Sons build carriage to take 81-year-old mother on 4500-km walk through China to Taiwan

Tuesday, March 30, 2010


အမေ့ ကျေးဇူးဆပ်လို့ မကုန်ပါ....


မေမေချစ်တဲ့ သားနှစ်ယောက်....


တရုတ်နိုင်ငံမှ အဖွားဝမ်ယွီရှား ရဲ့ ခင်ပွန်းဖြစ်သူက သူမကို တစ်ချိန်မှာ နိုင်ငံအနှံ့ လှပတဲ့ နေရာရှုခင်းတွေ
ဆီလိုက်ပို့ ပေးမယ်လို့ ကတိစကားထားခဲ့ ဘူးပါတယ်...
ဒါပေမယ့် ခင်ပွန်းဖြစ်သူ မမျှော်လင့် ပဲရုတ်တရက်ကွယ်လွန်သွားခဲ့ လို့ သူမရဲ့ စိတ်ကူးယဉ်အိပ်မက်ဟာ
လည်းကွယ်ပျောက်ခဲ့ ရပါတယ်...
ဒါကြောင့် သူတို့ ဖခင်ရဲ့ ကတိစကားကိုအကောင်အထည်ဖော်ဖို့ တာဝန်ဟာ သူမရဲ့ သားဖြစ်သူနှစ်ဦးအ
ပေါ်မှာသာ မူတည်နေပါတော့ တယ်...
အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ မိခင်ကြီးဟာအလွယ်တစ်ကူ ကားမူးတတ်တဲ့ အပြင် ၎င်းတို့ ကိုယ်တိုင်လည်း
မချမ်းသာကြတာမို့ အဆင့် မြင့် ဇိမ်ခံပြီး အထက်တန်းအဆင့် နဲ့ ခရီးသွားပြီးပို့ ဆောင်ပေးဖို့ မတတ်နိုင်
တာမို့  အဖွားရဲ့ သားနှစ်ယောက်ဟာ သုံးဘီးရထားလုံးကိုယ်ထည်တစ်ခုကို တည်ဆောက်ပြီး သူတို့ ကိုယ်
တိုင်ပဲ ရှေ့ မှဆွဲယူကာလမ်းလျှောက်ပြီး နိုင်ငံအနှံ့ ကိုလိုက်ပို့ ခြင်းအားဖြင့် မိခင်ကြီးအပေါ်ထားရှိတဲ့ ၎င်း
တို့ ရဲ့ မေတ္တာတရားကို ဖော်ညွှန်းဖို့ စီစဉ်ခဲ့ ကြပါတယ်...



သွားခဲ့ တဲ့ ခရီး....




" ကျွန်တော်တို့ ဟာ ငွေကြေးရလိုမှု၊ အောင်မြင်ကျော်ကြားလိုမှုတွေကြောင့် ဒီလိုလုပ်တာမဟုတ်ပါဘူး...
သားသမီးတွေက မိဘကိုကြည်ညိုကျေးဆပ်တဲ့ မွန်မြတ်တဲ့ မင်္ဂလာတရားကို ပျံ့ နှံ့ သိမြင်စေချင်တာပါ...
ထွန်းကားစေချင်တာပါ..." လို့ အသက် ၅၉ နှစ်ရှိ အဖွားရဲ့ သားဖြစ်သူ ၀မ်ခိုင်း ကပြောပြခဲ့ ပါတယ်...
" ကျွန်တော်တို့ မိခင်ဖြစ်သူက ကျွန်တော်တို့ ကိုပြုစုစောင့် ရှောက်ခဲ့ တာနဲ့ စာယင် အခုကျွန်တော်တို့ ပြန်
လည်တုံ့ ပြန်တာက ဘာမှမပြောပ လောက်ပါဘူး..."  လို့ သူက ထပ်ပြောပါတယ်...

ရက်ပေါင်း ၁၆၅ ရက်အတွင်းမှာ သူတို့ ညီအစ်ကိုနှစ်ဦးဟာ တရုတ်နိုင်ငံ၊ အရှေ့ မြောက်ပိုင်းဒေသဟေလုံ
ကျန်ပြည်နယ်မှ အရှေ့ တောင်ပိုင်းဒေသ ဖုကျင့် ပြည်နယ်အထိ ခရီးကီလိုမီတာ ၄၅၀၀ ( ၁၇၉၆ မိုင် ) ကို
မိခင်ကြီးကိုတင်ပြီး ရထားလုံးကိုဆွဲကာ ခြေလျှင်လျှောက်ခဲ့ ကြပြီးဖြစ်ပါတယ်...
သူတို့ အဓိကဦးတည်သွားနေတာကတော့ ထိုင်ဝမ်ပဲဖြစ်ပါတယ်...
" ကျွန်တော်တို့ ရဲ့ အဓိက အိပ်မက်ကတော့ မိခင်ကြီးကို ထိုင်ဝမ်ကျွန်းတစ်လျှောက် လိုက်လံပို့ ဆောင်ပြ
သပေးဖို့ ပဲဖြစ်ပါတယ်..." လို့ မစ္စတာ ၀မ်ခိုင်း ကပြောပြပါတယ်...

အဆိုပါ ရထားလုံးကို ယွမ်ငွေ ၅၀၀၀ ( ၇၃၀ ဒေါ်လာ ) အကုန်အကျခံတည်ဆော်ကထားတာဖြစ်ပြီးအ
ထဲမှာ အိပ်ယာသုံးခု၊ပြတင်းပေါက်များနဲ့ မိခင်ကြီးသက်တောင့် သက်သာသွားနိုင်ဖို့ အပူဒါဏ်ခံနိုင်အောင်
လည်းစီမံထားပါသေးတယ်...
သူတို့ ညီအစ်ကိုနှစ်ဦးဟာ မိခင်ကြီးရဲ့ ကျေးဇူးနဲ့ မေတ္တာတရားကိုဖော်ညွှန်းတဲ့ အနေနဲ့ ထိုသုံးဘီးရထား
လုံးလှည်းကို "ကျေးဇူးတော်အောက်မေ့ ခြင်း " လို့ အမည်ပေးထားပါတယ်...
လမ်းတစ်လျှောက် အစ်ကိုကြီးဖြစ်သူ ၀မ်ခိုင်းက ရထားလုံးကိုရှေ့ ကဆွဲပြီး ညီဖြစ်သူ အသက် ၅၇ နှစ်ရှိ
ဝမ်ရွေး က နောက်ကနေတွန်းလေ့ ရှိပါတယ်...
အခုအထိတော့ သူတို့ ခရီးသွားရလွန်းလို့ ဖိနပ်ခြောက်ရံအထိ စုတ်ပြတ်ပျက်စီးကုန်ခဲ့ ရပါပြီ...
" ကျွန်တော်က တစ်မိနစ်ကို ခြေလှမ်း ၁၀၇ လှမ်း သွားနိုင်ပြီး တစ်နေ့ ကို ၁၀ နာရီ အထိနေ့ စဉ်သွားနိုင်
ခဲ့ ပါတယ်...ဒါကြောင့် တစ်နေ့ လုံးဆိုယင် ခြေလှမ်းပေါင်း ၆၅၀၀၀ သို့ မဟုတ် ခရီး ကီလိုမီတာ ၄၀ (၂၄.၈ မိုင် ) သွားနိုင်ခဲ့ တာပါ..."  လို့ ညီဖြစ်သူ မစ္စတာ ၀မ်ရွေး ကပြောပြခဲ့ ပါတယ်...

သြော်....
သူတို့ လိုပဲ အမေချစ်တဲ့ ၊ မိခင်၊ဘခင်တွေကိုစိတ်ချမ်းသာအောင်ပြုစု၊လုပ်ကျွေးနိုင်တဲ့ သားတွေ၊ သမီး
တွေဖြစ်နိုင်ကြပါစေဗျာ...

 မူရင်းသတင်းလေးပါ...
Wang Yuxia's husband once promised to take her to all the beautiful sights across the country. But when he suddenly died, it seemed her dream had died as well. So it was up to her sons to carry out their father's promise.

Realizing their 81-year-old mother gets carsick easily and they cannot afford to travel luxuriously, they built a three-wheeled carriage to take her around the country - powered only by their own feet and the determination to express love.
"We are not doing this for money or fame. We are just spreading the virtue of filial piety," said Wang Kai, 59. "Compared to what our mother has done for us, what we give in return is never enough," he added.
In 165 days, the two brothers have hauled the carriage more than 4,500 km from Heilongjiang province in the northeast to Fujian province in the southeast. Their target destination is Taiwan. "Our biggest dream is to carry our mother around the island," Wang Kai said.
The carriage, built for 5,000 yuan ($ 730), is fitted with three beds, windows and heat-retaining panels to make mom comfortable. The brothers named it "Thanksgiving" to express gratitude for their mother's love.

On the road, Wang Kai pulls the carriage from the front while younger brother Wang Rui, 57, pushes it from behind. So far, they have worn out six pairs of shoes. "I can walk 107 steps every minute and 10 hours every day, which means 65,000 steps or about 40 km a day," said Wang Rui.

1 comments:

kaungkin said...

ဒေါ်လာ ၇၃၀ လောက်အကုန်ခံနိုင်လဲ တခြားရထားတို့ ကားတို့နဲ့ ပို့ပေးပေါ့။ အမေကို ပင်ပန်းအောင်လို့။ ရူးပါရဲ့။