘာသာသို့ ကူးပြောင်းကိုးကွယ်ယုံကြည်လာသူတစ်ယောက်ဖြစ်ပုံရသည့်ဖခင်ဖြစ်သူအမျိုးသား
ဟာ အရေးပေါ်ကယ်ဆယ်ရေးဖုံးနံပါတ် ၉၉၉ သို့ အကြောင်းကြားခေါ်ဆိုခဲ့ ပြီးနောက် ရောက်ရှိလာခဲ့ သည့် 
ကယ်ဆယ်ရေးသူနာပြုများက ကလေးငယ်ဟာ အခင်းဖြစ်ပွားရာနေရာမှာပင်သေဆုံးခဲ့ ပြီဟု ပြောကြားခဲ့ 
လိုက်ပါတယ်....
၎င်းနောက်ဆွေမျိုးမိဘများကိုအကြောင်းကြားခဲ့ တယ်လို့ လည်းရဲတပ်ဖွဲ့ ကပြောကြားခဲ့ ပါတယ်...
" ( ထိုအမျိုးသမီးကို ) ဘယ်သူမှကောင်းကောင်းမရင်းနှီး၊ မသိရှိကြပေမယ့် ကလေးတွေကတော့ တော်
တော်လေးကို ရည်ရည်မွန်မွန်ရှိကြပါတယ်....ဒါပေမယ့် ညလယ်သန်းကောင်ဆိုလျှင်တော့ အမျိုးသမီးတစ်
ဦးရဲ့ စူးစူးဝါးဝါးအော်ဟစ်သံကြောင့် ကျွန်တော်ကတော့ လန့် လန့် နိုးနေခဲ့ ရတာပုံမှန်ဖြစ်နေခဲ့ ပါတယ်...
တစ်ချို့ ညတွေဆို အော်ဟစ်သံတွေဟာ ၁၀ မိနစ်လောက်အထိကြာမြင့် နေတတ်ပါတယ်..." လို့ သက်ကြီး
ရွယ်အို အိမ်နီးချင်းတစ်ဦးကပြောကြားခဲ့ ပါတယ်...
အမည်မဖော်လိုသူ အောက်ထပ်တွင်နေထိုင်သည့် အိမ်နီးချင်းတစ်ဦးကလည်း " ကျွန်တော်က နေ့ လည် ၃ နာရီလောက်မှာသမီးကို နေ့ လည်စာကျွေးနေတုံး ရုတ်တစ်ရက် တုန်လှုပ်ခြောက်ခြားဖွယ်အော်ဟစ်သံ
ကြီးကိုကြားလိုက်ရတာပါပဲ...ကြောက်စရာ၊ စိတ်မသက်မသာဖြစ်စရာပါပဲ..." လို့ ပြောကြားခဲ့ ပါတယ်..
အဆိုပါ ဇနီးမောင်နှံဟာ ထိုအခန်းတွင်တစ်နှစ်နီးပါးခန့် နေထိုင်ခဲ့ ကြတာဖြစ်တယ်လို့ လည်း သူကဆိုခဲ့ ပါ
တယ်...
လာမည့် စနေနေ့ မှာတော့ လန်ဒန်မြို့ အရှေ့ ပိုင်းရှိ ပေါ့ ပလာရင်ခွဲရုံမှာ သေဆုံးသူကလေးငယ်အလောင်း
ကို ခွဲစိတ်ကြည့်ရှုကြမှာဖြစ်ပါတယ်...
မြို့ တော်ရဲတပ်ဖွဲ့ ရဲ့ ကလေးသူငယ်များညှင်းပမ်းနှိပ်စက်ခြင်းဆိုင်ရာစုံစမ်းစစ်ဆေးရေး အဖွဲ့ မှထိုလူသတ်မှု
ကိုဦးဆောင်စစ်ဆေးမှာဖြစ်ပါတယ်...
၎င်းတို့ အနေဖြင့် ( မိခင်ဖြစ်သူမှလွဲ၍ ) တစ်ခြားမည်သူ့ ကိုမှ စစ်ဆေးမှာမဟုတ်ဘူးလို့ ယုံကြည်ရပါတယ်...
အသက် ၃၀ ပါတ်ဝန်းကျင်ရှိ ထိတ်လန့် တုန်လှုပ်နေခဲ့ သည့်နောက်ထပ် ( အိမ်နီးချင်း ) မိခင်တစ်ဦးက
လည်း အဆိုပါအမျိုးသမီးဟာ အနက်ရောက်ခေါင်းဆောင်းပုဝါနဲ့ မျက်နှာဖုံး ( အစ္စလာမ်ဘာသာဝင်အမျိုးသ
မီးများ ၀တ်ဆင်ကြရလေ့ ရှိသည့် အ၀တ်အစား ) ကိုအမြဲတမ်းဝတ်ဆင်ထားလေ့ ရှိပါတယ် လို့ ပြောကြားခဲ့ 
ပါတယ်...
" သူမကကြည့် လိုက်ယင် ( တစ်ကိုယ်လုံးကိုဖုံးအုပ်ကာကွယ်ဝတ်ဆင်ထားတာမို့  )အမြဲပဲ မျက်လုံးကိုသာ
မြင်ရမှာဖြစ်ပါတယ်...." လို့ သူမကထပ်ပြီးပြောပြခဲ့ ပါတယ်...
" သူမနှင့် အမျိုးသားတစ်ယောက်တို့ ရန်ဖြစ်ငြင်းခုံအော်ဟစ်နေကြတာကိုမကြာခဏကြားနေရတတ်ပါ
တယ်...သူတို့ နှစ်ဦးရန်ဖြစ်နေတာဟာ ပိုမိုပြင်းထန်လာလေ့ ရှိတတ်ပါတယ်..." လို့ လည်း သူမကပြောကြား
ခဲ့ ပါတယ်...
ဖတ်ရတာနဲ့ တင်ထိတ်လန့် တုန်လှုပ်စရာကောင်းတဲ့ သတင်းတစ်ပုဒ်ပါပဲ...
Neighbours of a mother arrested after her four-year-old daughter was killed as an apparent religious offering told how they heard screams from the family's flat.
Nusayba Bharuchi's corpse was found stabbed to death in the kitchen with her heart and other organs cut out and strewn around her flat and lying next to her mother, Shayna.
The 35-year-old woman was allegedly chanting verses of the Koran as her daughter's disembowelled corpse lay next to her in the home in Clapton, East London.
The woman, believed to be from Somalia, had her MP3 on full blast as she listened to the Muslim holy book.
The mother, who is understood to have two teenage children of 14 and 16, has since been sectioned under the Mental Health Act and is in a secure unit as police yesterday continued to guard the third-floor premises on the estate.
The gruesome scene was discovered by the girl's father, Jerome Negney, when he arrived home to the flat on Thursday to find his partner clutching a kitchen knife.
The man, believed to be a Muslim convert, dialled 999 and paramedics pronounced the girl dead at the scene. Police said next of kin have been informed.
One elderly neighbour said last night: 'Nobody knew her very well but the children seemed very nice. However I used to be awoken by terrible screaming of a woman's voice in the middle of the night which was a regular occurence.
'Sometimes the screams would last for about 10 minutes.'
Another neighbour, who lives in the downstairs flat and asked not to be named, said: 'I was feeding my daughter her lunch at about 3pm and suddenly heard horrific screaming. It is shocking and so upsetting.'
He said the couple have lived in the flat for about a year.
A post-mortem examination will take place on Saturday at Poplar mortuary in east London.
The Metropolitan Police's Child Abuse Investigation Command is leading the murder inquiry. They are not believed to be looking for anybody else.
Yesterday another shocked resident, a mum in her 30s, said the mother always wore a black headscarf with a veil.
She added: 'Usually you could only see her eyes.
'I often heard shouting coming from the flat as she and a man argued.
'Their quarrels would become very heated.'
1 comments:
ကဲ... အခုတော့ဘာပြောမလဲ...
သူ့ရင်သွေးးး သမီးလေကိုး သတ်ပြီးးးးးးးးးးး .. ကိုယ်(သူ့ယောက်ျား)ကတော့ ကြိတ်ခံနိုင်တယ်..
ဖွင့်မပြောတော့ပါကွယ်..
Post a Comment