Boy, 12, 'buys £30m worth of luxury Dubai property'

Saturday, March 13, 2010


အသက် ၁၂နှစ်အရွယ်ကောင်လေးက ဒူဘိုင်းရှိ ၄၄ သန်းတန်စံအိမ်ဝယ်ယူ...


အဇာဘိုင်ဂျန်နိုင်ငံ သမ္မတရဲ့ သားဖြစ်သူ အသက် ၁၂ နှစ်အရွယ်ရှိကောင်လေးဟာ ဒူဘိုင်းရှိ ကမ်းနား
တန်း အဆင့် မြင့် ဇိမ်ခံစံအိမ်တွေ အများအပြားကို ပေါင်စတာလင် သန်းပေါင်းများစွာ အကုန်ခံပြီး သုံး
စွဲဝယ်ယူခဲ့ တယ်လို့ ဆိုပါတယ်...

အဇာဘိုင်ဂျန်သမ္မတ အေလ်ဟမ်အလီယဗ် ရဲ့ သား ဟေဒါအလီယဗ် ဟာ စုစုပေါင်း ပေါင်စတာလင်
၃၀ သန်း ( အမေရိကန်ဒေါ်လာ ၄၄ သန်း ) အကုန်ခံပြီး ပင်လယ်ကွေ့ ဒေသတောင်ပိုင်း နိုင်ငံရဲ့ ကမ်း
နားတန်းက စံအိမ် ကိုးလုံးကို  ယခုနှစ်အစောပိုင်းက ၀ယ်ယူခဲ့ ပါတယ်လို့ သတင်းများကဖော်ပြခဲ့ ပါ
တယ်...


Palm Jumeirah ကျွန်းစီမံကိန်း...
အခုတော့ ဝယ်မယ့် သူ၊ နေမယ့် သူမရှိလို့ တိုက်အိမ်၊ တိုက်ခန်းအလွတ်တွေရာနဲ့ 
ထောင်နဲ့ ချီပြီးရှိနေလေရဲ့ ...

ထိုစဉ်က အသက် ၁၁ နှစ်သာရှိသေးတဲ့ ကောင်လေးဟာ Palm Jumeirah လို့ ခေါ်တဲ့ ပင်လယ်ကမ်း
ခြေအနားက လူလုပ်ကျွန်းပေါ်က စီမံကိန်းစံအိမ်တွေကို နှစ်ပါတ်အတွင်း ၀ယ်ယူခဲ့ တာဖြစ်ပါတယ်...
ဟေဒါ ရဲ့ အမည်နှင့် သူ့ ရဲ့ မွေးသက္ကရာဇ် တွေကို ဒူဘိုင်းအိုးအိမ်၊ မြေယာ ဌာနရဲ့ မှတ်တမ်းထဲမှာဖော်
ပြထားရှိထားပါတယ်...


အဆိုပါဌာနရဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုမှတ်တမ်းမှာပါတဲ့ ပိုင်ရှင်ကောင်လေးရဲ့ ကိုယ်ရေးအချက်အလက်တွေ
ဟာ နှစ်စဉ်လစာဝင်ငွေပေါင်း ဒေါ်လာ ၂၂၈၀၀၀ သာရှိတဲ့ ယခင်ဆိုဗီယက်ပြည်ထောင်စုကြီးရဲ့ ပြည်နယ်
တစ်ခုဖြစ်ခဲ့ တဲ့ နိုင်ငံရဲ့ သမ္မတကြီးရဲ့ သားဖြစ်သူရဲ့ အမည်စတဲ့ ကိုယ်ရေးအချက်အလက်တွေဟာ တစ်
ထပ်တည်းပါပဲ...
ထိုဝယ်မှုငွေကြေးပမာဏဟာ ထိုနိုင်ငံရဲ့ သာမာန်ဝန်ထမ်းပြည်သူတစ်ယောက်ရဲ့ လစာနဲ့ တွက်ယင် နှစ်
ပေါင်း ၁ သောင်းမျှသော လစာပမာဏနဲ့ ညီမျှပါတယ်...
အိမ်ခြံမြေ တည်ဆောက်ရောင်းဝယ်ရေး ကုမ္ပဏီများရဲ့ ထိုအရောင်းအ၀ယ်အတွက်ငွေပေးချေမှုဆိုင်ရာ
အပေးအယူ အတွင်းသတင်းများအရ ထိုစံအိမ်များကို အဇာဘိုင်ဂျန်အာဏာရှင်မိသားစုကို ကိုယ်စားပြု
တဲ့ ဝယ်ယူသူတစ်ဦးက ( အဆောက်အဦးမပြီးသေးခင် ) ကြိုတင်ပေးချေဝယ်ယူခဲ့ တာဖြစ်ပါတယ်...

ဒါပေမယ့် အဆိုပါ စံအိမ်များကို သမ္မတကြီးရဲ့ သားလေး ကိုလက်ဆောင်အဖြစ်ပဲပေးခဲ့ တာလား၊ သို့ 
တည်းမဟုတ် အဆိုပါ အိမ်ယာတည်ဆောက်ရေးစီမံကိန်းကို မည်သို့ မည်ပုံသိရှိဝယ်ယူခဲ့ တယ်ဆိုတာ
ကို မြို့ တော ဘာကူ မှာရှိတဲ့ အစိုးရတာဝန်ရှိသူများက ပြောဆိုဖို့ ငြ်းဆန်ခဲ့ တဲ့ အတွက်အတိအကျမသိ
ရပါဘူး...
” ကျွန်တော့် အနေနဲ့ ဒီကိစ္စနဲ့ ပါတ်သက်လို့ ဘာမှ သဘောထားမှတ်ချက်ပေးဖို့ မရှိပါဘူး...ထပ်လည်း
မပြောတော့ ပါဘူး...နှုတ်ဆက်ပါတယ်...”  လို့ သမတကြီးရဲ့ ပြောရေးဆိုခွင့် ရှိသူ အဇာဂာစီမော့ ဗ် က
ပြောခဲ့ ပါတယ်...

သြော်...
အာဏာ၊ပါဝါ ၊ ဥစ္စာ၊ဓန အားလုံးဟာဆက်စပ်ယှက်နွယ်နေတာပါပဲလား...


အင်္ဂလိပ်လိုသတင်းပါ...
The 12-year-old son of the Azerbaijan president has gone on a multi-million pound property spending spree, buying up a series of luxury Dubai waterfront mansions.
Heydar Aliyev, the son of Ilham Aliyev, the oil-rich country’s president, allegedly spent almost £30 million (US$44 million) on nine waterfront mansions in the southern Gulf emirate earlier this year, reports said.
The boy, who was 11 at the time, made the purchase in the Palm Jumeirah development over two weeks. Heydar’s name and his date of birth appeared on Dubai Land Department records.
The details listed on the property records were the same as those of the son of the former Soviet Republic’s president, whose annual salary is about £150,000 ($228,000). The purchases are about the equivalent to 10,000 years' worth of salary for the average citizen of the country.
Industry sources with knowledge of the transactions said the purchases were made by a buyer representing Azerbaijan's ruling family, with the properties paid for “upfront”.
It remains unclear whether the boy was given the property as a gift or how he could have bought into the development, after officials in Baku, the country’s capital, refused to comment on the claims. "I have no comment on anything. I am stopping this talk. Goodbye," Azer Gasimov, the president's spokesman said.

0 comments: