2,000,000+ Naked Hindu Men and Counting….
Saturday, March 6, 2010
ဂင်္ဂါမြစ်ထဲရေချိုးဆင်းတဲ့ ကိုယ်လုံးတီးဆာဒူးများ...
အပြစ်တွေကိုမြစ်ရေထဲမှာမျောပြစ်မည်...
သွားရော့ လဟယ်...
အများပြည်သူမြင်ကွင်းမှာ အ၀တ်အစားမပါပဲသွားလာနေတာမြင်ရမယ်ဆိုယင်တော့ တစ်ကယ်မဟုတ်
ပဲအိပ်မက်ထဲမှာဖြစ်ခဲ့ မယ်ဆိုယင်တောင်မိမိကိုယ်မိမိဘုရားတမိမှာအမှန်ပါပဲ...
ဒါပေမယ့် အိန္ဒိယနိုင်ငံက သူတော်စင်လို့ ဆိုတဲ့  ၂သန်းမျှသော အရေအတွက်ရှိတဲ့ ဆာဒူးများအဖို့ တော့ 
Kumbh Mela လို့ ခေါ်တဲ့ ပွဲတော်အတွင်း ဂင်္ဂါမြစ်ထဲကို ကိုယ်တုံးလုံးနဲ့  ရေဆင်းချိုးတာအတွက် ဘယ်
လိုမှစိတ်ထဲမနေကြပါဘူး...
တစ်ကယ်တော့ Kumbh Mela ဆိုတာက အမျိုးသားတွေ အထူးသဖြင့်သူတော်စင်ဆာဒူးတွေဟာ သူတို့ 
ရဲ့ အပြစ်တွေကို ပယ်ဖျောက်သန့် စင်ဆေးကြောစေနိုင်ဖို့ အလွန်ဝေးကွာတဲ့ နေရာဒေသတွေကနေ ကိုယ်
ဆင်းရဲပင်ပန်းမှုတွေကို သီးခံပြီးဂင်္ဂါမြစ်ဆီကိုလာရောက်ကြကာအုပ်စုလိုက်ဆုတောင်းရတာပါပဲ...
အပြစ်တွေအားလုံးကြေစေတာ...မြစ်ဂင်္ဂါ...
အများသိတဲ့ အတိုင်း ဟိန္ဒူလူမျိုးတွေဟာ ဂင်္ဂါမြစ်ကြီးမှာ ပြုခဲ့ မိတဲ့ အကုသိုလ်ကံအညစ်အကြေးတွေကို
ဖယ်ရှားသန့် စင်နိုင်တဲ့ စွမ်းအင်တွေရှိတယ်လို့ ယုံကြည်ကြပြီး ထိုမြစ်ထဲမှာ ရေချိုးသန့် စင်လိုက်ခြင်းဖြင့်
Moksha လို့ ခေါ်တဲ့ မွေးဖွားလာရခြင်း၊ သေဆုံးရခြင်းဆိုတဲ့ သံသရာစက်ဝန်းက လူသားတွေအသီးသီး
လွတ်မြောက်နိုင်ပြီး ထာဝရအမြဲတည်နေတဲ့ မဟာဗြဟ္မာကြီးရဲ့ ဝိဥာဉ်နဲ့ ပိုမိုနီးစပ်စေတယ်လို့ ယုံကြည်
ကြပါတယ်...
ဒါကြောင့် ဒီလိုအပြစ်တွေပြေပျောက်နိုင်ဖို့ အခွင့် အရေးတွေရဖို့ အိန္ဒိယနိုင်ငံရဲ့ မြို့ ကြီးလေးမြို့ ဖြစ်တဲ့ 
Prayag, Haridwar, Ujjain, နဲ့ Nashik မြို့ တွေမှာ  သုံးနှစ်တစ်ကြိမ် ရက်ပေါင်းတစ်ရာကြာတဲ့ အပြစ်
ဖြေ ပွဲတော်ကြီးကိုပြုလုပ်လေ့ ရှိကြပါတယ်...
ဒီဆောင်းပါးမှာပါတဲ့  ပုံတွေကတော့ လွန်ခဲ့ တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ က Haridwar မြို့ မှာ ပြုလုပ်
ခဲ့ တဲ့ Pratham Shani Snan လို့ ခေါ်တဲ့ ပထမဦးဆုံး မြင့် မြတ်တဲ့ အပြစ်ကြေရေချိုးပွဲတော် ကဖြစ်ပါ
တယ်...
ထိုပွဲတော်ကိုတက်ရောက်ခဲ့ တဲ့ ရှေ့ နေတစ်ဦးဖြစ်သူ Anil Sharma ကတော့ ထိုဂင်္ဂါမြစ်ထဲရေဆင်း
ချိုးတာနဲ့ ပါတ်သက်ပြီး...” Kumbh ( ကုမ် ) ရာသီအတွင်းမှာ ကောင်းကင်က ကြယ်တာရာဂြိုလ်၊
နက္ခတ်တွေရဲ့ အနေအထားကြောင့် သင်ပြုသမျှကုသိုလ်တွေဟာ ဆတိုးပွားများစေပြီး အကုသိုလ်များ
ဟာလည်း ပယ်ပျောက်ကင်းစင်စေပါတယ်...” လို့ ထပ်လောင်းရှင်းပြခဲ့ ပါတယ်...
ဟိန္ဒို နက္ခတ်ဗေဒပညာရှင်များရဲ့ အဆိုအရ Kumbh Mela ပွဲတော်ဟာ ကြာသပတေးဂြိုလ်ကုမ်ရာသီ
ခွင် ( မာဃနက္ခတ် ) ထဲကိုဝင်ပြီး တနင်္ဂနွေဂြိုလ်ဟာလည်း မိဿရာသီ ( စိတြနက္ခတ် ) ထဲကိုဝင်ရောက်
တဲ့ ကာလဖြစ်ပါတယ်...
ဒါပေမယ့် ကုမ်ရာသီပွဲတော်ရဲ့ တစ်ကယ့် ဒဏ္ဍာရီအမှန်ကတော့ ဒီလိုမဟုတ်ပါဘူး...
ဒီလိုဒီလို အားပေးကြတာ....
ရှေးဟောင်းဟိန္ဒူဟာပေမှတ်တမ်းများအရ မိစ္ဆာနတ်များနဲ့ သူတော်ကောင်းနတ်များဟာ မသေရာအမတ
ထာဝရ၀ိဥာဉ်တော်ရေကြည်ကို ရယူပိုင်ဆိုင်ဖို့ အတွက် စစ်ခင်းခဲ့ ကြပါတယ်တဲ့ ...
ထိုစစ်ပွဲမှာ အမတ၊အမြိုက်သုခ ရေကြည်အစက်လေးစက်ဟာ ကမ္ဘာမြေပြင်ပေါ်ကိုကျရောက်သွားခဲ့ ပြီး
ဖေါ်ပြပါမြို့ ကြီးလေးမြို့ ဖြစ်လာတယ်လို့ ဆိုပါတယ်...
အမှန်တစ်ကယ်ပွဲတော်ကိုလာသူများအားလုံးကတော့ ကိုယ်တုံးလုံးမဟုတ်ကြပါဘူး...တစ်ချို့ ကအောက်
လိမ်းထားကြရုံပါပဲ...
ရှိကြပါတယ်...
” ကျွန်တော်တို့ ဟာအားလုံးကိုစောင့် ကြည့် နေကြတာဖြစ်ပြီး ဒီလိုနေ့ ဒီလိုပွဲတော်အတွက်ကြိုတင်ပြင်
ဆင်ထားကြပါတယ်...” လို့ ဒုတိယရဲမှူး Alok Sharma ကပြောပါတယ်...
ယခုနှစ်ပွဲတော်ကတော့ သူတော်စင်ဆာဒူးတွေက ကမ္ဘာကြီးပူနွေးလာနေမှုကို အထူးရည်ညွှန်းခဲ့ တာ
မို့ ပိုလို့ တောင်အထူးအရေးကြီးနေခဲ့ ပါတယ်...
ဆာဒူးကြီးများရဲ့ အကြီးအကဲ Soham Baba က ” ကျူပ်တို့ လိုသူတော်စင်ရသေ့ ဆာဒူးတွေဟာ ဟိမ
ဝန္တာတောင်ထွတ်တွေအထိသွားရောက်ပြီး တရားအားထုတ်၊ တရားထိုင်နေကြတာမို့ အခြေအနေတွေ
ဘယ်လောက်ဆိုးဝါးနေပြီ ( ကမ္ဘာကြီးပူနွေးမှု ) ဆိုတာရှင်းရှင်းလင်းလင်းသိမြင်နေကြပါတယ်...” လို့ 
ပြောကြားခဲ့ ပါတယ်....
” ရှေးနှစ်ပေါင်းများစွာက တည်ရှိလာခဲ့ တဲ့ ရေကန်များနဲ့  ရေတံခွန်များဟာ လွန်ခဲ့ တဲ့ နှစ်အနည်းငယ်
အထိရှိနေခဲ့ ပြီး အခုတော့ ခမ်းခြောက်ကုန်ကြပါပြီ...”  လို့ သူကဆက်ပြောခဲ့ ပါတယ်...
အင်္ဂလိပ်လိုသတင်းပါ...
Public nudity is a frightening prospect responsible for countless people screaming, “OMG! I’m naked!” in their dreams. No such fear burdened the minds of over 2 million Hindu men, however, as they waddled butt-naked through the Ganges River in celebration of Kumbh Mela.
Kumbh Mela is a mass pilgrimage wherein men, especially holy men (Sadhus), travel long distances and endure numerous physical discomforts for a chance to wash away their sins. You see, devout Hindus strongly believe that the Ganges River holds the power to eliminate past sins (Karma), thereby freeing the individual from the cycle of life and death (Moksha) and bringing them closer to the supreme being (Braham).
The 100-day festival occurs every three years across four cities: Prayag, Haridwar, Ujjain, and Nashik. The pictures included in this piece derive from Haridwar, where on February 12th, the Pratham Shani Snan (or First Royal Bath) was celebrated.
Anil Sharma, a lawyer who attended the festivities, explained the baths further, saying, “Because of the way the stars are aligned during the Kumbh, all the good things you do get multiplied and your sins are washed away.” According to Hindu astrologers, in fact, the Kumbh Mela occurs whenever the planet Jupiter enters Aquarius and the Sun enters Aries.
 The actual mythology behind Kumbh Mela is somewhat different, however. Ancient Hindu literature speaks of a war between the gods and demons over nectar needed to achieve a state of total immortality. During this conflict, four droplets of nectar spilled onto the Earth and landed at the four cities mentioned above.
As for the actual festivities, the truth is that not everyone was butt-naked. Some wore undergarments, while others merely smeared their bodies with ash. And on the outskirts of the river were throngs of cheering and dancing supporters, not to mention thousands of Po-Pos assigned to prevent stampedes and protect from a terrorist attack.
“We are keeping an eye on every moment,” said deputy inspector Alok Sharma. “We are well prepared for this day.”
This year’s festivities were of special importance because the Sadhus are trying to highlight the issue of global warming. Soham Baba, the de facto leader of the Sadhus, elaborated, “Sadhus like us who go up to the higher reaches of the Himalayas to meditate have a clear picture of how bad the situation is.”
He added, “Pristine lakes and waterfalls that existed till a few years ago have dried up.”
1 comments:
kopakhan said...
စာသေချာဖတ်သူမို့ အနည်းငယ် ၀င်ဆွေးနွေးပါရစေခင်ဗျာ။
"ကြာသပတေးဂြိုလ်ကုမ်ရာသီ
ခွင် ( မာဃနက္ခတ် ) ထဲကိုဝင်ပြီး တနင်္ဂနွေဂြိုလ်ဟာလည်း မိဿရာသီ ( စိတြနက္ခတ် ) ထဲကိုဝင်ရောက်
တဲ့ ကာလ"
ဆိုတာမှားနေပါတယ်။ ကုမ်ရာသီမှာ မာဃနက္ခတ်မတည်ပါဘူး၊ ကုမ်ကနေ ၆ လအကြာ (ရာသီစက်ဝန်းမျက်နှာခြင်းဆိုင်) သိဟ်ရာသီမှာသာ မာဃနက္ခတ်တည်ပါတယ်။ ထို့အတူ မိဿရာသီမှာ စိတြိမတည်ဘဲ၊ သူကနေ ၆လ တူရာသီအစ၀န်းကျင်မှာသာ စိတြတည်ပါတယ်။
ဖြစ်နိုင်ခြေကနေ ကုမ်ရာသီကို တနင်္ဂနွေရင် လပြည့်ဝန်းသည် အခြားမျက်နှာစာ မာဃနက္ခတ်မှာတည်လို့ မာဃနဲ့ဆိုင်ရာလလို့ ဆက်စပ်နိုင်ပါတယ်။
အောက်ပါပုံလေးမှာ မြင်သာနိုင်ပါတယ်။
http://img152.imageshack.us/img152/1663/natkhat1.png
လေ့လာသူများအတွက် အမှားအယွင်းမဖြစ်စေချင်လို့ပါခင်ဗျာ။ ဖြူစင်စွာ အမှန်ပြင်တာဖြစ်ကြောင်း သဘောထားကြီးစေလိုပါတယ်ခင်ဗျ။ ရွှေမြန်မာများ ပညာဗဟုသုတ ကြွယ်ဝကြပါစေခင်ဗျာ။ လေးစားလျှက်ပါခင်ဗျ
ကိုပခန်း