6 women hospitalized after bottom-enhancement injections with bathroom sealant
Sunday, March 14, 2010
ဆီလီကွန် (ပွဲညက် ) နဲ့ ရောပြီး အားလုံးမှားကုန်တယ်...
ဒီလို...ဒီလို လှလို့ ကြီးချင်တယ်...
အမေရိကန်နိုင်ငံ၊ နယူးဂျာဆီပြည်နယ်၊ အက်စက်အရပ်မှ အမျိုးသမီးခြောက်သီးတို့ ဟာ သူမတို့ ရဲ့ 
နောက်ပိုင်းအလှများပိုမိုစွင့် ကားစေချင်လို့  နောက်ပိုင်းအလှ ကြီးမားစေတဲ့ ဆေးများ ထိုးသွင်းပြီး ပြု
ပြင်ခဲ့ ရာမှာ ထိုဆေးများဟာ ဆောက်လုပ်ရေးသမားများ ရေချိုးကန်များရေလုံစေရန်အသုံးပြုတဲ့ ဆီ
လီကွန် ( ပွဲညက် )ကဲ့ သို့ သော ဓါတ်ပစ္စည်းများထည့် သွင်းထားတာကြောင့် ဆေးရုံသို့ တက်ရောက်
ကုသမှုခံယူနေရပါတယ်...
တရားဝင်ဆေးကုသခွင့် လိုင်စင်ရတဲ့ သူမဟုတ်တဲ့ သူကဆေးထိုးပေးခဲ့ ပြီးနောက် သူမတို့ ရဲ့ အခြေအ
နေလွန်စွာ ဆိုးရွားလာတာကြောင့် ဆေးရုံသို့ ရောက်ရှိကာ ကုသမှုခံယူခဲ့ ရတာဖြစ်ကြောင်း ပြည်နယ်
ကျန်းမာရေးအရာရှိများက ဆိုပါတယ်...
အဆိုပါအမျိုးသမီးများရဲ့  မှားယွင်းစွာဆေးထိုးခဲ့  တဲ့ အစိတ်အပိုင်းများကို ခွဲစိတ်ကုသပေးပြီး ပဋိဇီဝ
ဆေးများ ပေးခဲ့ ပါတယ်...
အဆိုပါဖြစ်ရပ်နဲ့ ပါတ်သက်ပြီးတော့ မည်သူ့ ကိုမှ ဖမ်းဆီးခဲ့ ခြင်းလည်းမရှိခဲ့ ပါဘူး...
စွဲမက်စေတော့ ရယ်လို့ ....ပွဲညက်တွေထည့် ပါလို့ ....
အလိုကွယ်ခက်လှချည်သေး...
အဆိုပါ မအောင်မြင်ပဲ အရေးမလှခဲ့ တဲ့ ခန္ဓာကိုယ် နောက်ပိုင်းအလှပြုပြင်တဲ့ ဖြစ်ရပ်မှာသုံးခဲတဲ့ ဆီ
လီကွန်ဓါတ်ပစ္စည်းများဟာ ဆေးဘက်ဆိုင်ရာမှာ သုံးတဲ့ ဓါတ်ပစ္စည်းများမဟုတ်ပဲ ဆောက်လုပ်ရေး
လုပ်ငန်းခွင်များမှာသုံးတဲ့  အပျော့ စားဆီလီကွန်များဖြစ်နေခဲ့ ပါတယ်...
” အဲဒီဆီလီကွန်တွေက ရေချိုးကန်တွေမှာ ရေလုံအောင်အသုံးပြုတဲ့ ဆောက်လုပ်ရေးပစ္စည်းသုံးဆီလီ
ကွန်များသာဖြစ်ပါတယ်..” လို့ နယူးဂျာဆီပြည်နယ် အဆိပ်အတောက်ဆိုင်ရာသတင်းနှင့် ပညာပေးစနစ်
ရဲ့ အမှုဆောင်နှင့် ဆေးဖက်ဆိုင်ရာညွှန်ကြားရေးမှူးဖြစ်သူ စတီဗင် မားကပ်စ် ကပြောကြားခဲ့ ပါတယ်...
သူဟာ ထိုမြို့ တော်မှာ အခုလို အဆန်းတကြယ်ဖြစ်ခဲ့ ဖြစ်စဉ်တွေကို စောင့် ကြည့် လေ့ လာဖို့ ဖွဲ့ စည်း
ထားတဲ့ ကော်မတီပါဝင်ခဲ့ ပြီး ဒီဖြစ်ရပ်ကိုသိရှိခဲ့ တာဖြစ်ပါတယ်...
သြော်...
ဒုက္ခရောက်ရတာပါပဲ...
လှချင်သူလေဒီများ သတိထားကြပါကုန်...
သတင်းအကျဉ်းအင်္ဂလိပ်လိုပါ...
Six women from the Essex County area, New Jersey, who wanted fuller bottoms ended up in hospitals after receiving buttocks-enhancement injections containing the same material contractors use to caulk bathtubs, officials said.
The women checked into hospitals in the county after their procedures, apparently administered by unlicensed providers, went horribly wrong, state health officials said. The women underwent surgery and were given antibiotics. No arrests have been made.
Different from medical-grade silicone, the substance used in the botched procedures was believed to be a diluted version of nonmedical-grade silicone.
"The same stuff you use to put caulk around the bathtub," said Steven M. Marcus, executive and medical director of the New Jersey Poison Information and Education System, who learned about the bizarre procedures through a committee he sits on that monitors outbreaks in the metropolitan area.
0 comments: