French Culture Minister pushes pin into chest of actress at awards
Sunday, March 21, 2010
 အောင်မယ်လေး !!!!
 မတော်လို့ ပါ ကွယ်...ဦးက ချိတ်ဖြုတ်တာပဲကျွမ်းကျင်ပါတယ်...
အော်စကာဆုရှင် Marion Cotillard ဟာ သူမကိုပြင်သစ်အစိုးရကချီးမြှင့် တဲ့  Order of Arts and
Letters  ဆုတံဆိပ်ကို  လက်ခံရယူရာမှာ ပေးအပ်ချီးမြှင့် တဲ့ ပြင်သစ် ယဉ်ကျေးမှုဝန်ကြီးက သူမရဲ့ ရင်
ဘတ်ပေါ်မှာ တံဆိပ်ကို ကိုယ်တိုင်တပ်ဆင်ပေးရာမှာ မရည်ရွယ်ပဲ သူမရဲ့ ရင်သားပေါ်ကို တံဆိပ်ရဲ့ ချိတ်
နဲ့ ထိုးမိခဲ့ လို့ အလန့် တစ်ကြားအော်ခဲ့ မိရပါတယ်...
မင်းသမီး Cotillard ဟာ La vie en rose ဇတ်ကားထဲမှာ Edith Paif အမည်ရှိတဲ့ သီချင်းဆိုသူအဖြစ်
သရုပ်ဆောင်ကောင်းလွန်းလို့  ၂၀၀၈ ခုနှစ်မှာ အော်စကာဆုရပြီးကတည်းက ဟောလီးဝုဒ်မှာပဲ အနေ
များခဲ့ တာပါ...
ယခုတော့ သူမဟာ ပြင်သစ်ယဉ်ကျေးမှုဝန်ကြီး Francois Mitterand ကိုယ်တိုင်ပေးအပ်ချီးမြှင့် မယ့် ဆု
တံဆိပ်ကို လက်ခံရယူဖို့ ပါရီမြို့ ကိုပြန်လည်ရောက်ရှိလို့ နေတာဖြစ်ပါတယ်...
(ထိုဝန်ကြီးနာမည်က ယခင်ပြင်သစ်သမ္မတဟောင်းရဲ့ နာမည်နဲ့ အတူတူပါပဲ...သားအဖများလား..)
အချွန်နဲ့  မ  တဲ့ ဆိုတာ အဲဒါမှ အမှန်ပါ....
ရုပ်ရှင်းမင်းသမီးဟာ သူမရဲ့ ချစ်ခင်နှစ်လိုဖွယ်ဆွဲဆောင်မှု၊ ပင်ကိုသဘာဝအရကို ကျက်သရေရှိပြီးတင့် 
တယ်ကာ ချောမောလှပ ပါတယ်လို့ ချီးကျူးယင်း ၀န်ကြီး Mr Mitterand က Chevalier de L'Ordre
မှာတပ်ဆင်ပေးရင်းဖြင့် အမှတ်တမဲ့ နဲ့ အသားကိုပင်အပ်နဲ့ ထိုးမိလိုက်လို့ မင်းသမီးမှာ မျက်နှာပျက်သွား
ခဲ့ ရတာဖြစ်ပါတယ်..
ဒါပေမယ့် သူမအနေနဲ့ ဒါဏ်ရာကြီးကြီးမားမား၊နာနာကျင်ကျင်မခံစားခဲ့ ရပဲ ၀န်ကြီးဖြစ်သူ က အလျင်
အမြန်တောင်းပန်တာကိုတောင် ရယ်ရယ်မောမောနဲ့ တုံ့ ပြန်ခဲ့ ပါတယ်...
အင်္ဂလိပ်လိုသတင်းလေးပါ...
Oscar winner Marion Cotillard gasped in pain after France's culture minister accidentally stuck a pin into her chest as he decorated her with the Order of Arts and Letters on Monday.
Cotillard has spent much of her time in Hollywood since winning the Oscar for her performance as singer Edith Piaf in "La vie en rose" in 2008, but she was back in Paris to receive the decoration from Culture Minister Francois Mitterrand.
Mitterrand, who praised Cotillard's "charm, natural grace and beauty," inadvertently skewered the actress as he pinned the medallion naming her as "Chevalier de l'Ordre des Arts et des Lettres" on to her blouse.
She appeared to suffer no damage however and burst out laughing as Mitterrand hastily apologized.
1 comments:
JulyDream said...
ဖြစ်မှဖြစ်ရလေ... =)