Man survives car crash but dies after urinating on power line

Wednesday, March 10, 2010


ကားတိုက်လို့ မသေတယ်...အပေါ့ သွားလို့ သေရှာတယ်...

 

ဒီဆိုင်းဘုတ်မျိုးလေးတွေ့ လျှင်...
သတိထားပါလေ...

အမေရိကန်နိင်ငံမှ အမျိုးသားတစ်ဦးဟာ ယာဉ်တိုက်မှုမှာအသက်ဘေးမှလွတ်မြောက်ခဲ့ ရပေမယ့် 
မြေပြင်ကျနေတဲ့လျှပ်စစ်ဓါတ်အားလိုင်းကြိုးပေါ်ကို အမှတ်တမဲ့ ပေါ့ စွန့် မိခဲ့ လို့ သေဆုံးခဲ့ ရပါသည်...
Roy Messenger အမည်ရှိအမျိုးသားဟာ လွန်ခဲ့ တဲ့ သောကြာနေ့ က သူ့ ရဲ့ ကား ဓါတ်တိုင်တစ်ခုကို
ဝင်တိုက်မိပေမယ့်  ဒါဏ်ရာပြင်းထန်စွာမရခဲ့ ပဲ မြောင်းထဲကျသွားခဲ့ တဲ့ သူ့ ရဲ့ ကားကို လာရောက်ဆွဲ
တင်ပေးဖို့ သူ့ ရဲ့ ဆွေမျိုးသားချင်းတစ်ဦးဆီကို ဖုံးဆက်အကြောင်းကြားခဲ့ ကြောင်း Grays Harbor
County ရဲစခန်းလက်ထောက်စခန်းမှူး Dave Pimentel  ကပြောကြားခဲ့ ပါတယ်...
သို့ သော်လည်း ၎င်းရဲ့ မိသားစုဝင်တွေ အခင်းဖြစ်တဲ့ နေရာကိုရောက်ရှိလာကြတဲ့ အခါမှာတော့ အ
သက် ၅၀ အရွယ်ရှိ Messenger တစ်ယောက်ဓါတ်လိုက်ပြီးသေဆုံးနေတာကိုတွေ့ ရှိခဲ့ ကြပါတော့
တယ်...

ရဲအရာရှိ Mr Pimentel  ကသေဆုံးသူ Mr Messenger ဟာလမ်းဘေးကမြောင်းထဲကို ပေါ့ စွန့် ခဲ့ 
ပုံရပြီးသူဟာ လျှပ်စစ်ဓါတ်အားစီးဆင်းနေဆဲဖြစ်တဲ့ ဓါတ်ကြိုးကိုသတိမပြု၊ မမြင်ခဲ့ ပါဘူး... သူ့ ရဲ့ အ
ပေါ့ စွန့် လိုက်တဲ့ ရေစီးကြောင်းကနေ လျှပ်ကူးပစ္စည်းအဖြစ်လျှပ်စစ်ဓါတ်တွေသူ့ ခန္ဓာကိုယ်ထဲဝင်ရောက်
သွားခဲ့ တာပါပဲ လို့ ပြောကြားခဲ့ ပါတယ်...
သေဆုံးသူကိုသေမှုသေခင်းအဖြစ်ခွဲစိတ်စစ်ဆေးဦးမှာဖြစ်ပြီး သူ့ ရဲ့ ခန္ဓာကိုယ်ပေါ်က မီးလောင်သလို
ဓါတ်လိုက်ထားတဲ့ဒါဏ်ရာတွေအရ Messenger ရဲ့ ကိုယ်ထဲကို လျှပ်စစ်အားတွေဝင်ရောက်သွားတာ
ကိုဖော်ပြနေပါတယ်လို့ သူကဆက်ပြောသွားခဲ့ပါတယ်...

သြော်...
သေနေ့ စေ့ တော့ လည်း ကြံဖန်သေတာပါပဲ...

အင်္ဂလိပ်လိုသတင်းလေးပါ...
A man was killed when he accidentally urinated on a downed power line after a car crash, US authorities believe.
Roy Messenger was not seriously hurt after he collided with a power pole on Friday and called a relative to pull his car from a ditch, Dave Pimentel, the Grays Harbor County sheriff's deputy said. However, family members found 50-year-old Messenger electrocuted when they arrived.
Mr Pimentel said Messenger apparently urinated into a roadside ditch but didn't see the live wire. The urine stream likely served as a conductor, allowing the electricity to reach his body.Mr Pimentel said there would be an autopsy, but burn marks indicated the way the electricity travelled through Messenger's body.

1 comments:

မြစ်ကျိုးအင်း said...

သွားသတိ !!
လာသတိ !!
ပေါက်သတိ !!!!!