Chinese girl's lonely heart advert attracts mob
Saturday, March 13, 2010
လိုအင်ဆန္ဒတွေပြည့် ဝလိုက်ပုံက...
အထီးကျန်နေတဲ့ နှလုံးသားနုနုလေးပေါ့ ....
တရုတ်နိုင်ငံအနောက်တောင်ပိုင်းဒေသရဲ့ တက္ကသိုလ်တစ်ခုရဲ့ ကျောင်းသူလေး ကျန်းမင်းချန် တစ်
ယောက် တစ်ကိုယ်တည်းအထီးကျန်အဖော်မဲ့ နေလို့ ချစ်သူရည်းစားရချင်လို့ တက္ကသိုလ်ရဲ့ ကြေငြာ
စာကပ်တဲ့ နံရံမှာ ချစ်သူအလိုရှိပါသည်လို့ ကြေငြာခဲ့ စဉ်တုံးကတော့  စိတ်ဝင်တစားနဲ့ တုံ့ ပြန်မယ့် 
သူအနည်းငယ်သာရှိလိမ့် မယ်လို့ မ၀ံ့ မရဲ မျှော်လင့် ထားခဲ့ မိပါတယ်...
သူမရေးခဲ့ တာက ”ကျွန်မနာမည် ကျန်းမင်ချန်းဖြစ်ပါတယ်...ပထမနှစ်ကျောင်းသူပါ...လှပပြီးဆွဲဆောင်
မှုရှိပါတယ်... ဒါပေမယ့် အံ့ သြထူးဆန်းစွာပင် ချစ်သူမတွေ့ သေးပါ...ဆုံစည်းကြဖို့ ကံကြမ္မာပါလာခဲ့ 
ယင် ဆုံနိုင်ခွင့် ရမယ်လို့ ယုံကြည်ပါတယ်...” လို့ ဖြစ်ပါတယ်...
သူမကို စိတ်ဝင်စားတဲ့ သူအနေနဲ့ အနည်းငယ်မျှသော လိုအပ်ချက်များပြင်ဆင်ပြီးတာနဲ့ သတ်မှတ်
ထားတဲ့ နေ့ ၊ သတ်မှတ်ထားတဲ့ အချိန်မှာ သူမရဲ့ အဆောင်ရှေ့ ကိုလာရောက်ပြီး သူမရဲ့ အမည်ကို
အော်ခေါ်လိုက်ရုံပါပဲလို့ သူမကပြောကြား၊ ကြေငြာခဲ့ ပါတယ်...
ညီမလေးရဲ့ လိုအင်ဆန္ဒတွေ ဖြည့် ဆည်းပေးမယ့် မောင်တွေ...
သိပ်မများပါဘူး...ထောင်နဲ့ ချီပြီးတော့ ပဲရှိပါတယ်...
မတွေးဝံ့ စရာပါပဲ...
သူမသတ်မှတ်ထားတဲ့ နေ့ နဲ့ အချိန်ရောက်လို့ အဆောင်ပြတင်းပေါက်ဖွင့် ကြည့် လိုက်တဲ့ အခါမှာ
တော့  သူမရဲ့ မေတ္တာပန်းကို ဆွတ်ခူး၊ဆင်မြန်ပြီး အားပေးဖို့ စောင့် နေကြတဲ့ အစ်ကိုကာလသားအုပ်
ကြီးဟာ ဘောလုံးပွဲတစ်ပွဲကို လာရောက်အားပေးတဲ့ ပရိတ်သတ်အုပ်ကြီးနီးပါးလောက်ဖြစ်နေခဲ့ တာ
မို့ သူမစိတ်ကူးယဉ်မျှော်မှန်းခဲ့ တဲ့  ရိုမီယိုနဲ့ ဂျူးလိယက် ဇတ်လမ်းထဲကလို့ လေသာဆောင်ကနေလှမ်း
လို့ ကြူမယ်ဆိုတဲ့ စိတ်ကူးနဲ့ အလွဲကြီးလွဲခဲ့ ရတဲ့ သူမရဲ့ အံ့ သြမှုကို မြင်ယောင်နိုင်ပါတယ်...
သူမရဲ့ တစ်ကိုယ်ရေ အထီးကျန်လွမ်းဆွတ်မှု ဝေဒနာစာသားဟာကြောင့် heart ထိသွားပြီး စာနာခံစား
နားလည် ပေးချင်တဲ့ အမျိုးကောင်းသားများက တစ်ယောက်နှစ်ယောက်မဟုတ်ပဲ ထောင်နဲ့ ချီပြီးရှိခဲ့ 
တာဖြစ်ပါတယ်...
ဒီလိုတုံ့ ပြန်လာနိုင်တယ်ဆိုတာကတော့ ကြိုတင်ပြီးတော့ ခန့် မှန်းတွက်ဆနိုင်ပါတယ်....
(သူမတက်ရောက်သင်ကြားနေတဲ့ ) စီချွမ်ပြည်နယ်၊ လျှပ်စစ်သိပ္ပံနှင့် နည်းပညာတက္ကသိုလ်မှာ ကျောင်း
သားဦးရေနဲ့ ကျောင်းသူဦးရေ အချိုးအစားဟာ ၂၅း၁ ဖြစ်နေခဲ့ လို့ ပါပဲ...
မင်းချန် တစ်ယောက်သူမရဲ့  နှလုံးသားအဖော်ရှာပုံတော်ဖွင့် ပွဲကို တက္ကသိုလ်ကျောင်းတော်ကြီးရဲ့ အမျိုး
အဲဒီနေ့ မှာ ကျောင်းသူမိန်းကလေးတိုင်းကို ပို့ စကဒ်အလွတ်တစ်ခုစီပေးပြီး ဆန္ဒရှိရာတွေကိုရေးစေ
ပြီး ကျောင်းနံရံမှာကပ်စေခိုင်းတာဖြစ်ပါတယ်...
ထူးဆန်းအံ့ သြဖွယ်ကောင်းလှစွာပဲ ထိုနေ့ ကလာရောက်ခဲ့ တဲ့  ထောင်နဲ့ ချီတဲ့ ကိုလူပျိုများထဲက အ
နည်းငယ်သော သူများသာ သူမတောင်းဆိုထားတဲ့ အထဲက နောက်ဆုံးအချက်အလက်ဖြစ်တဲ့ သူမရဲ့ 
နာမည်ဖြစ်တဲ့  မင်းချန် လို့ အသံကျယ်ကျယ်အော်ခေါ် နိုင်ခဲ့ ပါတယ်တဲ့ ....
အားပေးကြမယ့် လူထုပရိတ်သတ်ကြီးကိုကြည့် ပြီး သူမဟာအဆောင်အောက်ကိုမဆင်းလာတော့ ပါဘူး
တဲ့ ...
သြော်...
စန်းမပွင့် ခင်တုံးကလည်း ဘယ်သူမှချစ်မယ့် သူမရှိ...
ပွင့် မယ့် ပွင့် တော့ လည်း ဘုရားတ ယူရလောက်အောင်ပါပဲလားနော်...
မူရင်းအင်္ဂလိပ်လိုသတင်းလေးပါ...
When Zhang Mengqian announced that she was looking for a boyfriend on a "wish wall" at her university in south-west China, she must have been hoping that she'd get a few eligible responses.
Zhang wrote: 'My name is Zhang Mengqian, a grade one student, and I think I am attractive, but strangely I can't find a boyfriend. However I believe in destiny.  
All potential suitors had to do, her message said, was complete a couple of simple tasks – turn up outside her dorm building on a certain date and time and shout her name.
Imagine her surprise then, when she looked down from her window at the appointed hour to find a scene more akin to a football crowd than the tender balcony moment from Romeo and Juliet.
Her message had touched the hearts – or something – of not just a few potential suitors, but thousands. Perhaps the enormous response was entirely predictable. The University of Electronic Science and Technology of China in Chengdu, Sichuan province, has a male to female ratio of 25:1.
Mengqian had announced her search for love as part of the university's "girls' day". Each female student was given a blank card and asked to write their wish and place it on the wall.
Of the thousands of young men who made the effort of turning up, however, surprisingly only a few were brave enough to complete the last part of her challenge and shout out Mengqian's name.
Perhaps unsurprisingly given the huge crowd, Zhang did not descend from her room. 
5 comments:
Angel Shaper said...
အဟိ....
အဲလို ကြေငြာရဲဘူး။ လူအုပ်ကြီးကြောက်တယ်။
မတော် မင်းချန်လို မဟုတ်ပဲ... အဲလူအုပ်ကြီးက ခဲနဲ့ပေါက်ဖို့လာတာဆို ဘယ့်နှယ့်လုပ်ရပါ့။ ခစ်ခစ်
Flower said...
ဒီနည်းလမ်းကို အတုခိုးရမလိုလိုဘဲ.. :)
ဝက်ဝံလေး said...
ဟိ ကောင်မလေးက ချစ်ချာရေး ဝက်ကလေးနဲ့ နင်လားငါလားလားလားမှ မဆိုင်ပဲ ဟိဟိ
လင်းကြယ်ဖြူ said...
ဇာတ်လမ်းတွေထဲ က လင်မယားရန်ဖြစ်တော့ ပြောနေကျ..ဘာတဲ့..ယောင်္ကျားဆိုတာ လှေကား ၃ ထစ်ဆင်းရင် လူပျိုးဖြစ်သကွတဲ့..ဒီတော့မိန်းမလုပ်သူက
ကျွန်မက ပြတင်းပေါက်ကလေးဖွင့်ပြီး I'm not busy at the moment လို့အော်လိုက်ရင် အိမ်တောင် ပြိုသွားမယ်ဆိုတာလေး..တိုက်တိုက်ဆိုင်ဆိုင် သတိရ
မိသွားတယ်...း )ဟဲ..ဟဲ..
ပျော်ပါစေခင်ဗျာ..
*.*.*
ရွှေရတုမှတ်တမ်း said...
ကိုကြီးကျောက်အတွက်အကြံဉာဏ်လေးရအောင်..ရှာပါဦး..ကိုပီတာရေ..