ထူးထွေသည့် အံ့ ရာသော်ဝ်....
Wednesday, March 10, 2010
အင်တာနက်ပေါ်မှ ဖတ်မိသမျှထူးထူးဆန်းဆန်းသတင်းလေးတွေ၊ အကြောင်းအရာလေးတွေကိုယ်လည်း
ဗဟုသုတရ၊ အများသူငါဖတ်ရှုသူများလည်း အကြားအမြင်၊ဗဟုသုတများရစိမ့် သောငှာ ဘာသာပြန်ကာ
ဖော်ပြပေးနေသော ကိုပီတာတစ်ယောက် ဒီနေ့ ကျမှ ဖိုရမ်တစ်ခုတွင် ဖတ်မိသော facebook မှ လူထူးလူ
ဆန်းတစ်ဦးအကြောင်း ထိုသူ၏ဖေ့ ဘွတ်၊ ဘလော့ ဂ်စာမျက်နှာအားသွားရောက်ဖတ်ရှုမိရာ အတွေးများ
ချာချာလည်ကာ ရူးချင်သလို၊ကြောင်ချင်သလိုဖြစ်သွားခဲ့ ရလေတော့ သည်....
လွန်ခဲ့ သောနှစ်များက စင်္ကာပူတွင်ရှိနေခဲ့ စဉ် ပင်နီဆူလာပလာစာရှိ မြန်မာဆိုင်မှ တက္ကသိုလ်ဘုန်းဆင့် 
၏ စာအုပ်တစ်အုပ် ၀ယ်ယူဖတ်ရှုခဲ့ ဖူးပါသည်...
စာရေးဆရာချစ်ငယ်၏ ကလောင်ခွဲဖြစ်သော အဆိုပါစာအုပ်တွင် မန္တလေးမြို့ မှ တရားဘာဝနာဝါသနာပါ
သူ လူငယ်တစ်စု မြို့ တော်၏ အထင်ကရသင်္ချိုင်းကြီးများတွင် လှည့် ပါတ်ကာ တရားအားထုတ်ခဲ့ စဉ်ကြုံ
တွေ့ ခဲ့ ရသည့် ထူးထူးဆန်းဆန်းအဖြစ်အပျက်များ၊အတွေ့ အကြုံများအကြောင်း ရေးထားခြင်းဖြစ်သည်...
ထိုစာအုပ်ထဲတွင် ကာလတစ်စုံတစ်ရာတိုင်အောင်တရားထိုင်ခဲ့ သည့် လူတစ်ဦး ပရလောကသားများနှင့်
အာရုံအသိနမိတ်ထဲတွင် တွေ့ ဆုံပြောဆိုဆက်သွယ်ပုံများကို ထူးဆန်းစွာဖတ်ရှုရပါသည်...
အထူးခြားဆုံးအဖြစ် မြန်မာရာဇ၀င်ထဲမှ ဗျတ်ဝိ၊ ဗျတ်တ ညီနောင် ပရလောကသားနှစ်ဦးနှင့် ပါတွေ့ ဆုံ
ခဲ့ သည်ကိုရေးသားဖော်ပြထားသည်ကို ဖတ်ခဲ့ ရသည်...
ယခု facebook တွင်ဖတ်ရသော ပုဂ္ဂိုလ်ကား တက္ကသိုလ်ဘုန်းဆင့် ( ဒေါက်တာချစ်ငယ် ) ထက်ပင်
အဆပေါင်းများစွာ သာလွန်နေပေသေးတော့ သည်...
သူက သူ့ ကိုယ်သူ ဘုရားအလောင်း၊ ကဏှရသေ့လူဝင်စား မဃဒေ၀လင်္ကာသစ်ဆရာ မန်လည်ဘုန်းကြီး
လူဝင်စားလဲဖြစ်သည် ဟုဆိုထားပေသေးသည်....
သူကား ယေရှုခရစ်လိုပုဂ္ဂိုလ်ကစ၍ ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင် စသည့် ဝိဇ္ဇာများ၊ အင်္ဂလိပ်လူမျိုးအပါအ၀င်
နိုင်ငံခြားသားလူမျိုးဝိဥာဉ်များ နှင့် နောက်ဆုံး ဗိုလ်ချူပ်အောင်ဆန်း၏၀ိဥာဉ်ပင် ( ထူးပါပေ့ ဆန်းပါပေ့ ဆ
ရာရယ်...) ( သူမလေးရှားနိုင်ငံ ပီနန်မြို့ အနီးတောတောင်ထဲနဲ့ နေထိုင်ရာအခန်းတို့ တွင် )တရားထိုင်နေ
စဉ် သူ့ အားလာရောက်တွေ့ ဆုံကြသည် ဟုဆိုသည်...
ဝန်ချပြီးသည့် နောက်မည်သည့်ဘုံဘ၀သို့ ရောက်ရှိနေကြောင်းကို သူကသမာဓိကျင့် စဉ်အားဖြင့် အာရုံ
ဖြင့်စူးစိုက်ကြည့် ခဲ့ ရာ ဈာန်အဘိဥာဉ်ရသည့် ဆရာတော်ကြီးဟာ အနာဂမ်အဖြစ်နဲ့ ခန္ဓာဝန်ချခဲ့ လို့ ဝေဟပ္ဖ
လာ ဗြဟ္မာဘုံ ( ထိုဘုံနာမည်တော့ မကြားဖူး၊ မဖတ်ဖူးပါ... ကိုပီတာလည်းလေ့ လာရပေဦးမည်....) တွင်
ရောက်ရှိနေသည်ကိုတွေ့ ရသည်ဟုဆိုပါသည်...
၎င်းအပြင် တရားထိုင်နေသောသူ့ အား မလေးရှားမှ အစ္စလာမ်နတ်များ ( မူဆလင်နတ်များ ) ကလည်း
လာရောက်ပင့် ဆောင်သောကြောင့် လိုက်သွားပြီး ( ၀ိဥာဉ်ဖြင့် ) ၎င်းတို့ ကသူ့ အားအစ္စလာမ်တရားဟော
ဆရာများထိုင်သောခုံပေါ်တွင် ထိုင်စေကာ အားလုံးက သူ့ ကို အဆလမ်မာလေးကွမ်း ဟုရွတ်ဆိုကာအရိုအ
သေပေးကြသည်ဟုဆိုပြန်သေးသည်...
ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင် စသော ၀ိဇ္ဇာများလည်းသူနှင့် တန်ခိုးပြိုင်ကာ ရှုံးနိမ့် သွားခဲ့  ကြပြီးနောက်
သူ့ အား ဘုရားအလောင်းဖြစ်ပါပေသည်ဟုဆိုကာ ရှိခိုးသွားကြရလေသည်ဟူ၏...
အဆန်းတကာ့ အဆန်းဆုံးကာ အ၇ိမေတ္တိယ ဘုရားအလောင်းနတ်သားနှင့် တွေ့ ဆုံခဲ့ ခြင်းနှင့် မြန်မာနိုင်ငံ
တစ်ဝှမ်းလုံးမှ ရဟန္တာအရှင်မြတ်ကြီးများဟု ယုံကြည်ကာ ကြည်ညိုကြသည့် မိုးကုတ်ဆရာတော်၊ဝေဘူဆ
ရာတော်၊ စွန်းလွန်းဆရာတော်ဘုရားကြီးများနှင့် တစ်ကွ၊ လယ်တီဆရာတော်၊ မဟာစည်ဆရာတော်ဘုရား
ကြီးများ၏ ရောက်ရာ ဘုံဘ၀ ( လယ်တီဆရာတော်ဘုရားကြီးက နတ်သား၊ မဟာစည်ဆရာတော်ဘုရားကြီး
က အနာဂါမ် ဗြဟ္မာ၊ မိုးကုတ်၊ဝေဘူ၊စွန်းလွန်းဆရာတော်ဘုရားကြီးများက ရဟန္တာ ) များဖြစ်တော်မူခဲ့ ကြ
သည်ကိုသိရှိကြောင်းသူက ဆိုခဲ့ ပါသည်...
လောကကြီးကားဆန်းကြယ်ပေစွတကား...
သူ၏မြင်ဆရာဖြစ်သော ၀န်းသိုဆရာတော်ဘုရားကြီးကိုတောင် မှ ကမ္မဌာန်းအင်အားခြင်းယှဉ်ပြုင်ကာအနိုင်
ယူခဲ့ သည်ဟုလည်းဆိုထားပြန်သေးရာ....( သူ၏ဘလော့ ဂ်တွင်ထိုအကြောင်းပါရှိသည်...)
တရားအားထုတ်ပုံအားထုတ်နည်းများနှင့် ပါတ်သက်၍သူ့ အယူအဆများကား မှန်ကန်နိုင်ဖွယ်ရာများဖြစ်
သော်လည်း ( ဒါကတော့ မြန်မာပြည်တွင် ထင်ရှားသောဆရာတော်ကြီးများ၏ ကမ္မဌာန်းနည်းများစာအုပ်၊
အမ်ပီသရီး၊ ဗီစီဒီ၊ ဒီဗီဒီ စသည်ဖြင့်အမြောက်အများပေါ်ထွက်နေပေရာ သိရှိနိုင်ဖို့ မခက်ခဲ ပေ)မည်သူမျှ
ဖွင့် ဟပြောဆိုခြင်းမပြုခဲ့ သော အထက်ပါအကြောင်းအရာများနှင့် ပါတ်သက်၍တော့ ....
facebook တွင် ကစားနည်းများအားလည်းကစားနေသော ( ထိုကစားနည်း Game အဖွဲ့ များတွင်သူ
အဖွဲ့ ဝင်ထားခြင်းကိုထောက်၍ ပြောပါသည်...) ၊ အိမ်ထောင်သည်လည်းဖြစ်သော ( သူ့ ရဲ့ ဘလော့ ဂ်
အရသိရသည်...) လူလတ်ပိုင်းလူငယ်တစ်ဦး၏ ပြောဆိုရေးသားချက်များအား ....
မိမိလိုက်၍ မမှီတော့ သဖြင့် ရူးချင်ချင်ဖြစ်နေပါကြောင်း...
တက္ကသိုလ်ဘုန်းဆင့် ( ဒေါက်တာချစ်ငယ် စာအုပ်တွေဖတ်ပြီးတော့ များ သူ့ ကိုယ်တွေဆိုပြီးရေးနေ
သလားလို့ တောင်ထင်မိတော့ တယ်...)
သြော်...
နောင် နာမည်ကျော် ရဟန်းတော်များပျံလွန်တော်မူတိုင်း သူ့ ကိုပင်သွားမေးရမလိုဖြစ်နေပါတော့ သည်...
သူ၏ဘလော့ ဂ်လင့် ခ်
http://monmyatkyaw.blogspot.com/
သူ၏ facebook လင့် ခ်
http://www.facebook.com/profile.php?id=100000563439418&ref=mf
ကိုအောင်ဦးတို့ ၊ ဆရာတော်ဦးကောဝိဒတို့  ကယ်တော်မူပါ....
ဟုသာရေရွတ်မိပါတော့ သည်...
14 comments:
သက်တန့်ချို said...
အခြေအမြစ်မရှိ ပေါရဲပါဘိ မွန်ပြည်နယ်မှ ကိုမွန်မြတ်ကျော်ရယ် ...တယ်လီပသီတောင်လိုက်မမှီ ..ကျွန်တော်မျိုးလည်း ကိုပီတာကြီးကဲ့သို့ တွေးတောလို့ ဥာဏ်လိုက်မမှီပါကြောင်း ။ ဒါနဲ့ သူလည်း ဘလော့လောကမှာ နာမည်ကြီးချင်တယ်နဲ့ တူတယ် ။ ဒါပေမယ့် ဘာသာရေးကို ခုတုံးလုပ် မမြတ်ထုတ်ချင်တဲ့လုပ်၇ပ်ကတော့ အလွန်ကို ဆိုးရွားပါပေတယ် မွန်မြတ်ကျော်ရေ...။ နောက်တစ်ခါ သူများတွေကို ယုံစေချင်ရင် မွန်မြတ်ကျော်ရဲ့ဘလော့မှာ ဒီဘိုးဘိုးအောင်တွေနဲ့ ဆက်သွယ်ခဲ့တဲ့ ဓါတ်ပုံတွေ ဗီဒီယိုတွေကို Upload တင်ပြီး မှသာ ပြည်သူတွေ ဥာဏ်မှီမည် ဖြစ်ပါကြောင်း ။
ထူးဆန်းပါပေ့ ကိုပီတာရေ..။းD
မျှော်လင့်သူ said...
ကိုပီတာရေ . ဖတ်ရတာ စိတ်မချမ်းသာရှိလှတယ်ဗျာ။ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ သာသနာမညှိုးမှိန်အောင် ကြိုးပမ်းနေရတဲ့အချိန်မှာ ဒီလိုအဖျက်တွေကလဲရှိနေကြ တယ်ဗျာ။ ပထမဆုံး ဘာသာခြားက ဗုဒ္ဓသာသနာကို ဖျက်လို့ဖျက်စီး၊ အပုပ်ချ စော်ကားတယ်။ စိတ်ပျက်ခဲ့ရတယ်။ နောက်ပြီး အတက်ကြူးပြီး တရားမှားတွေချပြနေတဲ့ ကိုယ်တော်တွေ။ အခုလာပြန်ပြီ သူ့ကိုယ်သူဘာကြီး ညာပြီးဆိုပြီး စိတ်ပျက်စရာပဲ။
win latt said...
အခုတလော အဲဒီလိုအရူးတွေ အင်တာနက်ပေါ်မှာ များလာတယ် အကိုရေ...
ဝေါင်ဝေါင်ရွှေး.....
tnazx said...
စိတ်မနှံ့ဘူးလို့ပဲ ထင်မိတာပါပဲဗျာ
Unknown said...
ရူးချက်က 9 ရှိတယ်နော် :P
Unknown said...
This comment has been removed by the author.
Unknown said...
ကိုမွန်မြတ်ကျော်ဆိုတဲ့သူ ရူးနေတယ်ထင်ပါ့ဗျားး
မြန်မာပြည်ပြန်ရောက်ရင်တော့ အရိုက်ခံရမှာသေချာတယ်
SHWE ZIN U said...
အင်း ကိုပီတာ ရူးနေထင်ပါရဲ့ဗျာ
Unknown said...
ရူးများရူးနေလား မသိပါဘူးဗျာ..
မြတ်စွာဘုရားပါ မချန်ဘူး.. အကုန်လျှောက်ပြောနေတာ..
သိုင်းဆရာတွေရော ဘာတွေရော ရှုပ်နေတာပဲ.. :O :O
Flower said...
မရှိတာထက် မသိတာခက်တယ်ဆိုတာ
ဒီလိုလူမျိုးတွေကိုပြောတာ
လုပ်သင့်တာမလုပ်သင့်တာကို ခွဲခြားနားမလည်တတ်တဲ့သူတွေမို့
လူတွေက အရူးဘွဲ့ပေးရုံကလွဲလို့
ဘယ်သူကမှ ယုံကြည်မယ်မထင်...
ADDRESSEE said...
စောက်ရူးတွေ အရူးရွေးကောက်ပွဲ စိတ်ရှုပ်နေကြရတဲ့ အထဲ ဒီလို စောက်ရူးကရှိသေးတယ် စိတ်ညစ်တယ် သူ့ဘလော့ကို ကြော်ငြာမနေပါနဲ့ ကိုပီတာ လူဝင်များလို့ ဘ၀င်လေဟတ်နေပါအုံးမယ်
မင်္ဂလာသာစည် said...
ကျင့်စဉ်တွေကောင်းလွန်းလို့ ခုဘ၀ထဲက တစ်သွေးတစ်မွေး ကြည်လင်ကြည်ညိုစရာ ကောင်းလိုက်တဲ့အကိုကြီး.. သူ့ facebook ၀င်ကြည့်ခါမှ လူပါသတ်ချင်လာတယ်.. အကုသိုလ်များတယ်...
မစ္စတာမောင်ဖြိုး said...
**ကဏှရသေ့လူဝင်စားလဲဟုတ် မဃဒေ၀လင်္ကာသစ်ဆရာ မန်လည်ဘုန်းကြီးလူဝင်စားလဲဟုတ်သော မွန်
ကျော်ဦးသည် .......... ဘုရားလောင်း စစ်စစ်တို့နှင့်သာ ဆက်ဆံသင့် ဆက်ဆံထိုက်သော ဆယ်ဆင့်မြောက် မဟာအစိန္တေယျဥာဏ်စဉ်မြတ်ကြီးကို လူဝင်စားမွန်ကျော်ဦးရဲ့ ဘ၀ကြီးထဲ၌ ပေါက်မြောက်အောင်မြင် ပိုင်ဆိုင်သွားတော့၏။
တော်တော်ကြောင်လိုက်တဲ့အတွေး.. အရူးထောင်က အရူးတွေတောင် သူ့ လို ပြောရဲမှာ မဟုတ်ဖူး..။ အင်း.. ပြောသာပြောရတယ်။ ခပ်လန့် လန့် ... တော်ကြာ သူ့ မဟုတ်က ဟုတ်က ဥာဏ်တော်ကြီး ကွန့် မြုးပြီး အိမ်မက်ထဲထိ လာနှောက်ယှက်နေမှ ဟုတ်ပေ့ဖြစ်နေဦးမယ်။ ( ဒီလို အရူးမျိုးတော့ အိမ်မက်ထဲတောင် ထည့်မမက်ချင်ပေါင် )
Unknown said...
Dear Ko Peter,he is really a lunatic.His photos can prove what he is.
A reader,Watma (Jasmine)