The Real Life of Migrant Laborers in the Emirates
Monday, December 6, 2010
ဒူဘိုင်းနဲ့ ယူအေအီးက စုတ်ချက်ကြမ်းကြမ်းဘ၀တွေ
ယူအေအီးလို့ အများသိထားကြတဲ့ အာရပ်စော်ဘွားများပြည်ထောင်စု ဆိုတာ ချမ်းသာတဲ့ နိုင်ငံတစ်နိုင်ငံ
ဖြစ်ပါတယ်...
ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ အိမ်သာရေချိုးခန်းများမှ အစ အဆင့် မြင့် မြင့် စည်းစိမ်ခံစားနေနိုင်ကြပေ
မယ့် အဲဒီမှာလာရောက်ပြီး အလုပ်လုပ်နေကြတဲ့ ဆင်းရဲတဲ့ နိုင်ငံက အလုပ်ကြမ်းသမားတွေရဲ့ ဘ၀ကတော့
ကျွန်တွေလို နေထိုင်လုပ်ကိုင်နေကြရပါတယ်...
အများအားဖြင့် အလုပ်သမားတွေဟာ့ ခြံစည်းရိုးတွေအခိုင်အမာကာရံထားတဲ့ ဧရိယာအတွင်းမှာတည်ရှိတဲ့ 
သုံးထပ်၊ လေးထပ်ရှိတဲ့ အလုပ်သမားတိုက်တန်းလျားတွေမှာ နေထိုင်ကြရတာဖြစ်ပါတယ်....
တစ်ကယ်တော့ သူတို့ တစ်တွေဟာ ယနေ့ ကမ္ဘာပေါ်မှာ ဒူဘိုင်း၊ ( ယူအေအီး ) ရယ်လို့ ဖြစ်လာအောင်
သူတို့ ရဲ့ အသက်၊ သွေးချွေးတွေနဲ့ ပခုန်းထမ်းတင်ပေးခဲ့ ကြရသူတွေပါ...
သူတို့ ရတဲ့ လခဆိုတာ တစ်ကယ့် ကို နည်းနည်းလေးပါ....( UAE Dirham 400 မှ ၆၀၀ လောက်သာရ
ကြရှာတာပါ...)
အဲဒီကြားထဲကမှ တစ်ခါတစ်လေ အလုပ်ရှင် ကန်ထရိုက်တာက ဒေ၀ါလီခံယင် ( အခုကာလဟာ ဒူဘိုင်းရဲ့ 
စီးပွားပျက်ကပ်ဆိုက်နေတဲ့ ကာလပါ...) လစာမရတဲ့ အပြင် နေထိုင်ရာအဆောင်တွေမှာ မီးဖြတ်၊ ရေဖြတ်၊
မိလ္လာကန်တွေပြည့် လျှံနဲ့ ဒုက္ခတွေကြုံရတတ်ကြပါသေးတယ်...
အဲဒါတွေသိတဲ့ အကြင်နာစိတ်ရှိတဲ့ အနောက်နိုင်ငံသားတစ်ချို့ နဲ့ တစ်ခြားအာရှသားတစ်ချို့ ကတော့ ထို
အလုပ်သမားများကိုပဲ သီးသန့် ကူညီတဲ့ အဖွဲ့ လေးတစ်ခုထူထောင်ထားခဲ့ ပါတယ်...
ဒါပေမယ့် လည်း ဆင့် ပါးစပ်နှမ်းပက်ဆိုသလိုပဲ ၀န်နဲ့ အားမမျှရှာပါဘူး...
ပုံတွေကိုကြည့် တာနဲ့ သူတို့ တစ်တွေဘယ်လိုနေကြရတယ်ဆိုတာသိနိုင်ပါတယ်...
Everybody knows that the UAE (United Arab Emirates) is a rich country. With its oil and gas, it can afford building toilets and bathrooms gilded with gold and enjoying luxurious life. Still, local migrant laborers live and work as slaves.
Typically, migrant workers live in 3 and 4 storey barracks build on fenced territory.
 အပြင်ပန်းကကြည့် ယင်တော့ တိုက်တန်းလျားတွေပေါ့ ...အဆောင်တွေများလွန်းလို့ 
ဘယ်နှစ်ခုရှိမှန်းတောင်ရေတွက်ဖို့ မလွယ်ပါဘူး...
အလုပ်သမားပေါင်း ထောင်သောင်းချီပြီးနေကြပါတယ်...
It’s impossible to count how many barracks are there. The territory is huge and has much garbage. Thousands of people live here.
 ဒါပေမယ့် အ၀တ်အစားလှမ်းဖို့ တောင် နေရာကျယ်ကျယ်ဝန်းဝန်းအတွင်းမှာမရှိလို့ 
အပြင်မှာပဲ ၀ရံတာမှာဖြစ်သလို ထားရတယ်...ဒီလိုမျိုးအ၀တ်တွေလှမ်းထားတာမြင်ယင်တော့
အလုပ်သမားတန်းလျားဆိုတာသေချာတယ်...
You can see linen dried along the balconies. This is a distinctive feature of local residences.
 ဒေသခံနိုင်ငံသားတွေနဲ့ မရောရအောင် သူတို့ အတွက် သီးသန့် ဗလီပါ ဆောက်ပေးထားတယ်....
This town has its own mosque.
 အလုပ်နားတဲ့ နေ့ တွေလား.... အ၀တ်လျှော်ရတယ်လေ....
People spend their free time washing clothes.
 သူတို့ လား....ကျွန်တော်တို့ အိမ်နီးချင်း အပ္ပနားတို့ အဗ္ဗဒူ တို့ ပေါ့ ...
လုံချည်ဝတ်တဲ့ သူတို့ ရဲ့ ယဉ်ကျေးမှုကို ကျွန်တော်တို့ က သတ္တိရှိရှိသိမ်းပိုက်လိုက်တာလေ...
အခုတော့ ဒူဘိုင်းနဲ့ နယ်ချင်းစပ်တဲ့ ရှာဂျားဆိုတဲ့ ပြည်နယ်မှာ အဲဒီလို လုံချည်ဝတ်ပြီးအပြင်ထွက်ယင်
ရဲဖမ်းတယ်ဆိုပဲ...
 မီးဖိုချောင်ရှုခင်း....
သင်းပျံ့ မွှေးကြိုင် ဗစ်ထရီအမွှေးတိုင်...အဲလေမဟုတ်ပေါင်...
အဲဒါတောင် ဘကုန်းကုလား၊ အိန္ဒိယကုလား ၊ သီရိလင်္ကာကုလား တွေကိုကြိုက်တဲ့ 
ရွှေမြန်မာမလေးတွေရှိသေးတယ်....အံ့ ရောပဲ...
Rooms are very dirty, and there is foul smell inside the buildings.
 ဒီလိုမီးဖိုမှာ ....
ဒီလိုချက်လို့ .... လာပါပြီ...ချာပါတီ နဲ့ ...
 ပဲဟင်းလည်းပါလေသည်...
 အိပ်ရတာက ကြမ်းပြင်မှာ ....တန်းစီလို့ ...
 ဒီလိုမျိုးကုတင်ပါယင် ...အကြင်နာကြီးတဲ့ သူဌေးနဲ့ တွေ့ လို့ သာပင်...
If the company is rich, it can afford beds for its employees.
တီဗီနဲ့ လက်ပ်တော့ ပ် ပါယင်တော့ သူတို့ ထဲက မင်းသား ကားသမားတွေပင်...
 This room belongs to taxi drivers, local elite. They have a TV set and laptop.
 လေဆိပ်ရောက်လို့ လာကြိုတာပြီး ကြယ်ငါးပွင့် အဆင့် ရှိဟိုတယ်ကြီးတွေကို လိုက်ပို့ ပေးတာ
( တက္ကစီသမားတွေဆိုတာ ) သူတို့ ပါ....
This is the real life of people, who meet you at the UAE airport and drive to five-star hotels.
 အားလပ်ချိန်၊ နားရက်တွေမှာ အပြင်းပြေ...
 မိန်မရေနေကောင်းလား.....
ကိုယ်တော့ဒီမှာ အဆင့် မြင့် မြင့် နေရတယ်လေ...
အခုတောင် အဲယားကွန်းအခန်းက ဆိုဖာပေါ်မှာထိုင်ပြီးဆက်နေတာ...
အ၀တ်တွေလား...ဆိုင်ပို့ ထားတယ်...မီးပူထိုးပြီးသား...ညနေကျမှ လာပို့ လိမ့် မယ်...
 သူတို့ ထဲက လူရည်လည်သူက ဒီလိုဆိုင်ပြန်ဖွင့် တယ်...
လူတစ်ကာကို ပလီပလာချွဲတဲ့ ...ပီတာ ငနဲ ဆိုတာ သူပဲ...သူပဲ....
ကောင်မလေးများ စာပေးခြင်းသီးခံပါ....
8 comments:
မိုးယံ said...
ဘုရာသခင်ရဲ့ မျှတတော် မူသော အနန္တမေတ္တာ တရားများကို ယခုမှ ကျွန်တော် သိခွင့်ရပါသည်... ဘုရားသခင် အကျွန်ုငမိုက်သားအား ခွင့်မလွှတ်နဲ့ကွာ
အော် ဒါနဲ့... ပလီပလာချွဲတဲ့ ကိုပီတာ ငနဲ ချာပါတီနဲ့ပဲ အဆင်ပြေအောင် ဆွဲနော်... ဂွီ
. said...
''အဲဒါတောင် ဘကုန်းကုလား၊ အိန္ဒိယကုလား ၊ သီရိလင်္ကာကုလား တွေကိုကြိုက်တဲ့ 
ရွှေမြန်မာမလေးတွေရှိသေးတယ်....အံ့ ရောပဲ...''
ကိုပီတာရေ....ဒါတော့ ဒီလိုပြောလို့မရဘူး ထင်တယ်နော်။ အရင်က ကျမလဲ ဒီလိုအမြင်တွေ ရှိခဲ့ဖူးပေမယ့်...
ကြာတဲ့ အခါ...Stereotype လုပ်တဲ့အထဲ၊ Discriminate လုပ်တဲ့အထဲ ပါသွားတယ်လို့ ပြောတတ်ကြပါတယ်။
(မင်းတို့ မြန်မာတွေဟာ ငါးပိသိပ်စားပြီး သိပ်ပျင်းကြတာပဲ။ ဒါနဲ့များ ဖားမလေးတွေက ကြိုက်သေးတယ်..- လို့ အပြောခံရတဲ့အခါ ကသိကအောက်ဖြစ်ရတာမျိုးပေါ့နော်။ ငါးပိစားတဲ့မြန်မာတိုင်းဟာ မပျင်းသလို၊ ပျင်းတိုင်းလဲ ငပိမစား၊ မြန်မာတိုင်းဟာ ငါးပိမစား၊ မြန်မာတိုင်းဟာ မပျင်း၊ ပျင်းတိုင်းလဲ မြန်မာမဟုတ်.. အဲလိုမျိုးပေါ့နော်။)
Multiculturalism ကို လက်ခံတဲ့ တိုင်းပြည်တွေမှာ ဒီလိုအဖြစ်မျိုးတွေ ရှိခဲ့တယ်၊ ရှိနေဆဲ၊ နောင်လဲ ရှိနေအုံးမှာပါ။
Thanks for sharing ပါ။ :)
Anonymous said...
မဂျူဝယ်လ် ရေ....
ကျွန်တော်ပြောချင်တဲ့ အဓိပ္ပါယ်က အနည်းဆုံးအား
ဖြင့် ညီမငယ်တွေ ဒီလို ပညာအရည်အချင်းနည်းပါးတဲ့ ၊
အလုပ်အကိုင်ရာထူးနိမ့် ပါးတဲ့ လူမှုရေး၊ စီးပွားရေးအရ
အာမခံချက်မရှိတဲ့ နိုင်ငံခြားသား ( အနည်းဆုံးတော့ လို့ 
ဆိုချင်ပါတယ်...) တွေရဲ့ လိမ်ညာလှည့်ဖြားမှုကိုခံရပြီး
ချစ်ကြိုက်မိ၊ အတူနေထိုင်မိခြင်းမှ ကာကွယ်စေဖို့ ရည်
ရွယ်ပါတယ်...
မြန်မာတိုင်းငါးပိမစားပေမယ့် မြန်မာအများစုက
တော့ ငါးပိစားကြသူများဖြစ်ပါတယ်...
ဒီဒူဘိုင်းမှာ ရှိတဲ့ ကုလားအများစုက အဆင့် မြင့် ရာထူး
ကြီးတွေ၊ အဆင့် မြင့် ပညာရေးတွေမရှိကြသလို၊ ရာ
ထူးနိမ့် တဲ့ လိမ်လည်လှည့် ဖြားတတ်တဲ့ အများစုက
အဆိုပါအမျိုးသားတွေဖြစ်နေတယ်ဆိုတာ နေ့ စဉ်မြင်
တွေ့ ဖတ်ရှုနေရတဲ့ သတင်းစာပါမှုခင်းများကရော
ကျွန်တော့် အလုပ်ပါတ်ဝန်းကျင်က လူများရဲ့ လက်ရှိ
ဖြစ်ပျက်နေထိုင်နေကြတာကိုတွေ့ ရလို့ သိရပါတယ်...
ဒါလောက်ပါပဲ...
အားလုံးကို ချိုးနှိမ်လိုတဲ့ ရည်ရွယ်ချက်နဲ့ ပြောတာမ
ဟုတ်ပါဘူး...
ARROW said...
မြန်မာမတွေ အကြောင်းကတော့တကယ့်ကို မပြောချင်တာပါ။ အရမ်းကို ရင်နာလွန်းလို့။
အမျိုးဂုဏ်ကိုမစောင့်တဲ့ မြန်မာမတွေ တကယ့်ကို အများကြီးပါ။ ပိုက်ဆံဘယ်လောက်လေးးပေးလိုက်တာနဲ. ရတယ်ဆိုတဲ့ မြန်မာမတွေ ရိုက်သတ်လို.တောင်မကုန်ပါဘူး။
စင်ကာပူမှာကြည့်မလား၊ မလေးးရှားမှာကြည့်မလား၊ အရှေ့အလယ်ပိုင်းဖြစ်တဲ့ ကာတာ၊ ဒူဘိုင်းတို.မှာကြည့်မလား။
ကုန်ကုန်ပြောရင် အရမ်းကို တဏှာကြူးတဲ့ ယောက်ကျားချင်းပါ မချန်တဲ့ ပါက္ကစတန်ကုလား ပါထျန်းနီတွေနဲ့ပါ ဖြစ်ချင်တိုင်းဖြစ်တဲ့ မြန်မာမတွေကို ဒုနဲ.ဒေးကိုရှိတာပါ။
နိုင်ငံခြားကို ထွက်ပြီးတဲ့မြန်မာမဆိုရင်တော့ ရှောင်လေဝေးဝေးးပဲ။
ကိုရဲ said...
ကျွန်တော်ကတော့ ဘာမှမပြောလိုပါဘူး ...း) သြော် ဒူဘိုင်းမှာလည်း ဒီလိုပါပဲလားဆိုပြီးတော့ပဲ ပြုံးမိရင်းပေါ့ ... ကျေးဇူးပါပဲ အကိုရေ ... တစ်နေ့တစ်ခေါက်မ၀င်ကြည့်ရရင် မနေနိုင်တဲ့ထဲမှာ အကို့ဘလော့ဂ်လေးလဲပါပါ့ ။ ကျေးဇူး ....
Hay Mar said...
မိန်းမဆီ ဖုန်းဆက်နေတာလေး မိုက်တယ်ဗျာ။
ကိုဇော် said...
ဟလို. . ပါတီ...အဲလေ..ပီတာ. .
ကျုပ်ကိုတော့ ကလေး ၅ ယောက်နဲ့ ပစ်ထားပြီး ရှင်ကတော့ အဲယားမွန်းနဲ့ ကဲနေတာပေါ့လေ.. တော့ ကပီတာ.. .
မြန်မာမတွေ အကြောင်းကတော့ မပြောသွားတော့ဘူး။ ပေါင်နာတယ်ဗျာ ထောင်းရဖန်များလို့...
An Asian Tour Operator said...
သွပ်ပြားက ချပါတီကြိုက်တော့ ချပါတီကြိုက်တဲ့သူ ကိုဆွဲကပ်ထား ရတာပေါ့...လို့..။