Battle for jobs in binman olympics

Thursday, March 4, 2010


အမှိုက်ပုံးအိုလံပစ်ပြိုင်ပွဲတဲ့ ဗျာ...


 သြော်...တံမြက်စည်းလှည်းတဲ့ အလုပ်အတွက်ယှဉ်ပြိုင်ရတာတဲ့ ဗျာ...
 

ရာနှင့် ချီပြီးအရေအတွက်ရှိသော အသည်းအသန်အလုပ်ရှာနေသည့် တောင်ကိုရီးယားနိုင်ငံသားများ
ဟာ လစ်လပ်လျှက်ရှိသည်သည့် တံမြက်စည်းလှည်းသည့် ဝန်ထမ်း ( စည်ပင်ဝန်ထမ်း...) နေရာ ၁၄ နေရာအတွက် ကျင်းပသည့်  အမှိုက်ပုံးအိုလံပစ်ဟုဆိုနိုင်သော အခက်အခဲပြိုင်ပွဲတစ်ရပ်ကို ၀င်ရောက်
ဆင်နွှဲခဲ့ ကြပါသည်...

စီးပွားရေးအကျပ်အတည်း ဆိုးဝါးစွာဖြစ်နေတဲ့ တောင်ကိုရီးယားနိုင်ငံ Gumi မြို့ ရဲ့ လူကြိုက်အများဆုံး
သောအလုပ်တွေထဲမှာအပါအ၀င် လို့ ဆိုနိုင်တဲ့ အဆိုပါ အရပ်ဖက်ဝန်ထမ်းတံမြက်စည်းလှည်းတဲ့ အ
လုပ်ကိုရရှိဖို့ လျှောက်ထားသူပေါင်း ၅၀၀ နီးပါးဟာ ထိုပြိုင်ပွဲကိုဝင်ရောက်ဆင်နွှဲခဲ့ တာဖြစ်ပါတယ်...

ပါဝင်ယှဉ်ပြိုင်သူတွေဟာ အပင်ပန်းခံနိုင်ကြောင်းသက်သေပြနိုင်ရန် ကီလို ၂၀ ( ၄၄ ပေါင် ) အလေး
ချိန်ရှိတဲ့ ဆန်အိတ်ကိုထမ်းပြီး တာတိုအမြန်ပြေးကြရတဲ့ အပြင် အမှိုက်သရိုက်တွေထားရှိပြင်ဆင်ထား
တဲ့ လမ်းကြောတစ်ခုကိုလည်း သတ်မှတ်တဲ့ အချိန်အတွင်းမှာ ပြီးစီးအောင်အမှိုက်သိမ်း၊ တံမြက်စည်း
လှည်းပြကြရပါတယ်...

နောက်ထပ်ပါဝင်ယှဉ်ပြိုင်ရတဲ့ စွမ်းရည်တစ်ခုကတော့ ညှပ်နှင့် ပလတ်စတစ်အိတ်များအသုံးပြုပြီးခွေး
ချေးများကို ဘယ်လောက်မြန်မြန်ကျူံးနိုင်သလဲဆိုတာဖြစ်ပြီး ၀ိုင်းဝန်းအားပေးအော်ဟစ်နေတဲ့ မိသား
စုဝင်များနဲ့ မိတ်ဆွေများရှေ့ မှာ ယှဉ်ပြိုင်ခဲ့ ကြတာဖြစ်ပါတယ်...

အားပေးသူ တစ်ဦးဖြစ်တဲ့ အသက် ၂၇ နှစ်ရှိ Kim Hye-ran က ” အကယ်၍သာ ကျွန်မခင်ပွန်းဖြစ်သူ
ဒီအလုပ်ကိုရခဲ့ ယင် ကျွန်မတို့ ရဲ့ အခက်အခဲပြဿနာတွေပြေလည်သွားမှာဖြစ်ပါတယ်...
ကျွန်မက အိမ်ဘေးမှာ ကြက်ကြော် ၊ကြက်ဟင်းစတဲ့ စားသောက်ဆိုင်လေးဖွင့် မယ်...လမ်းတံမြက်
စည်းလှည်း၊ သန့် ရှင်းရေးလုပ်တဲ့ သူတွေက လေးနာရီမှာအလုပ်သိမ်းတယ်...ဒါကြောင့် ကျွန်မ
ယောကျာင်္းကညနေပိုင်းမှာ ကြက်ကြော်တွေ လိုက်ပို့ ပေးနိုင်၊စားပွဲထိုးလုပ်နိုင်ပါတယ်...” လို့ ပြောကြား
ခဲ့ ပါတယ်...

သြော်...
အလုပ်ဟူသမျှဂုဏ်ရှိစွပေတကား....
သူတို့ အစိုးရအလုပ်ကလည်း လခကောင်းတာကြောင့် လည်းဖြစ်မှာပါ...

မူရင်းသတင်းလေးပါ...

Hundreds of desperate job-seekers took part in a 'binman olympics' to compete for just 14 jobs as road sweepers.
Nearly 500 entrants competed for what are considered plum civil service jobs in Gumi, South Korea, which is suffering a severe economic crisis.
Contestants had to sprint with a 20kg bag of rice to show endurance and race against the clock to sweep 100 metres of simulated road.
In another section they had to demonstrate how quickly they can dispose of dog poo using tongs and plastic bags while being cheered on by family members and friends.
Kim Hye-ran, 27, explained: "If my husband gets the job our problems are over.
"I'll open a chicken restaurant next to our house. Street cleaners knock off at four o'clock, so in the evening, he can deliver fried chicken."

2 comments:

Anonymous said...

တွေ့လားKoreaကမိန်းမတွေယောင်္ကျားတွေကိုဘယ်လိုခိုင်းရမလဲဆိုတာစဉ်းစားထားပြီးသား၊ပညာသင်ထားရအုံးမယ်၊

win latt said...

အကိုရေ..
ကျွန်တော်က ကိုရီးယားက ပါ ဒီပို့လေးကို တဆင့် ဖြန့်ဝေခွင့် ပြုပါ။
လင့် ယူသွားပါရစေ။
မူရင်းသတင်းဌာန လေးပါဖေါ်ပြပေးလျှင် ပိုပြည့်စုံပါသည်။
ဘာသာပြန် သတင်းဌာနလေး ကျန်းမာပါစေ။