'I am truly sorry': Pope Benedict apologises for decades of child abuse in Irish Catholic Church

Sunday, March 21, 2010


အိုင်ယာလန်ဘုန်းကြီးတွေ လုပ်ရပ်အတွက် ပုပ်ရဟန်းမင်း တောင်းပန်


 ဖြစ်ခဲ့ သမျှအားလုံးအတွက် တစ်ကယ်ပဲစိတ်မကောင်းပါဘူး....
အားလုံးကိုတောင်းပန်ပါတယ်...


ဘုန်းကြီးတွေက ကလေးတွေအပေါ် လိင်ကိစ္စ မတော်မတရားပြုခဲ့တာနဲ့ ပတ်သက်ပြီး ပုပ်ရဟန်းမင်းကြီး ဘင်န်နဲဒစ် (Benedict) က အိုင်ယာလန်နိုင်ငံက ကက်သလစ် ဘာသာဝင်တွေကို တောင်းပန်လိုက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ပထမဆုံး ပေးစာတစ်စောင်ကို ပုပ်ရဟန်းမင်းကြီးက ထုတ်ပြန်ရာမှာ ခုလို ပြောခဲ့တာပါ။ 
စနေနေ့ကထုတ်ပြန်ခဲ့ပြီး အဲဒီ ခုနစ်မျက်နှာရှိတဲ့စာထဲမှာ အိုင်ယာလန်နိုင်ငံက မျိုးဆက်ချီခဲ့တဲ့ ကက်သလစ်ဘာသာဝင်တွေ စိတ်ဒုက္ခနဲ့ အရှက်ခံစားခဲ့ရတာကို ပုပ်ရဟန်းမင်းကြီးက ဖော်ပြထားပါတယ်။ "ဘုန်းကြီး တကယ်ပဲ ၀မ်းနည်းပါတယ်" လို့ စာထဲမှာ ပုပ်ရဟန်းမင်းကြီးက ဆိုထားပါတယ်။
ခရစ်ယန်ဘုရားကျောင်း ကျောင်းထိုင်ဘုန်းတော်ကြီးတွေဟာ မတော်မတရားလုပ်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး အမှားတွေ လုပ်ခဲ့ကြတယ်လို့ သူက ဆိုပါတယ်။ အိုင်ယာလန်မှာ ရှိတဲ့ ကက်သလစ်ဘုရားကျောင်းတွေကို တရားဝင်ဌာနချုပ်ကနေ စုံစမ်းစစ်ဆေးမှာ ဖြစ်တယ်လို့ ကြေညာပါတယ်။ 
ပုပ်ရဟန်းမင်းကြီးက ဗာတီကန်ဌာနချုပ်မှာ တာဝန်ရှိကြောင်း ၀န်မခံခဲ့သလို မတော်မတရားလုပ်တဲ့ ဘုန်းကြီးတွေကို ဘယ်လို အပြစ်ပေးတယ်ဆိုတာကိုပါ တိတိကျကျ မဖော်ပြခဲ့တဲ့အတွက် မတော်မတရား အလုပ်ခံရသူတွေက စိတ်ပျက်ကြတဲ့အကြောင်း ပြောပါတယ်။

 ( မြန်မာဘာသာပြန်သတင်းကတော့ ဗီအိုအေ သတင်းဌာနက ရယူထားတာဖြစ်ပါတယ်...)

ဒါကတော့ အင်္ဂလိပ်လိုသတင်းအကျဉ်းပါ...

The Pope issued a formal apology yesterday to victims of child abuse by Irish Roman Catholic clergy, saying he was 'truly sorry' for their decades of suffering.

Benedict XVI rebuked Irish bishops for 'grave errors of judgment' in their handling of the scandal and ordered an investigation into the Irish Church.
But the Pope did not admit any Vatican responsibility for a cover-up.
Nor did he spell out specific punishments for bishops accused of concealing years of abuse by priests and nuns.
The Pope's apology will have a strong resonance in other countries where similar highly damaging clerical abuse scandals have surfaced, including his native Germany.

1 comments:

JulyDream said...

ဒါမျိုးတွေလည်း ဖြစ်တတ်ပါတယ်လေ။ လူဆိုတာ လူပါပဲ။ လူကောင်းရှိသလို လူဆိုးလည်း ရှိနိုင်ပါတယ်။ အမှန်တရား ပေါ်လာတာကိုပဲ ကလေးတွေအတွက် ရလဒ်ကောင်း တစ်ခုလို့ပဲ ဖြေသိမ့်လိုက်ပါမယ်လေ။